မစ္စတာဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ (ဓါတ်ပုံ)


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်အချိန် တစ်နာရီကျော် အကြာ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမြင်ကွင်းဓာတ်ပုံများ။
The Voice Weekly

မစ္စတာဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ (ဓါတ်ပုံ) မစ္စတာဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ (ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 13:06 Rating: 5

8 comments:

Anonymous said...

အော် . လူ့အဖိုးတန်တွေကြတော့လည်း
ကိုယ့်အိမ်ထဲ ကိုယ်နေတာတောင်
ကမ္ဘာ့ထိပ်တန်း ပုဂ္ဂိုလ်တွေ
ခွင့်တောင်းပြီး လာတွေ့ကြရတယ်
မနာလိုဝန်တို စိတ်ရှိသူများ
ကိုယ့်တန်ဖိုး ဘယ်လောက်ရှိလဲသိအောင်
ဖိတ်ကြားကြည့်ပါလား

ပုသိမ်သား...ဆင်မ said...

တယောက်တော့ လေဖြတ်နေပြီ.....သူရဲ့ နောက်ပါကောင်တွေလည်းသတိထားနေကြပေါ့ ကွာ....တွေလားအမေစုကို အေးဆေးပဲ..ပြုံလို့ ရယ်လို့ ....မင်းတို့ မှာသာ မျက်နှာတွေက မဲတူး ပုတ်သိုး..သေခါနီးလည်းလေဖြတ်..အောင်သောင်းမင်းကိုပြောနေတာ..မင်းဆရာ သွားကြည့် ဦး

aungthapyayhtun said...

ဖိုးထောင်ပြောတာ မှန်ပကွာ..

ပုဂံစစ်သည် said...

ဘန်ကီမွန်းလိုကုလသမ္မက ကလူကတောင် အိမ်ကိုလာတွေ့သေးတာ၊ ဘာမဟုတ်တဲ့ ထိုင်းဝန်ကြီး ဖွတ်မမက ဘာလို့ အိမ်ထိလာမတွေ့နိုင်ဘူးဆိုပြီး ဒေါ်စုကို သံရုံးထိလာတွေ့ခိုင်းတာလဲ။ အလကား ရေမြုပ်မယ့်နိုင်ငံကများ ဖင်ခေါင်းကျယ်နေသေးတယ်။

ZORRO said...

ဖိုးထောင်ရေ.... ဒီနေ့ကမ္ဘာကြီးမှာ မိမိအကျိုးစီးပွား ကာကွယ်ရေး ၀ါဒကိုနိုင်ငံတွေရော၊ ခေါင်းဆောင်တွေပါ ကျင့်သုံးကြပါတယ်။ ဒီကိစ္စမှာ ကိုယ်ကျိုးစီးပွားလည်းပါ သလို ခင်ဗျားပြောတာ မှန်သင့်သလောက်မှန်ပါတယ်။ အဖိုးတန်ပါတယ်။အဲဒီအဖိုးတန်တာတွေကို ပြည်သူတွေက၀န်းရံပေးခဲ့တာပါ။အဲဒီကျေးဇူးကိုမမေ့ပါစေနဲ့၊ ပြီးတော့ ဘေးက ဗကပတွေ နဲ့ သူ့ကို နိုင်ငံ့အကျိုးအတွက် အမှန်တကယ် အကြံပေးတဲ့လူတွေ ခွဲခြားနိုင် ပါစေ ယခု အင်န်အယ်လ်ဒီမှာ ဖြစ်ပေါ်နေတဲ့ အဲဒီလူတွေကြား အားပြိုင်နေ တဲ့ ပြဿနာတွေ အမြန်ဆုံးဖြေရှင်းနိုင် ပါ စေလို့ ဆန္ဒပြုပါတယ်။

Unknown said...

အမေရယ် သားတို့မြန်မာ ပြည်သူလူထုတွေလဲ အမေတစ်ယောက်ကြောင့်အခုဆိုရင် ကမ္ဘာ့အလယ်မှာ မျက်နှာပန်း စတင်ပွင့်လန်းလာရပါပြီအမေရယ်.... အမေ့ရဲ့ ဂုဏ်သိက္ခာ အမေ့ရဲ့ အရည်အချင်းနဲ့ အမေ့ရဲ့ရနံ့မွှေးလှတဲ့ နှလုံးသားအလှကို မြန်မာသာမက ပဲ အခုဆိုရင် ကမ္ဘာကပါ အသိအမှတ်ပြုပြီး လေးစားနေရပါပြီ....၀မ်းသာဂုဏ်ယူပါတယ်အမေ.......ထာဝရ ကျန်းမာပျော်ရွှင်စွာဖြင့် လိုရာခရီးပန်းတိုင်ကိုအမြန်ဆုံးတက်လှမ်းနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်.........

MK said...

International ဖြစ်တဲ့ လူထုခေါင်းဆောင် အမေစု အတွက် မြန်မာပီပီ ဂုဏ်ယူ ပါတယ်။ ခေါင်းဆောင် ၂ဦး ပွင့်ပွင့်လင်းလင်း ပြောဆိုနေတာများကွာ၊ ဖွတ်စုတ်တွေ နဲ့ ကွာပါ့ကွာ။

tapaungthi said...

ကိုဖိုးထောင်ရေ
သနားပါတယ် မပြောပါနဲ့နော်..။
သူတို့လည်းခေါင်းတွေအခုလောက်ဆို ဖွက်ထားလောက်ပါပြီ..။
ရှက်တတ်ရင် သိမှာပါ..။
အရှက်မရှိရင်တော့ ရှေ့က ဆရာကြီးလိုလမ်းစဉ်လိုက်သွားတော့မှာပဲ..။
ဖွတ်တွေနမူနာယူသင့်တယ်..။

Powered by Blogger.