ရခိုင်ပြည်နယ်မှသေမင်းတမန်ရထားလမ်းနှင့်ဖြိုဖျက်ခံရှေးဟောင်းဘုရားပုထိုးများ



စစ်တွေ၊ အမ်း၊ မင်းဘူး (မြန်မာနိုင်ငံ အလယ်ပိုင်း) မီးရထားလမ်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှနေ၍ မြို့နယ် (၅) မြို့နယ်ကို ဖြတ်လျှက် မြန်မာစစ်တပ်၏
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်းမြို့သို့ ဆက်သွယ်သော မီးရထားလမ်းသစ်
 တည်ဆောက်မှုကို (၂ဝဝ၉) ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စတင်ခဲ့ပါသည်။

 လုပ်ငန်းမစမီ ၂၀၀၈ခုနှစ်အတွင်းနှင့်လုပ်ငန်းစတင်ပြီး၂၀၀၉၊၂၀၁၀အတွင်းရထားလမ်း
စီမံကိန်းတလျောက်ရှိစစ်တွေမြို့၊ပုဏ္ဍားကျွန်း မြို၊ ကျောက်တော်မြို့၊မြောက်ဦးမြို့၊အမ်းမြို့နယ်များအတွင်းရှိဒေသခံပြည်သူများ၏အိုးအိမ်ရပ်ရွာများအားအတင်းအကျတ်
ပြောင်းရွေ့ဖယ်ရှားခိုင်းခြင်းများပြုလုပ်ခဲ့ပါသည်။

လျော်ကြေးငွေလုံးဝမပေးဆောင်ပဲ အရပ်သားများ၏ လယ်ယာ ဥယျာဉ် ခြံမြေ အများ
အပြားကို ဥပဒေမဲ့ သိမ်းယူခဲ့ခြင်း၊ဒေသခံစစ်တပ်များနှင့်ပူးပေါင်းပြီး ရထားလမ်းဖေါက်
လုပ်ရေး ကုမ္ပဏီများက လုပ်ခများ မပေးဘဲဒေသခံပြည်သူများအားအတင်းအကျတ်
လုပ်အားပေးစေခိုင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။

မြောက်ဦးနှင့်အမ်းမြို့နယ်အကြားကျေးရွာ(၆)ရွာမှာရွာလုံးကျွတ်အတင်းအဓမ္မနေရာ
ရွှေ့ပြောင်းရွေ့ခြင်းခံခဲ့ရသော်လည်းမည်သည့်လျော်ကြေးတစုံတရာမှရရှိခဲ့ခြင်းမရှိခဲ့ကြပါ ။

ပူပြင်းလှပြီးအရိပ်အာဝါသမရှိသော ကွင်းပြင်များတွင်လုပ်အားပေးစေခိုင်းခံရမှုကြောင့်
ဖျားနာသေဆုံးခြင်း ရေရှားပါးမှုကြောင့်ဝမ်းပျက် ၀မ်းလျောဖြစ်ကာသေဆုံးခြင်းများ ထိခိုက်ဒဏ်ရာရပြီးသေဆုံးမှုများရှိခဲ့သော်လည်းမည်သည့်သတင်းမှထွက်ပေါ်မလာပဲ
အမှောင်ချထားခြင်းခံခဲ့ရပါသည်။

အဆိုးဝါးဆုံးဖျက်စီးခံရမှုများကတော့ ရခိုင်ရှေ့ဟောင်းအမွေအနှစ်များဖြစ်ပါသည်။
မြောက်ဦးမြို့အားရှောင်ကွင်းဖေါက်လုပ်ရနိုင်သော်လည်း ရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေ
အားဖြတ်သန်းဖေါက်လုပ်ခဲ့သောကြောင့် တန်ဖိုးမဖြတ်နိုင်သောသမိုင်းအမွေအနှစ်များ
ပျက်စီးခဲ့ရပါသည်.

