ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့

မွန်ပြည်နယ်၊ ဇင်းကျိုက်ကျေးရွာ ရန်ကုန် မော်လမြိုင်လမ်းမဘေးရှိ ကိုယ့်အိမ်မှာ ကိုနေတဲ့အိမ်ရှင်ဖြစ်သူ ဒေါ်သန္တာစိုးနှင့် ခင်ပွန်သည်အား မွန်ပြည်နယ် ပေါင်မြို့ 
ရဲစခန်းမှ စခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့်အမှုပွဲစား ကြည်အေးတို့မှ အိမ်ကျော်နင်းမှု 
ပုဒ်မ ၄၅၃ ဖြင့်အမှုဖွင့်ပြီး (၉ ၊ ၃၊ ၂၀၁၂)ရက်နေ့တွင် မတရားဖမ်းဆီး တရားစွဲဆိုခဲ့
ပါသည်။
 
အချုပ်ထဲနေရစဉ်ကာလအတွင်းမှာလည်း ပေါင်ရဲစခန်းမှူးမှ ငွေအမျိုးမျိုးညှစ်ပြီး 

စခန်းရှိရဲတွေက အချုပ်သားတစ်ယောက် ရုံးထုတ်လျှင်၂၀၀၀ ကျပ်၊ ထမင်းပို့ ဧည့်
တွေ့(၃၀၀၀)ကျပ် အချုပ်သားများထံမှ တောင်းခံနေသည်မှာဓါးပြတိုက်သ 

လိုဖြစ်နေပါသည်၊ ကျမတို့၏ အမှုဖြစ်စဉ် အမှန်ကိုသိရှိနေသော ပေါင်မြို့နယ်
တရားသူကြီးမှ ကျမအားရုံးအာမခံပေးခဲ့သည့်အတွက် ပေါင်ရဲစခန်အချုပ်ထဲတွင်
အရက်(၂၀)ခန့်နေခဲ့ရပြီး ကျမ၏ခင်ပွန်းဖြစ်သူမှာ ယခုအချိန်ထိ့ အချုပ်ထဲတွင်
မတရားဖမ်းဆီးထားခံ နေရပါသည်။

 
ကျမကိုရုံးအာမခံပေးလိုက်တာနဲ့
ပတ်သက်၍ ပေါင်မြို့ ရဲစခန်းမှ စခန်းမှူး၊
ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့မှ ပေါင်မြို့နယ်တရားသူကြီးအား  

အမှုကိုဘက်လိုက်တယ်ဆိုပြီး စွတ်စွဲချက်ဖြင့် သထုံတရားရုံးတွင် ရုံးပြောင်း
 လျှောက်ခဲ့ပါတယ်။ ဖြစ်စဉ်အမှန်ကိုသိရှိနေသော တရားသူကြီးဖြစ်သည့်အတွက်
သူတို့လုပ်ချင်ရာလုပ်လို့မရတော့ဘူးဆိုတာကိုသိရှိနေသည့်အတွက် ယခုလို

လိမ်လည်ပြီးရုံးပြောင်းလျှောက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ သထုံ မြို့နယ်
တရားရုံးတွင် ကျမတို့လင်မယား အမှုရင်ဆိုင်နေရပါသည်။
 
သူတို့လုပ်ကြံဖန်တီးစွဲဆိုခဲ့ေ
သာအမှုကြောင့် ခင်ပွန်းဖြစ်သူမှာအချုပ်ထဲတွင်နေရပြီး၊ သမီးဖြစ်သူ(၂)ဦးမှာလည်း မိဘများအမှုရင်ဆိုင်ဖြေရှင်ရန် ငွေကြေးလိုအပ်သည့်
အတွက် သူများအိမ်တွင်အိမ်ဖော်အလုပ်လုပ်နေရပါတယ်၊ မိဘပိုင် ကျမတို့၏ 
အိမ်ခြံမြေမှာလည်း မသမာသူ ပေါင်ရဲစခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့် ရဲပြုတ်ကြည်အေး
တို့၏ လက်ထဲ ကျရောက်ရတော့မည့်ကိန်းဆိုက်ရောက်နေပါသည်။

ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ “ကြားလို့မှကောင်း ကြသေးလားရှင် ” မွန်ပြည်နယ် ပေါင်မြို့ ရဲစခန်းမှစခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့၏ 

ဥပဒေမဲ့လုပ်ဆောင်ချက်များကို နိုင်ငံတော်သမ္မတကြီးနှင့်တကွလွှတ်တော်အမတ်ကြီးများ
မကြားဘူးသေးလျှင်လည်း ယခုကြားဖူးသွားပြီးလို့မှတ်ပေး
ပါ။ကြားဖူးသွားလျှင်းလည်း ထိ့ရောက်စွာအရေးယူပေးပါလို့ တင်ပြလိုက်ပါတယ်။
 

မွန်ပြည်နယ်၊ ဇင်းကျိုက်ကျေးရွာမှ တရားစွဲဆိုခံရသူ ဒေါ်သန္တာစိုး
ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ Reviewed by သစ်ထူးလွင် on 06:52 Rating: 5

23 comments:

ချစ်ဖူး said...

ရဲဆိုတာ ပြည်သူကို ကူညီရမှာပါ။ အဲလိုရဲမျိုးကတော့ မရှိတာက ပိုကောင်းဦးမယ်

kotunaung164@gmail.com said...

ရဲဆိုတာလုပ်စားနေကြပါ။လွှတ်တော်အမတ်တွေပြည်သူအတွက်ဆိုရင်အဲဒီနယ်မှာအရွေးခံအမတ်များဘာလုပ်မလဲပြည်သူများကစောင့်ကြည့်နေပါတယ်၊

Ko Ko said...

တင်ပြပုံ မပြည့်စုံပါ။

shingyi said...

ပြစ်မှု၄၅၃ကိုတဆက်စပ်တည်းနေထိုင်သူအတွက်စွဲမ၇ဘူး။ပေါင်ထား။ေ၇ာင်း
ထားခိုးဝင်ပြန်နေဆိုမြောက်တယ်။ တ၇ား၇ုံးေ၇ာက်နေပြီ။၇ဲအချုပ်ထားတာ၇ဲ
ကဘာသဘောလဲ။ဥပဒေအကြံပေးကစစ်ဆေးချက်မှန်လို့တ၇ား၇ုံးေ၇ာက်တာ
သစ်ထူးလွင်ကနေတင်ပြလို၇င်မိမိကလည်းပြည့်စုံမှပေါ့။

ထားဝယ်သား said...

တင်ထားတဲ့သတင်းသာအမှန်ဆိုရင် အဲဒီရဲတွေဟာ ခွေးသူတောင်စား သေခြင်းဆိုး ကာလနာ မွေပွေးကိုက် အသေဆိုးနဲ့သေမဲ့ကောင်တွေပဲ့....

Robert said...

အမှုဖြစ်စဉ် ဘာမှရေးမထားတော့ ဘာကိုကူညီရမှာလဲ။

ThetOo said...

ရေးထားတာတွေကမရှင်းဘူးဖြစ်နေတယ် ကျွန်တော်ဘဲတုံးလို့လားမသိဘူး
ရှင်းရှင်းလေးရေးနိုင်ရင်တော့ကောင်းပါတယ်

Pyae Phyo said...

ရဲတွေတဲ့။ ပြောတာက "ကူညီပါရစေ" ဆိုပြီး ငွေတော့မပေါနဲ့။ ရက်စက်တဲ့ရတွေ(villain)။ Hero ရဲ့ပြောင်းပြန်တဲ့။ မြန်မာနိုင်ငံရဲတွေက ဘာမှသုံးစားလို့ရတာမဟုတ်ပါဘူး။ ငွေရှိရင် အားပါးပါးပဲ။ ပျော်ပျော်ကြီးပဲ။ ပျော်နေပါ။ ကိုယ့်လူရေ။ တစ်နေ့တော့ ၀ဋ်လည်မှာပေါ့။

ဘိုစံနှင့်အဖွဲ့ said...

ဘာလဲဟ အမှုပွဲစား အစိုးရကတော့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်နေတာပဲ

zmt said...

ရဲဆိုတာ အဲလိုလုပ်စားနေတာကြာနေပီးလေ သတင်းအထူးအဆန်းပါဘူး နယ်ကလူတွေအတွက်တော့.

