ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး လုံခြုံရေးတပ်ဖွဲ့  များတွေ့ရသဖြင့် ပြည်သူများစိုးရိမ်းနေ

မေလ ၉ ရက်နေ့ ၂၀၁၂
 ယနေ့ ညနေ ၃း ၃၀ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရားလမ်း နှင့် တက္ကသိုလ်ရိပ်သာ

လမ်း မီးပွိုင့် မှ စပြီး အင်းလျှား မီးပွိုင့် အထိ ပေ -၄၀ ခန့် အကွာ တွင် ရဲ ၃ - ယောက် 
တပ်သား ၂ယောက် အရာရှိ ၁-ယောက် နေယူထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ် နှင့် မလှမ်း မကန်းတွင်လည်း  ရဲကား- ၃ -စီး ရပ်ထားသည်ကို မျက်မြင်တွေ့ရှိခဲ့သူ ဦးညွန့် ဝင်း က Myanmar News Now ကိုပြောပါသည်။  


အဆိုပါ လုံခြုံရေးတပ်ဖွဲ့ ဝင်များမှာ လက်နက်အပြည့် အစုံ တပ်ဆင်ထားပြီး မျက်ရည်ယိုပုံး ပစ်ခတ်နိုင်သည်လက်နက်ပါ တစ်ဖွဲ့လျှင် ရဲသားတစ်ယောက် ကိုင်ဆောင်ထားပါသည်။
 
လုံခြုံရေး တပ်ဖွဲ့ ဝင် အင်းအား ၅၀ ခန့်တွေ့ရှိသည်ဟု ဆိုပါသည်။
အကွာအဝေး တစ်နေရာလျှင် ၃ -ဦး ရှိပါပြီး  အင်းလျှား မီးပွိုင့် မှ လှည်းတန်းမီးပွိုင့် ကြား 
ရဲအစောင့်များ ကြဲသွားပါသည်။

 ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဖြင့် နေစဉ်ကာလတွင်လည်း ထိုကဲသို့ 
တွေ့ဖူးထားသဖြင့်  လမ်းအတွင်းသို့ ကားဖြတ်မောင်း သွားသော မိဘ
 ပြည်သူများမှာ စိုးရိမ်သောကများဖြစ်နေကြပါသည်။ လုံခြုံရေးရဲများ 
မိမိတာဝန် မိမိ ဆောင်ရွက်နေခြင်း မှန်ကန်သော်လည်း ၊ မိဘ ပြည်သူ
များမှာလည်း လွတ်လပ်စွာ စိတ်ပူနေခြင်းဖြစ်ပါကြောင်း ဦးညွန့် ဝင်း က
ဆက်လက်ပြောဆိုထားပါသည်။ 


ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ မှ ဖြတ်သွားတဲ့ ပြည်သူတဦးကလည်း လက်နက်အပြည်အစုံနဲ့ လုံခြုံရေးကားတွေ ဒေါ်အောင်ဆန်းစုကြည် 
အိမ်အနီးချထားတာတွေ့ တဲ့အတွက် စိုးရိမ်းကြီးစွာနဲ့ တယ်လီဖုန်းနဲ့ 
ဓါတ်ပုံရိုက်ပြီး Myanmar News Now ကိုပေးပို့ ထားပါသည်။
မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။

မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး လုံခြုံရေးတပ်ဖွဲ့  များတွေ့ရသဖြင့် ပြည်သူများစိုးရိမ်းနေ ဒေါ်အောင်ဆန်းစုကြည်  အိမ်အနီး လုံခြုံရေးတပ်ဖွဲ့  များတွေ့ရသဖြင့်  ပြည်သူများစိုးရိမ်းနေ Reviewed by သစ်ထူးလွင် on 05:34 Rating: 5

42 comments:

Unknown said...

