မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည်

အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် (၂၀.၅.၂၀၁၂) တွင် မန္တလေး မြို့သူမြို့သားများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီးနောက် (၂၁.၅.၂၀၁၂) ယနေ့ တနင်္လာ တွင်လည်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက် က ပေးပို့သည်။

ယနေ့ညနေ (၆.၀၀) နာရီ အချိန်မှ စ၍ ဆီဒိုးနား ဟိုတယ်ရှေ့ တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက် ဆန္ဒဖော်ထုတ် ပွဲပြုလုပ်မည် ဖြစ်ကြောင်း ၊ ထိုအဖွဲ့ကို ရှင် ရှင်ဝီရသူ ခေါင်းဆောင်သော သံဃာတော်များလည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။
" အမာခံ က ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိမယ် ထင်တယ်။ စမယ့် အချိန်ရောက်ရင် အဲဒီလူတွေက ဘယ်က ဘယ်လို ရောက်လာလဲ မသိဘူး။ " ဟု မန္တလေး သတင်းထောက်က ယမန်နေ့အတွေ့အကြုံကို ဖုန်းဆက် ပြော ကြားသည်။

ယမန်နေ့က မန္တလေးမြို့တွင် စီတန်းလှည့်လည် ဆန္ဒ ပြမှု ဖြစ်ပွားပြီးနောက် တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးတွင် လျှပ်စစ် ဓါတ်အား ဖြန့်ဝေ ပေးမှု အခြေအနေကို ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ
လျှပ်စစ်ဓါတ်အား ပြတ်တောက်သော နေရာများတွင် ၅၀၀ ကေဗွီ မီးစက်ကြီး ၁၀ လုံးဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး စီတန်းလှည့်လည် ဆန္ဒပြသူများအား တစ်စုံတစ်ရာ အရေးယူသွားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရ လျှပ်စစ်ရေးရာ ၀န်ကြီး ကပြောကြားသည်။
မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည် မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည် Reviewed by သစ်ထူးလွင် on 17:17 Rating: 5

25 comments:

chochoaung said...

များများဆူပူကြပါ ဆန္ဒတွေလည်း ပြကြပါ၇ှင် ဒီလို တိုင်းပြည်ဆူပူလာ မှ အာဏာ ပြန်သိမ်းလို့ ၇မှာပါ မျက်ဖြူဆိုက်လေ ဆ၇ာကြိုက်လေ ၂၀၁၅ေ၇ွးကောက်ပွဲလေးတောင် မြင်ချင်မှ မြင်၇မှာ

လွမ်း said...

အရေးယူ ချင်လဲ ရမှမရတာ ယူရဲယူကြည့်ပါလား
မန်းလေးမှာ ငါ့တို့ စခဲ့တဲ့လမ်းကို အခြားပြည်နယ်၊တိုင်းက ပြည်သူပြည်သား
တွေလည်း လိုက်ပါ လျှောက်လှမ်းကြပါတော့

AungNaingThu said...

မီးမှန်ဖို့ဆိုရင် မြစ်ဆုံကိစ္စ ကို ပြန်ပြီး အကောက်အထည်ဖော်သင့်နေပြီ။ ပြီးတော့ ထာဝယ် ကျောက်မီးသွေး လျှပ်စစ် စီမံကိန်းတို့ကို အမြန်ဆုံး အကောင်အထည်ဖော် ဖို့ ပြည်သူများ တောင်းဆိုရမည်။ နောက်ဆုံးတစ်ခုကတော့ နူကလီးယား စွမ်းအင်သုံး ဓါတ်အားပေးစနစ်ကို ရုရှားမှာ ပညာတော်သင်သွားနေသည့်စစ်သည်တော်များ ကို ပြန်လည်ခေါ်ယူပြီ နုကလီးယား ဓါတ်ပေါင်းဖို တည်ဆောက် ကာ လျှပ်စစ်ထုတ်ယူဖို့ သမ္မတကြီး ဆီ တင်ပြတောင်းခံသင့်ပါတယ်။

kyaw thura said...

