ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ

ရန်ကုန်- မေ ၂၂
လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”အဲဒီလို ကိစ္စမျိုးတွေဖြစ်မှာစိုး လို့ အခုလိုခေါ်ပြီး ရှင်းတာပါ။ ဒါကို ပြည်သူကို ရှင်းပြပေးပါ။ ရှင်းပြတာမှ လက်မခံရင် ပြည်သူကပေးတဲ့  အပြစ်ဒဏ်ခံယူဖို့ပဲရှိပါတယ်” ဟု မေလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့၌ လျှပ်စစ်မီးရရှိ ရေးဆန္ဒ ဖော်ထုတ်မှုအပေါ် ဦးတည်၍ ဦးအောင်ခိုင်က ပြောသည်။

မန္တလေးမြို့၌ မြို့ခံလူထုက မေ ၂ဝ ရက် ည ၇ နာရီခန့်က လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က ယင်းည ၉ နာရီ ကျော်အချိန်ခန့်တွင် အရေးပေါ် စာ နယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။
မန္တလေးမြို့တွင် ဧပြီလမှစတင် ၍ လျှပ်စစ်မီးများ ဖြတ်တောက်မှုရှိ ခဲ့ရာ မြို့ခံလူထုက လျှပ်စစ်မီး ၂၄ နာရီပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ် မှုအဖြစ် ဖယောင်းတိုင်များ ထွန်း၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကို မန္တလေးတိုင်းလျှပ်စစ်က အရေးပေါ်စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ လျှပ်စစ်မီးရရှိရေး မီးစက် ၁၂ လုံးဖြင့် စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဝန်ကြီးဌာနဝန်ကြီးဒေါက်တာဦးမြင့်ကြူ က ပြောကြားခဲ့သည်။

”မန္တလေးမြို့ လျှပ်စစ်မီး ပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မီးရချင်ရင် မိုးနတ် မင်းကြီးကိုသာ ဆုတောင်းပါ” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား နည်းပါးစွာရရှိမှုမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့ကျသွားခြင်းကြောင့်ဟု သက်ဆိုင်ရာဒေသ အသီးသီးက ပြောကြားကြသည်။ သို့သော် ရန်ကုန်မြို့၌ မေ ၁၉ ရက် နံနက် ပိုင်းကပြုလုပ်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးမှုကို ခေတ္တလုံးဝရပ်နားထားမည်ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ရွှေလီ-မန်စံ ဓာတ်အားပေး တာဝါတိုင်ကို အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖောက်ခွဲ ဖျက်ဆီးခြင်း ခံရ၍ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

”ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ အသိသာကြီးပဲ။ ရွှေလီ-မန် စံ ဓာတ်အားလိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရှိတာ။ သိသာပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က လျှပ်စစ်တာဝါတိုင်အား ဖောက်ခွဲသူ မည်သူဖြစ်ကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့သည်။

”မြို့ပြင်နဲ့ ကျေးရွာတွေအတွက်  နေ့ခင်းပိုင်းကို လုံးဝဓာတ်အား မပေးတော့ပါဘူး။ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ကျေးရွာတွေနဲ့ မြို့ပြင်တွေကို မီး ပေးပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးပေးဝေမှု အခြေအနေကို ပြောပြသည်။

ထိုသို့ ပြောကြားခဲ့သော်လည်း မေ ၂၁ ရက်နေ့က ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ရန်ကုန်မြို့ တွင်း မြို့နယ်အချို့တွင် နေ့ပိုင်း တစ်နေကုန်လျှပ်စစ်မီးမရရှိဘဲ လျှပ်စစ်ဌာနမှ အလှည့်ကျဓာတ်အားပေး ချိန်များတွင် ရရှိမှုမရှိကြောင်း၊ ယင်းအပြင် ရရှိသောမြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အားမှာ ဓာတ်အားလွန်စွာ နည်းပါး၍ အိမ်တွင်းမှု လုပ်ငန်းများပင် လုပ်ဆောင်မရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

”မိုးလင်းလို့ မိတ္တူဆိုင်ဖွင့်မယ် လုပ်တော့ မီးအားက ၈ဝ ပဲရှိတယ်။ မီးအားမြှင့်စက်နဲ့တောင် တင်လို့မရတော့ ဖောက်သည်တွေကို ပြန်ခိုင်းလိုက်ရတယ်။ မိတ္တူကူးဖို့တောင် အဆင်မပြေဘူး။ ရေစက်ဖွင့်ဖို့ဆို ဝေးပါရော”ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ မိတ္တူဆိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အများပြည်သူသို့ လျှပ်စစ်ဓာတ် အားပေးဝေမှုကို မေ ၂၁ ရက်မှ စတင်၍ အုပ်စု ၄ အုပ်စုခွဲကာ တစ်အုပ်စုလျှင် ၆ နာရီကြာ လျှပ်စစ် ဓာတ်အား ဖြတ်တောက်၍ ၁၈ နာရီကြာ ဓာတ်အားဖြန့်ဝေ ပေးသွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ ၂၉ ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အဆောက်အအုံ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လျှပ်စစ်မီး လုံလောက်မှုမရှိသော ရန်ကုန်မြို့အား အမေရိကန် GE ကုမ္ပဏီမှ အခမဲ့ကူညီနေကြောင်း၊ လျှပ်စစ်မီးကိစ္စမှာ နှစ်ပတ်အတွင်းခန့်တွင် ပြေလည်နိုင်ကြောင်း၊ သို့သော် ကတိတစ်ခုအဖြစ် မပေးနိုင်ကြောင်း အဆိုပါနေ့က ပြောကြားခဲ့သည်။

”သိကြားမင်းအစိုးရလိုတော့ ရာနှုန်းပြည့် ပြည်သူကို မလုပ်ပေး နိုင်သေးဘူး။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ ပြည့်မီအောင်လုပ်ပါမယ်” ဟု ထိုစဉ်က လျှပ်စစ် မီးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားပြီး နှစ်ပတ်ကျော်အကြာ မေ ၁၇ ရက်တွင် သုံးခွမြို့၌ ရပ်ကွက် ၁၂ ခုမှ လူ ၃ဝဝ ခန့်က မြို့နယ် EPC ရုံးရှေ့ တွင် ဖယောင်းတိုင်များကိုင်ကာ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မေလ ၂ဝရက်နှင့် ၂၁ ရက်နေ့ ညပိုင်းတို့တွင် မန္တလေးမြို့ ကျုံးနံဘေး၌ လျှပ်စစ်မီး ရရှိရေးဆန္ဒထုတ်ဖော် မှုတွင် လူတစ်သောင်းခန့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ပြုလုပ်ခဲ့ကြကြောင်း မန္တလေးမြို့ခံတို့က ပြောသည်။ ယင်းနောက် မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့် တွင် မုံရွာမြို့၌ ထောင်ဂဏန်း ရှိသော လူထုက ဖယောင်းတိုင် မီးများထွန်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့  လျှပ်စစ်မီးအချိန်ပြည့် ပြန်လည်ရရှိရေး ဆင့်ကဲဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် မေ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှ နိုင်ငံအတွင်း လျှပ်စစ်ဓာတ် အား ပေးဝေမှုနှင့်ပတ်သက်၍ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပန်ကြားချက်တွင် ယခုနှစ် နွေရာသီတွင် ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စုသုံးစုခွဲ၍ ဓာတ်အားမျှဝေပေး နေရသောအခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာစွာ သုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံထားသလို မဂ္ဂါဝပ် ၂ဝဝ ထုတ်လုပ်ပေးနေ သည့် ရွှေလီဓာတ်အားပေးစက်ရုံမှ သွယ်တန်းထားသော ရွှေလီ – မန်စံ ၂၃ဝ ကေဗီဓာတ်အားတိုင် လေးတိုင်အား မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ပြန် လည်ပြင်ဆင် နေပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။ ရွှေလီ-မန်စံ မဟာဓာတ် အားလိုင်းရှိ တာဝါတိုင်အမှတ် ၇၃၊ ၂ဝ၆၊ ၂ဝ၇ နှင့် ၂ဝ၈ တို့အား မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ သတင်းစာတွင် ဖော်ပြပါရှိသည့် မေ ၂၂ ရက်ည ၇ နာရီက ရန်ကုန်မြို့တော်ခန်းမအနီး ဆူးလေ ဘုရားတွင် လူ ၆ဝ ခန့်က လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။
”ရေဘူးပေါက်တာ မလိုချင်ပါဘူး။ ရေပါတာပဲ လိုချင်တယ်”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်ခန်းမဘေးမှ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် မှုကို စတင်ပြီး ဆူးလေဘုရား တောင်ဘက်မုခ်မှတက်၍ စေတီတော်အား လက်ယာရစ်ပတ်၍ ဗုဒ္ဓဟူးဂြိုဟ်တိုင်တွင် မီးများထွန်းညှိပူဇော်ပြီး နာရီဝက်ကြာ ဆန္ဒ ထုတ်ဖော်မှုကို အဆုံးသတ်ခဲ့သည်။
ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့
ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ Reviewed by သစ်ထူးလွင် on 16:24 Rating: 5

54 comments:

arlong said...