(၂ဝ၁ဝ) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် စတင်ခဲ့သော မြောက်ဦး ကျောက်တော်
မီးရထားလမ်းပိုင်းကြောင့် အေဒီ (၁၄ဝ၄) ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်
တည်ဆောက်ခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးရှိ၊ ရှေးဟောင်း ကျောင်းကန်၊ ဘုရားများ
ထိခိုက်ပျက်စီးခဲ့သည်။

နယ်မြေဒေသတွင်းမှရှေးဟောင်းသုတေသနပညာရှင်များ၏ ပြောပြချက်များ၊ဒေသခံပြည်
သူများပြောပြချက်များ၊မျက်ဝါးထင်ထင်ဖြိုဖျက်နေသောသတင်းဓါတ်ပုံများအရ ရှေးဟောင်း
သဘင်သည်ဘုရား၊မင်္ဂလာမာန်အောင်ဘုရားနှင့်ကျောက်မြို့ရိုးတံတိုင်းများ၊သဇင်တန်တောင
ပေါ်ရှိ ဘုရားများအပြင် ပြည်စိုးကြီးဘုရား၊ ငကြေးအိုင် နှင့် ရဲလှရှိ ကျုံးများ၊ မင်းသမီးဆည
်-ရေတံခါး-ရေပြွန်ပေါက်များ၊ရဲလှခံတပ်နှင့်အမြင့်တောင်ခံတပ်တံတိုင်းများ၊ခြင်ကိုက်ပိဋ
ကတ်တိုက်တော် အစရှိသောရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးအဆောက်အဦးများ
 ဖြိုချဖျက်စီးစီးခံခဲ့ရ ပါသည်။

 တစ်ချိန်တည်း ၂၀၀၉ခုနှစ်ဒီဇင်ဘာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ (နအဖ) က ကြက်ဆူပင် စိုက်ခင်း စိုက်ပျိုးရေးအတွက် နယ်မြေလူထုများအား
 မြောက်ဦးမြို့ရှိ ရှေ့ဟောင်း နန်းတော်ကုန်းကို ဖျက်ခိုင်းကြောင်းလည်း ကြားသိရသည်။

နယ်သူနယ်သားများက မီရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ကန့်ကွက်ကြပြီး၊
ဆောက်လုပ် ရေးလုပ်ငန်းကို ရပ်တန့်ပေးရန် အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြသည်။
သို့ရာတွင် အစိုးရက အကြောင်းတစုံတရာ ပြန်ကြားခြင်း မရှိဘဲ၊ စီမံကိန်းကို ဆက်လက်၍
အကောင်အထည်ဖေါ်ခဲ့သည်။

ဒေသခံလူထုများက သယ်ယူပို့ဆောင်ဆောင်ရေး တိုးတက်ကောင်းမွန်ရန်ကို အလွန်တရာ
 လိုလားကြသည်။ အကြောင်းမှာ ရခိုင်ပြည်နယ်ရှိ လမ်းများသည် အခြေအနေအလွန်ဆိုးရွား
နေခြင်းကြောင့် ဖြစ်သည်။လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်အတွင်းကားလမ်း ၇၀
ရာခိုင်နှုန်းမှာ ပျက်စီးလျက်ရှိပြီး ပြည်သူလူထုမှာ ရေကြောင်းခရီးကိုသာအားထားသွား
လာနေကြရပါသည်။

မီးရထားလမ်းမှာစစ်တွေမှကျောက်တော်မိုင်၅၀ခန့်လမ်းပိုင်းကို၂၀၁၁တွင်ဖွင့်ပွဲပြုလုပ်ခဲ့သော်
လည်းအသုံးပြုလို့မရအောင်လမ်းတစ်လျောက်လုံးယိုယွင်းပျက်စီးနေပြီးရထားပုံမှန်ပြေးဆွဲ
နိုင်ခြင်းမရှိသေးပေ။ ပုံတွင်တွေ့မြင်ရသည့်အတိုင်းစစ်တွေကျောက်တော်ရထားလမ်းပိုင်းမှာ နွေရာသီတွင်ပင်ယိုယွင်းပြိုပျက်နေပြီးရထားသွားလာမှုအတွက်စိတ်ချရသည့်အနေအထား
မရှိပေ။