ကျေးဇူးတင်ပါတယ် မီးမလာလို့ စိတ်ညစ်နေတာ စာကျက်လို့လဲမရဘူး မီးက မနက်မလာ ညပျက်ဖြစ်နေတာ အခုထက်ထိ မီတာခကလွဲလို့ ဘာမှမတိုးတက်သေးဘူး အရင်အတိုင်းပဲ မန်းတလေးကို အစိုးရက ပစ်ထားတာ ကြာပြီ နေပြည်တော် တိုးတက်သလောက် မန်းတလေးက မတိုးတက်ဘူး အရင်အတိုင်းပဲ မန်းတလေးက လွှတ်တော်ကိုယ်စားလှယ်တွေ အားထုတ်သင့်ပြီ

linn said...

မနေ့ကလည်းဆန္ဒထုတ်ဖေါ်ပြီးပြီ၊ ၀န်ကြီးကလည်း လျှပ်စစ်မီး အဆင်မပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ထွက်ပေးမယ်လို့ အထူးသတင်းစာ ရှင်းလင်းပွဲ က နေပြောထားပါတယ်။ အစိုးရဘက်က အသိအမှတ်ပြုထားတဲ့အတွက် ပြုပြင်ဘို့ အချိန်နဲနဲပေးသင့်တယ် မထင်ဘူးလား။ ဒိနေ့ ဆက်ဆန္ဒပြတာကိုလည်းအပြစ်မပြောသေးပါဘူး။ ရက် သိပ်ဆက်လွန်းရင်တော့ မသင့်တော်ပါဘူး။ စမယ့် အချိန်ရောက်ရင် အဲဒီလူတွေက ဘယ်က ဘယ်လို ရောက်လာလဲ မသိဘူး။ " ဆိုတာလဲ စိုးရိမ်ပါတယ်။ လူဆိုးတွေပါလာမှာ စိုးလို့ပါ။ လူများလာရင် စိတ်က ရဲတင်းလာပါတယ်။ အပြုအမူတွေ ပြောင်းလာပါတယ်။ တစ်ယောက်ထဲဆို မလုပ်ရဲတာတွေ လုပ်ဖြစ်လာပါတယ်။ ဒါကြောင့် ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ ဟေ့ ဟေ့ ဟေ့ လို့ညာသံပေးလာရင် သတိထားပါ၊ ဒီကောင်တွေ လူစကားနားမလည်ဘူး၊ အထူအပါးနားမလည်ဘူး ပညာပေးရမယ်ဆိုပြီး လှုံ့ဆော်လာရင် သတိထားပါ။ ဒီလူတွေဟာ တိုင်းပြည်ကို နောက်ပြန်သွားအောင်လုပ်မဲ့ ပြည်သူ့ရန်သူစစ်စစ်တွေပါ။ ပြည်သူတွေအားလုံးက ၀ိုင်းဝန်းကာကွယ် ရပါမယ်။ ဒီလိုလူတွေက လူထုကိုမြှောက်ပေးပြီး အစပျိုးပေးပြီးရင် ကိုယ်ရောင်ဖျောက်သွားတတ်ပါတယ်။ ဒီလိုလုပ်တဲ့လူရှိ့ရင် ဆန္ဒပြနေတဲ့ နေရာကမောင်းထုတ်ပါ။ ပြည်သူတွေ လူ ညီ ကြပါ။ ဒီလိုနေရာမှာ အကြောက်တရားကင်းကြပါလို့ မေတ္တာရပ်ပါတယ်။ အဲလိုလူတွေက မင်းကဘာကောင်လဲ ဆိုပြီး ဖြဲတတ်ပါတယ်။ သတိထားပါ။ ပြီးလူအုပ်နဲ့မိမိကို ရန်တိုက်ပေးတတ်ပါသေးတယ်။ မိမိရရ အုပ်မိအောင်လုပ်ပြီး ရုံးတင်ဘို့အထိလုပ်ကြပါ။ ကင်မရာနဲ့ တနေရာက တိတ်တဆိတ် မှတ်တမ်းတင်ထားနိုင်ရင် ရုံးတင်တဲ့အခါထိရောက်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ရာမှာ လူထုဆူပူအောင် လှုံ့ဆော်လို့ဆိုပြီး ထိရောက်ပစ်ဒဏ် ချပေးလိုက်ရင် နောင် အနာဂတ်အတွက်ပါ ကာကွယ်ပြီး ဖြစ်သွားပါမယ်။ အားလုံးအတွက် စိုးရိမ်လို့ပါ။ အမိမြန်မာပြည်ကြီးအတွက် စိုးရိမ်လို့ပါ။ အဓိကအားဖြင့် ဆန္ဒပြပွဲဖြစ်အောင် စတင်တဲ့သူတွေမှာ တာဝန်ရှိပါတယ်။ စတင်ဘို့သာမက တစ်ချိန်လုံး ငြိမ်းချမ်းစွာရှိနေဘို့ပါ တာဝန်ယူပေးပါ။

linn said...