ဘုရားဘုရား ဘယ်လိုအခြေအနေတွေကိုများ ဖန်တီးကြအုံးမလဲနော်......တမင်သက်သက်ကောက်ကျစ်စဉ်းလဲဖို့များ ကြံနေကြပြီလား နိုင်ငံတော်နဲ့ တို့ပြည်သူလူထုအတွက်တော့ မျက်ခုံးလှုပ်နေရပြန်ပြီ သမာဒေ၀ နတ်ကောင်းနတ်မြတ်တို့ကယ်မ စောင့်လျှောက်တော်မူကြပါ....မကောင်းသူတွေပယ်ပြီး ကောင်းသူတွေကို ကယ်တော်မူပေးကြပါ........။

တရုတ်ကြီး said...

ကိုရီးယား သမတ လာမှာမို့ လို့ ပါဗျာ။လုံခြုံရေး အပြည့် လုပ်ထားရပါတယ် ဒါနိုင်ငံတကာမှလဲဒီလိုပါပဲ။မဖွကြပါနဲ့ ...

ဖိုးသား said...

နောက်ကြောင်းတော့ မလှည့်တန်ကောင်းရာပါ .......... ဘုရား ဘုရား ဘာတွေများပါလိမ့် ဆက်စပ်သတင်းလေးအမြန်သိပါရစေ .........

အောင်သာယာ said...

လွှတ်တော်ကိုယ်စါးလှယ်တော်ကြီး အမေ့ လုံခြုံရေးအတွက်လါး မကြာခင်လါမဲ့ ကကြီးသမ္မတကြီးအတွက်လါး ဘါ့ကြောင့် ဘါ့အတွက် ပါလိမ့် သွားသတိ လါသတိ အားလုံးသတိ

Moepyae said...

အထူးသတင်း..
ရန်ကုန် မြို့ တော်ဝန် စည်ပင်အသိုင်းအဝိုင်းမှ သတင်းဖြစ်ပါတယ်.. မနေ့ညနေ မေ လ ၉ ရက်နေ့က သတင်းပါ..
ဒေါ်အောင်ဆန်းစုကြည် အခြေအနေမကောင်းဘူးဆိုတဲ့သတင်းဖြစ်ပါတယ်..
ဒါဟာ သူတို့  အာဏာပိုင် အသိုင်းအဝိုင်းက မကောင်းကြံစည်ထားတာမျိုး ဖြစ်နိုငပါတယ်..

Htat Aung said...

တောင်ကိုးရီယား သမတ ခရီးစဉ်အတွက် ရန်ကုန်တမြို့လုံးမှာ လုံခြုံရေးယူနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

ချစ်ဖူး said...

တော်တော် မိုက်ရိုင်းတဲ့ကောင်တွေပဲ

patrioticburmese said...

အဲဒါ တောင်ကိုရီယား သမ္မတ လာမှာမှို့ လုံခြုံရေး အပြည်နဲ့ လေ့ကျင့်နေတာပါ။ အတိတ်သမိုင်းက ဗုံးဖောက်ခွဲမူ့ အတွက် တောင်ကိုရီယား သမ္မတ ရဲ့ စိုးရိမ်မူ့ကို လျှော့ချ နိုင်ဖို့အတွက်ပါ။ စိတ်မပူကြပါနဲ။

BaNyar said...

စိုးရိမ်စရာဖြစ်အောင်လုပ်နေရင်...စိုးရိမ်တဲ့လူကစိုးရိမ်နေရတာမဆန်းပါဘူး...
အမေအတွက်..ဒီတခါ..ဘာဆိုဘာမှမဖြစ်နိုင်တော့ပါဘူး...ဒါပေမယ့်အဲလိုမြင်ကွင်းတွေကလူတွေအနေနဲ့တွေးတာ...မဆန်းတော့ပါဘူး...

Unknown said...

ဘာလုပ်တာလဲဟေ့... ဒီတခါဆိုရင်တော့သူသေကိုယ်သေပဲနော်
ပြည်သူတွေအားလုံးညီညွတ်ကြပါစေ

သျှင်ပညာပိ said...

တောင်ကိုရီးယား သံရုံးက အဲဒိလမ်းမပေါ်မှာပါ
သူတို့သမတ လာဖို့ရှိလို့ လုံခြုံရေး ကြိုယူပေးထားတာဖြစ်ဖို့များပါတယ် တစ်ခါဖြစ်ခဲ့ဖူးတော့ ပိုသတိ
ထားတာဖြစ်ပါလိမ့်မယ်

hoh said...