ရောင်းစားတုန်းကစားပြီး......

မိစံ said...

ရှိတုန်းကတော့ ရောင်းစားပြီး
မရှိတော့မှ ပေးတဲ့အပြစ်ခံယူမယ်လုပ်နေတယ်။
အဲဒါကောင်းလားးးး

Anonymous said...

မြောက်ဥကလာစက်မူ့ဇုံရှိယခင်စက်မူ့၁စက်ရုံဟောင်းနှင့်အချို့စက်ရုံး၌ မီးရရှိနေပြီး မမျှမတမူ့များရှိနေပါသည်
။စီစစ်ပေးပါခင်ဗျား။

Thurein said...

ကျနော်တို့နိုင်ငံက တာဝန်ရှိတဲ့သူတွေ ဖြေကြားချက်တွေကတော့ ဘယ်နိုင်ငံမှာမှ မရှိလောက်ဘူး။ မိုးနတ်မင်းကြီးကိုပဲ ဆုတောင်းပါတို့၊ သိကြားမင်းအစိုးရမပာုတ်ဘူးတို့။
အစတုန်းကပြောတော့ တစ်နိုင်ငံလုံးပိုနေလို့ နိုင်ငံခြားတောင် ရောင်းရတယ်ဆိုတဲ့ ဓါတ်အားတွေက အခုတော့ တာဝါတိုင်လေးတစ်ခုပြိုသွားလို့ တနိုင်ငံလုံးမီးပျက်ရသတဲ့။ တော်တော်ကောင်းတာပဲ။

www.academicmedicines.blogspot.com

phyo1980 said...

ပေးစရာဘယ်ရှိမလည်းအကုန်လုံးစောက်တရုတ်ကိုရောင်းစားထားတာဘဲ။
ပြည်သူတွေအတွက်နဂိုထဲကိုကမှ plan မရှိတာ။ဝန်ကြီးဦးဇော်မင်းဒါမျိုးကျ
တော့ဘာလို့ပါးစပ်ပိတ်နေလည်း။ပြည်သူတွေမှောင်ထဲမှာနေရရင် ၀န်ကြီးတွေ
လည်းမှောင်ထဲမှာဘဲနေ။

zzmyoe said...

မိုးနတ်မင်းကြီးကို ဆုတောင်းဆိုတာ ဒီမိန်းမအပေါစားဆန်ပါတယ်၊ရပိုင်ခွင့်ကို တောင်းဆိုတာသိထားပါ။ ပွင့်လင်းမြင်သာရင်တောင်းဆိုစရာမလိုပါဘူး၊လာချင်သလိုလာ၊ပျက်ချင်သလို ပျက်ချင်သလိုပျက်နေတော့ ပြည်သူရဲ့ခံစားချက်ကို နားလည်ပါ၊ပေးစရာ မရှိလို့ ပျက်တယ်ဆိုတာလက်ခံတယ်၊လူကြီးလုပ်တဲ့ လူ၊တနည်းပြောရရင် ခေါင်းဆောင် လုပ်သူဟာ အနစ်နာခံရတယ်၊သူများထမင်း တနှပ်ငတ်ရင် ခေါင်းဆောင်လုပ်သူဟာ နှစ်နှပ်လောက်အငတ်ခံရတယ်၊အခုတော့ ခေါင်းဆောင်လုပ်သူတွေဟာ အောက်ခြေလူထုကို စာရင်းထဲလုံးဝမထည့်ထားပါဘူး၊လမ်းတွေပေါ် ကိုလူတွေထွက်လာတော့မှပြာပြာသလဲ ဖြစ်တော့တာပေါ့၊အစိုးရ သစ်လို့ပြောပေမယ့် ဒီလူတွေအုပ်ချူပ်လာတာ နှစ်၂၀ ကျော်ပြီ၊ကြိုတင် စဉ်းစားထားရမယ်၊နောက်တခုရှိသေးတယ် ကျေးရွာ၊မြို့တွေမှာလည်း နွေမ ရောက်ခင်စဉ်းစားထားရမှာ ရေပြသနာရှိသေးတယ်၊မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်နေထိုင်တဲ့ ကျေးလက်မှာ မီးဆိုတာ ခုထိမမြင်ဘူးသေးတာတောင်ရှိတယ်၊ကျွဲ၊နွား၊လူ၊သောက်သုံးရေရရှိရေး ဟာကြိုတင်စဉ်းစားထားရမယ့်ပြသနာတွေပါ၊ဒါဟာတွေကို နှစ်အနည်းငယ်အတွင်းဖြေရှင်းပေးရပါမယ်၊မဖြစ်နိုင်စရာ မရှိပါဘူး၊တပ်မတော်အနေနဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို အရောက်သွားပြီး စစ်အသုံးစရိတ်ကိုလျော့ချ လိမ့်မယ်လို့ယုံကြည်ပါတယ်၊နိုင်ငံတည်ငြိမ်အေးချမ်းမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ကျွန်တော်တို့ တိုင်းပြည်ဟာ အိမ်နီးချင်းနိင်ငံ များနှင့်ယှဉ်ရင်များစွာနိမ့် ကျနေသာကြောင့် တိုင်းပြည်အရေး ကိုစီမံကိန်းများ ချမှတ်ဆောင်ရွက်စေလိုပါသည်၊ဒါမှသာ နွေရောက်မှာကြောက်စရာမလိုမည်။

ko myo zaw said...

မိုးနတ်မင်းကြီးကို ဆုတောင်းရမယ်ပေါ့။ တရုတ်ကားပဲ ထိုင်ကြည့်နေတယ် ထင်တယ်။ တရုတ်လေသံတောင် ပေါက်နေပြီ။

lilly thane said...

ဖိုးအောင်ခိုင် (ခ) ခင်မောင်ကျား ရေ

ဟုတ်မှလည်းလုပ်ပါ။ သူငယ်ချင်း အလုပ်ပြုတ်နေပါအုံးမယ်။
့ မင်းရဲ့သူငယ်ချင်း

mr. moe said...

အခုမှလာပြီး မီးမပေးနိုင်တာကို သောင်းကျန်းသူ က ဖောက်ခွဲတယ်ဆိုပြီး အကြောင်းပြနေတာ-- အခုမှလာပြီး လိမ်မနေနဲ့-- မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ အများကြီး တည်ဆောက်ပြီးသားပါ-- အဲဒီစက်ရုံတွေက မီးအပြည့်အ၀ မပေးနိုင်လို့ပါ- ပြီးတော့ အဲဒီစက်ရုံမှာ တပ်ဆင်ထားတဲ့ တရုတ်လုပ် (အစုပ်ပလုတ်) တာဘိုင်နဲ့ ဂျင်နရေတာတွေရဲ့ အရည်အသွေး မပြည့်ဝမှု - ဒီဇိုင်းမကောင်းမှု နဲ့ ဒီလုပ်ငန်းတွေကို အဓိက စိုးမိုးချယ်လှယ်သူတွေရဲ့ စီမံခန့်ခွဲမှု မကောင်းလို့ အခုလို စက်ရုံတွေ အများကြီး ရှိလျှက်နဲ့ မီးမပေးနိုင်ဖြစ်နေတာပါလို့ အမှန်ကို အမှန်အတိုင်း ရဲရဲဝံ့ဝံ့နဲ့ ရှင်းရှင်းလင်းလင်း မသိသေးသော အချို့သော ပြည်သူတွေကို ရှင်းပြ ပြောမပြရဲဘူးမဟုတ်လား - ဆက် ညာနေအုံးမှာလား - ဒီထက်တော့ မညာသင့်တောဘူးထင်တယ်= အရာရာမှာ ငါဘဲ သိ- ငါဘဲတတ်- ငါလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ လူတွေ ဘယ်လိုလဲ - မရဲဝံ့ဘူးလား- အုပ်ချုပ်ရေး ပိုင်း - စီမံခန့်ခွဲမှုပိုင်း ညံ့သွားလို့ အခုလိုဖြစ်နေရခြင်းပါလို့ ပြောလိုက်စမ်းပါ- ဒီအချိန်မှ မပြောရင် ဘယ်အချိန်ပြောမလဲ- (ကျွန်တော်က စေတနာ နဲ့ သိနေတာကို မခံနိုင်လို့ အခုလို ရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်) ကျေးဇူးတင်ပါတယ်-

Ko Gyaw said...

ရွှေလီ- မန်းစံ ဓါတ်အားလိုင်း တာဝါတိုင်တွေပြင်ပြီးရင်ရော အမှန်တကယ် ၂၄ နာရီ လျှပ်စစ်မီးရမှာလား...........ခင်မျ............?

Your sister said...

