အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

အများပြည်သူ လျှပ်စစ်မီးရရှိရေး ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး
ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာ
ချက်ထုတ်ပြန်ခဲ့သည်။
       နွေရာသီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများပြည်သူ
များ အတွက် ဓာတ်အားပြတ်တောက်မှုများသည့် နေရာများတွင် သောက်သုံးရေ
ရရှိရေးနှင့် ညဘက် မီးရရှိရေးတို့အတွက် လက်ရှိ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး
ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်များ အပြင် အောက်ပါဓာတ်အားပေးစက်များ
ထပ်မံဝယ်ယူဖြည့်တင်း၍ တိုးမြှင့်ဖြန့်ဖြူးပေးလျှက် ရှိပါသည်-
       (က)     ရန်ကုန်မြို့
               (၁)     ၅၀၀ ကေဗွီအေ     -       (၄)လုံး ၂၀၀၀ ကေဗွီအေ
               (၂)     ၃၅၀ ကေဗွီအေ     -       (၁)လုံး   ၃၅၀ ကေဗွီအေ
               (၃)     ၃၄၀ ကေဗွီအေ     -       (၂)လုံး   ၆၈၀ ကေဗွီအေ
               (၄)     ၃၁၅ ကေဗွီအေ     -       (၁)လုံး   ၃၁၅ ကေဗွီအေ
               (၅)     ၂၅၀ ကေဗွီအေ     -       (၁)လုံး   ၂၅၀ ကေဗွီအေ
               (၆)     ၁၅၀ ကေဗွီအေ     -       (၂)လုံး   ၃၀၀ ကေဗွီအေ
                       စုစုပေါင်း              (၁၁)လုံး        ၃၈၉၅ ကေဗွီအေ
       ( ခ )   မန္တလေးမြို့
               (၁)     ၅၀၀ကေဗွီအေ      -       (၄)လုံး  ၂၀၀၀ ကေဗွီအေ
               (၂)     ၃၁၅ကေဗွီအေ      -       (၁)လုံး    ၃၁၅ ကေဗွီအေ
               (၃)     ၃၀၀ကေဗွီအေ      -       (၁၀)လုံး ၃၀၀၀ ကေဗွီအေ
               (၄)     ၂၅၀ကေဗွီအေ      -       (၂)လုံး     ၅၀၀ ကေဗွီအေ
               (၅)     ၂၀၀ကေဗွီအေ      -       (၂)လုံး     ၄၀၀ ကေဗွီအေ
               (၆)     ၁၀၀ကေဗွီအေ      -       (၁)လုံး     ၁၀၀ ကေဗွီအေ
                       စုစုပေါင်း              (၂၀)လုံး          ၆၃၁၅ ကေဗွီအေ
       ( ဂ )   ပြည်မြို့
               (၁)     ၅၀၀ကေဗွီအေ      -       (၁)လုံး ၅၀၀ ကေဗွီအေ
               (၂)     ၁၀၀ကေဗွီအေ      -       (၂)လုံး ၂၀၀ ကေဗွီအေ
               (၃)     ၂၀ကေဗွီအေ       -       (၁)လုံး    ၂၀ ကေဗွီအေ
               (၄)     ၁၅ကေဗွီအေ       -       (၁)လုံး    ၁၅ ကေဗွီအေ
                       စုစုပေါင်း              (၅)လုံး          ၇၃၅ ကေဗွီအေ
       (ဃ)     မုံရွာမြို့
                       ၁၀၀ကေဗွီအေ      -       (၂)လုံး ၂၀၀ ကေဗွီအေ
       ထို့အပြင် အမေရိကန်နိုင်ငံ Caterpillar Co,.ltd မှ 2 mw မီးစက် (၁၀)လုံး
ကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာပြည်ကို
ရောက်ရှိမည် ဖြစ်ပါသည်။

ရောက်ရှိပါကလျှပ်စစ်ဓာတ်အားလိုအပ်သောနေရာများသို့ ဆက်လက်ပေးပို့၍
 ဓာတ်အား ဖြန့်ဖြူးပေးပို့သွားမည်ဖြစ်ပါသည်။

       ထပ်မံ၍လည်း ဓာတ်အားပမာဏ 1 MW ထွက်ရှိသော ဒီဇယ်ဓာတ်အားပေး
စက်(၆)လုံးကိုလည်း စင်္ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း
မြန်မာပြည်အရောက် ပို့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့်
General Electric Co,.ltd မှလည်း ၂၅ မဂ္ဂဝပ် ထုတ်လုပ်နိုင်သော Gas
Turbine (၂)လုံးကို ဝယ်ယူရေးဆောင်ရွက်လျှက်ရှိပြီး ၄င်းစက်(၂)လုံးမှာ
မြန်မာပြည်သို့ အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်လျှက်ရှိပါကြောင်း
သတင်းရရှိပါသည်။

အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန် အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန် Reviewed by သစ်ထူးလွင် on 06:10 Rating: 5

76 comments:

Tri Asian Taste said...

သာဓု..........သာ....ဓု

Anonymous said...

ွGE က Gas Turbine ကို သဘောကျတယ်ဗျို.။ ရတဲ.မီးကိုလဲ လိုတာပဲ သင်.တင်.လျှောက်ပါတ်စွာသုံးပြီး တခြားသူများကိုလဲ မျှဝေကြပါစို.။

အောင်မြင် said...

သေချာရင်တော့အကောင်းဆုံးသတင်းပါကြိုဆိုပါတယ်

kscs said...

ဘယ်လိုမှ နားမလည်နိုင်ပါဘူး.. နိုင်ငံပိုင် လျှပ်စစ်တွေတောင် ပိုလျှံလွန်းလို့ ရောင်းစားနေတာမဟုတ်ဘူးလား။ အခု ဖရောင်းတိုင်ထွန်းတဲ့ လူတွေ(ပြည်သူတွေ)ရဲ့စိတ်ထဲမှာ ဒီအကြောင်းကိုမကျေနပ်တာလဲ ပါပါတယ်.. အဲ့ဒီဝန်ကြီးကိုယ်တိုင် သူ့စကားကိုသူ ပြန်ဖြေရှင်းပြနိုင်ရင် သိပ်ကောင်းပါလိမ့်မယ်။

သကြားလုံး said...

သက်ဆိုင်ရာလူကြီးတွေ....... မင်းတို့ရဲရွာက ( ဟိုဘက်ကမ်းကမီးထိန်ထိန် ဒီဘက်ကမ်းကမီးထိန်ထန် ) သတင်းစာကိုင်ရင်တောင် ဓါတ်လိုက်မှာတောင်ကြောက်ခဲ့ရတဲ့ လျှပ်စစ်ဓါတ်အားတွေ ဘယ်ကိုရောင်းစားလိုက်လဲ ။တာဘိုင်တွေ စုတ်ပျက်နေလို့ မလည်နိုင်ခဲ့ ရင် ဘယ်သူ့တာဝန်တုံး ။ တရုတ်ပြည်ကအစုတ်တွေလို့မပြောနဲ့ ။ အစုတ်မှန်းသိသိကြီး နဲ့ မင်းတို့အိတ်ထဲ ဒေါ်လာတွေ ထည့်ပြီး ဝေစုတွေခွဲလို့ သုံးဖြုန်းခဲ့ ကြတယ်မဟုတ်လား ။ ၀ယ်တာမှမကြာသေးဘူး ၊ မကောင်းဘူးဆိုရင် ၀ယ်တဲ့လူကို ဖမ်းဆီး တရားဆွဲဆို စစ်ဆေးကြပါလား ။ စစစ ၊ သတင်းတပ်ဖွဲ့ ၊ CID က ဒါမျိုးကြတော့ဘာလို့မစစ်တာတုံး ။ မီးမလာလို့ ပြည်သူများရဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရေးဆန္ဒ ထုတ်ဖော်တာကြတော့ မင်းတို့ကခေါ်ပြီး စစ်တယ် ။

သကြားလုံး said...

ဓါတ်ငွေ့ကြတော့နိုင်ငံခြားကိုရောင်းစားတယ် ။ မီးစက်ကြတော့ နိုင်ငံခြားက ဒီဇယ်ဝယ်ပြီးမောင်းကြအုံးမယ် ။ ဓါတ်ငွေ့နဲ့ ဒီဇယ် ဘယ်ဟာဈေးသက်သာလဲ ။

linn said...

GE က gas turbine နဲ့မောင်းတဲ့ ရွေ့လျားမီးစက်၊
တွေဝယ်မယ်ဆိုတာ အစပျောက်သွားတာ အခုမှပြန်ပေါ်လာတယ်။ ပြီးတော့ သင်းဘောတစ်စင်းလုံးကို မီးစက်အဖြစ်ဆင်ထားတဲ့ မီးစက်သင်းဘောလည်းရှိတယ်တဲ့။ ဆိပ်ကမ်းမှာကပ်ပြီး မီးစက်မောင်းရင်း ဓါတ်အားကွန်ရက်ထဲ အဆင်သင့်ဖြန့်လို့ ရတယ်တဲ့။လိုအပ်ရင် ပြောတာပါ။ ဈေးကတော့ မသိဘူး။ နောင်အခါ မီးမှန်မှန်ရရေး ရေရှည် plan ချပြီး သေချာဆောင်ရွက် သင့်ပါတယ်။ မနှစ်ကတော့ နွေမှာ မီးမပြတ်တော့ ဘယ်လို လုပ်ခဲ့တာလဲမသိဘူးနော်။ တစ်နှစ်အတွင်း ဘာကြောင့်အဲလောက်ကွာသွားရတာလဲ။ လူတွေ မီးစက်တွေ တစ်လုံးစီ ၀ယ်ရတာ၊ မောင်းရတာထက်စာရင် အစိုးရက မီးစက်ကြီးကြီးဝယ် တစ်ခါထဲမောင်းပြီး ဓါတ်အားစနစ်ထဲဖြန့်ရင် ပို efficient ဖြစ်မယ်ထင်တယ်။ ပြီးတော့ နွေဆို မီးကပိုဆွဲတယ်၊ ရေခဲသေတ္တာ အဲကွန်းကအစပိုသုံးဖြစ်တယ်လေ၊ အေးဘို့ ပိုကြာကြာမောင်းရတယ်လေ။ လူတွေကလည်း နဲနဲစီလျော့သုံး၊ အဲကွန်းဆိုနေသာရုံပဲဖွင့်ပေါ့။ အစိုးရကလည်း plan ဆွဲပေါ့။ ပြီတော့ နွေ ၅ လလောက်မှာ မီတာခကို ပိုကောက်မလား၊ နွေမှာမီတာခ တက်ခိုင်းတာ လူတွေလျော့သုံးအောင်ရယ်၊ အစိုးရ ဒီဇယ်နဲ့ အရှုံးခံမောင်းရတာ သက်သာအောင်ရယ်ပါ။ ကြိုပြောရင် ပွင့်လင်းမှုရှိရင် ပြည်သူက လက်ခံမယ်ထင်ပါတယ်။ (မီးရဘို့ ဆန္ဒဖေါ်ထုတ်တဲ့သူတွေလည်း အခုလောက်ဆို ကျေနပ်လောက်ရောပေါ့၊ အရင်အစိုးရနဲ့မတူပဲ အရေးယူဆောင်ရွက်ပေးပါတယ်။ မိဘမှာ အဆင်ပြေမှန်းမသိ မပြေမှန်းမသိစွတ်ပူဆာတဲ့ကလေး လိုဖြစ်နေမှာစိုးပါတယ်။ ငိုတဲ့ကလေး မုန့်စားရတယ်ဆိုပေမဲ့ အချိန်အခါလဲ ကြည့်ငိုကြပါလို့။ ရပ်သင့်တဲ့အချိန် ရပ်ကြပါလို့၊ အားလုံးကောင်းဘို့ပြောတာပါ။)

မောင် said...