အမေစုအတွက် စိတ်ပူတာမှန်ပါတယ်။ ဒါပေမယ့် သတင်းရင်းမြစ်ကို သေချာသိမှ ပြောတာကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်ဘက်က မကောင်းဘူးလေ။ ကိုးရီးယာသမ္မတလာမှာမို့ ဆိုတာဖြစ်နိုင်ပါတယ်။

သျှင်ပညာပိ said...

တောင်ကိုရီးယား သံရုံးက အဲဒိလမ်းမပေါ်မှာပါ

PwaG said...

ဘာတွေဖွနေကြတာလည်း။ဘာမှပူမနေကြနဲ့၊ဘာမှမဖြစ်ဘူး၊ခောက်ပြောင်းေ်းနေပြီ။ အရင်လိုလုပ်ခြင်တိုင်းလုပ်လို့ရမယ်ထင်နေကြလား။

shingyi said...

တကယ်တော့လူထုခေါင်းဆောင်လို့အသိအမှတ်ထား၇င်
လုံခြုံေ၇းပေး၇မှာပါ။

sawkofan said...

လူတွေကလည်း အားအားရှိ အစိုးရနဲ. စစ်တပ်မကောင်းတာပြောဖို.ပဲသိကြတယ် ဟုတ်ပါတယ် ကိုးရီးယားသမ္မတ လာမှာမလို.ပါ

Robert said...

တောင်ကိုရီးယားသမတ အတွက် ချတဲ့လုံခြုံရေးပဲဖြစ်ပါစေဗျာ။

ဗိုလ်တေဇ said...

ကိုရီးယား သမတ လာမှာမို့ လို့ ပါဗျာ။လုံခြုံရေး အပြည့် လုပ်ထားရပါတယ် ဒါနိုင်ငံတကာမှလဲဒီလိုပါပဲ။မဖွကြပါနဲ့ ...

www.drnaywinaung.blogspot.com said...

တကယ်လို့ တောင်ကိုရီးယားသမ္မတအတွက်ဆိုလည်း ပြည်သူကို သတင်းစာရှင်းလင်းပွဲလုပ်သင့်တယ်..နောက်တစ်ခါ ကိုရီးယားသံရုံးမှာဖြစ်ဖြစ် ဘယ်လိုစီစဉ်ထားကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သင့်တာပေါ့..အခုဟာက ဘာမှန်းမသိ ညာမှန်းမသိ ပြည်သူကို စိတ်ဒုက္ခပေးတာ....ပွင့်လင်းမြင်သာမှုကို လက်ခံဖို့ အတွက် ဘာတွေကိုများ ကြောက်နေကြပါလိမ့်

tapaungthi said...

အမေစုအတွက် ၀ိုင်းဝန်းပြီးစိုးရိမ်နေကြတာပါ
ချစ်တဲ့သူအတွက် စိုးရိမ်မိတာမဆန်းပါဘူး..။
အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်..
ကိုယ်လဲစိုးရိမ်မိပေမဲ့ အပေါ်ကသူတွေပြောတာလည်းဟုတ်မှာပါပဲတွေးမိလို့
အနည်းငယ်စိတ်ပေါ့သွားပါတယ်။

kmwlinn said...

ခဏခဏကြုံရတော့ကြောက်နေပြီ

minsoeaung said...

အမေစုကမြန်မာပြသူအတွက်တန်ဘို့းမဖြတ်နိုင်တဲ့
ပြည်တန် ရတနာတစ်ပါးဖြစ်နေပါဘီ။ကမ္ဘာ့အတန်းဝင်
တစ်ဦးလည်ဖြစ်နေပါသည်လို့ ယူဆမိပါသည်။
လုံခြူံရေး ဒီထက်ပိုပေးသင့်သည်ဟုမြင်ပါသည်။
ကောင်းသောဆောင်ရွက်ချက်ကို သမ္မတကြီးစီစဉ်သည်
ဟု ယူဆမိပါသဖြင့် အားလုံးစိတ်အေးတော်မူရန် မိမိစိတ်
ကူးအားတင်ပြအပ်ပါသည်။

ဖြိုး said...

တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတ ဆက် (၁၇) နှစ် ဆက်မြောက် သမ္မတ Lee Myung-bak ဟာ မြန်မာပြည်ကို ယခုလ ဒုတိ ယအပတ် အတွင်းမှာ နှစ်ရက်ကြာ အလည်အပတ် ခရီးဖြင့် လာရောက် မယ်လို့ သိရပါတယ်။ အဲဒီသတင်းနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလေ့ကျင့်မှုပြုလုပ်နေတယ်လို့ ကြားရပါတယ်..။ လုံခြုံရေး ဘာကြောင့်ချထားသလဲ နဲနဲလေးစဉ်းစားပါ .. ပြီးမှ ပြောချင်တာပြောပါ အပေါ်ကမိတ်ဆွေများ

အဲဒီအဖြစ်အပျက်က တောင်ကိုရီးယားသမ္မတ တစ်ဦးဖြစ်သူ ချန်တူးဝမ် နောက်ဆုံးလာရောက်ခဲ့စဉ် ၁၉၈၃ အောက်တိုဘာ ၉ ရက်က မြောက်ကိုရီးယား ထောက်လှန်းရေးတပ်မှူးများက ချန်တူးဝန် လာရောက်ဂါရ၀ပြုမယ့် အာဇာနည်ဗိမာန်ကို ဗုံးဖောက်ခွဲခဲ့တဲ့ ဖြစ်စဉ်ကြီးကို ပြန်သတိရစေပါတယ်..။

အဲဒီဗုံးကွဲမှုကြောင့် တောင်ကိုရီးယားသမ္မတ ချန်တူးဝန် လွတ်မြောက်သွားပေမယ့် ၀န်ကြီးအဆင့်တွေအပါအ၀င် တောင်ကိုရီးယားနဲ့ မြန်မာ အစိုးရအဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြွင်းကျန်ရစ်တဲ့ အုတ်ဂူနဲ့ အရိုးပြာတွေ ပေါက်ကွဲမှုနဲ့ တစစီ လွင့်စင်ပျောက်ကွယ်သွားတာ ယနေ့အထိပါပဲ..။ ချက်ချင်းပဲ မဆလအစိုးရက မြောက်ကိုရီးယားကို သံတမန်အဆက်အသွယ်ဖြတ်လိုက်သလို တပ်မတော်ကလည်း ပင်လယ်ဝမှာစောင့်နေတဲ့ ရေငုပ်သင်္ဘောနဲ့ မြောက်ကိုရီးယားထောက်လှမ်းရေးတပ်မှုးတွေ ထွက်မပြေးခင် အသေခံ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့အတွက် ခလရ (၉၀) က စစ်သည်သုံးဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့တာ ဘယ်လိုမှမေ့မရတဲ့ဖြစ်စဉ်ပါ..။

ကျွန်တော်တို့ဗိုလ်ချုပ်ခမျာမှာ သေတာတောင်မှ အရိုးပြာတောင် သူတပါးလုပ်ကြံတာ ခံခဲ့ရပြီး ပျောက်ကွယ်ခဲ့ရတာပါ..။ ဒါကို ဘယ်လိုမှ မမေ့နိုင်သလို မြောက်ကိုရီးယားကိုလည်း ဘယ်တော့မှ အခဲမကျေပါဘူး..။

လွှတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့အချုပ်အခြာ ရန်ကုန် မြို့လည်ကောင်ကို တိုင်းတပါးစစ်တပ်က လက်နက်နဲ့ ဖောက်ခွဲသောင်းကျန်းခဲ့တဲ့ ပထမဆုံးနဲ့ နောက်ဆုံး ကျုးကျော်မှုပါ..။