ပြည်သူတွေပေးတဲ့အပြစ်ကိုခံဘို့အတွက်..စောင့်မနေနဲ့လေ.. ကိုယ်မလုပ်နိုင်ရင်..၀န်ကြီးကအစနုတ်ထွက်ပေါ့...လုပ်နိုင်တဲ့.. လူတွေလာလိမ့်မယ်..။ ကိုယ့်တာဝန်ကိုယ်မယူနိုင်ရင်...ရာထူးကြီး ယူမထားနဲ့..တိုက်တွေ..ကားတွေ..ခံစားခွင့်တွေက...အလကား ပေးထားတာမဟုတ်ဘူး..ခင်ဗျားတို့ရဲ့စွမ်းဆောင်ရည်အတွက် ပေးထားတာ..အစွမ်းအစမရှိမှတော့..မျက်နှာပြောင်ပြောင်နဲ့.. ဆက်ပြီးခံစားမနေနဲ့..။

warn for u said...

ကျွန်တော့အနေနဲ့ ပထမဆုံးမှတ်ချက်ပေးချင်ပါတယ်။ မြန်မာပြည်က နိုင်ငံခေါင်းဆောင်များနဲ့ ၀န်ထမ်းတွေ အိပ်နေခဲ့ကြပါတယ်။ `င´ ငါးလုံးအတွက်ပဲ အလုပ်လုပ်ခဲ့ကြတာပါ။ ခေါင်မလုံလို့ စေတနာမမှန်လို့ ဒီလိုတွေ ဖြစ်ကုန်တာပါ။ အခုမှ ဟိုပြော ဒီပြော လျှောက်မပြောကြပါနဲ့။ မလွယ်ကူဘူးဆိုတာတော့ နားလည်ပါတယ်။ ဒါပေမယ့် စေတနာ လုံးဝမမှန်ခဲ့တာ တစ်ကိုယ်ကောင်း ဆန်ခဲ့တာ မြန်မာပြည်သူတွေ အားလုံးသိနေပါတယ်။ သည်းမခံနိုင်လွန်းလို့ ဖြစ်လာတဲ့ ကိစ္စပါ။ ဒီမိုကရေစီခေတ်မှာ ပြည်သူက တင်မြောက်လိုက်လို့ ရွေးချယ်လိုက်လို့ စင်ပေါ်ရောက်လာပါတယ် အတန်တန်အော်.. ဒါပေမယ့် လုပ်နေပုံက ပြည်သူကို မလေးမစားလုပ်နေတယ်။ အကျိုးသင့် အကြောင်းသင့် ရှင်းလင်းခဲ့မှု့ လုံးဝမရှိခဲ့ဘူး။ ပြည်သူကို မထီမဲ့မြင် လုပ်နေတယ်။ နိုင်ငံရဲ့ သန်းခေါင်စာရင်းတောင် အနှစ်သုံးဆယ် အတွင်း အခုမှ စကောက်မယ်ပြင်ဆင်တုန်းပဲရှိသေးတာကိုပဲပြောချင်တယ်။ ကိုယ်အိမ်မှာ လူဘယ်နှစ်ယောက်ရှိမှန်းလဲမသိ၊ ဘယ်သူတွေ ဘာလုပ်လာနေမှန်းလဲမသိ၊ ဘယ်သူတွေ ဘာလုပ်နေမှန်းလဲမသိ.. တစ်ကိုယ်ကောင်းဆန်ပြီး ဘယ်သူသေသေ ငတေ မာရင်ပြီးရော့ လုပ်နေတာ.. နိုင်ငံကောင်းကျိုးလုပ်မယ့် ပညာတတ် လူငယ်တွေကိုတော့ နှိပ်ကွပ် ဖမ်းဆီး လုပ်တယ်။ ဘာများလုပ်ခဲ့တာရှိလဲ။ တစ်ကယ်ဆို တိုင်းပြည် ဖွံ့ဖြိုးလာတာနဲ့အမျှ ဒါတွေက ကြိုတင်တွက်ချက်ထားရမှာ.. ချီးပါခါနီးမှ ချီးတွင်းလိုက်ရှာနေလို့ကတော့ မရဘူး။ တိုင်းပြည်ခေါင်းဆောင်လုပ်မယ်ဆိုရင် ဒါတွေကို ကြိုတွက်ထားရမယ်။ အဆင်မပြေသေးရင် ပြည်သူကို တင်ပြရမယ်။ လုပ်ငန်းတွေရပ်ထားလို့မရဘူး။ အခုဟာက စက်ရုံ အလုပ်ရုံတွေ ရပ်ထားရမယ်။ အရေးယူမယ်နဲ့ သတင်းစာထဲမှာ ကြေငြာတယ်။ လုံးဝ စိတ်မကောင်းစရာကိစ္စပဲ။ တိုင်းပြည်ရဲ့ စက်ရုံတွေတောင်ရပ်ပြီး ပြည်သူကို ပေးနေတာပါဆိုတဲ့ ဖြေရှင်းချက်ဟာ လုံးဝ ကို အဓိပါယ်မရှိတဲ့ ရှင်းလင်းချက်။ မိုးနတ်မင်း ကိုဆုတောင်းပါတို့လျှောက်မပြောသင့်ပါဘူး။ အမျှော်အမြင်ရှိရှိလုပ်ပါ။ တိုင်းပြည်ဟာ တရုတ်လက်ထဲ ရောက်နေပြီး သူတို့ရဲ့ လက်ခုပ်ထဲက ရေဖြစ်ရမလိုဖြစ်နေပြီ။ ငါးချင်းဆီနဲ့ ငါးချင်း ကြော်ခံရတော့မယ် ဆိုတာ ခေါင်းဆောင်လုပ်တဲ့သူတွေ နားလည်စေချင်တယ်။ မလုပ်တတ်ရင် ပြည်သူကို မချစ်ရင် ဘေးထိုင်နေပါလို့ပြောချင်တယ်။ စေတနာ မှန်မှန် နဲ့ လုပ်ရင် ပြည်သူကလည်းနားလည်ပါတယ်။ ပြည်သူကို လျှော့မတွက်ပါနဲ့ လို့ ပြောချင်တယ်။ အခုလည်း လုံးဝယုံကြည်တယ်လို့မထင်ပါနဲ့။ အားလုံး စောင့်ကြည့်နေပါတယ်။ ဒါပါပဲ။ လဒ်စားမှုတွေ၊ အာဏာပြမှုတွေ၊ ကိုယ်ကျိုးကြည့်မှုတွေ၊ ပြည်ပကို အားကိုးနေမှုတွေကို လုံးဝ စွန့်လွတ်ပါ။ စေတနာမှန်ရင် ခင်ဗျားတို့နဲ့ တစ်သားတည်းရှိနေမယ်ဆိုတာ ယုံလိုက်။ ဒါပါပဲ....

dove said...

ဟိုလူကြီးပြောတော့ လျှပ်စစ်ဓါတ်အားတွေ ပိုနေလို့
တရုတ်ကြီးကို ရောင်းတာပါဆို

မြန်မာပြည်သား said...

အစိုး၇ကခုလိုအခက်တွေ.တယ်ဆိုသောင်းကျန်းသူတွေကနောက်ထပ် ထပ်လုပ်နိုင်ပါတယ် ခဏလေးသီးခံပြီးငြိမ်းချမ်းစေချင်ပါတယ် တောက်လျောက်သီးခံလာပြီးပြီပဲ

AungNaingThu said...

ပေးစရာမရှိလို့ မပေးတာ ဆိုရင် ငါတို့ ပြည်သူတွေက လဲ ကားအခွန် ၊ မီးအခွန်၊ ရေခွန် -- အစစရာရာ ပေးစရာမရှိလို့ မပေးတာကွ။

thet said...

အင်း
တဖက်ကအလျှော့ပေးနေရင်အေးဆေးနေဖို့ကောင်းပြီ

naughty boy said...

ဘာပဲပြောပြော ဦးအောင်ခိုင်ပြောတာကို လုံးဝသဘောကျတယ်။ အရင်က ဝေ့လည်ကြောင်ပတ်ပြောသူနဲ့၊ အာဏာနဲ့ လူမိုက်ဆန်ဆန်ပြောသူတွေထက် ဦးအောင်ခိုင်ပြောတာ ယဉ်ကျေးသိမ်မွေ့တယ်။ အဆင်မပြေတဲ့အခိုက်အတံ့မှာ ဒေါသထွက်နေတဲ့ ပြည်သူကို အာဏာသံမပါပဲ ဒီလို ဒီမိုကရေစီရိုးရာကိုထိန်းပြီး လေးလေးစားစားပြောတာက နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာစေတယ်။ အဆင်မပြေသေးပေမယ့် ဒီလိုစိတ်ကောင်းလေး ရှိပါလားဆိုပြီး ကိုယ့်ကိုယ်ကိုပဲ ဖြေသိမ့်ထားပါတယ်။

Ebrahim said...

ဒါတောင် မြန်မာတနိုင်ငံလုံးမှာ နေကြတဲ့ လူဦးရေ အားလုံးမှာ ၂၀ ရာခိုင်နှုန်းပဲ လျှပ်စစ်မီးကို သုံးကြတာ။ တတိုင်းပြည်လုံးက လူဦးရေ ၂၀ ရာခိုင်နှုန်းကိုတောင် လျှပ်စစ် ပြည့်မီအောင် မပေးနိုင်ဘဲ ပိုလျှံလို့ တရုတ်ကို ရောင်းစားရတာပါလို့ ပြောသေးတယ်
ခွေးမသား ဇော်မင်း။ မင်းစကားကတော့ သမိုင်းဝင်ပါပဲကွာ

Anonymous said...