အမှတ် (၁) လျှပ်စစ် ၀န်ကြီးဌာန ဖျက်သိမ်းလိုက်ပါတော့။
ဇော်မင်းက ထိပ်ဆုံးက။
မဖျက်သိမ်းခင်တော့ အားလုံးကို စစ်ဆေးအရေးယူလိုက်ဦး။

၁- ပြည်သူကို လျှပ်စစ်မီးတွေ ဘယ်တော့ရမယ်၊ ဘယ်လောက်ရမယ်၊ ပိုနေပါတယ် ဆိုပြီး လိမ်ညာတဲ့အမှု။
၂- အကျိုးရလဒ်မသေချာတဲ့ စီမံကိန်းတွေ တည်ဆောက်မှုကြောင့် တိုင်းပြည်ငွေတွေဆုံးရှုံးမှု။
၃- ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူအကျိုးကို မကြည့်ဘဲ ကိုယ့်အကျိုးနဲ့ တိုင်းတပါးအကျိုးအတွက် ဦးစားပေးလို့ လောဘအတ္တကြီးပြီး မျိုးချစ်စိတ်မရှိမှု။
၎- .....။
၅- .....။

စစ်ဆေးပြီးရင်
ပြီးရင် မသေမချင်း ဓါတ်လိုက်စေသောနည်းနဲ့သတ်။
ဇော်မင်းကတော့ ရေအားလျှပ်စစ်မှာ သူ့လောက်ကျွမ်းတာသူဘဲရှိတယ်လို့ဆိုတဲ့အတွက်
ရေအားလျှပ်စစ်အတွက် တည်ဆောက်ထားတဲ့ဆည်ထဲမှာ ဓါက်လိုက်အောင် လျှပ်စစ်စီးစေပြီး ဇော်မင်းကို မသေမချင်းနစ်သတ်။
သူ့အမျိုးအဆွေ အပေါင်းအသင်း အပင်းအဆို့တွေ အားလုံးကိုလည်း သူနဲ့အတူစားသောက်ထားတဲ့အတွက် သူ့လိုဘဲသတ်။

tharzaw said...

GE ကထုတ်တဲ့ Gas Turbine တွေ များများဝယ်နိုင်လေကောင်းလေပဲ။
ကျုပ်တို့နိုင်ငံ့ရဲ့လက်ရှိအခြေအနေအရ Gas တွေထွက်နေတယ်လေ။
နောက်ပြီး တစ်လုံးကို 25 Mega Watt ဆိုတော့ တော်တော်အားရှိစရာပဲ။
အဲဒါကို အမြန်ဆုံးဆောင်ရွက်နိုင်လေ အဆင်ပြေနိုင်လေလို့တွေးထင်မိပါရဲ့။
ဒါပေမယ့်လည်း ... Gas တွေက တရုတ်ကြီးနဲ့ ထိုင်းကိုရောင်းစားထားတော့
ကျန်မှ ကျန်သေးရဲ့လားမသိတော့ပါဘူးဗျို့။ ဟူး ....

bluetooth said...

ချစ်လို့စတဲ့ဟာကို...မယူတော့ဘူးပြန်ပို့လိုက်တော့ :)

Unknown said...

ကိုယ့် ရေအားလျပ်စစ်တော့ သူများကို ရောင်းတယ်။ အခုကျတော့ အရင် ဒီကိစ္စကို မရှင်းဘူး။ ဆိုင်ရာဆိုင်ရာတွေ စားရအောင် မီးစက်တွေ ၀ယ်တယ်။ နောက်မီးစက်တွေက ဘာနဲ့လည်မှာလဲ ပြောပါဦး။ ဆီမရှိတဲ့ ပြသနာတွေလာဦးမယ်။

ပြည်သူ said...

ဝယ်ယူဖြေ့တင်းပေးတဲ့ထဲမှာ ဆန္ဒဖေါ်ထုတ်ပွဲလုပ်တဲ့မြို့တွေပဲဆိုတော့ ကျန်တဲ့မြို့တွေရော မြင်းခြံမှာတစ်အားပူပြင်းလွန်းလို့ ညမီးလေးများ ပျက်ရင် ခံစားကြည့်ပါဦး တော်တော်ခံစားရပါတယ် နေ့ခင်းလည်းမထူးပါ A,B,C ၂အုပ်စုမှာ A,Bက မြင်းခြံမှာပါ တတ်နိုင်တဲ့ လူတွေက ဥပမာ အမှတ်2က AရောBရော ၂လိုင်းစွဲထားတာအများကြီးပါထောင်ကြီးအနောက်မှာပါ စုံစမ်းစစ်ဆေးသင့်ပါတယ် ညီတူမျှတူပေါ့.....

thawmyoh said...

ကျွန်တော် ဒီနေ့မနက် သတင်းစာကို ကောက်ကိုင်လိုက်တာ မ,မနိုင်ဘူးဖြစ်သွားတယ် ဓါတ်လဲလိုက်သွားသေးတယ် အဲဒါနဲ့ ကြမ်းပြင်မှာချပြီး တရွက်ခြင်းလှန်ကြည့်လိုက်တော့ မီးစက်ကြီးတွေ ရောက်လာ သယ်နေ ကြတဲ့သတင်းပါလို့ ကိုး။

phyo1980 said...

ကောင်းတာပေါ့ဗျာ။တစ်ကယ်ဖြစ်ပါစေ။

အမြင်သစ် said...

မြန်မာပြည်သည် ခေါက်ရိုးကျိုးစနစ်ကြီးဖြင့်လုံးချာလည်နေ
တော့သည် ။ရက်ကွက်အဆင့်အုပ်ချုပ်ရေးမှုးကအစ ဌာနဆိုင် ရာဝန်ကြီးအဆုံး ကိုယ့်အတွက်မကျန်လျှင် အလုပ်မလုပ် တတ်တော့ပါ။အစိုးရအဖွဲ့မှအဖွဲ့ဝင်များသည်လည်း ထိုကဲ့သို့သောလူများမှအကြီးအကဲအစိုးရအဖွဲ့ဝင်များ ဖြစ်သွား
ကြခြင်းသာဖြစ်သည်။ထိုကဲ့သို့သောနိုင်ငံအဘယ်မှာတိုးတက်
မည်နည်း။ချွတ်ချုံကျနေခြင်းမှာမဆန်းပါ။ပြည်သူများသည်လည်း နှစ် ၂၀ ကျော် ထိုစနစ်ဖြင့်ယဉ်ပါးနေခဲ့ပေပြီ။ ခိုးနေသူများကို ခိုးနေသူများဟုမမြင်တော့.၊သူ့အလုပ်သူလုပ်နေသည်ဟုသာ
မြင်ကြတော့သည်။လာဘ်ပေးလဘ်ယူကိစ္စများကိုလည်း ပြည်သူ
များကိုယ်တိုင် ပါဝင် လုပ်ဆောင်နေတတ်ကြပီ။ ၀န်ထမ်းများ၏
အပြစ်ချည်းသက်သက်မဟုတ်ပေ။လာဘ်မပေးနိုင်သော
အောက်ခြေလူတန်းစားများသည် အနှိမ်ခံဘ၀ များဖြစ်ကြ ရသည်။ဤသို့ဆိုလျှင် တနိုင်ငံလုံးမှလူများ အများစုသည် အကျင့်ပျက်ပြားနေကြပေပြီ။ဒီမိုကရေစီနောက်မှ ၊လျှပ်စစ်မီးအ
အရင်ပေးဟုတောင်းဆိုသောလူတချို့ကို အန်တီစုမှ ဝေဖန်
ပိုင်းခြားသုံးသပ်ပြသွားသည်။ ဒီမိုကရေစီရှိမှ စနစ်တွေမှန်မယ်။
စနစ်တွေမှန်မှ လိုချင်တာတွေရမယ်။တိုင်းပြည်သည်သယံဇာတ
များပေါကြွယ်ဝပါလျှက် လျှပ်စစ်မီးလုံလောက်အောင်မပေးနိုင်
တာဟာစနစ်မမှန်၍ဖြစ်သည်ဟုဆိုသည်။မှန်ပေသည်။ (ဤနေရာတွင်ကျွန်တော်ဖြည့်စွက်ပြောချင်သည်) ဘာကြောင့် ဒီမို့ရေစီမရှိသေးတာလဲဟုမေးလာလျှင် အုပ်ချုပ်သူများ
နှင့် ပြည်သူအများစုမှာ အကျင့်ပျက်စိတ်ဓါတ်များခေါက်ရိုးကျိုး
နေပြီး ဒီမိုကရေစီနှင့်သင့်တော်သောစိတ်ဓါတ်များမရှိသေး၍
ဖြစ်ပေသည်။

Top Gun said...

