ရေနံကွင်းအတွက်သိမ်းယူထားသော ယာမြေများတာဝန်ရှိသူများမှမဖြေရှင်းသေး

မကွေးမြို့ တောင်တွင်းလမ်း ပဋ္ဌနဂိုရ်လမ်းခွဲအနီး ရှိယာမြေများကို လွန်ခဲ့သောနှစ်
(၃၀)ခန့်ကမင်းလှ သံပရာကန် ရေနံချက်စက်ရုံမှ ထွက်ရှိသော ရေနံထွက်ကုန်များ
သိုလှောင်/ဖြန့်ဖြူး ရန်အတွက်သိမ်းယူထားပါသည်။


သိမ်းယူပြီး(၅)နှစ်ခန့်တွင်စီမံကိန်းမအောင်မြင်သဖြင့်ဆက်လက်ပြီး မလုပ်ကိုင်
တော့ပါ။ စီမံကိန်းဖျက်သိမ်းပြီးေ
နာက် ကွင်းပိုင်ဝန်ထမ်းများမှထွန်ယက်စိုက်ပျိုးလုပ်
ကိုင်ကြပါသည်။
 
 မူလယာပိုင်ရှင်များဖြစ်ကြသော တောင်သူများမှ ၀ိုင်းဝန်းတောင်းဆိုသဖြင့် 

လွန်ခဲ့သော(၁၅)နှစ်ခန့်က ကွင်းပိုင်များမှ တောင်သူများကို သိမ်းယူယာများထဲမှ
တချို့တ၀က်ကို တာများခွဲပြီးသတ်မှတ်ကြေး နှင့် မဲချပြီးလုပ်ကိုင်စေခဲ့ပါသည်။

 
 ယခုဒီမိုကရေစီ အစိုးရလက်ထက်တွင် သမ္မတ၏မူဝါဒများအတိုင်း
(သိမ်းဆည်းယာမြေများစီမံကိန်းမလုပ်တော့လျှင် ယာပိုင်ရှင်များလက်ဝယ်သို့
ပြန်လည်ပေးအပ်လုပ်ကိုင်ရမည်) တာဝန်ရှိသူများအားဆောင်ရွက်ပေးပါရန် တရားဝင် အကြောင်းကြားခဲ့ပါသည်။


ဂျာနယ်များတွင်လည်း သတင်းဆောင်းပါးများအနေနှင့်ထည့်သွင်းဖော်ပြခဲ့ပါသည်။ 
သို့သော် ယင်းကိတ်စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှယခုအချိန်အထိ 
ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည့်အပြင် (မစားရ သဲနှင့်ပက်) ယာလုပ်ပိုင်ခွင့်များပင်
ရပ်တန့်ထားခဲ့ပါသည်။


ယင်း ယာကိစ္စများကို အချိန်ယူပြီး ဖြေရှင်းရမည်ဆိုလျှင်လည်း တောင်သူများအား
ယခင်အတိုင်းတာများခွဲပြီးလုပ်ကိ
ုင်စားသောက်စေသင့်ပါသည်။ ယခုအတိုင်းသာ 
ယာမြေများကို ပလှပ်ထားမည်ဆိုပါကတောင်သူများတွင်များစွာနစ်နာပါသည်။
 
နိုင်ငံတော်အတွက်လည်းနစ်နာပါသည်
။ သမ္မတ ကြီး၏မူဝါဒစကားများနှင့်လည်း
လုံးလုံးကြီး သွေဖယ်နေပါသည်။ မိုးသံလေသံများလည်းကြားနေရပါပြီ

ယာများကိုလည်း မထွန်ယက်ရသေးပါ။
  
များပြားလှသော ယာမြေများကို ပလှပ်ထားမည်ဆိုပါက တောင်သူများစား
ဝတ်နေရေး အခက်အခဲဖြစ်ခြင်း၊လက်လုပ်/လက်စားများ အလုပ်ရှားပါးခြင်းများကြောင့်
မလိုလားအပ်သောကိတ်စမျာပါ ဖြစ်ပေါ်လာနိုင်ပါသည်။