စကားကိုစဉ်းစားပြီးမှ ပြည်သူတွေကို ပြောပါ။
မီးရချင်ရင် မိုးနတ်မင်းကြီးဆီကို သာဆုတောင်းလို့မပြောပါနဲ့။ ကိုယ် ကိုယ်တိုင်ဆုတောင်းလေ။ မီးမရချင်လို့ ဆုမတောင်းတာ လား? ပြည်သူတွေကို လာပြီးဆုတောင်းမခိုင်းပါနဲ့။ ဆုတောင်းတိုင်းရော ပြည့်မှာမို့လို့လား? ဒီလိုသာ ဆုတောင်းရရင် ဘာအလုပ်မှ မလုပ်ဘဲ ပြည်သူတွေအားလုံးထိုင်ပြီး ဆုတောင်းနေ ယုံပဲရှိတယ်။ ပိုပြီးတောင်သက်သာသေးတယ်။
``သိကြားမင်းအစိုးရလိုတော့ ရာနှုန်းပြည့် ပြည်သူကို မလုပ်ပေးင်သေးဘူး လို့မပြောပါနဲ့´´ အခြားနိုင်ငံ၊ တိုင်းပြည်တွေမှာ သိကြားမင်းအုပ်ချုပ်တဲ့အစိုးရမဟုတ်ပါဘူး။ ရာနှုန်းပြည့်ပြည်သူ တွေ ကို လုပ်ပေးနိုင်တယ်။ ၂၄နာရီလုံး မီးရတယ်။
``အတိုင်းအတာ တစ်ခုအထိတော့ ပြည့်မီအောင်လုပ်ပါမယ်”ဆိုတာ ဘယ်လောက်ထိ စောင့်ရမှာလဲ။ ပြည်သူတွေမှာ ခံစားရလွန်းလို့ အားလုံးဟာ မွန်းကြပ်နေပြီ။ ပြည်သူတွေအားလုံး ဒုက္ခတွေရောက်နေတယ်။

ကိုကိုညို said...

ဒါဆို မင်းတို့ဝန်ကြီးက လူလိမ်ပေါ့ ပိုလို့ရောင်းနေရတယ်ဆို အဲဒီလူဘယ်ရောက်နေလဲ သူ့ကိုနုတ်ထွက်ခိုင်းပါ ဘာမှမသိနားမလည်ဘဲ ဘယ်နားဘာရမလဲ ချောင်းနေတဲ့လူတွေ ရာထူးကနေ နူတ်ထွက်ကြပါ တကယ်လုပ်မဲ့လူတွေ ရှိပါတယ်။ ခင်ညွှန့်ကို ဖြုတ်နိင်တယ်ဆိုပြီး ဖင်ခေါင်းကျယ်မနေနဲ့ အခုက စစ်အာဏာရှင်ခေတ်မဟုတ်တော့ဘူးဆိုတာ သိထားပါ

သျှင်ပညာပိ said...

ဆန္ဒပြသူတွေဘက်ကလည်း နားလည်မူ့ တော့ပေးသင့်တယ်ထင်ပါ
တယ်။ ပေးနိုင်တဲ့အခြေအနေက တစ်ရက်ထဲလုပ်ယူလို့ ရတဲ့ကိစ္စ မျိုး
မဟုတ်။လည်နိုင်တဲ့စက်ရုံတွေအဆင်သင့် ရှိလျှက် မလည်ပေးပဲညစ်
ပတ်နေတာဆိုယင်တော့ ဆက်တိုက် ဆန္ဒပြယင် မှန်ပါလိမ့်မယ်။အရင်
ထက်စာယင် ဆန္ဒထုပ်ဖေါ်ပြခွင့် ရတယ်။ အစိုးရဘက်ကလည်း အသိ
အမှတ်ပြုပြီး ရှင်းပြတယ် စက်ရုံတွေဆောက်ပါ့မယ် ဖြေရှင်နိုင်မဲ့ နည်း
လမ်းတွေ သူတို့စဉ်းစားနေပြီ မှန်းသိလျှက် ဆန္ဒတွေဆက်ပြနေတာတော့ မသင့်တော်ဘူးထင်ပါတယ် စက်ရုံဆောက်တာ တစ်ပတ် တစ်လ နဲ့ မပြီးနိုင်ဘူး ဆိုတာသေချာတယ် အဲဒီတော့ အဲဒိစက်ရုံတွေက ပါဝါ မထွက်မခြင်း
ညတိုင်း ဖယောင်းတိုင်ထွန်းမယ်ဆိုယင်လည်း ဖယောင်းတိုင်လုပ်တဲ့
သူတွေ အကြိုက်ပေါ့ဗျာ ပိုက်ဆံစုထားကြ အနည်းဆုံး ခြောက်လ တော့
ထွန်းရလိမ့်မယ်။
ကျေးဇူးပြုပြီး အခြေအနေနဲ့ အချိန်အခါကို နားလည်ကြပါ။
ဆန္ဒတွေ စွတ်ပြနေယင် တိုင်းပြည်မငြိမ်သက်လို့ မလွှဲမရှောင်သာလို့
အာဏာပြန်သိမ်းလိုက်ရပါတယ်ဆို ယင် ငါးယောက်ထက်ပို မစုရတဲ့
အခြေအနေပြန်ရောက် သွားပါလိမ့်မယ်။

thargyee said...

သိကြားမင်းအစိုးရဖြစ်ဖို့ လဲမလိုပါဘူး...ဒါပေမဲ့ ...သာတူညီမျှဖြစ်ဖို့ တော့လိုတယ်...ဓါတ်အားမပြည့် စုံဘူးဆိုရင်လဲညီတူမျှတူလျှော့သုံးစေချင်တယ်...ြ့ပည်သူပြည်သားတွေကတော့မှောင်ပြီး..အစိုးရအဖွဲ့ ဝင်(ပြည်နယ်နှင့်တိုင်းဒေသကြီးအပါအ၀င်)တွေရဲ့ နေရာတွေ၊တပ်တွေကျတော့မီးထိန်ထိန်ညီးနေတာတွေတော့မဖြစ်သင့်တော့ဘူးလေ

Min Lu said...

ဆနဒပြတာတော့ ပြည်သူတွေရဲ့လိုအပ်ချက်ကိုအစိုးရသိအောင်ထုတ်ဖေါ်တာဒီမိုကရေစီရဲ့အနှစ်သာရပါ။ဒါပေမယ့်အတိုင်းထက်အလွန်ဖြစ်မလာဖို့တောင်း
ပန်ပါရစေ။ အကြောင်းကတော့ သမတကြီးရဲ့ ကျန်းမာရေးကို စိတ်ပူလို့ပါ။
နှလုံးမှာစက်ထည့်ထားရတယ်ဆိုတော့စိတ်အကြပ်အတည်းသိပ်ဖြစ်လာရင်မကောင်းဘူး။ အမေစုနဲ့အဆင်ပြေနေတဲ့သူကိုအမေစုကဲ့သို့စိတ်ပူတယ်။
ကျွန်တော်လည်းမီးဒုကခ ခံစားနေရတဲ့သူတစ်ဦးပါပဲ။ တိုင်တွေ ဖျက်ဆီးခံ
ရလို့ ပြင်နေတယ်လို့ သိရပါတယ်။ တိုင်ပြင်တာဘယ်လောက်ကြာမလဲဆို
တာရယ်၊ ပြီးရင် မီးပြန်ရမရ ဆိုတာကို သိရရင်တော့ ပိုကောင်းမယ်ထင်
ပါတယ်။

Aung Hein Khant said...

ခေတ်မှီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဖယောင်းတိုင်ဖြင့် သွားကြစို့

minkaung said...

ဘယ်အချိန်ဘယ်ကာလမှာအဆင်ပြေနိုင်မလဲဆိုတာပြည်သူတွေကိုအနီးစပ်ဆုံးတင်ပြသင့်ပါသည်။တာဝန်ရှိသောသူများအနေဖြင့်အရေးမပါသောစကားများမ
ပြောသင့်ပါ။ဥပမာ မိုးနတ်မင်းထံဆုတောင်းပါ သကြားမင်း တို့။အခြားအိမ်နီးနိုင်ငံများကိုကြည့်ပါလူတွေပဲဖြစ်ပါသည်။လူလုပ်နိုင်သောအလုပ်ကိုမလုပ်နိုင်လျှင်လူမလုပ်ပါနဲ့။

မျိုးချစ်လူငယ် said...