ဧ၇ာထွန်း said...

ပြည်သူတွေအမတ်ဖြစ်အောင်ေ၇ွးချယ်တင်မြှောက်ထားတော့ အမတ်တွေကလဲ ကိုယ့်နေ၇ာကိုမမြဲမတ်နေ၇င်ပြီးတာပဲ ပြည်သူတွေဘာဖြစ် ဂ၇ုစိုက်စ၇ာလိုသလားလို့တောင်တွေးဖို့အချိန်၇ှိမှာမဟုတ်ဘူး နေ၇ာပျောက်သွားမှာဆိုးလို့ အသိလိုက်မသိဘာသာနေ၇တာ အမတ်တွေ၇ဲ့အလုပ်

realburma said...

စောက်ရဲတွေအဲဒီအတိုင်ပါပဲအစ်မရယ်
kotunaungပြောသလိုရဲဆိုတာလုပ်စားနေကြပါ။အစ်မတို့သူတို့ကို
ပိုက်ဆံနည်းနည်းပေးလိုက်။စောက်ခွက်တွေရော၊စောက်ချိုးတွေရောပြောင်း
သွားလိုက်မယ်။ရဲတွေအကြောင်းပြောရတာကျက်သရေယုတ်လွန်းပါတယ်

Aung Soe Oo said...

ရဲဆိုတဲ့အဖွဲ့အစည်းမြန်မာပြည်မှာမရှိသင့်တော့ပါဘူးဗျာ တိုင်းပြည်နဲ့ပြည်သူလူထုအတွက်ဘာမှတန်ဖိုးမရှိ ပြည်သူကိုကူညီစောက်ရှောက်ဖို့ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းမှမဟုတ်တာပြည်သူကိုဒုက္ခပေးဖို့၊သူတောင်းစားတွေလို၊လိုင်စင်ရဓားပြတိုက်နေကြတာ၊ပြည်သူတွေဆီကငွေကြေးဘယ်လိုတောင်းယူတိုက်ယူဖို့စဉ်းစားနေတဲ့ကောင်တွေ ပြည်သူတွေရဲ့မေတ္တာစူးရှမယ့်ကောင်တွေ...

sai aung aung said...

အော် ..ရဲ ပါ ဆိုနေမှ ငိုစား ရီစားပေါ့ကွာ....တနေ့ တော့ မင်တိုမိသားစုလည်း ဒုက္ခလှလှတွေ့မှာပါ ..အထူးတဖြင့် မင်းတိုသားသ္မီးတွေကြရင်ပေါ့...နော်...

lwannaymie said...

ဘာဘဲဖြစ်ဖြစ် တစ်ဖက်ဖက်ကမှားနေပြီ၊ လက်ရှိမြန်မာနိုင်ငံမှာ စွတ်လုပ်လို့ မရတော့ဘူး။ (လူတစ်ယောက်ကိုဇွတ် အချုပ်ထဲထည့်လို့မရတော့ဘူး။)(ကိုယ်ဘက် ကလဲ ဘာစာရွက်စာတမ်းမှမရှိဘဲဇွတ်ပြောလို့မရတော့ဘူး။)

minsoeaung said...

သူခိုးကလက်ညိုးထိုးရင် အဲ့ဒီရွှေဆိုင် ပေးလိုက်ရတယ်ဗျ။
ခုဟာကယုံတမ်းလိုဖြစ်နေပါလား။ တော်တော်ဆိုးနေကြ
ပါလား။ ဥပဒေဘက်တော်သားတွေကိုဘယ်လိုလုပ်ရင်
ကောင်းမလဲ။အာဏာအလွဲသုံးစားလုပ်ခြင်းကတော့
သေချာပါတယ်။ ပြတ်ပြတ်သားသားလေးတော့ မညှာတမ်း ဆောင်ရွက်ပါရန် မှတ်ချက်ပြုပါသည။

zaw zaw aung said...