 ရထားလမ်းကတော့ခုထိမပြီးသေးပါဘူး ဖွင့်ပွဲလုပ်လိုက်ပြန်ပြိုလိုက်နဲ့
ရထားအမှန်တကယ်သွားလို့မရသေးပါဘူး.စစ်တွေ-ကျောက်တော်ရထားလမ်းပိုင်းလောက်
သာတခါတလေ ခုတ်မောင်းနေတာတွေ့ရပါတယ်.ပုံမှန်ပြေးဆွဲခြင်းမပြုလုပ်နိုင်သေးပါဘူး။

မိုးအားကောင်းသောရခိုင်ဒေသအတွင်းအဆင့်မမှီသောကားလမ်းရထားလမ်းများမှာအသုံး
မပြုမှီကပင်ပျက်စီးလျက်ရှိပြီး ခရီးသွားပြည်သူများမှာရထားလမ်းကားလမ်းများကိုကြည့်ပြီး အထူးစိတ်ဆင်းရဲလျက်ရှိနေကြကြောင်းသိရှိရပါသည်။

ခိုင်ဇော်အောင် (Myanmar News Now)

ရခိုင်ပြည်နယ်မှသေမင်းတမန်ရထားလမ်းနှင့်ဖြိုဖျက်ခံရှေးဟောင်းဘုရားပုထိုးများ ရခိုင်ပြည်နယ်မှသေမင်းတမန်ရထားလမ်းနှင့်ဖြိုဖျက်ခံရှေးဟောင်းဘုရားပုထိုးများ Reviewed by သစ်ထူးလွင် on 13:33 Rating: 5

8 comments:

Irrawaddy Myanmar said...

==ဖွင့်ပွဲလုပ်လိုက်ပြန်ပြိုလိုက်နဲ့
ရထားအမှန်တကယ်သွားလို့မရသေးပါဘူး.စစ်တွေ-ကျောက်တော်ရထားလမ်းပိုင်းလောက်သာတခါတလေ ခုတ်မောင်းနေတာတွေ့ရပါတယ်.ပုံမှန်ပြေးဆွဲခြင်းမပြုလုပ်နိုင်သေးပါဘူး။===

သြော် ရထားသွားမရသေးဘဲနှင့် ဖွင့်ပွဲလုပ်သတဲ့လား။ ဖဲကြိုးဖြတ်ချင်တဲ့ရောဂါဆိုးတွေက မပျောက်သေးဘူးကိုး။

ပုသိမ်သား...ဆင်မ said...

တော်တော်ဖဲကြိုးဖြတ်ချင်နေရင်ပေးထားလိုက်..ကတ်ကြေးတလက်ရယ်..ဖဲ ကြိုး တခွေရယ်...နှစ်ခါလုတ်တော့ ပိုက်ဆံလည်းကုန်းတယ်..လူလည်းပင်ပန်းတယ်..မင်းတို့ မရှိတဲ့ သိက္ခာ လည်းထပ်ကျတယ်.....နောက်ပြီ လူတွေကိုပြောင်းခိုင်းတယ်ဆိုရင်လည်း တန်ရာတန်ကျေးလေးပေး..ကောင်းကောင်းမွန်မွန်လေးဆောက်ပေးကျလေဗျာ....အော်ဒုက္ခ..ဒုက္ခ`..

Wunna Ko Ko said...

ပျက်အစဉ် ပြင်ခဏတဲ့ အမြဲတမ်းပျက် နေတာ ပြင်လည်းခဏပဲကောင်းမှာမဟုတ်ဘူး။

ဖိုးစလုံး said...