အကုန် ဘုကလန့်တွေချည်းပဲ။ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် နဲ့ တာဝန်ရှိ လူကြီများ အားလုံး မလုပ်တတ်ရင် လုပ်တတ်တဲ့သူတွေ လုပ်ပါစေတော့။ ကန့်လန့်ကန့်လန့်နဲ့ ပြည်သူတွေကို ဒုက္ခတွေ ပေးနေတာ၊ ဘုကလန့်နဲ့ တုံ့ပြန်နေတာ အားလုံးရပ်ပြီး တာဝန်သိသိစိတ်နဲ့ ထွက်ပေးကြပါ။
ဒါကို ဟိုသူမျက်နှာ၊ဒီသူ့မျက်နှာ ကြည့်ပြီး ပြည့်သူ့တွေမျက်နှာကို နိုင်ငံတကာမှာ အောက်ကျအောင် အုန်းမဲ သုတ်မနေစမ်းပါနဲ့တော့။
လျှပ်စစ်မီးဆိုတာ တိုင်းပြည်ရဲ့ အသက်ပဲ။
တိုင်းပြည်တိုးတတ်ဖို့အတွက် လျှပ်စစ်ကလိုကိုလိုအပ်တယ်။
လျှပ်စစ်ဝန်ကြီးက စာမတတ်ပေမတတ် ဦးဇော်မင်း ပြောတော့ လျှပ်စစ်မီးတွေ မြန်မာပြည်မှာ ပိုလိုလျှံလို့တောင် နိုင်ငံခြား(သူ့ပထွေး တရုတ်ကို) ကို ရောင်းစားနေရပါတယ်ဆို။
ပြည်သူ့အတွက်လိုလို၊ဘာလိုလို ပြောသွားတာလေ။
၁နိုင်ငံလုံးက ပြည်သူတွေ မင်းတို့ လှိမ့်ချင်တိုင်း၊ လှိမ့်မနေကြစမ်းနဲ့ကွာ။။။။။။။။
ထွီး။

မျိုးချစ်လူငယ် said...

အကုန် ဘုကလန့်တွေချည်းပဲ။ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် နဲ့ တာဝန်ရှိ လူကြီများ အားလုံး မလုပ်တတ်ရင် လုပ်တတ်တဲ့သူတွေ လုပ်ပါစေတော့။ ကန့်လန့်ကန့်လန့်နဲ့ ပြည်သူတွေကို ဒုက္ခတွေ ပေးနေတာ၊ ဘုကလန့်နဲ့ တုံ့ပြန်နေတာ အားလုံးရပ်ပြီး တာဝန်သိသိစိတ်နဲ့ ထွက်ပေးကြပါ။
ဒါကို ဟိုသူမျက်နှာ၊ဒီသူ့မျက်နှာ ကြည့်ပြီး ပြည့်သူ့တွေမျက်နှာကို နိုင်ငံတကာမှာ အောက်ကျအောင် အုန်းမဲ သုတ်မနေစမ်းပါနဲ့တော့။
လျှပ်စစ်မီးဆိုတာ တိုင်းပြည်ရဲ့ အသက်ပဲ။
တိုင်းပြည်တိုးတတ်ဖို့အတွက် လျှပ်စစ်ကလိုကိုလိုအပ်တယ်။
လျှပ်စစ်ဝန်ကြီးက စာမတတ်ပေမတတ် ဦးဇော်မင်း ပြောတော့ လျှပ်စစ်မီးတွေ မြန်မာပြည်မှာ ပိုလိုလျှံလို့တောင် နိုင်ငံခြား(သူ့ပထွေး တရုတ်ကို) ကို ရောင်းစားနေရပါတယ်ဆို။
ပြည်သူ့အတွက်လိုလို၊ဘာလိုလို ပြောသွားတာလေ။
၁နိုင်ငံလုံးက ပြည်သူတွေ မင်းတို့ လှိမ့်ချင်တိုင်း၊ လှိမ့်မနေကြစမ်းနဲ့ကွာ။။။။။။။။
ထွီး။

မျိုးချစ်လူငယ် said...

အကုန် ဘုကလန့်တွေချည်းပဲ။ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် နဲ့ တာဝန်ရှိ လူကြီများ အားလုံး မလုပ်တတ်ရင် လုပ်တတ်တဲ့သူတွေ လုပ်ပါစေတော့။ ကန့်လန့်ကန့်လန့်နဲ့ ပြည်သူတွေကို ဒုက္ခတွေ ပေးနေတာ၊ ဘုကလန့်နဲ့ တုံ့ပြန်နေတာ အားလုံးရပ်ပြီး တာဝန်သိသိစိတ်နဲ့ ထွက်ပေးကြပါ။
ဒါကို ဟိုသူမျက်နှာ၊ဒီသူ့မျက်နှာ ကြည့်ပြီး ပြည့်သူ့တွေမျက်နှာကို နိုင်ငံတကာမှာ အောက်ကျအောင် အုန်းမဲ သုတ်မနေစမ်းပါနဲ့တော့။
လျှပ်စစ်မီးဆိုတာ တိုင်းပြည်ရဲ့ အသက်ပဲ။
တိုင်းပြည်တိုးတတ်ဖို့အတွက် လျှပ်စစ်ကလိုကိုလိုအပ်တယ်။
လျှပ်စစ်ဝန်ကြီးက စာမတတ်ပေမတတ် ဦးဇော်မင်း ပြောတော့ လျှပ်စစ်မီးတွေ မြန်မာပြည်မှာ ပိုလိုလျှံလို့တောင် နိုင်ငံခြား(သူ့ပထွေး တရုတ်ကို) ကို ရောင်းစားနေရပါတယ်ဆို။
ပြည်သူ့အတွက်လိုလို၊ဘာလိုလို ပြောသွားတာလေ။
၁နိုင်ငံလုံးက ပြည်သူတွေ မင်းတို့ လှိမ့်ချင်တိုင်း၊ လှိမ့်မနေကြစမ်းနဲ့ကွာ။။။။။။။။
ထွီး။

မျိုးချစ်လူငယ် said...

အကုန် ဘုကလန့်တွေချည်းပဲ။ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် နဲ့ တာဝန်ရှိ လူကြီများ အားလုံး မလုပ်တတ်ရင် လုပ်တတ်တဲ့သူတွေ လုပ်ပါစေတော့။ ကန့်လန့်ကန့်လန့်နဲ့ ပြည်သူတွေကို ဒုက္ခတွေ ပေးနေတာ၊ ဘုကလန့်နဲ့ တုံ့ပြန်နေတာ အားလုံးရပ်ပြီး တာဝန်သိသိစိတ်နဲ့ ထွက်ပေးကြပါ။
ဒါကို ဟိုသူမျက်နှာ၊ဒီသူ့မျက်နှာ ကြည့်ပြီး ပြည့်သူ့တွေမျက်နှာကို နိုင်ငံတကာမှာ အောက်ကျအောင် အုန်းမဲ သုတ်မနေစမ်းပါနဲ့တော့။
လျှပ်စစ်မီးဆိုတာ တိုင်းပြည်ရဲ့ အသက်ပဲ။
တိုင်းပြည်တိုးတတ်ဖို့အတွက် လျှပ်စစ်ကလိုကိုလိုအပ်တယ်။
လျှပ်စစ်ဝန်ကြီးက စာမတတ်ပေမတတ် ဦးဇော်မင်း ပြောတော့ လျှပ်စစ်မီးတွေ မြန်မာပြည်မှာ ပိုလိုလျှံလို့တောင် နိုင်ငံခြား(သူ့ပထွေး တရုတ်ကို) ကို ရောင်းစားနေရပါတယ်ဆို။
ပြည်သူ့အတွက်လိုလို၊ဘာလိုလို ပြောသွားတာလေ။
၁နိုင်ငံလုံးက ပြည်သူတွေကို မင်းတို့ လှိမ့်ချင်တိုင်း၊ လှိမ့်မနေကြစမ်းနဲ့ကွာ။။။။။။။။
ထွီး။

ဆုလာဘ် said...

ကိုဇော်မင်းဘာလုပ်နေလဲ ပိုလို့ေ၇ာင်းတဲ့ လျပ်စစ်ဆို ဘယ်မှာလဲ ပါးစပ်မှာလေ၇ှိတိုင်းလျောက်ပြောတဲ့ကောင် လုပ်တော့ဝန်ကြီး ပြောတော့ ဇာတ်သမား ဘယ်လိုလုပ်ပြီးဝန်ကြီးဖြစ်လာတာလဲ ငဖားကောင်

Anonymous said...

ဆုတောင်အပြည့်လွန်သွားလို့ရေကြိးနေမယ်နော်........

ဆုလာဘ် said...

gas လဲမ၇ှိတော့ဘူးေ၇ာင်းထားပြီ ၇ခိုင်ကထွက်တာကို တ၇ုပ်ကိုေ၇ာင်းတယ် ထားဝယ်ကထွက်တာကိုထိုင်းကိုေ၇ာင်းတယ် ကိုယ့်ပြည်တွင်းမှာမီးမ၇ှိ စစ်တပ်ကဝန်ကြီးတွေ ဝန်လေးတွေ တော်ကြပါတော့ အနားယူပါတော့ နိုင်ငံလည်းဆင်း၇ဲမွဲတေနေပါပြီ စားစ၇ာလဲမ၇ှိတော့ဘူး

herry2882 said...

