စာတိုက်ဝန်ထမ်း ပေါ့လျော့မှု တိုင်ကြားစာ
လုပ်ငန်း နှောင်းနှေးမှုကြောင့် စာမေးပွဲဖြေဆိုရမည့်ကိစ္စ အချိန်မမှီတော့ကြောင်း
တိုင်ကြားခြင်း
Post Office
စာတိုက်ဝန်ထမ်း ပေါ့လျော့မှု တိုင်ကြားစာ စာတိုက်ဝန်ထမ်း ပေါ့လျော့မှု တိုင်ကြားစာ Reviewed by သစ်ထူးလွင် on 06:04 Rating: 5
6 comments:
thantkoko said...
ဟုတ်တာာပေါ့...ပြင်းပြင်းထန်ထန်အရေးယူသင့်ပါတယ်ဗျာ....
Anonymous said...
ဒါမြ ဖစ်သင့်ပါဘူး။လူတစ်ယောက်ရဲ့ဘဝနဲ့ဆိုင်တဲ့ဟာကိုသက်ဆိုင်ရာမှလူကြီးများအရေးယူပေးကြပါရန်အကြံပေးအပ်ပါသည်။
Myanmar man said...
စာတိုက်ဝန်ထမ်းတွေပေါ့တာအခုမှမဟုတ်ပါဘူး။ပဲခူးအနောက်ကိုပြောတာပါ။လက်တွေ့နှစ်ခါလောက်ကြုံဘူးပါတယ်။သင်တန်းတစ်ခု သွားတက်တာ(၁)နှစ်ကြာပါတယ်။ပါဆယ်(၂)ခါပျောက်တယ်။ဘယ်သူတိုင်လို့တိုင်လို့တိုင်ရမှန်းလည်းမသိဘူး။ဖြစ်နိုင်လျှင်အရေးယူ ပေးတာဖြစ်ဖြစ်တစ်ခုခုတော့ပဲခူးအနောက်ကစာတိုက်ဝန်ထမ်းတွေကိုလုပ်ပေးသင့်ပြီထင်ပါတယ်။လက်တွေ့မို့ယုံပါတယ်။
GuGu said...
ဒါမျိုးတွေ အများကြီးရှိတယ်...ပညာရေးလည်း ဒီလိုပါပဲ..နိုင်ငံခြားမှာ .Master တက်ဖို့အထက်မြန်မာပြည် အောက်မြန်မာပြည် ဖြေပြီး passဖြစ်ပြီး တဖက်နိုင်ငံ ကို အကြောင်းကြားဖို့ လူကြီးလက်မှတ်ထိုးဖို့ပဲကျန်တော့ တယ် ...လူကြီးနိုင်ငံခြားသွားလို့ ဆိုပြီး...ပြန်လာမှလက်မှတ်ထိုး ပြီး mail လည်းပို့ရောဟိုနိုင်ငံက form ပိတ်သွားပြီတဲ့လေ..မြန်မာပြည် အတက်အဆင်းလုပ်တဲ့ စရိတ်တော်တော်ကုန်းပြီး စိတ်ပျက်သွားတယ်...
´´ကျရှုံးခြင်း ဆိုတာ အောင်မြင်ဖို့တွက်ပါ လို့ အားပေးပါရစေ...
myo thant said...
စာဝေသူနောက်ကျသည့်အတွက်အလုပ်အကိုင်အခွင့်အလမ်းကျိုး ပမ်းနိုင်မည့်မျှော်လင့်ချက်ကလေးပျောက်ဆုံးခဲ့ရခြင်းအပေါ်ဤ တိုင်စာဖြင့်ကုသခဲ့ခြင်းသည်မှန်၏မမှန်၏ကိုတော့မဝေဖန်လိုပေ။ သို့သော်ကျွန်တော်မြင်မိသည့်ရှုထောင့်ကိုတင်ပြလိုပါသည်။ယ္ခုဤ တိုင်စာ၏အကျိုးဆက်အဖြစ်တာဝန်မကျေပေါ့လျှော့ခဲ့သူအလုပ်မှ ထုတ်ပယ်ခံရသည်အထိဖြစ်လာနိုင်ပေသည်။တကိုယ်တည်းသမား တယောက်ဖြစ်နေရင်တောင်ဝန်ထမ်းပြုတ်နောက်တစ်လုပ်ရဖို့ မလွယ်ကူခြင်းကြာင့်စားဝတ်နေရေးခက်ခဲသွားခြင်းအတွက်စိတ် မကောင်းဖြစ်မိပါသည်။ဤဝန်ထမ်းတွင်မှီခိုနေရသောမိသားစုရှိ နေမည်ဆိုပါကဆက်ပြီးတော့သာတွေးတောကြည့်ပါတော့ခင်ဗျာ။ကျွန်တော်၏ဆိုလိုရင်းမှာတိုင်သူကိုမှားကြောင်းမဟုတ်ပေ။တိုင် သင့်သည့်အဝန်းအဝိုင်းထက်ကျော်လွန်သည်ဟုထင်မိသည်။
ko yeဲ said...
ပညာရေးဝန်ကြီးကတော့ ထိထိရောက်ရောက်အရေးယူမယ်လို့ကြေညာထားတယ်
ဆက်သွယ်ရေးဝန်ကြီးကတော့ ဘာသံမှမကြားဘူး ဖုံးလိုင်းမကောင်းလို့ထင်တယ် သူတောင် လွတ်တော်က ခေါ်စာကို နောက်ကျမှရတယ်ဆိုပဲ
လူအများကြီးကိစ္စကိုတောင် မစဉ်းစားပဲနဲ့ မပွင့်ဟေမာန်ကျော် တစ်ယောက်ထဲအတွက်မလွယ်ဘူးထင်တယ် ဝန်ကြီး ကတော့ အရေးယူဖို့ ထိထိရောက်ရောက်အရေးယူဖို့ အဒီစာတိုက်မှူးစီ စာပို့လိုက်တယ်တဲ့ ဒါပေမဲ့ အဲ့စာလဲ အဲ့လိုပဲ နောက်ကျနေမယ်ထင်တယ်နော်
အဲလိုကိစ္စတွေကို လူသိရှင်ကြားအပြစ်ပေးရင် ဒို့နိုင်ငံမှာ စာတိုက်ဝန်ထမ်း
နေရာတော်တော်များများ လစ်လပ်ကုန်မှသေချာတယ်
Powered by Blogger.