မသိလို လုပ်တာလား တမင်လုပ်တာလားတော့ မသိဘူး...သမိုင်းအမွေအနှစ်ဆိုတာ ငွေပေးပြီး ၀ယ်လို့ မရဘူး.....ရထားလမ်းဖောက်တာ လမ်းကြောင်းရှာပြီး ဘုရားစေတီ သမိုင်းအမွေအနှစ်တွေနဲ့ လွတ်းကင်းတဲ့နေရာက ဖောက်လို့ မရဘူးလား...ရထားလမ်းတောင် မပြီးသေးဘူး ဖဲကြိုးဖြတ်ပြီး ဖွင့်လိုက်သေးတယ်ဆိုပဲ...ငွေတောင်းလို့ ကောင်းအောင်လို့ထင်တယ်။

Anonymous said...

ခိုင်မာတဲ့ ရှေးဟောင်း အမှတ်အသား၊ နေရာတွေဟာ လူမျိုးနဲ့ တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုအဆင့်အတန်းနဲ့ သမိုင်းဖြစ်စဉ်တွေရဲ့ အထောက်အထားပါ။ ဥပမာ။ စကာင်္ပူဟာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ခိုင်လုံတဲ့ သမိုင်းကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု မရှိပါဘူး။ ကိုယ်ပိုင်စာပေ မရှိဘူး။ သူတို့မှာ ပုံပြင်တွေပဲရှိပါတယ်။ ဒါတွေကိုပဲ ကမ္ဘာကိုချပြစရာရှိတယ်။ သူတို့ကို ကမ္ဘာက သမိုင်းကြောင်းအခိုင်အမာ မရှိ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာမရှိတဲ့အတွက် မှတ်တမ်းပြုထိုက်တဲ့ နိုင်ငံလူမျိုးလို့ ဘယ်ပညာရှင်ကမှ မသတ်မှတ်ပါဘူး။
ကျွန်တော်တို့မှာ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုတွေ စတင်ဖြစ်ထွန်းစကတည်းက မြို့ပြနိုင်ငံတွေ အခိုင်အမာထူထောင်ပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စကား၊ အဆင့်အတန်းရှိတဲ့ ဘာသာကိုးကွယ်မှုတွေနဲ့ ကမ္ဘာ့အလယ်မှာ အဆင့်ရှိရှိရပ်တည်ခဲ့တယ်ဆိုတာ ပညာရှင်တိုင်းက လက်ခံကြတယ်။ ခိုင်မာတဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေကိုလည်း ယနေ့အထိ အထင်အရှား တွေ့မြင်နိုင်သေးတယ်။ ပျူခေတ်မြို့ရိုးတွေ၊ ဗိဿနိုးမြိုရိုး၊ ဟန်လင်းမြို့ရိုး၊ ရွှေဘိုမြိုရိုး၊ အင်းဝ၊ ရတနာပုံ၊ တောင်ငူ ကေတုမတီ၊ ပဲခူးဟံသာဝတီ၊ ပြည် သရေခေတ္တရာ.. စတဲ့ မြို့ဟောင်းတွေရဲ့ မြို့ရိုးတွေနဲ့ ပုဂံနေပြည်တော် ရခိုင်ပြည်ရဲ့ သမိုင်းဝင် ဗိသုကာအဆောက်အဦး မြို့ရိုးတွေဟာ တစ်ချိန်က ကြီးကျယ်ခမ်းနားလှတဲ့ မြို့ပြနိုင်ငံတွေထူထောင်နေထိုင်ခဲ့ခြင်းရဲ့ ဂုဏ်ယူလောက်တဲ့ ခိုင်မာတဲ့ အထောက်အထားတွေပါ။ ဒါတွေကို ခုထိ google earth ကနေ ထင်ရှားစွာ ရှာဖွေကြည့်ရှုနိုင်ပါသေးတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ကိုယ့်တိုင်းပြည်ကို အထင်ကြီးစိတ် ရှိဖို့ဆိုတာ ကိုယ့်လူမျိုးရဲ့ အမှန်တကယ် ရှိနေတဲ့ အဲဒီအချက်အလက်တွေကို မျိုးဆက်တွေ လက်ဆင့်ကမ်း အသိပေးနိုင်ဖို့လိုပါတယ်။ ဒါတွေက ဇာတိပုညဂုဏ်မာန ဆိုတဲ့အပိုင်းပါ..။