သောက်ရူးတွေ မင်းတို့သောက်ကျင့်တွေရိုးနေပြီ .... မြစ်ဆုံစီမံကိန်း စချင်လို့ ဒီခြုံထွင်နေတာ ... တာဝါတိုင် ဗုံးခွဲတာလဲ မင်းတို့ ကိုယ်တိုင်ပဲဖြစ်မှာ ... ဒေါ်အေးအေးမင်း ခင်ဗျာ .. မိုးနတ်မင်းဆီ ဆုတောင်းစရာမလိုပါဘူး .. ကိုယ်မလုပ်နိုင်ရင်ဖယ်ပေးလိုက်ပါ လုပ်နိုင်တဲ့သူ လုပ်ပါလိမ့်မယ် ... ကိုယ့်အဆင့်မှကိုယ်အားမနာ ပြောထွက်တဲ့ပါးစပ် ... ခင်ဗျားမို့ မရှက်တယ် ... ဦးအောင်ခိုင်ဆိုတဲ့ လူလဲ ပြည်သူကပေးတဲ့အပြစ်ခံယူဖို့ စောင့်မနေပါနဲ့ ... အလိုက်တသိနဲ့ ကိုယ်လမ်းကိုယ်ရွေးပါတော့ .... ခင်ဗျားတို့ကိုလဲ တရားခံမဖြစ်စေချင်ပါဘူး ... မြှားက မြစ်ဆုံကို ပြစ်နေတာ .....

mi way said...

သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ ရှင်းပြ၀န်ခံနေပြီဆိုတော့ ကျနော်တို့ပြည်သူတွေဘက်ကလဲ အချိန်အတိုင်းအတာတခုထိစောင့်ကြည့်သင့်ပါတယ်။ တာဝန်ရှိသူတွေကလဲ ဒီပြသနာကို အမြန်ဆုံးဖြေရှင်းပေးသင့်ပါတယ်။ ဒီမိုကရေဆိုတာ အရိပ်အယောင်တောင်မမြင်ရသေးခင် လုံးပါး ပါးသွားမှာစိုးတယ်။ လွတ်လပ်ပြီဆိုပြီး ကိုယ်လုပ်ချင်တာလုပ်လို့တော့မရနိုင်ပါဘူး။ ဘယ်ဒီမိုကရေစီနိုင်ငံမှာဖြစ်ဖြစ် ဆန္ဒဖေါ်ထုတ်ချင်ရင် သက်ဆိုင်ရာရဲဌာမှာ တပတ်(သို့)နှစ်ပတ်ကြိုပြီးခွင့်ပြုချက်ရယူရပါတယ်။ ဘယ်နေရာကနေ လူအင်အားဘယ်လောက်နဲ့ချီတက်မယ်။ အချိန်ဘယ်လောက်မှာ ကြာမယ်။ အဲ့ဒီနေ့ အဲ့ဒီအချိန်ကျရင် ရဲဌာနက လုံခြုံရေးစောင့်ကြပ်ပေးတာတွေလုပ်ပေးတယ်။ စည်းကမ်းရှိဘို့က သိပ်အရေးကြီးပါတယ်။ ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး။ ကျနော်တို့ပြည်သူတွေ ဘယ်လောက်ဒုက္ခဆင်းရဲရောက်နေကြလဲ၊ရောက်ခဲ့ကြလဲဆိုတာ နားလည်ပါတယ်။ ကိုယ်တိုင်လဲခံစားနေရသူတဦးပါ။ လွတ်လပ်ရေးမရသေးခင်အချိန်က ဗိုလ်ချုပ်အောင်ဆန်းပြောတာလေးကိုလဲ အမှတ်ရစေလိုပါတယ်။ လွတ်လပ်ပြီ လွတ်လပ်ပြီဆိုပြီး လမ်းမပေါ် ဆေးရိုတက်လှန်းလာတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အားလုံးကိုလေးလေးနက်နက်စဉ်းစားစေလိုပါတယ်။ အပြုသဘောနဲ့တုန့်ပြန်ပြီး ကိုယ်လိုချင်တာကို ဆွေးနွေးယူကြစေလိုပါတယ်။ စုန်းပြူးတွေကိုလဲ သတိထားသင့်ပါတယ်၊ သတိထားကြပါ။

ကိုမျိုး said...

ကိုဇော်မင်းသာရောင်းစားမထားရင်ဒီလိုဖြစ်မှာမဟုတ်ဘူး ဘာမှမတွက်တတ်ပဲနဲ့ လုပ်ချင်ရာလုပ်ခဲ့လို့လေ 1500 MW ကိုပြည်သူတွေကုန်အောင်မသုံးနိုင်ဘူးဆိုတဲ့စကားကကိုခုချိန်မှာဘယ်လိုတာဝန်ယူမလဲ

Speedcomputer said...

ကမ္ဘာမှာ နိုင်ငံအသီးသီးက ဂြိုတ်တုတွေအသီးသီးလွတ်တင်နေ ချိန်မှာ ဒို့မြန်မာပြည်က ခုချိန်ထိအောင်မီးမလင်းသေးဘူး

လောကပါလ said...

ကဲ လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းရေ ထမီခါးထောင်းကျိုက် ဂျွမ်းပစ်ပြီးသာ လဲသေလိုက်လိုက်တော့ လျှပ်စစ်မီးရဖို့အရေး မိုးနတ်မင်းကြီးကိုသာဆုတောင်းပေးပါဆိုတာဘာစကားလဲဗျ။မိုးရွာမှ ဆည်ထဲမှာရေရှိမှ မီးပေးနိုင်မယ်ဆိုတဲ့သဘောလား အာရပ်တို့ အာဖရိက တို့မှာ ဘယ်လိုလုပ်မလဲ သဲကန္တရထဲမှာ။လုပ်ဖို့အရည်အချင်းမရှိရင် မလုပ်တက်ရင် လုပ်တက်တဲ့သူတွေအများကြီးရှိတယ် နားလည်တက်ကျွမ်းတဲ့သူတွေပေါမှပေါ ဖယ်ပေးလိုက်ပါ လွှဲပေးလိုက်ပါ။ရှက်တက်ရင် အဲဒီရေမ၇ှိဘူးဆိုတဲ့ ဆည်ထဲမှာ ခုန်ချသေလိုက်တော့ဗျာ

thantkoko said...

အော်...ကြားလို့မှကောင်းကြသေးရဲ့လားအရပ်ကတို့ရေ................ဦးးလေးချော်မင်းကြီးကပြောတော့လဲ..မြန်မာနိုင်ငံမှာလျှပ်စစ်တွေပိုနေလို့ပြည်ပရောင်းစားနေရပါတယ်တဲ့..ခုတော့မိုးနတ်မင်းကြီးဆီသွားတောင်းခိုင်းနေပါလားနော်....ကြုံပလေ့ဘုံပွေပါပဲ....နည်းရှိပြီးနည်းမသိတဲ့သူတွေအုပ်ချုပ် မူကောင်းပေမယ့်...မူမကောင်းတဲ့သူတွေအုပ်ချုပ်ခဲ့တော့...ခုလိုဖြစ်ပြီပေါ့...တကယ်ပြင်မယ်ဟေ့ဆိုရင်တော့မြန်မာနိုင်ငံမှာ...နည်းပညာတော်တဲ့သူတွေရှာ...နည်းမသိပဲစတီခုံပေါ်ထိုင်နေတဲ့တွေကိုဖြုတ်ချပေါ့...မူကလဲကောင်းနေတယ်ဆိုတော့..မူမကောင်းပဲဟိတ်နဲ့ဟန်နဲ့စတီခုံပေါ်မှာထိုင်နေတဲ့ငနဲကြီးတွေကိုဖြုတ်...မူကောင်းတဲ့သူတင်ပေါ့..ဒါမှအဆင်ပြေမှာပေါ့...

zaw hlaing oo said...

မိုးနတ်မင်းကိုဆုတောင်းပေါ့တဲ့ လွယ်လိုက်တာဗျာ လမ်ဘေးကသူတောင်းစားတောင်ဒီလိုပြောထွက်မှာမဟုတ်ဘူး ခင်ဗျားမို့လို့ မရှက်တယ်ဗျာ ဒေါ်အေးအေးမင်း ခင်ဗျားကြောင့်အင်ဂျင်နီယာတွေနာမည်ပျက်တယ်ဗျ သိလား ကိုယ်မလုပ်နိုင်ရင်လည်းဘေးကပ်လေဗျာ လုပ်နိုင်တဲ့သူတွေ လုပ်မှာပေါ့ဗျ မိုးနတ်မင်းဆိုတဲ့အသုံးအနှုန်းကခင်ဗျားလင် တရုတ်နိုင်က အသုံးအသုံးအနှုန်း နားလည်းလား

wathan said...

မိုးနတ်မင်းတိုင်တည်ယုံနဲ့ ရမှာလားဟင်

m a w k o e said...

ဇော်မင်းဆိုတဲ့ငနဲကြီးရေ။ တကယ်ဆိုမင်းတို့နှုတ်ထွက်သင့်ပါပြီကွာ၊ မင်းဥပဓိရုပ်နဲ့လိုက်ဖက်တဲ့ မင်းအဆင့်အတန်းနဲ့ညီတဲ့ ဆိုက်ကားနင်းတာပဲဖြစ်ဖြစ်၊ လမ်းဘေးမှာမုန့်ဟင်းခါးရောင်းတာပဲဖြစ်ဖြစ်ပြောင်းလုပ်လိုက်ပါတော့။တိုင်းပြည်နာလွန်းလို့။

purewhite said...