တင်ပြပုံမပြည့်စုံပါ။ အလကားနေရင်း ဘယ်သူမှအချုပ်ထဲထည့်လို့မရပါဘူး။ အကြောင်းအရာတစ်ခုခုတော့ရှိမှာပါ။
နောက်တစ်ခုက ko aung soe oo ရေ ရဲဆိုတဲ့အဖွဲ့အစည်းမြန်မာနိုင်ငံမှာ မရှိသင့်တော့ဘူးဆိုတဲ့ အသုံးအနှုံးပါ။ ရဲမရှိတဲ့ နိုင်ငံတော့ ကျွန်တော်မကြားဖူးပါဘူး။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးကို သေချာမသိလို့ပါ။ မြန်မာနိုင်ငံမှာတော့ ရဲဆိုတာ အောက်ဆုံးအဆင့်ပါ။ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတာက ရဲတွေပါ။ မတရားတာလည်းဖြစ်နိုင်ပါတယ်။ ဒါက ရဲ အဖွဲ့အစည်းတစ်ခုတည်းမှမဟုတ်တာ။ တစ်နိုင်ငံလုံးက အစိုးရဌာနတိုင်းလိုလိုပါပဲ။ ရဲအဖွဲ့အစည်းက မကောင်းဘူးဆိုတော့ ဘယ်အဖွဲ့အစည်းကများ ကောင်းတာရှိသလဲ။ နေရာတိုင်းမှာ ကောင်းတဲ့သူတွေရှိသလို၊ မကောင်းတဲ့သူတွေလည်းရှိတာပဲလေ။ အခုရေတွင်းတူး အခုရေကြည်သောက်လို့မရဘူးလေ။ ကျွန်တော်တို့စိတ်ရှည်ရ မှာပေါ့။

htwe said...

ဘာမှ‌သေခြာမသိဘဲ ‌လျှောက်‌ပြော‌နေကြတယ်။
ဥပဒေနဲ့ မညီရင် တိုင်လို့ရပါတယ်။
သူများအိမ်‌ပေါံတက်‌နေပြီး ကိုယ့်အိမ်လို့ ‌ပြော‌နေသူ‌တွေကို ‌ပြောတာပါ။
မိမိပိုင်တဲ့အိမ်မှန်ရင် တရားပြန်စွှဲနိုင်ပါတယ်။
မတရားလုပ်တယ်ဆိုတဲ့ ရဲ‌တွေပါထည့်တိုင်ပေါ့။
အရင်ကလို‌ငွေများတရားနိုင် ‌ခေတ်ကကုန်သွားပါပြီ။
မိမိဘက်ကဥပ‌ဒေနဲ့ညီတယ်၊ မှန်တယ်ဆိုရင် ကုလသမ၈ထိ တိုင်လို့ရပါတယ်။
အမှန်အတိုင်းဖြစ်သွားမှာပါ။
အဖြစ်မှန်မသိသူ‌တွေဖတ်ပြီး ရဲ‌တွေကိုပဲ ဆဲ‌နေကြတယ်။
လုပ်ချင်တိုင်းလုပ်လို့ ငုံ့ခံ‌နေမယ့် ‌ခေတ်မဟုတ်‌တော့ပါဘူး။
ဆင်ခြင်တုံတရား‌လေးထားကြပါဦး။

mgmgnyo1234@gmail.com said...