ပြည်ပတရုတ်အားကိုး ပဆိန်ရိုးကမ်းသူများဖြစ်ပါသည်။ တိုင်းပြည်ကို သူ့တို့အဖေ တရုတ်ကြီးသို့ရောင်းစားနေသူများဖြစ်ပါသည်။ တာဘိုင်စက်နှင့်မီးစက်အများစုမှာ တရုတ်ကဖြစ်ပြီး အကောင်းဘယ်နှစ်လုံးနဲ့ RUN နေလဲ။ ၃လုံးမှာနှစ်လုံးပျက်။ လျှပ်စစ်စွမ်းအားရရှိဘို့လုပ်လာခဲ့တာ စစ်အစိုးရတက်ကတည်းက။
သတင်းစာကိုင်ရင်တောင် ဓါတ်လိုက်တယ်။ လယ်/ဆည်ဝန်ကြီးတွေအဆက်ဆက်ကြည့် ဆောက်လိုက်ရတဲ့ဆည်၊ ဆည်ပေါင်းရာကျော်နေပြီ။ စိုက်ပျိုးရေးကော၊လျှပ်စစ်မီးရရှိရေးကော အသုံးမ၀င်တဲ့ဆည်တွေအများကြီးဖြစ်နေတာကောသိကြရဲ့လား။ရွာတွေပျက်တောတွေပြုံး၊ပြည်သူပိုင်ငွေတွေကို ဘယ်လိုနည်းနဲ့နှိုက်ရင်ရမလဲဆိုတဲ့ အကျင့်ပျက်ချီးဦးနှောက်ပဲရှိတဲ့သူတွေပဲ။ သမတကြီးခင်ဗျား သန့်ရှင်းတဲ့အစိုးရထဲမှာဒီလိုချီးပေနေတဲ့သူတွေမရှိသင့်သလို ကောင်းကောင်း အရေးယူသင့်ပါတယ်။ ချီးပေတွေ ကြံ့ဖွံ့ထဲမှာ ပိုများနေပါတယ်။

လင်းသစ် said...

ဒီကောင်တွေ(လက်ရှိ နိုင်ငံမှာ စီရင်ပိုင်ခွင့် ဆုံးဖြတ်ချမှတ် အကောင်အထည်ဖေါ်ပိုင်ခွင့် ကိုင်ဆွဲထားသူတွေ)
အာဏာတည်မြဲရေးကလွဲလို့
မိမိတိုင်းပြည်အတွက် ...
ပြည်သူအတွက် ...
ဘာဆိုဘာကိုမှ ကြိုတင်မျှော်မြင် ပြင်ဆင်ထားတာ မရှိဘူး
ပြည်သူတွေရဲ့ အခက်အခဲဆိုတာကို မလုပ်ပေးလို့မဖြစ်တဲ့ အခြေအနေရောက်မှ ကြုံသလို ဖြစ်သလို ဖြေရှင်းကြတာ
ဒါဟာ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ ရဲ့ နိုင်ငံတော်ကိုဦးဆောင်နိုင်မှု
အရည်အချင်းကို မီးမောင်းထိုးပြနေတဲ့ သမိုင်းမှတ်တိုင်တွေပါ...
မှတ်သားစရာတွေ ... မှတ်သားစရာတွေ ...

ngapawgi said...

သတင်းကြားရတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ် ခု လိုမျိုး arrangement တွေလုပ်ပေးတဲ့အတွက်ပေါ့ဗျာ - တခု တော့ ရှိတယ် ဗျ
ဓာတ်အားဖြန့်ဖြူးရေးပိုင်းတွေမှာ တရားမျှတမှု ရှိဖို့တော့ လိုတာပေါ့ဗျာ ...
ရန်ကုန် သုဝဏ ဗိုလ်ချုပ်ရွာ လို့နာမည်ကြီးနေတဲ့နေရာတွေကို စွတ်ပေးနေမယ့် အဖြစ်မျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျ ။ အဲလို နေရာမျိုးက လျှပ်စစ် ၂က မပေးလဲ
ပြည်သူ့ ဘဏ္ဍာတွေ ဘတ်ထားတော့ ခုလို မီးစက်ထက် ကောင်းတဲ့ MW မဂ္ဂ၀ပ်
များတဲ့စက်ကြီးမျိုး မက တနိုင်ငံလုံးမီးပေးနိုင်တဲ့ စက်မျိုးတွေ ၀ယ်နိုင်လောက်တဲ့
နိုင်ငံတော် Budget တွေ ရှိထားပီးသားမို့ ဒါမျိုးတော့ စဉ်းစားဖို့လိုတာပေါ့ဗျာ ။ ၀န်ကြီးဌာန တခုအနေနှင့် ခေါက်ရိုးကျိုးနေတဲ့ စနစ် ကြီး ကို ဖြတ်သိမ်းဖို့လိုနေပြီး ပြည်သူတွေ စိတ်ချမ်းသာအောင်လုပ်ပေးလိုက်ပါလို့ တောင်းဆိုပါရစေဗျာ ။ ၀န်ကြီးဌာနမှ ၀န်ထမ်းများသည်လည်း ပြည်သူထဲမှ ပြည်သူတွေပါပဲဗျာ။ ပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်စေပြီး ၊ ပြည်သူလူထု နဲ တသားတည်းဖြစ်အောင် ဆောင်ရွက်ပေးပါလို့ အမှတ် ၂ လျှပ်စစ် ၀န်ကြီးဌာနကို လည်းမေတ္တာရပ်ခံချင်ပါတယ် .. ဗျာ ... ဆောင်ရွက်ပေးမှုများအတွက် လည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Unknown said...

အရင်ကထဲကလူထုကိုစေတနာထားပြီးလုပ်ပေးရမဲဟာမလုပ်ပေးကြလို့တောင်းဆိုရတာလေ. ပြည်သူငွေနဲ့အသက်ရှင်တဲ့အစိုးရက ကိုယ်လုပ်ချင်တာလုပ်နေပြီးတော့ပြည်သူအတွက်ဘာမှမလုပ်ပေးရင်တော့လုပ်ပေးနိုင်တဲ့သူတွေတက်လာမှာဆိုတာကိုနေားလည်သင့်ပြီ

tunnaing said...

ကျုပ်တို့မကွေးလည်းပေးပါအုံးဗျ။ မပေးရင် ဖယောင်းတိုင်ထွန်းလိုက်မှာနော်။

wi wi said...

ဝန်ကြီးတွေရဲ.စားရင်းတွေစီစစ်သင့်တယ် တကယ်မသုံးပဲဘုံးထားတာတွေကြောင်.တိုင်းပြည်ဒီလိုဖြစ်နေတာ အထူးသဖြင်.ဇော်မင်းပေါ.
သမတကြီးကလဲဘာကြောင်.ဒီဇော်မင်းကှိုဆက်ထားနေလဲမသိ
ပြည်သူကမကြိုက်တဲ.သူတွေဆက်ပြီးရှိနေတာ ဘာကြောင်.လဲမသိ
သမတကြီးက သူတို.ကိုမလွန်ဆန်နိုင်လို.လား အင်းသံသယတော့ဝင်လာပြီ

tunnaing said...

တစ်နိုင်ငံလုံးပေးရင် အကောင်းဆုံးပေါ့။

tunnaing said...

တစ်နိုင်ငံလုံးပေးရင် အကောင်းဆုံးပေါ့။

tunnaing said...

ကျုပ်တို့မကွေးလည်းပေးပါအုံးဗျ။ မပေးရင် ဖယောင်းတိုင်ထွန်းလိုက်မှာနော်။

Yinaye said...

မြန်မာပြည်လျပ်စစ်မီးတွေမှန်မှန်ရခြင်ရင် ဘိုချုပ်ကြီးဟောင်းခင်ညွန့်ကို မေးပါ။ အကူအညီတောင်းပါ။ မိုးမရွာ၊ ရေမရှိလို့ ရေအားလျပ်စစ်တွေမလည် နိုင်ဘဲ လျပ်စစ်မီးပြတ်နေရပါတယ်တဲ့။ ဟုတ်ကဲ့ ဦးခင်ညွန်တန်ခိုးထွားစဉ်အခါက မြန်မာပြည်ရဲ့ အကြီးဆုံးရေအားလျပ်စစ် စက်ရုံ လောပီတကို ရေပေးနေတဲ့ မိုးဗျဲဆည်ကြီးရေကုန်သွားတာပေါ့။ ဒါနဲ့ ဦးခင်ညွန့်က မိုးဗျဲရေကာတာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေအလုံအလောက်ရရှိအောင် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သတင်းတွေမှာ ဝေဝေဆာဆာနဲ့ ပါဘူးခဲ့တာပေါ့

Anonymous said...

အပေါ် က လင်း ဆို တဲ့ တယောက် ရဲ့ comment ကို သဘောကျတယ် အမှန်ပဲ

ပင်လယ်ပြာ said...

ခုလိုမျိုး ပွင့်ပွင့်လင်းလင်း ကြေငြာတော့လည်း အဖြစ်မှန်ကို သိရတာပေါ့။ ဒါပေမယ့် ဟို ရေအားလျှပ်စစ် ဂုရု ပါရဂူ ပရော်ဖက်ဆာ ဇော်မင်း ဆိုတဲ့ ၀န်ချီး ငနဲ့ရဲ့ မျက်ခွက်ကို သေးနဲ့ပန်းပြီး ချေးနဲ့သုတ်သလိုဖြစ်သွားတာပေါ့။
ဒါပေမယ့် သူ့မျက်ခွက်က အရင်ကတည်းက ပြောင်ပြီးသားဆိုတော့ အခုလိုဖြစ်လည်း မျက်နှာပြောင်တိုက်ပြီး မသိသလိုရူးချင်ယောင်ဆောင်နေမှာပါပဲ။ အဲလိုလုပ်တာလဲ သူ့ထက်တတ်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်တော့ဘူး....

သူ့မိသားစုဝင်တွေ၊ သားသမီးတွေဆိုရင် သူ့တို့အဖေကြီး ဂုရုကြီးဇော်မင်းအတွက် တော်တော်ပဲ ဂုဏ်ယူကြရတယ်ဆိုလားပဲ။ သူ့လောက်သိတာ ဘယ်သူမှ မရှိဘူးဆိုတာ တော်ရုံတန်ရုံ နဲ့ ထုတ်ဖော်ပြောကြတာမဟုတ်ဘူး....

Maunglusoe said...