မျိုးချစ်စိတ်ရှီကြောင်း ခဏခဏ မိန့်ခွန်းထဲထည့်ပြောတတ်တဲ့ ဦးသန်းရွှေခေတ်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ၊ သံတမန်အရ အဆက်အသွယ် ပြန်လည်ထူထောင်ပြီးနောက်ပိုင်း မြောက်ကိုရီးယား စစ်ဖက်ကျွမ်းကျင်သူပညာရှင်တွေ မြန်မာနိုင်ငံထဲမှာ ယနေ့အထိ အလုပ်လုပ်နေတာတွေရှိတယ်လို့ သတင်းတွေအရ သိရပါတယ်..။ (ဗိုလ်ချုပ်အရိုးပြာကို အိမ်သာတွင်းထဲ ပစ်ချလိုက်သလိုပါပဲ)
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကလည်း ယနေ့အချိန်အထိ တစ်ဖက်နဲ့တစ်ဖက် တင်းမာဆဲ ရန်ဘက်ဖြစ်နေဆဲပါပဲ..။


အခုလည်း ကျွန်တော်တို့ဟာ ဒါကို သင်ခန်းစာယူပြီး တောင်ကိုရီးယားသမ္မတက သီးခြားလာရောက်တွေ့ဆုံမယ့် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက် ၀ိုင်းဝန်းရပါမယ်..။ ဘာ့ကြောင်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တစ်ခုပဲ ဖြစ်ပါတယ်..။ အစိုးရကလည်း အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်သားတွေ ရာနဲ့ချီပြီး ပြင်ဆင်ထားပုံရပါတယ်..။
အခုတကြိမ် လာရောက်လည်ပတ်မယ့် တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်မှာကျွန်တော်တို့လူငယ်များ information ထူးခြားရင် အချင်းချင်း လက်ဆင့်ကမ်းကြဖို့နဲ့ တပ်လှန့်နိုင်ကြဖို့ အားလုံးကို တိုက်တွန်းပါတယ်..။

blessing said...

အမေ့အတွက် စိတ်ပူတယ်. အရာရာသတိထားပါအမေ. အမေ့လိုစိတ်ထားတွေမဟုတ်ဖူးဆိုတာ အမေသိထားစေချင်တယ်
ပြည်သူအတွက်မဟုတ်ဘဲ ကို့အတွက်ကိုကြည့်ကြတာအမေရဲ့.
အမေလည်းသိမှာပါလေ.ကိုရီးယားသံရုံးအတွက်လုံခြုံရေးပဲဖြစ်ပါစေ
အမေ့ကိုအန္တရာယ်ပေးမဲ့အရာမဟုတ်ပါစေနဲ့လို့ဆုတောင်းပေးတယ်အမေ.
အမေ့ကိုချစ်တယ်

ko said...

အော် ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်လာတုန်းက မြောက်ကိုရီးယားက ဗုံးခွဲတိုက်ခိုက်လို့ ဒီတစ်ခါလည်း အဲ့လိုမဖြစ်အောင် လေ့ကျင့်နေတာပါဗျာ တစ်ခုခုဆို အဲ့လိုပဲ နောက်ကြောင်းပြန်လည့်အောင်လုပ်နေကြသလိုပဲ ဒေါ်စုအနောက်မှာ အမေရိကန် ဗြိတိန် ကုလသမ္မဂ ဒါတွေရှိနေတာပဲ လုပ်ချင်ရင် ဒီပဲယင်းကတည်းက လုပ်ပြီးပြီပေါ့ သူတို့မလုပ်ရဲလို့မလုပ်ကြတာပေါ့ သူ့ကိုဖမ်းထားချင်မှာတော့ ဒီလိုတောင် လွှတ်မနေဘူး သူ့ကိုမလွှတ်ရင် နိုင်ငံတကာက လက်မခံတာအများအသိကြီးကို ပြီးတော့ တောင်ကို၇ီးယားသမ္မတက ဒေါ်စုကို လာတွေ့အုံးမှာလေ အဲ့တော့ သူ့အိမ်နားလာလေ့ကျင့်တော့ရော ဘာဖြစ်မှာလဲဗျာ လိုတာထက်မပိုစေနဲ့ပေါ့ဗျာ

Unknown said...