 
ထို့ကြောင့် ယခုနှစ်တာဝန်ရှိသူများမှ မကိုင်တွယ်မဖြေ ရှင်းနိုင်လျှင်လည်း
ယခင်နှစ်များအတိုင်း တာများခွဲဝေပြီးတောင်သူ/လက်လုပ်လက်စားများအား
စားဝတ်နေရေးပြေလည်အောင်ဆောင်ရွ
က်ပေးနိုင်ရေး  တာဝန်ရှိသူများနှင့်
သမတကြီးတို့ သိရှိစေရန် တင်ပြတောင်းဆိုလိုက်ပါတယ်ခင်ဗျာ
း........
 

 ရွာခံ တောင်သူတစ်ဦး
ယာလုပ်ပိုင်ခွင့်များပင်
ရပ်တန့်ထားသည့် လယ်ယာမြေများ

ရေနံကွင်းအတွက်သိမ်းယူထားသော ယာမြေများတာဝန်ရှိသူများမှမဖြေရှင်းသေး ရေနံကွင်းအတွက်သိမ်းယူထားသော ယာမြေများတာဝန်ရှိသူများမှမဖြေရှင်းသေး Reviewed by သစ်ထူးလွင် on 06:02 Rating: 5

5 comments:

66koaungaungtun@gmail.com said...

မြေခံရမှာမကြောက်ကြဘူးလားဗျာ

ဆုလာဘ် said...

ဘာအကျိုးရှိလိုသိမ်းတာလဲ စီမံကိန်းတွေရေးဆွဲတယ် အထက်သို့တင်ပြတယ် နိုင်ငံတော်ငွေကို အမျာကြီးအသုးံပြုတယ် အထက်အရာရှိကိုတဝက်ပေးတယ်သူတိုတဝက်စားတယ်နောက်ဆုးံစီမံကိန်းပျက်သွားတယ် ဆင်းရဲသားတောင်သူတွေဒုက္ခရောက်တယ် အရာရှိတွေသူဌေးဖြစ်သွားတယ် တပ်မတော်အရာရှိမှန်သမျှဘယ်ကောင်ဆင်းရဲသလဲထောက်ပြပါ နောက်ဆုးံတော့ နိုင်ငံခြားအကြွေးတွေတင်ကျန်ခဲ့တာပါ

royalrose said...

တောင်သူတွေဟာ အဖိနှိပ်ခံ လူတန်းစားတွေလား
တာဝန်ရှိသူဆိုတာ တာဝန်သိရတယ်
ကျေးရွာ၊ရပ်ကွက်၊မြို့နယ်၊တိုင်းအဆင့်၊နိုင်ငံအဆင့် တိုင်းမှာ
ကိုယ့်တာဝန်ကိုယ်သိ တာဝန်ယူဖြေရှင်း ပေးရမယ်။
ဒါမှ ပြည်သူ့ဝန်းထမ်း၊ပြည်သူ့အကျိုးပြုဝန်ထမ်းဖြစ်မှာပေါ့။
ကိုယ့်အတွက် မကျန်ရင် ဘာမှမလုပ်တဲ့ တာဝန်ရှိသူတွေ
ဘုရားကရိုက်လိမ့်မယ်။မင်းတို့အတွက်တို့နိုင်ငံမှာနေရာမရှိစေရဘူး။
မင်းတို့ကို တို့ပြည်သူတွေကညီညီညွတ်ညွတ် မောင်းထုတ်မယ်
အလိုက်တသိဖယ်တဲ့သူတွေ ဖယ်ကုန်ပြီ မင်းတို့တွေ အကုသိုလ်ထုပ်
တွေပြင်ထားကြ

royalrose said...