ကိန်းဂဏန်းတွေ ရေးပြတာကတော့ရိုးနေ ပါပြိ
မီးတကယ်လင်းမလင်းကတော့ သိကြမြင်ကြတဲအတိုင်းဘဲ
စက်ကြိးရောက်တော့ရောတခါတည်းမိးလာမှာကြနေတာဘဲ
ကိုယ်တိုင်းပြည်အခြေအနေကိုသိလို့ မီးမလာတာအောင်အိးသည်းခံနိုင်ပါတယ်
သည်းမခံနိုင်တာဟို ဇော်မင်း ဆိုတဲ့ဥိးနှောက်ပျက်နေတဲကောင်ပေါက်ကရလျှောက်ပြောတကိုတင်းတာ
သိပါတယ်တတ်ပါတယ် ဆိုတဲဇော်မင်းရာမင်းသိသမျှရေးပြစမ်းပါ

phyuthar said...

ဖတ်လို့တော့ကောင်းတယ်

myomin said...

ကျေးဇူးပါ

001komgmg222@gmail.com said...

ဆန္ဒာမပြတဲ့မြို့တွေမပါဘူးလားခင်ဗျာကွက်ပြီလုပ်ပြန်ပါပြီဥိးဇော်မင်းရေစက်တွေဝယ်ြ့ပီအိတ်ထဲ့ဘယ်လောက်ကောက်ထဲ့လိုက်ပြန်ပြီလည်းလုပ်ကွ။သမ္မကြီးကြည်တာနေပါခင်ဗျာ။

alistener said...

အေးကြည့်မယ်နော် မဟုတ်ကဟုတ်ကတွေဖြစ်လာရင် မေတ္တာပို့မယ်...ကျန်မာပါစေ။ချမ်းသာပါစေ။မီးလာရင် အင်တာနက်တွေသုံးမယ်။ မကောင်းပြောတာတွေ ထိုင်ဖတ်မယ် ပြီးရင် အိပ်ရေးတွေပျက်မယ်။ အိပ်ရေးပျက်ရင် ငါတို့ ခိုင်းစားရတာ သိပ်မကောင်းဘူး။ အိပ်ကြ။ စောစောအိပ်ပြီး စောစောထ ငါတို့လုပ်သမျှ စောစောခံကြ ဒါမှ ငါတို့ကောင်းစားမှာ...ဒါပဲ...မလား...

bobonav said...

သက်ဆိုင်ရာလူကြီးတွေ....... မင်းတို့ရဲရွာက ( ဟိုဘက်ကမ်းကမီးထိန်ထိန် ဒီဘက်ကမ်းကမီးထိန်ထန် ) သတင်းစာကိုင်ရင်တောင် ဓါတ်လိုက်မှာတောင်ကြောက်ခဲ့ရတဲ့ လျှပ်စစ်ဓါတ်အားတွေ ဘယ်ကိုရောင်းစားလိုက်လဲ ။တာဘိုင်တွေ စုတ်ပျက်နေလို့ မလည်နိုင်ခဲ့ ရင် ဘယ်သူ့တာဝန်တုံး ။ တရုတ်ပြည်ကအစုတ်တွေလို့မပြောနဲ့ ။ အစုတ်မှန်းသိသိကြီး နဲ့ မင်းတို့အိတ်ထဲ ဒေါ်လာတွေ ထည့်ပြီး ဝေစုတွေခွဲလို့ သုံးဖြုန်းခဲ့ ကြတယ်မဟုတ်လား ။ ၀ယ်တာမှမကြာသေးဘူး ၊ မကောင်းဘူးဆိုရင် ၀ယ်တဲ့လူကို ဖမ်းဆီး တရားဆွဲဆို စစ်ဆေးကြပါလား ။ စစစ ၊ သတင်းတပ်ဖွဲ့ ၊ CID က ဒါမျိုးကြတော့ဘာလို့မစစ်တာတုံး ။ မီးမလာလို့ ပြည်သူများရဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရေးဆန္ဒ ထုတ်ဖော်တာကြတော့ မင်းတို့ကခေါ်ပြီး စစ်တယ် ။GE က gas turbine နဲ့မောင်းတဲ့ ရွေ့လျားမီးစက်၊
တွေဝယ်မယ်ဆိုတာ အစပျောက်သွားတာ အခုမှပြန်ပေါ်လာတယ်။ ပြီးတော့ သင်းဘောတစ်စင်းလုံးကို မီးစက်အဖြစ်ဆင်ထားတဲ့ မီးစက်သင်းဘောလည်းရှိတယ်တဲ့။ ဆိပ်ကမ်းမှာကပ်ပြီး မီးစက်မောင်းရင်း ဓါတ်အားကွန်ရက်ထဲ အဆင်သင့်ဖြန့်လို့ ရတယ်တဲ့။လိုအပ်ရင် ပြောတာပါ။ ဈေးကတော့ မသိဘူး။ နောင်အခါ မီးမှန်မှန်ရရေး ရေရှည် plan ချပြီး သေချာဆောင်ရွက် သင့်ပါတယ်။ မနှစ်ကတော့ နွေမှာ မီးမပြတ်တော့ ဘယ်လို လုပ်ခဲ့တာလဲမသိဘူးနော်။ တစ်နှစ်အတွင်း ဘာကြောင့်အဲလောက်ကွာသွားရတာလဲ။ လူတွေ မီးစက်တွေ တစ်လုံးစီ ၀ယ်ရတာ၊ မောင်းရတာထက်စာရင် အစိုးရက မီးစက်ကြီးကြီးဝယ် တစ်ခါထဲမောင်းပြီး ဓါတ်အားစနစ်ထဲဖြန့်ရင် ပို efficient ဖြစ်မယ်ထင်တယ်။ ပြီးတော့ နွေဆို မီးကပိုဆွဲတယ်၊ ရေခဲသေတ္တာ အဲကွန်းကအစပိုသုံးဖြစ်တယ်လေ၊ အေးဘို့ ပိုကြာကြာမောင်းရတယ်လေ။ လူတွေကလည်း နဲနဲစီလျော့သုံး၊ အဲကွန်းဆိုနေသာရုံပဲဖွင့်ပေါ့။ အစိုးရကလည်း plan ဆွဲပေါ့။ ပြီတော့ နွေ ၅ လလောက်မှာ မီတာခကို ပိုကောက်မလား၊ နွေမှာမီတာခ တက်ခိုင်းတာ လူတွေလျော့သုံးအောင်ရယ်၊ အစိုးရ ဒီဇယ်နဲ့ အရှုံးခံမောင်းရတာ သက်သာအောင်ရယ်ပါ။ ကြိုပြောရင် ပွင့်လင်းမှုရှိရင် ပြည်သူက လက်ခံမယ်ထင်ပါတယ်။ (မီးရဘို့ ဆန္ဒဖေါ်ထုတ်တဲ့သူတွေလည်း အခုလောက်ဆို ကျေနပ်လောက်ရောပေါ့၊ အရင်အစိုးရနဲ့မတူပဲ အရေးယူဆောင်ရွက်ပေးပါတယ်။ မိဘမှာ အဆင်ပြေမှန်းမသိ မပြေမှန်းမသိစွတ်ပူဆာတဲ့ကလေး လိုဖြစ်နေမှာစိုးပါတယ်။ ငိုတဲ့ကလေး မုန့်စားရတယ်ဆိုပေမဲ့ အချိန်အခါလဲ ကြည့်ငိုကြပါလို့။ ရပ်သင့်တဲ့အချိန် ရပ်ကြပါလို့၊ အားလုံးကောင်းဘို့ပြောတာပါ။)

Anonymous said...

စောစောကတည်းကဒီလိုမျိုးကြိုတင်စီစဉ်ထားရမှာ။ကိုယ့်ကိုမဲပေးလိုက်တဲ့နယ်၊ကိုယ့်ကိုရွေးပေးလိုက်တဲ့လွှတ်တော်၊ပြည်သူအားလုံးကို လေးစားရမှာ၊ကြိုတင်ရှင်းပြတောင်းပန်ထားရမှာ၊မြန်မာ့အလင်းအယ်ဒီတာရေးသလိုအစိုးရ၀န်ထမ်း အစိုးရ၀န်ကြီး မဟုတ်ဘဲ ပြည်သူ့.၀န်ထမ်း ပြည်သူ.၀န်ကြီးဖြစ်ရမှာလေ။ပွဲစား၊အကျိုးဆောင်တွေကိုမစောင့်ဘဲစီမံရမှာ၊အဆက်မပြတ်ပြည်သူကိုအစီရင်ခံနေရမှာ။တပည့်ကို မိုးနတ်မင်းအားကိုးဘို.ပြောခိုင်း၇မှာမဟုတ်ဘူး။ပြည်သူကပြောလို.၇တဲ့နည်းနဲ.ပြောမှသိ ထိမှနာ သာမှနေတာပုံစံမကျပါဘူး။နှစ်ပေါင်းများစွာပုံစံချလေ့ကျင့်ခံခဲ့ပြီးသားပါ။မြန်မာတွေဟာအလွန်သည်းခံပါတယ်။လွန်လာရင်တော့ သင်ထား သိထားပြီးတဲ့အတိုင်းပါဘဲ။သိတ်တိုက်တွန်းစရာမလိုတာအားလုံးသိပြီးသားပါ။ကိုယ်ညံ့လို.နိုင်ငံရေးအကွက်ထိုးခံရပြီးမှ ပြည်သူကို ရန်သူလိုအကွက်ဆင်ပြီးဝိုင်းနှိပ်စက်ကြတဲ့ဗျူဟာခောတ်ကုန်ပါပြီ။ကိုယ့်တာဝန်ကိုယ်ယူပြီးနှုတ်ထွက်တဲ့ဝန်ကြီးကို ပြည်သူကပြန်တောင်းပန်တာဝန်ပေးတဲ့အချိန်မြန်မြန်ရောက်ပါစေ။

နေမင်းခေါင် said...

မြန်လေကောင်းလေဘဲဗျို့

ကိုဖြိုး said...

ပြကြပါ... ပြကြပါ.... ဆန္ဒပြကြပါ......
မိဘပြည်သူတို့ ဆန္ဒပြမှ အဲ့ဒါကို အကြောင်းပြု လွှတ်တော်မှာ ဘတ်ဂျက်ထပ်တောင်းပြီး မီးစက်တွေ ၀ယ်ရမှာမို့ပါ။
ဝယ်မှ ရမှာပါ။ ဟဲ.... ဟဲ....

purewhite said...

ပြည်သူတွေကို အခုလိုတလေးတစား အသိမှတ်ပြု ကြေငြာချက်ထုတ်ပြန်တာကို ကြိုဆိုပါတယ်။

အညာနိုင် said...