ွှ ဤအထက်ပါComment များကိုဖတ်ခြင်းဖြင့်ကျွန်တော်တို့မြန်မာ များ၏မှန်မှန်ကန်ကန်ဆင်ခြင်တွေးတေားနိုင်မှုစွမ်းရည်မည်မျှသော ရာခိုင်နုန်းရှီသည်ကိုနိုင်ငံတကာမှသိသွားမှာစိုးရိမ်စရာ။

zaw zaw aung said...

ဤအထက်ပါComment များကိုဖတ်ခြင်းဖြင့်ကျွန်တော်တို့မြန်မာ များ၏မှန်မှန်ကန်ကန်ဆင်ခြင်တွေးတေားနိုင်မှုစွမ်းရည်မည်မျှသော ရာခိုင်နုန်းရှီသည်ကိုနိုင်ငံတကာမှသိသွားမှာစိုးရိမ်စရာ။

ko htuite said...

လုံခြုံရေးယူပါတယ်ဆိုမှ သတင်းစာရှင်းလင်းပါလြုပ်ရအုံးမလားဟ။ စဉ်းစားကြည့်ပါအုံး။ လုံခြုံရေးယူတာသူတို့တာဝန်အရယူတာပါ။ စိုးရိမ်စိတ်တွေသိပ်များရင်...အမှားပေါင်းများစွာနဲ့ကြုံတွေ့ရတတ်တယ်။ သေချာမသိရင်မဖွကြပါနဲ့...ဘာကြောင့်လုံခြုံရေးချပေးထားတယ်ဆိုတာစဉ်းစားကြည့်ရင်သိပါတယ်....နှစ်ဦးနှစ်ဖက်အတွက်ဆိုတာသိသာပါတယ်....။ မဖွကြပါနဲ့ဗျာ....စိုးရိမ်တာကိုကျေးဇူးတင်ပါတယ်..မလိုလားအပ်တာကိုတော့မစိုးရိမ်စေချင်ဘူး.......

nandar said...

မဖွစေချင်ရင် ပြည်သူတွေကိုအရင်အသိပေးပေါ့။ သူများနိုင်ငံတွေမှာ ဘာလုပ်လုပ်အရင် ဆုံးပြည်သူကိုအသိအေးတယ်။ အစိုးရပိုင်တဲ့ဈေးပြင်မှာတောင် သေချာနေရာသစ်စီစဉ်ပေးပြီးမှ ပြင်တာ။ အခုဟာက လူတွေတမျိုးထင်စေနိုင်တာကိုပိုပြီးဂရုတစိုက်သတင်းထုန်ပြန်ပြီမှလုပ်သင့်တာလေ။ ဟုတ်ဘူးလား။

win said...

comment ကိုပဲရေးရမှာလား အပေါ်က လူတွေနဲ့ငြင်းရင်ကောင်းမလား

Anonymous said...

ဒီတခါဖြစ်ရင်မလွယ်ဘူးမှတ်ပါ။သွေးချောင်းစီးလေ့မယ်။သူသေကိုယ်သေပဲ့ကွ။
ငါတို့ပြည်သူရဲ့ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ့။အမေစုဟာငါတို့အသက်ပဲ့ကွ။

Joe Black said...

VIP ခရီးစဉ်လုံခြုံရေးကို ဘယ်နိုင်ငံကများ ကြိုတင်သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး လုံခြုံရေးချတာမြင်ဘူးလို့လဲဗျာ... အဲလို ကြိုတင်အသိပေးရင် လုပ်ကြံချင်တဲ့သူတွေအတွက် အရမ်းကို လွယ်ကူသွားမှာပေါ့.. နည်းနည်းစဉ်းစားကြည့်ပါဦး nandar.

Unknown said...

သမ္မတကြီးကတော့ရှေ.ကနေတောင်ပြောမြောက်ပြော။စစ်ခေါင်းဆောင်အုပ်စုကတော့တောင်လုပ်မြောက်လုပ်။
ပြည်သူတွေကတော့တောင်ဖြစ်မြောက်ဖြစ်။
ဒီကြားထဲနွားကြီးတစ်ကောင်ကထအော်လိုက်သေး။
ဝဋ်ဘဲတဲ့။...............အားလုံးအမြင်မှန်မြန်မြန်ရကြပါစေ။

maungmin said...