ဒီမိုကရေစီအရ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခွင့်ရှိသလို ဆန္ဒပြနေစဉ် အချိန်အတွင်းမှာ စည်းကမ်းတကျ ရှိဘို့ တာဝန်ရှိပါတယ်။ အခွင့်အရေးသာလိုချင်ပြီး တာဝန်မယူချင်သေးဘူးဆိုရင် မြန်မာလူမျိုးများသည် ဒီမိုကရေစီနှင့်မတန်သေးလို့ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။ အမြည်းရထားသော ဒီမိုကရေစီမှ သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစစ်စစ်သို့ လျှောက်လှမ်းရာလမ်း ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။

မျိုးမြန်မာ said...

ပြည်သူများ ဆန္ဒ ပြမှုသည် အချီးအနှီးဖြစ်မည်ကို စိုးရိမ်ပါသည်။ ပေးစရာ မရှိသောကြောင့်ဖြစ်သည်။ အကြောင်းပြချက် အမျိုးမျိုးဖြင့်သာ ဖြေရှင်းသွား ဟုထင်မြင်ပါသည်။ ပြည်သူဆန္ဒ ဖြည့်ရင်း ဓာတ်အားပေးနိုင်သော စက်ရုံများ တည်ဆောက်ရန် လိုပါသည်။

kyaw said...

စံစားရမှာကတစ်မြို့လုံး၊ တစ်ခုခုဖြစ်ရင်ခံရမှာက----၊
ချီးကျူးပါတယ်၊တကယ်ပါ၊ မြောက်ပေးတာမဟုတ်ဘူးနော်၊
ကျနော်လည်းမီးမလာခြင်းဒုက္ခကိုကောင်းကောင်းကြီးခံစားနေရ ပါတယ်၊ ညညဆိုငရဲရောက်နေသလိုဘဲ။

chochoaung said...

ပြည်သူ့  သဘောထား တည်ငြိမ်အေးချမ်းမှု့ ကို လိုလားသည် ဆူပူ မှု့  နှင့်  မီး မ၇၇ှိနိုင် လွှတ်တော်သို့  တင်ပြခြင်းဖြင့် သာ မီး၇၇ှိနိုင် ပါမည်

honey said...

ကောင်းတယ်ခုလိုလုပ်ရပ်တွေ
ပြည်သူ့ခံစားချက်တွေပြခွင့်ရပြီ။

wunna said...

မီးမလင်းမချင်း နေ့တိုင်း လုပ်ပါ အားပေးနေတယ်.

myanmar pyi thar said...

ကဲ...တွေ့ပြီလား။ မြန်မာနိုင်ငံမှာ လျှပ်စစ်ပြီးတွေ ပိုလျှံနေလို့ရောင်းချပါတယ်“ ဆိုတဲ့ အောက်ဖိအပေါ်ဖားတဲ့ လူကြီးမင်းခင်ဗျာ။ လူကြီးမင်းရဲ့ လိမ်လည်ပြောဆို မှုကြီးဟာ“ ရိုသူမရှက် မြင်သူရှက်၏ “ဆိုတဲ့ ဆိုရိုးစကားအတိုင်းဖြစ်နေပါရော့လား။ အဲလို လူဖားကြီးတွေများနေလို့ ကျွန်တော်တို့နိုင်ငံကြီးဟာ အခုထိ ဆေးမစားခင်နဲ့ဆေစားပြီးအခြေအနေလောက်ပဲ ပြောင်းလဲနေတာ။ သူများနိုင်ငံက လူကြီးတွေက ကိုယ်ယူထားတဲ့တာဝန်နဲ့ အလုပ်ကို ကြေပွန်အောင်ထမ်းဆောင်ပြီး ကိုယ်ပြောတဲ့စကားကို တာဝန်ယူရဲကြတယ်။

myanmar pyi thar said...

