အင်ဂျင်ပါဝါ ၁၃၅၀ CC အောက် ယာဉ်တင်သွင်းမှု အတွက် CIF တန်ဖိုး အမေရိကန် ဒေါ်လာ ငါးထောင် သတ်မှတ်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက်အလက် အရ အင်ဂျင်ပါဝါ ၁၃၅၀ စီစီ အောက်ယာဉ်တွေ တင်သွင်းပါက ဆိပ်ကမ်း
အရောက် CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ယာဉ်တွေကို တင်သွင်းပါက ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်မော်ဒယ်အထိ မော်ဒယ်နှစ် မခွဲခြားဘဲ CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၂ မော်ဒယ်ကို တင်သွင်းမယ် ဆိုရင်တော့ အင်တာနက် အထောက်အထားနဲ့ လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ကားဈေးကွက် အတွင်းမှာ ထွက်ပေါ်နေတဲ့ ၁၃၅၀ စီစီအောက် ယာဉ်တင်သွင်းမှုအတွက် CIF တန်ဖိုး သတ်မှတ်ချက်မှာ မှားယွင်းပြီး အရင်က သတ်မှတ်ထားတဲ့ CIF တန်ဖိုး နှုန်းထား များသာ သတ်မှတ် ထားကာ အပြောင်းအလဲ မရှိဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရပါတယ်။

၁၃၅၀ စီစီယာဉ်တွေကို တင်သွင်းပါက ပေးဆောင် ရမယ့် အခွန်နှုန်းထားကတော့ က.ည.န သို့ ပေးဆောင်ရမယ့် အခွန်မှာ ၅၀ ရာခိုင်နှုန်း ၊ အကောက်ခွန် ၅၀ ရာခိုင်နှုန်းနဲ့ ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၁၁၅ ရာခိုင်နှုန်းသာ အခွန်ပေး သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 MRTV-4

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်