ပြည်သူတွေကလည်း အစိုးရကို ဒီတစ်နှစ်လောက်တော့နားလည်ပေးလိုက်ကြပါ။ ဒီကိစ္စလေးတစ်ခုတည်းနဲ့ တခြားတိုးတက်ရာတိုးတက်ကြောင်းတွေပါ နှောင့်နှေးသွားမှာစိုးလို့ပါ။ အစိုးရအဖွဲ့ထဲမှာလည်း အခြားစိန်ခေါ်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရတာပါ။ သည်းခံလက်စနဲ့ သည်းခံပေးလိုက်ကြပါ နောက်တစ်ကြိမ် ပြည်တွင်းမှာလုံလောက်အောင်မပေးပဲ ပြည်ပကိုရောင်းကြတယ်ဆိုမှ ဆက်လှုပ်ရှားကြတာပေါ့။ အစိုးရအဖွဲ့ထဲမှာလည်း အမြင်မတူတာနဲ့တူတာ ကွဲနေကြမှာပဲ၊ ပြီးတော့ အရင်အဘတွေလက်ထက်က ရောင်းစားထားတဲ့ဓာတ်အားတွေက ဘယ်နှစ်နှစ် တောင်စာချုပ်ထားလဲ အဲဒါတွေကို ပြည်သူတွေမှမသိကြတာ။ မီးမှောင်တာတော့ ဘယ်သူမှမကြိုက်ကြပါဘူး၊ခံလည်းခံပြင်းပါတယ်။ အစိုးရသိအောင်ဒီလောက်ဖော်ထုတ်ပြသထားရင် လုံလောက်ပြီလို့ထင်ပါတယ်။ ဒါကိုအကြောင်းပြပြီး ဒီမိုကရေစီလမ်းကြောင်းသွေဖယ်သွားမှာစိုးပါတယ်။ သမတ္တကြီးကိုလည်းသနားကြပါအုန်းလို့တောင်းပန်ပါတယ်

♥အချစ်ပါတီ...♥ said...

ဟာဟာဟာဟာ ရီရတယ်ကွာ. ပြောလဲပြောတတ်ပါရဲ မိုးနတ်မင်းကြီးကို ဆုတောင်းလေး ဘာလေးနဲ ပြီတော့လာသေးတယ် ပြည်သူတွေပေးတဲ အစ်ြကို ခံပေါ့မယ်တဲဗျာ. ရောင်းစားတုန်က ရောင်းစားပြီတော့ ခုကျမှ ပေးတဲ အပြစ်ခံမယ်ဆိုတော့ သနားများ သနားသွားမလာဆိုတဲ ရည်ရွယ်ချက်နဲလာဗျာ... သွားစမ်းပါဗျာ ကျနော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးမှာ လျှပ်စစ်ဓာတ် အားတွေ ပို့နေလို ပြည်ပကို တောင်ရောင်းစားနေရတာဆို ခုတာဝါတိုင်လေး တစ်ခုပျက်ဆီးသွားလို တစ်နိုင်ငံလုံ လျှပ်စစ်မီးတွေ ပြတ်တောက် သွားရတယ်ဆိုလို ကလေးသွားပြောတောင် အူနှိပ်ပြီရီနေမှာ အမှန်ပဲဗျာ ... ခင်ဗျာတို့က လူတွေတွေပဲ တကိုယ်လုံး ဥာဏ်နီ ဥာဏ်နက် ဥာဏ်ပြာ ဥာဏ်ဝါ တွေနဲ ဖွဲစည်းထားတဲလူတွေပဲ ဒီလောက်လေးကတော့ ဖြေရှင်းပေးလိုတတ်မှာပေါ့ဗျာ... ဒီလိုနေရာကိုတောင် ယူထားသေးတာပဲ ဖြေရှင်ပေးနိုင်လိမ်မယ်လိုကျနော် ထင်တယ်ဗျာ.....

ကိုဖြိုး said...

မျိုးချစ်လူငယ် သို့
"အကုန် ဘုကလန့်တွေချည်းပဲ။ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် နဲ့ တာဝန်ရှိ လူကြီများ အားလုံး မလုပ်တတ်ရင် လုပ်တတ်တဲ့သူတွေ လုပ်ပါစေတော့။" ဟုတ်လား? မင်း ဘဘဦးအောင်ခိုင်အကြောင်း ဘယ်လောက်သိလို့ ဒီလိုပြောရတာလဲ? မင်းတစ်နိုင်ငံလုံးက လျှပ်စစ်အင်ဂျင်နီယာတွေကို လိုက်မေးလိုက် ဘဘဦးအောင်ခိုင်လောက် တတ်ပါတယ်ဆိုတဲ့သူတွေ့ရင် one table ကျွေးမယ်ကွာ။ မင်းနဲ့ အဲ့ဒီလူကိုလည်း ညတိုင်းထိုင်ကန်တော့မယ်ကွာ။

bobonav said...

ဆန္ဒပြသူတွေဘက်ကလည်း နားလည်မူ့ တော့ပေးသင့်တယ်ထင်ပါ
တယ်။ ပေးနိုင်တဲ့အခြေအနေက တစ်ရက်ထဲလုပ်ယူလို့ ရတဲ့ကိစ္စ မျိုး
မဟုတ်။လည်နိုင်တဲ့စက်ရုံတွေအဆင်သင့် ရှိလျှက် မလည်ပေးပဲညစ်
ပတ်နေတာဆိုယင်တော့ ဆက်တိုက် ဆန္ဒပြယင် မှန်ပါလိမ့်မယ်။အရင်
ထက်စာယင် ဆန္ဒထုပ်ဖေါ်ပြခွင့် ရတယ်။ အစိုးရဘက်ကလည်း အသိ
အမှတ်ပြုပြီး ရှင်းပြတယ် စက်ရုံတွေဆောက်ပါ့မယ် ဖြေရှင်နိုင်မဲ့ နည်း
လမ်းတွေ သူတို့စဉ်းစားနေပြီ မှန်းသိလျှက် ဆန္ဒတွေဆက်ပြနေတာတော့ မသင့်တော်ဘူးထင်ပါတယ် စက်ရုံဆောက်တာ တစ်ပတ် တစ်လ နဲ့ မပြီးနိုင်ဘူး ဆိုတာသေချာတယ် အဲဒီတော့ အဲဒိစက်ရုံတွေက ပါဝါ မထွက်မခြင်း
ညတိုင်း ဖယောင်းတိုင်ထွန်းမယ်ဆိုယင်လည်း ဖယောင်းတိုင်လုပ်တဲ့
သူတွေ အကြိုက်ပေါ့ဗျာ ပိုက်ဆံစုထားကြ အနည်းဆုံး ခြောက်လ တော့
ထွန်းရလိမ့်မယ်။
ကျေးဇူးပြုပြီး အခြေအနေနဲ့ အချိန်အခါကို နားလည်ကြပါ။
ဆန္ဒတွေ စွတ်ပြနေယင် တိုင်းပြည်မငြိမ်သက်လို့ မလွှဲမရှောင်သာလို့
အာဏာပြန်သိမ်းလိုက်ရပါတယ်ဆို ယင် ငါးယောက်ထက်ပို မစုရတဲ့
အခြေအနေပြန်ရောက် သွားပါလိမ့်မယ်။

Shin Myochit said...