မန္တလေး တိုင်းဒေသကြီးထဲမှာ နေပြီး ဝမ်းတွင်းမြို့ နယ်ထဲက ရွာသား ဖြစ်ရတာ လူဆင်မမှီ လိုက်တာ..သူများတွေကိုဘဲ ဂုဏ်ယူအားကျမိပါတယ် ဒို့ လည်းခေတ်မှီတဲ့  လူငယ်တွေပါဘဲ ..ဒါပေမဲ့  ရွာမှာ လမ်းတွေ မီးတွေ ဘာကြောင့်  မရောက်တာလဲ ..ပြည်မကြီး ထဲ နေတဲ့  ဒီရွာသားတွေတောင် လူနေမှု အဆင့် နိမ့် နေရင် တိုင်းရင်းသားကျေးလက် က ညီအကို မောင်နှမတွေ ပိုဆိုးမှာပေါ့  ကိုယ်ချင်းစာစိတ်လေးတွေ ရှိကြပါစေ။

honey said...

တောင်ကိုရီးယားကနည်းပညာနဲ့
အမှိုက်ကိုလျှပ်စစ်ထုတ်ပေးမယ်ဆိုပြီးကမ်းလှမ်း
ထားတာကိုလည်းဘာမှအကြောင်းမပြန်ဘူး။
လျှပ်စစ်ဝန်ကြီးကသူ့အကျိုးအမြတ်မရှိလျှင်ပြည်သူအတွက်
ဘာမှမလုပ်ချင်ဘူး။နည်းပညာစိုက်မယ်စက်တွေစိုက်မယ်
နေရာစိုက်ပြီးလုပ်ပိုင်ခွင့်ပေးရမှာကိုလက်မခံဘူး။
သူတို့ကိုသိန်းသောင်းနဲ့ချီကန်တော့မှလုပ်ပိုင်ခွင့်ပေးမှာတဲ့။
မြန်မာပြည်ကြီးဘယ်လိုတိုးတက်နီုင်မလဲ။
တတိုင်းပြည်လုံးမီးမလုံလောက်တာနှစ်ပေါင်း၂၀မကတော့ဘူး။
ပြည်သူတွေကိုငဲ့ညှာသနားသင့်ပါပြီ။
လုပ်စရာရှိတာကိုကိုယ့်ကျိုးမကြည့်ပဲတိုင်းပြည်အတွက်သာအာရုံ
ထားသင့်ပြီ။
မြန်မာပြည်ကြီးအမြန်ဆုံးလိုအပ်ချက်တွေပြည့်ပါစေ။

PP said...

ကောင်းပါတယ်

COBRA said...

ထိုင်း ကို gasေ၇ာင်းတဲ.ကိစ္စ ပြန်စဉ်းစားသင်. ၊ မြန်မာ. gas ကို ကော.သောင်းကလူတွေ ၊ ထိုင်း ဘက်ခြမ်း ရနောင်းမြို.ကမှာသုံးတာ ... ရန်ကုန်ကဈေးနှုန်း ရဲ. ထက်ဝက်ဘဲ ရှိတယ် ၊ ဓါတ်ငွေ.ထွက်ပြီး hot plate သုံးလို. ဓါတ်အားသုံးစွဲမှု တက်လာ ၊

WTN said...

Very Good, "သကြားလုံး" your analysis is very good, I strongly support yourinsight analysis. Please go on with such logical and reasonably corenhent analysis so that Poeple of our country will come to see the truth.

သကြားလုံး said...
သက်ဆိုင်ရာလူကြီးတွေ....... မင်းတို့ရဲရွာက ( ဟိုဘက်ကမ်းကမီးထိန်ထိန် ဒီဘက်ကမ်းကမီးထိန်ထန် ) သတင်းစာကိုင်ရင်တောင် ဓါတ်လိုက်မှာတောင်ကြောက်ခဲ့ရတဲ့ လျှပ်စစ်ဓါတ်အားတွေ ဘယ်ကိုရောင်းစားလိုက်လဲ ။တာဘိုင်တွေ စုတ်ပျက်နေလို့ မလည်နိုင်ခဲ့ ရင် ဘယ်သူ့တာဝန်တုံး ။ တရုတ်ပြည်ကအစုတ်တွေလို့မပြောနဲ့ ။ အစုတ်မှန်းသိသိကြီး နဲ့ မင်းတို့အိတ်ထဲ ဒေါ်လာတွေ ထည့်ပြီး ဝေစုတွေခွဲလို့ သုံးဖြုန်းခဲ့ ကြတယ်မဟုတ်လား ။ ၀ယ်တာမှမကြာသေးဘူး ၊ မကောင်းဘူးဆိုရင် ၀ယ်တဲ့လူကို ဖမ်းဆီး တရားဆွဲဆို စစ်ဆေးကြပါလား ။ စစစ ၊ သတင်းတပ်ဖွဲ့ ၊ CID က ဒါမျိုးကြတော့ဘာလို့မစစ်တာတုံး ။ မီးမလာလို့ ပြည်သူများရဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရေးဆန္ဒ ထုတ်ဖော်တာကြတော့ မင်းတို့ကခေါ်ပြီး စစ်တယ် ။
With thanks
WTN

kaunglinthu said...

အော်
သတင်းစာတွေတောင်ဓာတ်လိုက်တယ်လား

mgmg said...

ဘယ့်နှယ်...မောင်ဇော်မင်းနေသာထိုင်သာရှိသွားပြီလား..စိုင်ကော်လို့ 
ချူံပေါ်ရောက်လာတဲ့ကိုယ့်ကြောင်းကိုယ်နားလည်ပြီးသိက္ခာရှိစွာနှုတ်ထွက်ပေး
လိုက်ယင်ပိုပြီးမရှက်ရတော့ပါဘူး...။

လင်းယုန် said...

လျှပ်စစ်မီးးးရဘို့ ခွဲတမ်းတွေထဲမှာ ဆန္ဒပြတဲ့မြို့တွေကိုဘဲ
ပေးမှာလား...............
ရန်ကုန် မန္တလေး ပြည် မုံရွာ
အဲဒီမြို့တွေကိုဘဲပေးမှာလား

အငိုသန်တဲ့ ကလေး ချိုဆို့ရဆိုသလို ဖြစ်နေပြီ

ကျန်တဲ့တိုင်းနယ်ပြည်နယ်တွေက သူတို့တွေလိုငိုနေမှာ မဟုတ်ဘူး
EPC ရုံးကို မီးတမ်းရို့လိုက်မှာ.........
သိတိထားနေကြ
အလုပ်လုပ်ရင် မျှမျှတတလုပ်ကြပါ
နေပြည်တော်ကျ တစ်စက္ကန့်တောင် မီးမပြတ်ဘူး
အာဏာရှင် စစ်အစိုးရ အရှိန်မကုန်သေးဘူးလား
ဒါလား ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေတာ

Sayagyi said...

ကိုဇော်မင်းရေ..အမျှ အမျှ အမျှ..ရှင်ရက်နဲ့ပဲ အမျှဝေပေးလိုက်ပါတယ် ဘဝကူးကောင်းအောင်လို့ပါ...ရှက်တတ်ရင်တော့ ကိုယ့်ဂွေး ကိုယ်ထုပြီး မောင်မင်း သေသင့်ပါတယ်...

Unknown said...

မင်းတို့ ကောင်တွေကလည်း ရတော့ လည်းရလို့  မရတော့ လည်းမရလို့ .....မင်းတို့ အခုချက်ချင်းလိုချင်လို့ အဲ့ စက်တွေဝယ်ပေးရတာကို..........အဲ့ လိုမှမဟုတ်ဘူးဆိုရင်မင်းတို့  ဆည်တွေကနေလျှပ်စစ်ထွက်တဲ့ အထိစောင့် မှာလား...မင်းတို့ ပဲတော်ကြာတစ်မျိုးခုတစ်မျိုး........အခုရလာတဲ့ လျှပ်စစ်တွေကိုကော မင်းတို့ က အကျိုးရှိတဲ့ နေရမှာသုံးကြမှာမလို့ လား.......ကိုယ့် ကိုကိုလည်း ပြန်မေးရတယ်ကြည့် ရတယ်ဗျ...

GuGu said...

ဖရောင်းတိုင်းတွေရဲ့ ဆန္ဒပြည့်တော့မှာပါ....
လွန်ခဲ့တဲ့ ၄၊ ၅ နှစ်တုန်းက သတင်းစာတွေ လူရွှင်တော်တွေက ပြောကြတယ်..သတင်းစာကိုင်ရင် ဓါတ်လိုက်တယ်ဆိုပြီး..ခုထိကို လိုက်ရင်းလိုက်ရင်းဝေနေသလားဟင်...
စီမံကိန်းတွေမအောင်မြင်တဲ့သဘောပေါ့နော်...မိုးနတ်မင်းကိုတိုင်တည်ပါလို့
တော့ ပြည်သူတွေကို လက်လွတ်စလွယ် မပြောသင့်ပါဘူး အကျိ ဒေါ်အးအေးမင်း...
``မီးရချင်ရင် မိုးနတ် မင်းကြီးကိုသာ ဆုတောင်းပါ” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။``

john said...

ထုတ်ထုတ်များများထုတ် ဈေးကွက်သဘောအရေ၇ာင်းပေါ့နော် ဟားဟားဟား ပျော်ပါတယ် မောင်ဇော်မင်း ရေ

Your sister said...