အထက်ဖော်ပြပါ အကြောင်းအရာကိစ္စနှင့်ပတ်သက်ပြီး တင်ပြထားသည့်မှာ မှန်ကန်ပါသည်။ ၄င်းအိမ်ကို အိမ်ရှင်ဖြစ်သူ ဒေါ်သန္တာစိုးနှင့် သူ့ယောက်ကျားမှာ
ရောင်းချထားခြင်း၊ ပေါင်နှံထားခြင်းလုံးဝမရှိပါ၊ ဒီကိစ္စဟာ ကျွန်တော်တို့ ပေါင်မြို့ ရဲနှင့် အမှုပွဲစားတွေက မတရားသဖြင့် တရားလိုလုပ်ပြီး ဥပဒေမဲ့ဆောင်ရွက်နေသည်မှာ သိတက်နားလည်းသည့် ကလေးကအစ လူကြီးအဆုံးအကုန်သိတယ်၊ အခင်းဖြစ် အိမ်ခြံမြေမှာ သိန်းထောင်ကျော်တန်သည့် အိမ်ဖြစ်သည့်အတွက် မသိနားမလည်သော ရိုးသားသော မိဘလက်ထက်ပိုင် စာရွက်စာတမ်းအပြည့်အစုံရှိ ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင်ထောက်ခံပေးထားသည့် အိမ်ခြံပိုင်ရှင်းများကို အမှုပွဲစားနှင့် ရဲက ပူးပေါင်းကြံစည်ပြီး အိမ်ရှင်တွေကိုအချုပ်ထဲထည့် အိမ်နှင့်ခြံကိုသူတို့ ရောင်းစားဖို့လုပ်ဆောင်နေခြင်းသာဖြစ်ပါသည်။ရေးသားတင်ပြထားသည့်စာမှာ သူတို့မရေးတက်သည့်အတွက် မပြည်မစုံဟုဖြစ်နေသည့်အတွက် ပေါင်မြို့သားတစ်ဦးအနေဖြင့် သစ်ထူးလွင် ၀ဒ်ဆိုဒ်ကိုဝင်ဖက်ခြင်းအားဖြစ် ပြည့်စုံသွားအောင် ကွန်မန့်ဝင်ရေးသားခြင်းဖြစ်ပါသည်။ ယခုလိုမတရားမှုကိစ္စတွေကို ဖော်ပြပေးသော သစ်ထူးလွင် ၀ဒ်ဆိုဒ်အား ထူးပင်ကျေးဇူးတင်ရှိပါသည်။

minmyozeya said...

မွန်ပြည်နယ်မှာ အများဆုံး ဖြစ်တတ်တဲ့ ပြသနာမျိုးတွေထဲကတစ်ခုပါ....( ပြီးခဲ့တဲ့လက သံဖြူဇရပ်၊ ထင်းရူးမှာဖြစ်တဲ့ကိစ၊ ပြီးခဲ့တဲ့တစ်ပါတ်က လမိုင်းမှာဖြစ်တဲ့ကိစ၊ ယခုကိစ ..)
ဒေသခံတွေရဲ့ ရိုးသားမှု၊ ရိုးအမှု၊ အမှုအခင်းဖြစ်ရမှာရွံ့ကြောက်မှု အပေါ်မှာ ပြည်သူ့ရဲ တစ်ချို့နဲ့ အုပ်ချုပ်ရေး ၀န်ထမ်းတစ်ချို့ရဲ့
အနိုင်ကျင့်မှုများဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..

haymann said...

အချုပ်ထဲကိုရောက်ပြီဆိုယင် ရှိသမျှငွေတွေကို သေချာကုန်တော့မယ်ဆိုတာပဲ မှတ်လိုက်ပါတော့ ။၇စ်ချင်ယင် လူသေတယ် တကယ်ပါ ။ ပြီးတော့ဒိဖြစ်ပျက်နေတဲ့အမှုက စောက်မြင်ကတ်ပုဒ်မလို့ခေါ်တယ် ။တစ်ယောက်ယောက်က တစ်ဦးဦးနဲပိုင်လို့ တွယ်ထည့်လိုက်တဲ့အနေထားမျိုးပဲ ။မြန်မာပြည်ရဲလောက က ကြောက်စရာကောင်းတယ် ဘာနဲမှမနိုင်းယဉ်တတ်တော့ပါ ။

begesic said...

ရဲတွေ မင်းအဘ ငရဲက စောင်.နေလေရဲ.

Anonymous said...

ကဲ...ရောင်းရင်းတို့ရေ.... ဟုတ် မဟုတ် စမ်းကြည့်တဲ့အနေနဲ့ President Website လဲ ရှိနေပြီပဲ.... တိုက်ရိုက်သာ ထည့်ပေးလိုက်ကြပါ.... ဖြစ်စဉ်ရဲ့ အသေးစိတ်ကို ပြည့်စုံစွာ ဖော်ပြ မပြထက်.... ဖြစ်စဉ်ကို တကယ်စုံစမ်းစစ်ရေးအဖွဲ့အစည်းနဲ့.... အရေးယူဆောင်ရွက်ခြင်း ရှိ/မရှိဆိုတာလေး သိရတာပေါ့..... ကဗျာဆန်ဆန်ပြောရရင်.... သမ္မတရုံးရဲ့ ရင်ခုန်သံလေးကို... အမြည်းသဘော နားဆင်ခြင်းလေးပေါ့....

Powered by Blogger.