နိုင်ငံကိုအုပ်ချုပ်ချင်ရင်အမိမြန်မာပြည်ကြီးအပေါ်ကနေပျံဝဲပြီးကမာကြီးကို
ဖြန့်ကြည့်တတ်ရမယ်၊အခုတော့ကမာကြီးမပြောနဲ့အိမ်နီးချင်းနိုင်ငံတွေလောက်တောင်မှမကြည့်တတ်တော့ကိုယ့်ကိုယ်ကိုပြန်
ကြည့်ပါ-ဘယ်နေရာသွားသင့်ပြီဆိုတာ။အစကတော့လုပ်ချင်ရာကိုဦးနှောက်
မသုံးဘဲနဲ့(လယ်စိုက်မစားဘဲမျိုးစပါးရောင်းစားတဲ့လယ်သမားတယောက်လို)လုပ်သွားပြီးမှ။ပြောလိုက်ရသိပ်မကောင်းဘူး။
သက်ဆင်တို့ဘယ်လောက်တော်လဲ ကျောက်ခဲတလုံးနဲ့ငှက်၃ကောင်ပစ်ခဲ့တာ။အဲဒါသိကြရဲ.လား(၁)ဈေးချိုတယ်(၂)သူတို့နိုင်ငံမှာလျှပ်စစ်မီးအပြည်အဝရအောင်လုပ်လို့ရမယ်၊ဒါမှစက်မှုဖွံ့ဖြိုးမယ်၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေများလာမယ်၊နိုင်ငံမဆင်းရဲဘူး။(၃)မြန်မာနိုင်ငံ
ကိုလျှပ်စစ်မီးတခုထဲနဲ့နောက်ကျအောင်လုပ်ပြီးထိုင်းနိုင်ငံကိုအမှီမလိုက်နိုင်
အောင်လုပ်ပစ်ခဲ့တာ။နှစ်၃၀ သဘာဝဓါတ်ငွေ.စီမံကိန်းစတင်ကတည်းကငါတို့နိုင်ငံတော့ဆင်းရဲတွင်းနက်သည်ထက်နက်ရတော့မယ်ဆိုတာတွက်ပြီးသားပါ။ဒါနဲ့အားမရသေးဘူးနောက်ထပ်တယောက်ကတရုတ်နဲ့ပေါင်းပြီးထပ်နှစ်ပြန်ပါရော့။ကဲ ခုတော့ဘာဖြစ်သေးလဲသက်ဆင်နဲ့တရုတ်ကြီးတို့ရဲ.ထောင်ချောက်ထဲဘုန်းဘုန်းလဲကျသွားပြီမဟုတ်လား။ဆောက်နဲ့ထွင်းရမဲ့ဟာကိုပုဆိန်နဲ့ထွင်းနေရပြီမဟုတ်လား။ဒါကိုသင်ခန်းစာယူဘို့သင့်ပြီ၊ကိုယ့်ကိုယ်ကိုမှဟုတ်လှပြီလို့ထင်နေတဲ့သက်ဆိုင်ရာလူကြီးမင်းများဇာတ်တူသားမစားချင်ကြပါနဲ့၊တိုင်းသူပြည်သားတွေရဲ.အကျိုးကိုရှေ.တန်းတင်ပါ။ရှေ.မိုင်ပေါင်များစွာကိုလှမ်းကြည့်ပြီးပြင်ဆင်ပါ၊တာဝန်မယူနိုင်ပါကအမြန်နှုတ်ထွက်လျှင်အကောင်းဆုံးပါ။ဂွင်ရှာပြီးအိပ်ကပ်ဖေါင်းဘို့အချိန်မဆွဲသင့်ပါ။

ngaba said...

မူးမပြည့် ကျပ်မပြည့် ပေါတောတောနဲ့ မိုးနတ်မင်းကိုပဲ တိုင်တည်ခိုင်းရတယ်လို့..
ကျွန်တော်က နောက်ပြီး၊ လှောင်ပြီးရေးထားတာမှတ်တာ..
စကိုင်းနက်မှာ အဲဒီမိန်းမကြီး အင်တာဗျူးကြည့်လိုက်ရတယ်။ မေးတဲ့လူက ဒီကိစ္စကို ထပ်မေးတယ်။ အဲဒီ မိန်းမကြီးကဗျာ.. မီးလာအောင် မိုးနတ်မင်းတောင်မကဘူး.. လေနတ်မင်း၊ ရေနတ်မင်း၊ ကုန်းနတ်မင်း ဘိုးတော်မယ်တော်တွေကိုပါ ပူဇော်ပသသင့်တဲ့အကြောင်း အတည်ပေါက်ကြီးကို ပြောချသွားတာဗျာ.. ကိုယ့်နားကိုယ်တောင် မယုံချင်သလိုလို ဖြစ်သွားတယ်။ မိုးမရွာတော့ ရေမရ၊ ရေမရတော့ မီးမရ.. ဒါကြောင့် မိုးရအောင် မိုးနတ်မင်းကြီးကို ရိုးရာဓလေ့တွေနဲ့ အညီ ပူဇော်ပသသင့်ပါတယ်တဲ့ဗျာ..
လျှပ်စစ်(၂)၀န်ကြီးဌာနရဲ့ အင်/ချုပ်မိန်းမကြီးရဲ့ ကောင်းလိုက်တဲ့ ကမ္ဘာကျေုာ်မယ့် စီမံခန့်ခွဲမှု..
ကမ္ဘာမှာ မီးမှန်အောင် လုပ်ပေးနိုင်တဲ့အစိုးရက သိကြားမင်းအစိုးရထက် သာတယ်ဆိုတဲ့ အဓိပါယ်မျိုး ပြောသွားတဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းရဲ့ စကားကလည်း အင်မတန် အဆင့်မြင့်တဲ့ ကမ္ဘာကျော်မှတ်တမ်းဝင်မယ့် စကားတွေပါပဲ...

lawyer said...

ကျွန်တော် တကယ်နားမလည် လို.မေးတာ။နေပြည်တော် ကလူမရှိ တဲ.လမ်းတွေမှာ ထွန်ထားတဲ. မီးထဲ ကနည်းနည်း လောက်များ မန်လေးကို ပို.ပေးလို.ရမလား။ခဏ ချေးတာပါ ။မိုနတ်မင်းကြီးဆီ ကရ ရင်ပြန်ပေးပါ.မယ်။။

thihathuya said...

warn for u ပေးသွားတဲ့commentကိုအကြိုက်ဆုံးပဲ..ဘာပဲပြောပြောခုလိုပြည်သူကိုတောင်းပန်ခြင်းဟာတိုင်းပြည်တွက်တိုးတက်လာတာပဲ.အရင်တုန်းကဆိုဘယ်လောက်ပဲပျက်ပျက်ဘယ်သူအသံထွက်ရဲလဲ..သူတို့ဘက်ကရောဘာ့ကြောင့်ဆိုတာဘယ်နှစ်ခါဖြေရှင်းဖူးလဲ...ပြောကောင်းတိုင်းမပြောတာအားလုံးအတွက်အကောင်းဆုံးပါပဲ.

ရာရာ said...

အစိုးရလူကြီးမင်းများရဲ့ တုံ့ပြန်ချက်ကတော့ ငါးစိမ်းသည်ပါးစပ်ကထွက်တဲ့ စကားလုံးများဖြစ်ပါတယ်။ ( သကြားမင်းအစိုးရမဟုတ်ဘူး၊ မီးလာချင်တယ်ဆို မိုးနတ်မင်း ကို ဆုတောင်းပါ။ )...မှတ်သားလောက်စရာအဖွဲ့အနွဲ့တွေပါပဲ။

ziwasoe144 said...

ဘာမှမတတ်နိုင်ဟုပြောမည့်အစားမိုးနတ်မင်းထံဆုတောင်းပါဆိုတာ
ဝင်္က၀ုတ္တိအလင်္ကာနှင့်ဖြေကြားခြင်းဖြစ်ပါသည်၊ဆိုလိုသည်မှာ
အစိုးရအဖွဲ့စောက်သုံးမကျဟုပြောလိုခြင်းဖြစ်သည်။ထို့ထက်ရှင်းလင်းစွာ
ဆိုရသော်မြန်မာပြည်အားအနှစ်၅၀ကျော်ဒုက္ခပေးသွားသောလူရမ်းကားများ
ကြောင့်ပြသနာပေါင်းစုံဖြစ်နေရခြင်းပင်။

naingoo said...

(မီးလာအောင် မိုးနတ်မင်းတောင်မကဘူး.. လေနတ်မင်း၊ ရေနတ်မင်း၊ ကုန်းနတ်မင်း ဘိုးတော်မယ်တော်တွေကိုပါ ပူဇော်ပသသင့်တဲ့အကြောင်း)
မိုးမရွာတော့ ရေမရ၊ ရေမရတော့ မီးမရ.. ဒါကြောင့် မိုးရအောင် မိုးနတ်မင်းကြီးကို ရိုးရာဓလေ့တွေနဲ့ အညီ ပူဇော်ပသသင့်ပါတယ်တဲ့)
ခုပြောခဲ့တဲစကားတွေကိုကြည့်လိုက်၇င်..ဒေါ်အေးအေးမင်းဟာအသိ
တ၇ားတွေချွတ်ယွင်းနေတဲ့အင်ဂျင်နီယာတယောက်ဆိုတာခန့် မှန်းလို
၇ပြီ..ကမ္ဘာမှာ မီးမှန်အောင် လုပ်ပေးနိုင်တဲ့အစိုးရက သိကြားမင်းအစိုးရထက် သာတယ်ဆိုတဲ့ အဓိပါယ်မျိုး ပြောသွားတဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းရဲ့ စကားကလည်းဒေါ်အေးအေးမင်းနဲ့ေ၇ာဂါချင်းတူတယ်သူတိုနှစ်ယောက်ကို
စိတ်ေ၇ာဂါအထူးကူတွေနဲပြသပေးသင့်ပါတယ်..

minthuya said...

အဲ.ဒါဆိုမီတာထိန်းသိမ်းစောင်.ရှောက်ခတွေမိုးနတ်မင်းဆီမှာသွားတောင်းခိုင်းလိုက်

Anonymous said...

ဟုတ်ပါပြီမိုးနတ်မင်းဆီက
မီတာခတောင်းကြပါ။
ပြည်သူတွေဆီကမီတာခမယူနဲ့တော့
အိုခေလား...
စောက်၇ူးတွေ...
ဗုဒ္ဒဘာသာကိုးကွယ်ပြီး
မီးကနင်တို့လုပ်မှငါတို့ရမှာလေ
ဘာမှမစွမ်းဘူးမို့လား။
ဆင်းတော့

Powered by Blogger.