လျှပ်စစ်ဌာနမှ လူကြီးများ သတင်းစာရှင်းလင်းပွဲတွင် ပညာရှင်များ ဖြစ်သည့်နှင့်အညီ (စစ်တပ်မှလာသူများကိုမဆိုလိုပါ..ထိုသူများသည် ဘာမှမသိသူများဖြစ်သည်) ပညာရှင်ဆန်ဆန် ရှင်းလင်းကြရန် လိုပါသည်။ ရေအားနည်းသောကြောင့် တာဘိုင်များမလည်ပတ်နိုင် လျှင်အခြားမည့်သည့်နည်းနှင့် တာဘိုင်လည်ပတ်နိုင်အောင်လုပ်ရမည်ကို တီထွင်ကြံဆထားရ မည်ဖြစ်သည်။ ရေအားနည်းသောကြောင့် မိုးများများရွာအောင် မိုးနတ်မင်းဆီမှာ ဆုတောင်းပါဆိုသော အပြောအဆိုမျိုးအား ပညာရှင်များ မပြောသင့်ပေ..။ ပညာရှင်နှင့်ဘယ်လိုမှ Technical မဆန်သော..လွန်စွာသိက္ခာကျသော ..အပြောအဆို မျိုးဖြစ်သောကြောင့် ...SKY NET လို..အွန်လိုင်း တွင်လွင့်တင်နေသော Channel များတွင် လုံးဝ ပြောဆိုရန်မသင့်ပေ..။ အခြားသော တိုင်းပြည်များမှ ပညာရှင်များက..လှောင်ပြောင်ပေလိမ့်မည်..။ မည့်သည့် စွမ်းအင်မျှထုတ်လုပ်နိုင်စွမ်းမရှိသော..သဘာဝသယံဇာတမရှိ သောနိုင်ငံများတွင် လျှပ်စစ်မီးကိုအမြဲအပြည့်အ၀ပေးနိုင်သည်။ မိမိတို့နိုင်ငံတွင် ..သဘာဝသယံဇာတများရှိသော်လည်း..တတ်ယာင်ကားများ ကြီးစိုးနေခြင်း..ပညာရှင်များရှိသော်လည်း..လာဘ်စားပြီး..စည်း စိမ်ရစ်နေခြင်း..လာဘ်မစားသော်လည်း..အထက်လူကြီး..ဘာမှမသိနားမလည်သော..၀န်ကြီးများ..ဓါတ်အားဖြန့်ဖြူးရေးကော် မတီ ဥက္ကဌအားလည်း..ဘာမျှမပြောရဲခြင်း...စသည့်အဆင့် ဆင့်စနစ်များပျက်စီးသောကြောင့်...ရေအားလျှပ်စစ်..စက်ရုံများ တည်ဆောက်သော်လည်း..လျှပ်စစ်မီးမပေးနိုင်ခြင်းဖြစ်ပါသည်။

Your sister said...

လျှပ်စစ်ဌာနမှ လူကြီးများ သတင်းစာရှင်းလင်းပွဲတွင် ပညာရှင်များ ဖြစ်သည့်နှင့်အညီ (စစ်တပ်မှလာသူများကိုမဆိုလိုပါ..ထိုသူများသည် ဘာမှမသိသူများဖြစ်သည်) ပညာရှင်ဆန်ဆန် ရှင်းလင်းကြရန် လိုပါသည်။ ရေအားနည်းသောကြောင့် တာဘိုင်များမလည်ပတ်နိုင် လျှင်အခြားမည့်သည့်နည်းနှင့် တာဘိုင်လည်ပတ်နိုင်အောင်လုပ်ရမည်ကို တီထွင်ကြံဆထားရ မည်ဖြစ်သည်။ ရေအားနည်းသောကြောင့် မိုးများများရွာအောင် မိုးနတ်မင်းဆီမှာ ဆုတောင်းပါဆိုသော အပြောအဆိုမျိုးအား ပညာရှင်များ မပြောသင့်ပေ..။ ပညာရှင်နှင့်ဘယ်လိုမှ Technical မဆန်သော..လွန်စွာသိက္ခာကျသော ..အပြောအဆို မျိုးဖြစ်သောကြောင့် ...SKY NET လို..အွန်လိုင်း တွင်လွင့်တင်နေသော Channel များတွင် လုံးဝ ပြောဆိုရန်မသင့်ပေ..။ အခြားသော တိုင်းပြည်များမှ ပညာရှင်များက..လှောင်ပြောင်ပေလိမ့်မည်..။ မည့်သည့် စွမ်းအင်မျှထုတ်လုပ်နိုင်စွမ်းမရှိသော..သဘာဝသယံဇာတမရှိ သောနိုင်ငံများတွင် လျှပ်စစ်မီးကိုအမြဲအပြည့်အ၀ပေးနိုင်သည်။ မိမိတို့နိုင်ငံတွင် ..သဘာဝသယံဇာတများရှိသော်လည်း..တတ်ယာင်ကားများ ကြီးစိုးနေခြင်း..ပညာရှင်များရှိသော်လည်း..လာဘ်စားပြီး..စည်း စိမ်ရစ်နေခြင်း..လာဘ်မစားသော်လည်း..အထက်လူကြီး..ဘာမှမသိနားမလည်သော..၀န်ကြီးများ..ဓါတ်အားဖြန့်ဖြူးရေးကော် မတီ ဥက္ကဌအားလည်း..ဘာမျှမပြောရဲခြင်း...စသည့်အဆင့် ဆင့်စနစ်များပျက်စီးသောကြောင့်...ရေအားလျှပ်စစ်..စက်ရုံများ တည်ဆောက်သော်လည်း..လျှပ်စစ်မီးမပေးနိုင်ခြင်းဖြစ်ပါသည်။

U 2 said...

မီးစက်တွေရောက်ပြီလို.ကြားတယ်တချို.နေရာတွေမှတော.တပ်ထားတာတွေ.ရတယ်ဒါပေမဲ.မီးကတော.အရင်အတိုင်းဘဲမီးစက်ကောလည်ရဲ.လားမသိတော.ဘူး

ပခုက္ကူ က ဖယောင်းတိုင် said...

ကို့နိုင်ငံက လျှပ်စစ်မီးကိုချိုချိုလေးနဲ့ ပြည်ပရောင်းပြီး ပြည်ပကဒီဇယ်မီးစက်ကိုဝယ်ပြီးတော့ မီးပေးမယ်ဒဲ့ စွမ်းအင်ဝန်ကြီးများခင်ဗျာနဲနဲလေးတော့စဉ်းစားပါလို့ ပြောလိုက်ပါရစေ မွဲပြီးရင်းမွဲတော့မယ်ထင်ပါရဲ့ .... ပခုက္ကူ က ဖယောင်းတိုင်း....

soengel2 said...

တရုပ်နဲ့လုပ်ထားသမျှတွေကိုရပ်သင့်နေပါပြိမြစ်ဆုံလိုဘဲရခိုင်ကထွက်လာမဲ့ဓါတ်ငွေ့ကိုလဲရပ်ဆိုင်းထားသင့်တယ်ဗမာပြည်မှာGas.တာဘိုင်ဓါတ်အားပေးစက်တွေရှိပါတယ်Gas.မရှိလို့ဓါတ်အားမထုပ်နိုင်တာရန်ကုန်မှာGasတာဘိုင်၉လုံးရှိတယ်သာကေတမှာစက်၃လုံးအလုံမှာ၃လုံးအင်းစိန်ရွာမမှာ၃လုံးအပြင်ရေနွေးငွေ့တာဘိုင်က၃လုံးရှိတယ်Gasတွေရောင်းစားထားလို့စက်တွေမလည်နိုင်တာဇော်မင်းကပြည်သူတွေကိုထပ်ပြိးလိမ်နေတာ

herry2882 said...

အမှတ် ၂ ကရှင်းတာမလိုချင်ဘူး ... အမှတ် ၁ ကဇော်မင်း ရှင်းတာပဲ လိုချင်တယ်

san said...

စစ်တပ်က...၀န်ကြီးတွေရဲ့အ၇ည်အချင်းတွေပေါ်လာပြီ။ဝန်ကြီးဆိုတာ
အပေါ်ကအမိန်ပေးတတ်ရုံအရည်အချင်းနဲ့ဆို..နားသင့်ပြီ။

ဝေဖန်သူတစ်ဦး said...

စောက်ရူးဇော်မင်း မပြုတ်သေးဘူးလား....

Unknown said...

ဇော်မင်း ကို လုပ်ငန်းတာဝန် မထမ်းဆောင်နိုင်မှု နဲ့ သူ့ မြို့ နယ်ရဲ့ မဲဆန္ဒရှင် ၁%
နဲ့ ဖြုတ်ချလို့ ရပါပြီ။

bango said...

ွှွှွှွှုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အသုံးများနေတဲ့ solar system ကို သုံးလို့မရဘူးလား ၊ ရနိုင်ရင်တော့သိပ်ကောင်းတယ်၊ solar ပြားလေးတွေတအိမ်တခုတပ်ထားလိုက်ရင် မြန်မာနိုင်ငံလို အပူချိန်များတဲ့နိုင်ငံအဖို့ ok ဘဲ၊ နားလည်တဲ့သူရှိရင် အစိုးရစီအကြံပြုပေးစေချင်ပါတယ်။

pyaponthu said...

အစိုးရကတရုတ်ပြည်ကိုချမ်းသာပြီးရင်ချမ်းသာအောင်လုပ်ပေးနေတယ်။မြန်မာပြည်ကလျှပ်စစ်ကိုတရုတ်ကိုအလကားနီးနီးပေးပြီးတရုတ်ကထွက်တဲ့မီးစက်တွေကို ဈေးကြီးပေးပြီးဝယ်မယ်ဆိုတဲ့ဦးဏှောက်တော်တော်ကောင်းတယ်။ဆက်လုပ်ပါ ကချင်ပြည်တောမှာလည်းတရုတ်တွေလုပ်လို့ကုန်ပြီး။မြန်မာပြည်အနှံမှာလည်းတရုတ်တွေပါမစ်မလိုဗီဇာမလိုမြန်မာပြည်ကိုသိမ်းပြီး

san said...

မြန်မာနိုင်ငံမှာကိုယ်အတွက်ကိုယ်လုပ်နေရင်ဘာမှမဖြစ်ပါ။ဝန်ကြီနေရာကို
အင်ဂျင်နီယာတွေကိုပေးလိုက်ပါ(ကိုယ်ကျိုးမကြည့်သူ)။

gurugyi said...

ဆီဆေးက ကြီးတော့ စက်အလကားရတာတောင် လည်နိုင်ပါ့ မလား။ဘယ်နှစ်ရက်လည် မှာလဲ။တပတ်ထည်း လား။မလွယ်ဘူးထင်တယ်။ကြာရင်ခံနိုင်မှာမဟုတ်ဘူး။တရုတ်နဲ့ ထိုင်းကိုရောင်းထားတဲ့လျှပ် စစ်တွေဘဲပြန်ယူလိုက်ပေါ့။မရောင်းတော့ဘူးလို့ပြောလိုက်ပေါ့။

goldentiger.mhs said...