စီးပွားရေးအမြင်နဲ့ ကြည့်ရင်လည်း ဒီလို သမိုင်းကြောင်းအခိုင်အမာရှိတဲ့ နေရာတွေ၊ အဆောက်အဦ အုပ်မြစ်တွေ၊ ဗိသုကာလက်ရာတွေကို လမ်းပမ်းဆက်သွယ်ရေးနဲ့ ခရီးသွားလိုအပ်ချက်တွေကို သေသေချာချာ ဖြည့်စီးပြီး ကမ္ဘာခရီးသွားလေ့လာစရာ နေရာတွေ သတ်မှတ်လိုက်ရင် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ကမ္ဘာက ပိုသိသွားသလို ခရီးသွားလုပ်ငန်း ၀င်ငွေဟာလည်း တဟုန်ထိုး တက်လာမှာဖြစ်တယ်။ မြန်မာနိုင်ငံဟာ လက်ရှိ ခရီးသွားဝင်ငွေ များစွာရနေတဲ့ အိမ်နီးချင်း နိုင်ငံတွေထက် မနိမ့်တဲ့ သမိုင်းကြောင်းဆိုင်ရာ စွဲဆောင်မှုတွေ ပြည့်နှက်နေတဲ့ နိုင်ငံပါ။ ဥပမာ ကမ္ဘာမှာ သမိုင်းကြောင်း ခိုင်မာပြီး အကြီးဆုံးခေါင်းလောင်းဖြစ်တဲ့ ဓမ္မစေတီခေါင်းလောင်းကို ပြန်လည်တူးဖော်ဆယ်ယူပြီး tourist attraction အဖြစ် ခမ်းခမ်းနားနား တည်ထားရမှာပါ။ ဒီခေါင်းလောင်းကြီးကို တကူးတကလာကြည့်မယ့် နိုင်ငံခြားခရီးသွားတွေ တစ်နှစ်ကို ဦးရေသန်းနဲ့ချီပြီး လာရောက်နိုင်ပါတယ်။ အဲဒီကရမယ့် တိုင်းပြည်ဂုဏ်သိက္ခာ၊ ပြည်သူတွေရဲ့ ၀င့်ကြွားနိုင်မှု၊ ခရီးသွားဝင်ငွေတွေကို အသေအချာ မျက်စိကြီးနားကြီးနဲ့ စဉ်းစားသင့်ပါတယ်။
ဆိုလိုတာက ဒီလိုသမိုင်းဝင်အရာတွေကို နိုင်ငံတော်ရဲ့ national heritage အဖြစ် မဖြစ်မနေ ကာကွယ်စောင့်ရှောက် ထားရမှာပါ။
ဒီလိုတန်ဖိုးတွေကို သက်ဆိုင်ရာ ၀န်ကြီးတွေ မသိလို့လား အခြေခံအသိမရှိတဲ့ အုပ်ချုပ်သူအလွှာက စီးပွားရေးသမားတွေကြောင့်လား ကိုယ့်နိုင်ငံ၊ လူမျိုးတန်ဖိုးကိုမှ အမှန်တကယ်မသိတဲ့လူတွေ၊ အမှန်တကယ် မယုံကြည်တဲ့လူတွေကြောင့် တိုင်းပြည်ရဲ့ အဖိုးတန် ရတနာစစ်စစ်တွေဟာ ရွှေမှန်ကင်း၊ ထင်းဖြစ်ရသလိုပျက်စီး ပျောက်ဆုံးကုန်တာတွေကို ရင်နာနာနဲ့ ထိုင်ကြည့်နေရတဲ့ အခြေအနေမျိုး ကြုံတွေ့နေရပါပြီ.. သက်ဆိုင်ရာ ၀န်ကြီးဌာနက ဒါတွေကို ဖော်ထုတ်ကာကွယ်သင့်ပါပြီ.. သမ္မတကြီးနဲ့ လွှတ်တော်မှာ ဒါတွေကို တင်ပြဆွေးနွေးပြီး ကာကွယ်စောင့်ရှောက် ပေးကြပါဗျာ..။

paukpauk said...