တိုင်းပြည်တိုးတက်အောင် နောက်မှလုပ်...လျှပ်စစ်မီးအရင်ရအောင်လုပ်။

pudo said...

အားလုံးပါဝင်ကြစို့ဗျာ... မြန်မာ့ အ၇င်းအမြစ်တွေဟာ.. ကျနော်တို့ မြန်မာပြည်သူတွေအတွက်ပါ...
လျှပ်စစ်ဓာတ်အားပိုလျှံနေတယ်ဆိုတဲ့စာသားတွေဘယ်တော့မှမကြားချင်ဘူးဗျာ.... ဘယ်တော့မှ.. သတင်းတွေသတင်းစာတွေမှာ မေ၇းကြပါနဲ့တော့.. အစိုး၇၇ယ်... သိပ်ကိုအဓိပါယ်မဲ့လွန်းလို့ပါ...
ဒီဆန္ဒထုတ်ဖော်ကြတဲ့ပြည်သူတွေဟာ....သူရဲကောင်းတွေပါ...အားလုံးဟာ တိုင်းပြည်အတွက်လူမျိုးအတွက်..လုပ်နေကြတာပါ.. ဘယ်သူကများ ဒါမျိုးလုပ်ချင်မှာလဲ...ကိုယ့်အိမ်မှာကို အေးဆေးနေချင်ကြမယ့်လူတွေချည်းပါ... ကလေးကအစပါဝင်ပါတယ်.. အင်မတန်မ လေးစားစ၇ာကောင်းပါတယ်...
အားလုံးပါဝင်ကြရအောင်လားဗျာ... ဘယ်သူ့ပစ္စည်းမှ..လုယူ.. တောင်းခံနေတာမဟုတ်ပါဘူး...ကိုယ့်နိုင်ငံပိုင်စွမ်းအင်ကို.. ကိုယ်တွေခံစားခွင့်အပြည့်အ၀ရှိပါတယ်.. ကိုယ့်ပစ္စည်းကို ကိုတောင်းတာပါ...

mdy said...

ကောင်းပါတယ်...ဒီလိုလုပ်တာ..သူတို့ကအရမ်းလွန်လွန်းသွားပီ..
တရုတ်ကိုတောင်ပိုလို့ရောင်းတယ်ဆိုဘဲတော်တော်မိုက်တယ်...လျှပ်စစ်
ဝန်ကြီးရေမင်းတော့မြန်မြန်ပြုတ်မှကိုနားအေးမှာ

booboom said...

ဦးဇော်မင်း ကြီး ပြောတဲ့ အတိုင်းလုပ်နော်

ဖိုးဖိုးကြီး said...

အော်---မန္တလေးသူ/မန္တလေးသား တွေစိတ်အားမငယ်ကြပါနဲ့။ ဖိုးဖိုးကြီး က(၁၉၉၇)ခုနှစ်မှာအမေရိကန်မှာနေတဲ့မိတ်ဆွေကဖိတ်ကြားလို့သွားခဲ့ပါ
တယ်။ဟိုရောက်တော့-ဖိုးဖိုးကြီးက မိတ်ဆွေကြီးကိုမေးကြည့်ပါတယ်။ မင်းတို့အမေရိကန်နိုင်ငံမှာကောငါတို့မြန်မာနိုင်ငံလိုမီးပျက်ဘူးသလားလို့
မေးကြည့်တော့-တခါမှမပျက်ဘူးတဲ့။ ဖိုးဖိုးကြီး ရောက်ပြီး၊နောက်တပတ်မှာ-တီဗွီကြည့်နေတုန်းရုတ်တရက် မီးပျက်ပါလေရော။ ဒါနဲ့ ဖိုးဖိုးကြီးလည်း-မိတ်ဆွေကြီးကို-ဟေး------
မင်းတို့နေတဲ့နိုင်ငံလည်း ဘာမှမထူးပါဘူးကွာ-မီးပျက်တာပါဘဲလို့ပြော
လိုက်တော့-သူကနောက်ပြီးတော့-မင်းလာလို့မီးပျက်တာလို့ နောက်ပြီးပြန်
ပြောတယ်။ အိန္ဒိယနိုင်ငံ/ကာလကတ္တားမြို့မှာလည်း မီးခဏာ-ခဏာပျက်
တာဘဲ-လို့ ရောက်နေတဲ့မိတ်ဆွေများကပြောပါတယ်။
နိုင်ငံတကာမှာလည်း မီးပျက်မှု့တွေလည်းရှိပါတယ်။ သည်းညီးခံကြပါ။

MgMgHla said...

