GSM ကဒ်ထုတ်ပေးသောဌာန လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

သို့
    ပြည်ထောင်စုဝန်ကြီး
    ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး
    နေပြည်တော်
နေ့စွဲ - ၂၂.၅.၂၀၁၂
အကြောင်းအရာ။    ။ အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

        အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်(၃၀.၄.၂၀၁၂)ရက်နေ့ကျင်းပပြုလုပ်သော မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ချက်အရ (၁.၅.၂၀၁၂)ရက်နေ့မှ စ၍ မိုဘိုင်းဖုန်းကဒ်ပျက်များအား အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း GSM ကဒ်ပျက်သွား၍ ဆက်သွယ်ရေး မန္တလေးတိုင်း မန်နေဂျာရုံးတွင် စာရွက်စာတမ်းကိစ္စများဆောင်ရွက်ပြီး  ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာနတွင် ကဒ်သွားထုတ်ရာ အသစ်လာရောက် ထုတ်ယူသူများထံမှ မည်သည့်အခကြေးငွေမှန်းမသိ ဖြတ်ပိုင်းမပေးပဲ GSMကဒ် တစ်ကဒ်လျှင် ၅၀၀၀ိ/-(ကျပ်ငါးထောင်တိတိ) လာဒ်ငွေ တောင်းခံနေမှုအား အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။
GSM တယ်လီဖုန်းအသုံးပြုသူများ  

(ဓါတ်ပုံ) ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာန

GSM ကဒ်ထုတ်ပေးသောဌာန လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန် GSM ကဒ်ထုတ်ပေးသောဌာန လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန် Reviewed by သစ်ထူးလွင် on 16:19 Rating: 5

22 comments:

innyatara said...

ခုမှ မတောင်း ရှေးကတောင်းသည် ဘာကဒ် ညာကဒ်မခွဲခြားတာ တို့ဆက်သွယ်ရေးပါ။ ကွန်ပလိန်းတက်က ဟောက်လိုက်ပါမည် ဖုန်းဖြတ်ပါမည် တို့ဆက်သွယ်ရေးပါ။ ကြိုက်ကြိုက်မကြိုက်ကြိုက် တစ်ဦးတည်းသာ မောင်ပိုင်စီးမှာ တို့ဆက်သွယ်ရေးပါ။ အဲတော့ တောင်းတာကိုပေး အဆင်ပြေမှာ တို့ဆက်သွယ်ရေး။

GuGu said...

အဲဒီဌာနတစ်ခုထဲမဟုတ်ပါဘူး....
စည်ပင်က အမှိုက်ခွန် လာကောက်နေ့တဲ့ ၀န်ထမ်း တွေလဲရှိတာပဲ...အမှိုက်လည်းမသိမ်း..အိမ်တွေကို အမှိုက်ခွန်
၁၀၀၀ ကျပ် (ကျတာကာ 700 ခောတ်ကတည်းက)´´ ခပ်တည်တည်ပဲ..
အိပ်ကျွတ် ၁ လုံး လဲမပေး...အမှိုက်လည်းမသိမ်းပဲ...ခပ်တည်တည်နဲ့
ကြာပြီလေ..........

Anonymous said...

ရိုးရာပျက်သွားရင်နတ်ကိုင်မှာစိုးလို့ပါ.....

fly said...

လာဘ်ငွေတောင်းခံတာတော့ မဟုတ်လောက်ပါဖူး။ ရုံးရဲ့ သာရေး၊နာရေးကိစ္စ
အ၀၀လေးတွေ ဆောင်ရွက်ဖို့ အတွက် အလှူငွေကောက်ခံတာလောက်ပဲ
ဖြစ်မှာပါ။ ကဒ်လာရောက်ထုတ်ယူတဲ့ သူတွေ မထည့်ရင်လည်း ဘာမှ မဖြစ်
ပါဖူး။ ဒီလို ခေတ်ကြီးမှာလည်း ကဒ်တစ်ခုကို ငါးထောင်နှုန်းနဲ့ ဘယ်သူမှ
တရားဝင် မကောက်ခံရဲပါဖူး။

Thar Man Lu said...

အစတည်းက နှစ် သိန်းနဲ.မ၀ယ်သင်.တာ

zawmyoaye said...

အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်
ကဒ်ပျောက်တာ၅၀၀၀၀သောင်းဆိုတုန်းကတောင်
၁၂၀၀၀၀သောင်းတောင်းတာဗျစားချက်ကကမ်းကုန်တယ်
ချက်ခြင်းအရေးယူပေးပါ

Anonymous said...

ရိုးယာမပျက်တဲ့မြေပါ.....

Nay Myo Thar said...

စာကလည်း ပစ်စာလိုလို တိုင်စာလိုလိုဆိုတော့ ဌာနတွေကလည်း လုပ်ရခက်မှာပေါ့။ ဒီလိုတိုင်မှတော့ဗျာ နာမည်တပ်ပြီးတိုင်သင့်တာပေါ့ဗျာ။ အခုလို ပွင့်လင်းလာတဲ့ခေတ်ကြီးမှာ သက်ဆိုရာဌာနတွေကလည်း ဘယ်သူ.ကိုတိုင်မှန်းမသိ၊ ဘယ်သူကတိုင်မှန်းမသိတော့ အရေးယူရတာခက်တာပေါ့။ ပွင့်ပွင့်လင်းလင်းတိုင်ရင် ပိုကောင်းမယ်ထင်တယ်။

myintkoko said...

မင်းတို့ က ငါးထောင်ပေးလို့ ကဒ်၇၇င်တော်သေးတယ်
ငါတို့ မှာ ကဒ်ပျက်လို့ လျှောက်ထားတာ တစ်လကျော်ပြီ
ဒီနေ့ အထိမ၇သေးဘူး ။ ဘာလုပ်၇မှာလဲ

ttt said...

နေပြည်တော်ကပီစီအိုဖုန်းမတ်လဆန်းကပြန်အပ်ထားသော်လည်းကြိုတင်
(၅၀၀၀၀ိ)ကျပ်မှလက်ကျန်ငွေများပြန်မအမ်းပေးသေးဘဲ နေနေတာလဲ
ကူညီပေးစေချင်ပါသည်

khitthit said...

ကဒ်ပျောက်ဆုံးလို့ ပြန်လျှောက်လျင် ၂၀၀၀၀ ကျပ်ပဲလား....ဘာကြေးတို့ ညာကြေးတို့ရော ပေးရသေးလား....ဘယ်လောက်ကြာမှာလဲ...???

myintkoko said...

မင်းတို့ ကငါးထောင်ပေးလို့ ၇သေးတယ်
ငါတို့ က ကဒ်ပျက်တင်ထားတာတစ်လကြာပြီ
ခုထိမ၇သေးဘူး

Top Gun said...

ခင်ဗျားတို့က ဘယ်သူကိုအရေးယူဘို့အကြောင်းတိုင်နေကြတာလဲ။ဒီလိုဖြစ်အောင် သူတို့ကလမ်းပြကြယ်ကလေးတွေပါ။ မိုးနတ်မင်းကြီးကိုသာတိုင်တည်ကြပါ။

khitthit said...

ဘယ်သူတွေမှာတာဝန်ရှိပါသလဲ.....အားလုံးကိုအမြန်ဆုံးအရေးယူပေးပါ....အောက်ခြေကနေ အထက်အထိ အကျင့်ပျက်ချစားဝန်ထမ်းများကို....

khitthit said...

ကဒ်ပျောက်မြန်မြန်လိုချင်လား....တစ်ပတ်အတွင်းလား...လာဒ်ငွေပေးရန်မလို...အမြန်ကြေးပေးရန်သာလိုသည်....(သြော်...ဒီလို ဆားဗစ်တော့ ၀န်ဆောင်မှုအပြည့်အ၀ ပေးပါလားလို့တော့ မထင်လိုက်ပါနဲ့နော်)

Unknown said...

တိုင်စာလား၊ ပစ်စာလား...ဘာလဲတော့သေချာမသိ...
Customer ပဲလား၊ MPT အချင်းချင်းတွေ...အဝေမတည့်လိုများလား...ဘာလဲမသိ...

လုပ်စားနေတာကတော့ MD ကအစ နေ့စားဝန်ထမ်းတွေအထိပါပဲ။နံပါတ်လှတာလေးတွေချန်ပြီးရောင်းစားနေတာလေ...

rocky said...