တောင်သူတွေဟာ အဖိနှိပ်ခံ လူတန်းစားတွေလား
တာဝန်ရှိသူဆိုတာ တာဝန်သိရတယ်
ကျေးရွာ၊ရပ်ကွက်၊မြို့နယ်၊တိုင်းအဆင့်၊နိုင်ငံအဆင့် တိုင်းမှာ
ကိုယ့်တာဝန်ကိုယ်သိ တာဝန်ယူဖြေရှင်း ပေးရမယ်။
ဒါမှ ပြည်သူ့ဝန်းထမ်း၊ပြည်သူ့အကျိုးပြုဝန်ထမ်းဖြစ်မှာပေါ့။
ကိုယ့်အတွက် မကျန်ရင် ဘာမှမလုပ်တဲ့ တာဝန်ရှိသူတွေ
ဘုရားကရိုက်လိမ့်မယ်။မင်းတို့အတွက်တို့နိုင်ငံမှာနေရာမရှိစေရဘူး။
မင်းတို့ကို တို့ပြည်သူတွေကညီညီညွတ်ညွတ် မောင်းထုတ်မယ်
အလိုက်တသိဖယ်တဲ့သူတွေ ဖယ်ကုန်ပြီ မင်းတို့တွေ အကုသိုလ်ထုပ်
တွေပြင်ထားကြ

glasslamp.zinzin@gmail.com said...

''မြေတွေဘယ်တော့မှ မသိမ်းတော့ဘူးတဲ့ သိပ်ကောင်းတဲ့ ဥပဒေပါပဲ ''
ဒီမြေသိမ်းတဲ့ ကိစ္စတွေကြောင့် တောင်သူလယ်သမားတွေ နလန်မထူနိုင်ဖြစ်နေကြရတာပါ...မိတ္ထီလာမှာလဲ အဲလိုပဲ တပ် ဆောက်မယ်ဆိုပြီး သိမ်းထားကြတာ အများကြီးပဲ..။လျော်ကြေးတော့ ပေးပါတယ်...။ဒါပေမယ့် တောင်သူလယ်သမားတွေ လက်ရှိကနေ လက်မဲ့ ဖြစ်ကုန်ကြတယ်လေ..။တစ်ချို့ တွေဆိုရင် အရမ်းသနားဖို့ ကောင်းတယ်..။အဲဒီခြံကို သွားကြည့်တိုင်းမျက်ရည်ဝဲရပါတယ်တဲ့..။အဲဒီခြံကြီးကို သူတို့ ရဲ့ သွေးတွေ၊ချွေးတွေ၊ယုံကြည်ချက်တွေ၊မျှော်လင့်ချက်တွေ နဲ့ ပြုစုပျိုးထောင်ခဲ့ရပါတယ်တဲ့..။အခုဆိုရင် အဲဒီမှာ သရက်သီးတွေ လဲ ဖြိုင်နေအောင်သီးနေရောပေါ့..။ဇီးပင်အုပ်ကြီးကလဲ စိမ်းစိုပြီး အုပ်နေတော့မှာပဲတဲ့.။ကိုယ်တိုင် အပင်ပန်းခံပြီး ချွေးတွေ သွေးတွေနဲ့ ပြုစုယုယခဲ့တဲ့ ဒီအပင်တွေ၊ဒီမြေတွေက သန်မာ ဖွံ့ဖြိုး လှပဝေဆာလာလို့ ပြုံးပျော်ကျေနပ်ခဲ့ရပါတယ်တဲ့..။အခုတော့...အခုတော့....၊၊အကူအညီတောင်းရအောင်ကလဲ ဘယ်သူက ကူညီရဲမှာလဲတဲ့..။သူတို့ တွေမှာ ဒီလိုနဲ့ပဲ ကူကယ်ရာမရှိ မျက်စိ သူငယ်နားသူငယ်နဲ့ နောက်ဆုံးတော့လဲ ပေးတာလေးနဲ့ ကျေနပ်ခဲ့ရပါတယ်တဲ့..။လွန်ခဲ့သော နှစ်အနည်းငယ်က...

Powered by Blogger.