အမှန်က ဖယောင်းတိုင်ရော ရှိသမျှ မီးစက်အသေးလေးတွေကိုပါ တွန်းလှည်း ကားတွေပေါ်တင်စက်နိုးပြီး အပြင်မှာ ဘယ်လောက်ဆူညံနေတဲ့ လောကထဲမှာ နေရတယ်ဆိုတာကို တာဝန်ရှိတဲ့ လူကြီးတွေ နားအရာသာပါ ပေးနိုင်ရင် ပိုကောင်းမယ်ထင်မိကြောင်းပါ၊ တာဝန်ယူကျတဲ့၊တာဝန်ကျေကြတဲ့ သူရဲကောင်းအပေါင်းလေးစာမိကြောင်းပါ

Thurein said...

ရန်ကုန်မှာလည်းစပြီးမီးပျက်နေပြီဗျာ။ လာတာမှသိပ်တောင်မကြာသေးတာကို။

www.academicmedicines.blogspot.com

followerလေး said...

မီးစက်နှိုးပေးမယ်ဆိုတော့ဘယ်နှစ်ရက်နှိုးပေးမှာလဲဟင်။

KMW said...

ပြည်သူတွေရဲ့ရသင့်ရပိုင်ခွင့် အခွင့်ရေးကို ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတာကိုအလေးအနက်ထောက်ခံပါတယ် ပြင်ပမှအမှောင့်ပယောဂမပါအောင်ဝိုင်းဝန်းပြီးဂရုစိုတ်ပေးကြပါအံုး ဟိုအကြောင်းပြချက် ဒီအကြောင်းပြချက်းတွေနဲ့ နောက်းကြောင်းပြန်လှည့်သွားမှာစိုးလို့ပါ ကလိန်ကကျစ်ဥာဏ်နီဥာဏ်နက်တွေနှင့်တွေ့ကြုံခံစါး ခဲ့ရတာလည်းကြာပါပြီ

KMW said...

ပြည်သူတွေရဲ့ရသင့်ရပိုင်ခွင့် အခွင့်ရေးကို ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတာကိုအလေးအနက်ထောက်ခံပါတယ် ပြင်ပမှအမှောင့်ပယောဂမပါအောင်ဝိုင်းဝန်းပြီးဂရုစိုတ်ပေးကြပါအံုး ဟိုအကြောင်းပြချက် ဒီအကြောင်းပြချက်းတွေနဲ့ နောက်းကြောင်းပြန်လှည့်သွားမှာစိုးလို့ပါ ကလိန်ကကျစ်ဥာဏ်နီဥာဏ်နက်တွေနှင့်တွေ့ကြုံခံစါး ခဲ့ရတာလည်းကြာပါပြီ

soe thu said...

ပြကြပြကြ အရေးမယူဘူးတဲ့
သဘောကောင်းတယ် ဓါတ်ပုံထဲတော့မပါစေပေါ့ ပါရင်သိတယ်မို့လား...အိမ်ပြန်လမ်းဝေး သွားလိမ့်မယ်.....

ကိုခန့် said...

အင်းလုပ်ကြလေ ဖိုးသကြားတော့ စိတ်ညစ်တယ် လုပ်ပေးလို့ မရရင် ထွက်ပေးမယ်ပြောနေပြီ ။။ဘယ်လို လုပ်မလည်း

ကိုခန့် said...

အင်းလုပ်ကြလေ ဖိုးသကြားတော့ စိတ်ညစ်တယ် လုပ်ပေးလို့ မရရင် ထွက်ပေးမယ်ပြောနေပြီ ။။ဘယ်လို လုပ်မလည်း

Powered by Blogger.