အမှန်တွေပါ။ ကျွန်တော့် GSM simcard ပျက်တုန်းကလည်း ပုံပါ အင်းခရု အပေါ်ထပ် ဒေါင့်စွန်းအခန်းမှာ ၅၀၀၀ ကျပ်ပေးခဲ့ရတာပါ။ ဘောက်ချာစာရွက်၊ ဘာအကြောင်းပြချက်မှ မပေးပဲ ၅၀၀၀ ကျပ်ကို ပေါ်တင်တောင်းခဲ့တာပါ။
SIM card ပျောက်ရင် စစချင်း မြို့ထဲမှ ဆက်သွယ်ရေးရုံးကြီးပထမထပ်မှာ စာရွက်စာတမ်းများနဲ့ လျှောက်ရပါတယ်။ နှစ်ပတ်ချိန်းပါတယ်။ ၂ ပတ်ပြည့်တဲ့နေ့ မနက်ပိုင်း အဲ့ဒီ ပထမထပ်မှာ သွားတော့ အဲ့ဒီ ရုံးခန်းမှာ ထိုင်တဲ့ မျက်မှန်နဲ့ အမျိုးသမီးကပဲ သူ့စားပွဲပေါ်မှာ ကျွန်တော့် စာရွက်စာတမ်းတွေလုပ်ငန်းပြီးနေတာတောင် နေ့လည် (၂)နာရီ ပြန်ချိန်းပါတယ်။ မန္တလေးနွေရာသီ (၂)နာရီထိုး နောက်တခေါက်သွားပြီးယူမှ ရပါတယ်။ အဲ့ဒီက စာရွက်ပါမှ အင်းခရုကို သွားပြီး SIM card ထုတ်ရတာပါ။ ငွေမပေးလို့  လုပ်ငန်းကို မခက်ခက်အောင် မကြာကြာအောင် အချိန်ဆွဲနေကြတာပါ။ အဖြစ်မှန်တွေပါပဲဗျာ။

Unknown said...

ဒီစာတင်တဲ့ လူက ဝန်ထမ်း ပွဲစားကလုပ်သေး ကိုယ်ကိုတိုင် ကဒ်ပျောက် ကဒ်ပျက်(ကဒ်ပျောက် တလုံး ၅၅၀၀၀။ကဒ်ပျက် တလုံး ၃၅၀၀၀)အမြန်ကြေးယူ လုပ်စားနေတဲ့ Gsm Radio ကဝန်ထမ်း။မိမိတော့ ကောင်းစားစေ သူများတော့ ပျက်စီးစေဆိုတဲ့လူ ရှမ်းလင်မယားနှစ်ယောက် အချိန်တန်ပါလိမ့်မယ်။

Unknown said...

အဲဒီ အင်းခရုမှာ ဘယ်သူ အခွင့်အာဏာရှိနေတာလဲ...လုပ်ပိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်တာပဲ...အဲဒီဌာနမှ မဟုတ်ပါဘူး အစိုးရဌာန ဘယ်ဌာနမဆို ခုလိုမျိုးတွေပါပဲ။ဘာပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူမှုမရှိရင်တော့ အလကားပဲ။ခွေးမြီးကောက် လိုပါပဲဗျာ....။သူတို့အချင်းချင်း ဟိုမျက်နှာငဲ့ ဒီမျက်နှာငဲ့ နဲ့ပဲ ထိရောက်တဲ့ အရေးယူမှုတွေ မရှိခဲ့ဘူး။

Unknown said...

မြန်မာ့ဆက်သွယ်ရေးကတော့ ကဒ်ပျက်ရင် ၀ယ်တဲ့ဆိုင်ကိုပဲ ပြန်သွားခိုင်းနေကြတယ် ဟု ကဒ်ပျောက်ဆုံးသူတစ်ဦးကပြောပတယ်

Anonymous said...

ကဲ ဘာလုပ်မှာလဲပြော.....???

Anonymous said...

တိုင်စာလိုလို ဘာလိုလို ...မဟုတ်မမှန် လုပ်ကြံတာတွေလား...နေရာတစ်ခု အတွက်လား...သွေးရိုးသားရိုးလား...commentတွေကတော့အများသားဗျို့.... စဉ်းစားစရာတောင်ဖြစ်နေပြီ

Powered by Blogger.