ကဲ..
အားလုံးကတိုက်တွန်းနေပါပြီ
ထွက်ပါတော့ဗျို့ဝိုင်းအော်ခံနေရတဲ့
ရဲရွာတုန်းကသူ့ကိုယ်သူကွင်းပိုင်ကြီးလို့ခံယူထားတဲ့
ပြည်သူ့အချစ်တုံးကြီး(အချစ်တွေတုံးလွန်းလို့)
ဘယ်လိုထွက်မလဲ
အရှင်ထွက်မလား
အသေထွက်မလား

Unknown said...

Unknown နွား ဦးနှောက်မရှိဘူးလား။ စာမဖတ်ဘူးလား။ မင်းအဖေဇော်မင်း
လျှပ်စစ်တွေပိုလို့ ကုန်အောင်သုံးမပေးနိုင်လို့ ဈေးကွက်စီးပွားရေးအရ
ရောင်းစားနေတယ်လို့ မင်းအဖေကိုယ်တိုင်ပြောတာ မသိလိုက်ဘူးလား။
2010ရွေးကောက်ပွဲမတိုင်ခင် ပေးလိုက်တဲ့မီးတွေ ပျက်တယ်မရှိဘူး။ အခုမဲရှုံးမှ မီးတွေခနခနပျက်တာ။ ရေအားလျှပ်စစ်တွေက ဘာလို့ရောင်းစားနေလဲ။ မြို့မီးလင်းရင် ရွာတွေရော လင်းအောင်လုပ်မပေးသင့်ဘူးလား ရွာကလူတွေက လူမဟုတ်လို့လား။
သူတို့ပေးခဲ့ဘူးလား။ ပိုတယ်ဆိုတာဘယ်မှာရှိလဲ။ မင်းအမေလင်ဝန်ကြီးတွေအိမ်က အဲယားကွန်တွေ အခြားစိမ်ခံပစ္စည်းတွေ မသုံးဘဲပိတ်ထားမယ် ငါတို့ပြည်သူတွေလို မီးအဖျတ်ခံမယ်ဆို မသုံးဘဲလျှော့မယ်ကွာ။ မင်းကရော ဘာအကျိုးရှိတာတွေ သုံးနေလဲကွ။

Min Min Zaw said...

ရန်ကုန်မြို့မှာရှိတဲ VIP ရပ်ကွက်က VIP အိမ်တွေမှာရော အလှည့်ကျမီးစနစ်ရှိရဲ့လားဆိုဆာကို MEDIA တွေက VIDEO မှတ်တမ်းတွေရိုက်ကူးပြီး တစ်တိုင်းပြည်လုံးကို LIVE လွှင့်ပြရင်ကောင်းမလားမသိဘူး။(အဲဒီရပ်ကွက် အဲဒီအိမ်တွေ ဘယ်အချိန် မီးပျက်လဲ ပြည်သူတွေသိချင်ကြမှာဘဲ)

Anonymous said...

ခွေးမသားဇော်မင်း မြစ်ဆုံစီမံကိန်း မှာ တရုတ် ကပေးစာ ကမ်းစာတွေ စပိုးနင့်အောင် စားထားပြီးတော့

yan yan said...

သက်ဆိုင်ရာလူကြီးတွေ....... မင်းတို့ရဲရွာက ( ဟိုဘက်ကမ်းကမီးထိန်ထိန် ဒီဘက်ကမ်းကမီးထိန်ထန် ) သတင်းစာကိုင်ရင်တောင် ဓါတ်လိုက်မှာတောင်ကြောက်ခဲ့ရတဲ့ လျှပ်စစ်ဓါတ်အားတွေ ဘယ်ကိုရောင်းစားလိုက်လဲ ။တာဘိုင်တွေ စုတ်ပျက်နေလို့ မလည်နိုင်ခဲ့ ရင် ဘယ်သူ့တာဝန်တုံး ။ တရုတ်ပြည်ကအစုတ်တွေလို့မပြောနဲ့ ။ အစုတ်မှန်းသိသိကြီး နဲ့ မင်းတို့အိတ်ထဲ ဒေါ်လာတွေ ထည့်ပြီး ဝေစုတွေခွဲလို့ သုံးဖြုန်းခဲ့ ကြတယ်မဟုတ်လား ။ ၀ယ်တာမှမကြာသေးဘူး ၊ မကောင်းဘူးဆိုရင် ၀ယ်တဲ့လူကို ဖမ်းဆီး တရားဆွဲဆို စစ်ဆေးကြပါလား ။ စစစ ၊ သတင်းတပ်ဖွဲ့ ၊ CID က ဒါမျိုးကြတော့ဘာလို့မစစ်တာတုံး ။ မီးမလာလို့ ပြည်သူများရဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရေးဆန္ဒ ထုတ်ဖော်တာကြတော့ မင်းတို့ကခေါ်ပြီး စစ်တယ် ။) မန္တလေးက ရဲရွာနားကပ်နေတာပါ...မီးမရတာတော့တော်တော်ရင်နာစရာကောင်းတယ်...အရှေ့တောင်အာရှရဲအကြီးဆုံး RCC ကြီးပါဆို...ကော်မရှင်ခတွေရပြီးတော့ ဘယ်သူမှဂရုမစိုက်ကြတော့ဘူး........ရဲရွာရ

ကောင်းစေချင်သူ said...

အစိုးရက..လျှပ်စစ်တွေပေးတာကတော့ဟုတ်ပါတယ်..ပြည်သူတွေက
တစ်ချို့ကိစ္စတွေကိုမသိဘူး..သူတို့လိုင်းမှမဟုတ်တာကို..ဘယ်ပစ္စည်းက
မီးအားဘယ်လောက်ဆွဲတယ်..ကုန်တယ်ဆိုတာမသိတော့ပလိုင်းပေါက်နဲ့ဖား
ကောက်သလိုဖြစ်နေမှာစိုးလို့အကြံပေးပါရစေ..အိမ်တစ်အိမ်ကိုပျှမ်းမျှဘယ်
လောက်သုံးသလဲ..ဆိုတာလေ့လာဖို့လိုအပ်သလို...လိုအပ်ချက်တွေ
အစားထိုးဖို့လဲလိုအပ်ပါတယ်..ဥပမာ...
အိမ်တစ်အိမ်မှာ..

(၁)တီဗီတစ်လုံး+ဒီဗီိဒီတစ်လုံး
(၂)မီးလုံး၊မီးချောင်းဘယ်နှစ်ခု
(၃)ရေခဲသေတ္တာ
(၄)အဲကွန်း
(၅)အ၀တ်လျှော်စက်
(၆)လျှပ်စစ်မီးဖို ဘယ်နှစ်ဖို
(၇)ရေစုတ်တဲ့pump
(၈)လျှပ်စစ်မီးပူ
(၉)ဆံပင်အခြောက်ခံစက်...hair dryer
(၁၀)ပန်ကာဘယ်နှစ်လုံး..
(၁၁)အသားကင်စက် oven
(၁၂)ထမင်းပေါင်းအိုး...rice cooker...
ဒါတွေကိုသုံးကြသလို..တစ်ခြားပစ္စည်းတွေလဲသုံးကြမှာပါ...ဥပမာ
လျှပ်စစ်မီးဖိုလိုမျိုးပစ္စည်းတွေကလျှပ်စစ်အားကို အများကြီးအသုံးပြုပါတယ်
ဒါကိုမှမသုံးရင်မီးသွေး၊ထင်းတွေကလည်းဈေးကကြီးသလိုရေရှည်မှာသုံးရင်
သစ်ပင်သစ်တောတွေပျက်စီးနိုင်ပါတယ်။ရာသီဥတုတွေလဲဖေါက်ပြန်တတ်
ပါတယ်...အဲဒီနေရာမှာ.gasကိုအစားထိုးလို့ရနိုင်မယ်ဆိုရင် လျှပ်စစ်
အသုံးပြုမှုနည်းသွားတဲ့အခါ...နိုင်နင်းအောင်ပေးဝေနိုင်မယ်ထင်ပါတယ်
ကျွန်တော်သိသလောက်အကြံပေးကြည့်တာပါခင်ဗျား.....

Unknown said...

နွေရာသီမှာ ရေနည်းတာ သဘာဝဘဲ.. သောင်းကျန်းသူတွေ မိုင်းခွဲဖျက်ဆီးတာ သူတို့အလုပ်ဘဲ.. ကောင်းအောင်လုပ်ပေးရမှာက တာဝန်တစ်ခုဘဲ .. အခုက မီဒီယာခေတ်ပါ .. ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ facebook , သတင်း ၊ ဂျာနယ် ၊ web site တွေမှာ ကြည်လို့ရတယ် ၊ အချင်းချင်းတွေ့ဆုံပြောဆိုတဲ့အခါမှာ သိလို့ရတယ် ၊ ကြားလို့ရတယ် .. ငါတို့နိုင်ငံက ဖွံ့ဖြိုးဆဲပါ .. အရာအားလုံး နောက်ကျနေတာ သိလျက်နဲ့ ဘာလို့ နောက်ကို ပြန်သွားချင်နေရတာလဲ .. ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အချိန်မှာ အဆင်မပြေမှုတွေ ၊ တိုက်ခိုက်မှုတွေ ရှိလာမှာဘဲ ၊ လက်ရှိ မီးပေးစနစ်က ရေအားနဲ့လေ.. ဒါကိုလူတိုင်းသိပါတယ် .. တခြားနည်းလမ်းနဲ့ ပေးလို့ရတယ်ဆိုတာလဲ အားလုံးနားလည်နေကြပြီဘဲ .. ဘာလို့ ဒုက္ခရှာချင်နေကြတာလဲ .. ဒါကိုအကြောင်းပြပြီး ၈၈၈၈ လို ပြန်ဖြစ်စေချင်နေတာလား .. စည်းကမ်းရှိကြပါ .. နားလည်ကြပါ .. ကိုယ် ဘာတွေလုပ်နေမိပြီလဲဆိုတာ ပြန်စဉ်းစားကြပါ .. လူတိုင်းမှာ အတ္တရှိနေကြတာဘဲ .. မီးမရလို့ အော်ကြတယ် .. သူတို့လဲ လတ်တလော အဆင်ပြေဆုံးဖြစ်အောင် လုပ်ပေးနေပြီဘဲ .. အရင်ကလည်း ဒီမီးဘဲသုံးခဲ့တာ .. မီးမရခဲ့တဲ့ ကျေးရွာတွေကို ကိုယ်ချင်းစာကြည့်ကြပါ .. ဒီစီမံကိန်းတွေ ပြီးလာပြီးမှ အရင်ထက်ပိုသုံးခဲ့ရတာတွေ ပြန်စဉ်းစားကြပါ .. ဖယောင်းတိုင်ထွန်း ၊ ဆီမီးခွက်ထွန်းဘဝကနေ လျှပ်စစ်မီးသုံးတဲ့ အခုအချိန်ရောက်လာခဲ့ကြပြီဘဲ ၊ ဘာလို့ ဖယောင်းတိုင် ပြန်ကိုင်ချင်ကြရတာလဲ … အခု ရေမရှိလို့ မီးမပေးနိုင်ဘူးဆိုရင် အားလုံးနားလည်ပေးပြီး လက်ခံထားရင် ဒီလို ဆန္ဒပြတာတွေ ဖြစ်လာမှာ မဟုတ်ဘူး .. လူတိုင်းလိုချင်တာဘဲ .. အချင်းချင်း ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်ကြရမယ့်အချိန်မှာ သွေးခွဲ သွေးထိုး သူများစကားနားယောင် ကိုယ်ကိုတိုင် ဘာမှန်းမသိဘဲ အခြေခံအကြောင်းအရာတွေ သေသေချာချာ နားလည်မှု မရှိ သံယောင်ဟစ် ကြတာကို အသိတရားရှိကြပါ .. အမျိုးသားရေးစိတ်ဓာတ်မရှိလို့မဟုတ်ဘူး .. ရဲရဲနီဘဲ .. ဒါပေမဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် ဆုံးဖြတ်ကြပါ … အမှန်တရားကို လက်ခံကြပါ .. မဟုတ်တာလုပ်တဲ့လူ သူ့အကျိုးပေးနဲ့သူ သွားလိမ့်မယ် .. ဒါဘဲပြောချင်တယ် .. အားလုံး ခေတ်ပညာသင်ခဲ့ဘူးတဲ့လူတွေဘဲ .. အသိစိတ်ရှိကြတဲ့လူတွေဘဲ … ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခရောက်အောင် မလုပ်ကြပါနဲ့ .. သူတစ်ပါးဆိုတာမှာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ် … သက်ဆိုင်သူ တာဝန်ရှိသူတွေကလည်း လာမဲ့နှစ်တွေ လုံလောက်အောင် အစီအစဉ်တွေ ချဘို့လဲ လိုပါတယ်.. အားလုံး ဝိုင်းဝန်း စဉ်းစားကြရမယ်..