အဲဒါ စစ်ဗိုလ်ချုပ်ဟောင်းများထဲက နာမည်ကောင်းနေသေးသော ရထားဝန်ကြီးမို့ပါ၊ တစ်ခြားသူဆိုရင် ဒီထက်ပိုဆိုးမယ်။ ရထားလုံးကော်မရှင်လေးက တယ်မြိန်သကိုး။

thein sein naing said...

တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများသိစေအပ်ပါသည် ယဉ်ကျေးမှုအမွေအနှစ်များမပျောက်အောင်ထိမ်းသိမ်းစောင့်ရှောက်ရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဦးထိပ်ထားရမှာပေါ့လေခုဟာကစာအုပ်နဲ့ပါးစပ်မှာသာရှိတယ်မင်းတို့လိုချင်တဲ့ညီညွတ်မှုဟာဒီအတိုင်းဆိုဘယ်ကလာညီညွတ်ကြမတုန်း စိတ်နာမှုတွေဆွေစဉ်မျိုးဆက်အရိုးခိုက်အောင်ထိသွေးကိုဆူနေအောင်ထိလုပ်နေတာပဲ ခုခေတ်ကအရင်လိုမဟုတ်တော့ဘူးနော်ဘာလုပ်လုပ်နေရာတိုင်းသိနေရတဲ့ခေတ်လေ အုပ်ချုပ်ခံလူတွေကိုဘာကြောင့်စည်းလုံးလို့မရတာလည်းပြန်ကြည့်ပါမင်းတို့တွေကပြည်သူတွေကိုလူမှုဒုက္ခမဖြစ် ဖြစ်အောင်ဖန်တီးထားလို့ပဲ မင်းတို့အရိုးစွဲနေတဲ့စိတ်ကအုပ်ချုပ်ခံလူမျိုးစုတွေဟာဘဝအဆင်ပြေမှုရှိခဲ့ရင်တချိန်မှာတိုင်းပြည်ကိုတော်လှန်လာနှိုင်တယ်ဆိုတဲ့ဆွေးမြည့်နေတဲ့အတွေး ခေါ်ဟောင်းခုထိရှိနေတုန်းဘဲ ပုဂံကိုထိကြည့်ပါလားဆူလိုက်မဲ့ဖြစ်ခြင်း တိုင်းပြည်မငြိမ်းချမ်းဒါဟာဆာလောင်မွတ်သိပ်မှုတွေကိုမဖြည့်ဆည်းတတ်လို့ဘဲ ကိုယ့်ပြည်နယ်နဲ့နေချင်တာဟာလည်းဆာလောင်မွတ်သိပ်မှုဘာဘဲ သနတ်တွေကိုယ်စီကိုင်ဆောင်ထားတဲ့အမေရိကန်ကိုကြည့်၇င်ဘယ်ပြည်နယ်ကလည်းတွန်းလှန်နေတာကိုမတွေ့ရပါလားအုပ်ချုပ်သူတို့

တန`င်္လာကိုကို said...

မင်းတို.မှာတခြားမြေသွားယူစရာမရှိဘူးလား။ ဘုရားတောင်အရိုအသေမထား
ဟိုမှာခရစ်ယန်တောင်သူတို.သ`င်္ချိုင်းဖျက်လိုလူထုဆန္ဒထုတ်ဖေါ်ကြတယ်။
ngaba နဲ. Thein Sein naing ရေး တာနှလုံးသွင်းဦးရထားလမ်း
ဖေါက်တဲ.ဌာနဆိုင်ရာကပုဂ္ဂိုလ်များခင်ဗျာ။

Powered by Blogger.