Anonymous said...

ပြည်သူတွေကိုမီတာခတိုးတောင်းမယ်မကြံနဲ့နော်။
ထပ်ပြီးမပေးနိုင်တော့ဘူး။နင်တို့ရှုံးတာ
အာဏာရှင်တွေရဲ့အိမ်မိသားစုလုပ်ငန်းတွေစက်ရုံတွေက
အလွဲသုံးစားမီတာခမပေးပဲသုံးနေတာကို
ပြည်သူဆီကပိုကောက်တာမတ၇ားသဖြင့်လုပ်နေတာ
လျှပ်စစ်ဝန်ကြီးပြည်သူကိုထပ်ပြီးဂုတ်သွေးစုပ်မယ်ဆိုရင်
သားစဉ်မြေးဆက်လူတလုံးသူတလုံးမဖြစ်ပါစေနဲ့..
ပြည်သူရဲ့ကျိန်စာပဲ
သဘောပေါက်တယ်နော်

aye koko said...

ဒီဇယ်နဲ့မောင်းတဲ့စက်တွေ ၀ယ်ပြီးအသုံးပြုတာထက် gas နဲ့မောင်းတဲ့စက်တွေဝယ်တာကိုပိုသဘောကျတယ် ကိုယ့်နိုင်ငံမှာ gas တွေထွက်နေတာ ဈေးပေါပေါနဲ့ရောင်းစားနေပြီး သူများဆီက ဒီဇယ် ဈေးကြီးပေးဝယ်သုံးရမယ် ဆိုရင်တော့ သိပ်တွက်ချေမကိုက်လှဘူး ကိုယ့်နိုင်ငံကထွက်တဲ့ gas တွေကို တိုင်းပြည်အတွက် လိုသလောက်သုံးပြီး အမှန်တကယ်ပိုမှ ပြည်ပကိုရောင်းသင့်ပါတယ် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းလည်း ရှက်တတ်ရင် ပြည်သူကိုတောင်းပန်သင့်ပါပြီ လျှပ်စစ်တွေပိုနေလား လိုနေလား ဆိုတာ မြန်မာပြည်တင်မဟုတ်ပါဘူး ကမ္ဘာကပါသိနေပါပြီ

Tint Y said...

ဟိုငနွားဇော်မင်းဆိုတဲ့ ခွေးသူတောင်းစားက မွေးကတည်းက ရှက်ကြိုးမပါလောက်ဘူး...သောက်ခွက်က အပြောင်နဲ့ ပြောတယ် (မြန်မာပြည်မှာ မဂ္ဂါဝပ် 1500 ကိုကုန်အောင်မသုံးနိုင်ဘူး..အဲဒီတော့ ဈေးကွက်ရဲ့သဘောတရားအရ ပိုလျှံရင် ရောင်းစားရမှာပဲ) တဲ့..အဲဒီတော့ မင်းမိန်းမ၊သမီး၊ဆွေမျိုးေ တွရော ပိုလျှံနေတော့ မင်းပထွေးတရုတ်ကြီးဆီ ရောင်းစားပါလား၊၊၊၊

Panyailaynge said...

ဇော်မင်းဆိုတဲ့စောက်ရူး
ရှက်တတ်ရင်လဲသေစမ်း ထွက်ပါလားရာထူးက။
အပိုတွေပြောမနေနဲ့။
မယ်ဆိုင် တဖက်ကမ်းကမီးတွေထိန်ထိန်လင်းနေတာမြင်ခဲ့ရတယ်။
တာချီလိတ်က မယ်ဆိုင်ကနေဈေးကြီးကြီးနဲ့ဝယ်သုံးရလို့ ၂၄နာ၇ီမီးရတယ်။
ကျိုင်းတုံက စစ်တိုင်းတခုကလွဲရင်တမြို့လုံးမီးမရတာကြာနေပြီတဲ့ ဒေသခံတွေကပြောပြကျတယ်။
သူတို့က ရှမ်းလူမျိုးတွေ အနေအေးလို့ ဘာတခုမှမပြောပဲသီးခံကျတာလို့ပြောပြကျတယ်။
မယ်ဆိုင်ကနေ ချင်းမိုင်သွားတဲ့လမ်းမှာ ရွာတွေ ရွာတွေ မီးတွေလင်းနေတာ ။
အဲတာ မြန်မာက Gas တွေဝယ်ပြီး ထိုင်းကမီးလင်းနေတာ ။
ကိုယ်တိုင်းပြည်က ပြည်သူတွေကတော့ အမှောင်ထဲနေပြီး လူနေမှုကနိမ့်ကျနေရတယ်။
ရှိသမျှ တိုင်းပြည်ကို ရောင်းစားပြီးမင်းတို့ မိန်းမတွေချမ်းသာဖို့စိန်နားကပ် ၁ရံ သိန်း ၅၀၀၀-နီးပါးပန်ကျဖို့ ဒါပဲလုပ်နေတယ်။
ပြည်သူလူထုကတော့ ဆင်းရဲဒုက္ခရောက်နေရတယ်။
စက်မှုဇုန်တွေမီးမလင်းမှတော့ တိုင်းပြည်ဖွံဖြိုးတိုးတက်နိုင်မလားတွေးကျပါ

Unknown said...

ရဲရွာ သွားကြည့်တော့ ဝင်လို့မရဘူး ကြည့်ချင်လို့ပါပြောတော့လည်း...?
ဒုဌဝတီမြစ်ရေတေါလည်း တဖြေးဖြေးနဲ့ များလာပြီ မန်းမြို့သားတွေအားလုံးလည်း အင်ဂျင်စက်သံတညံညံနဲ့ လျှပ်စစ်မီးတွေရလို့ ရေဘးဒုက္ခလွတ်လာကြပြီ
ရဲရွာကြီး ဘာလုပ်နေတာလဲ ... အိပ်ပျော်နေပြီလား..?????????
အရှိကို အရှိအတိုင်းသာ ဖွင့်ပြောပါအတည်.... အဲဒီသီချင်းလိုဘဲ လျှပ်စစ်ထုတ်တဲ့ ဦးဦးရေ နားလည်ရှင်းလင်းပြီး ပွင့်လင်းမြင်သာတဲ့ အခြေအနေမှန်ကို ပြောလိုက်ပါတော့လား.......

Unknown said...

အချိန်နဲ့ အလှည့်ကျရတော့လဲ လူ့အလို နတ်မလိုက်နိုင် ဖြစ်နေသလိုဘဲနော်.
မိုးမင်းကြီးရယ် မြန်မြန်လာပါတော့ .... ကောလဟလ တကယ်လား မြွေကြီးတစ်ကောင် ဥဥ နေလို့ မိုးတားတယ်ဆိုတာ ဟုတ်လားဗျို့ ငါးရံ့မင်း ပရိတ်ရွတ်နေကြ လွန်ဆွဲနေကြတာလဲ မောလှပြီ ရွှေလီရယ် လာပါတော့ မန်းမြို့သားတွေ တမော့မော့..
ရွှေလီ မျှော်ရမှာလား ... ရဲရွာ မျှော်ရမှာလား...
ခွဲခွဲခြားခြား ပြောပြပေးပါ သက်ဆိုင်သူ ရှင်းပြပေးပါ ပြည်သူတွေကို ငဲ့ညာပေးပါ..

Unknown said...

ရွှေလီ-မန်စံ တာဝါတိုင် (၄) ခုလည်း ရာနှုန်းပြည့် ပြီြး့ပီ ကြားတယ် ... ဓာတ်အားလည်း လွှတ်တော့မယ် ကြားတယ် .... မီးတွေပိုရတော့မယ်ပေါ့ ...ချွေချွေတာတာလည်း သုံးကြဦးပေါ့ဗျာ ... မီးပြန်ပျက်သွားမှာ စိုးလို့ပါ .... ဘယ်အချိန်မှာ ဘယ်လိုအနှောင့်အယှက်တွေ ရှိလာမယ်ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ .... မီးပိုရတော့မယ်ဆိုရင် မန်းသားတွေ စိတ်ချမ်းသာကြမယ် ထင်ပါတယ် ... မျှော်နေပေါ့ဗျာ ...

Powered by Blogger.