လူတွေ လူတွေ သူတို့ဖြစ်ချင်တာပဲသိကြတယ်.. ငါလဲပါတယ်...

kay kay said...

စိတ်ပူတယ် အမေစုကို
ဘာမှ မဖြစ်ရင် အကောင်းဆုံးပေါ့

Anonymous said...

ဘယ်ဘက်ကပဲဖြစ်ဖြစ် မြန်မာတွေပါပဲ..အားလုံး အချင်းချင်း အကောင်းမြင်ဝဒါတွေနဲ့ပဲ ရှေ့ခရီးကို ဆက်စေချင်ပါတယ်ဗျာ။။တိုက်ခိုက်တာတွေ၊စကားများတာတွေ အတိတ်မှာ ကျန်ခဲ့သင့်ပြီးလို့ ထင်ပါတယ်။အားလုံး

naymintin said...

ကိုရီးယားသမတလာမှာဖြစ်လို့ကြိုတင်လုံခြုံရေးယူတာဖြစ်မှာပါ။

shein said...

တို့နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နယ်မြေရှင်းလင်းရေး နဲ့ နယ်မြေလုံခြုံရေးကို ကွဲပြားအောင် မဆောင်ရွက်တတ်ဘူး
အရင်စစ်အစိုးရရဲ့ ပြည်သူတွေကိုထိတ်လန့်အောင် အမြဲလုပ်တတ်တဲ့စရိုက်က အခုထိမပျောက်သေးဘူး

paukkyaw said...

အော် ဒုက္ခ ......

mgoarpekyal said...

အင်း တယ်လဲခက်တဲလူတွေပါလား VIPခရီးစဉ်ရှိရင် ဘယ်နိုင်ငံမှာမှသတင်းစာရှင်လင်းပွဲ မလုပ်ဘူး ၁၉၈၃။အောက်တိုဘာ ၉ ရက်နေ. အာဇာနည်ဗိမာန် ပေါက်ကွဲဖြစ်စဉ်ကိုလဲပြန်လေ.လာသင်.ပါတယ်။ အဲ.ဒီ.တုန်းကတောင်ကိုရီးယားသမ္မတချန်ဒူးဝှန်နဲ.မြန်မာကိုလာလုပ်ကြံကျတာမြောက်ကိုရီးယားက ဇင်ဘိုတို.။ ကင်မင်ချုးတို.လေကွာကိုယ်.လူမျိုးတွေတော်တော်များများက စဉ်းစားညာဏ်တွေ နဲတာကတော.တော်တော်ရှက်ဖို.ကောင်းပါတယ် ၊ တောင်ကိုရီးယားသမ္မတလာလို.ပါကွာ

Anonymous said...

မျှမျှတတပဲ တွေးပေးဖို့ ခေတ်ရောက်နေပါပြီ.....
သမိုင်းကြောင်းနောက်ခံကြောင့်လဲ... အခုလဲဒီလိုပဲလို့ မထင်ကြပါနဲ့...
အမေစု သမ္မတဖြစ်လဲ လုပ်ခြုံရေးလုပ်ရင် ဒီရဲနဲ့ပါပဲ... နိုင်ငံတော် ကာကွယ်ရေးအတွက်ဆိုလဲ ဒီစစ်တပ်နဲ့ပါပဲ... အမေစုဘေးနား ရဲတွေ ကားယားကားယား လုပ်နေတာနဲ့... စစ်သား သေနတ် တကားကား လုပ်နေတာနဲ့တင် ဖမ်းဆီးတော့မယ်ထင်ပြီး... စိုးရိမ်ကြီးမနေပါနဲ့...
အရာရာကို အကုန်မြင်နိုင်အောင်ကြည့်ပြီးမှ စိုးရိမ်ပါ..... ဝေဖန် သုံးသပ်ပါ.... အဲဒါမှမရရင်.... အိမ်က မယားဘေးနား လင်ဘေးနားသာ ခွေအိပ်နေမဲ့အစား အမေစုနားသာ လာစောင့်ကြည့်ပြီး လုံခြုံရေးလုပ်ကြတော့.... စစ်တပ်နဲ့ ရဲကို ဖျက်သိမ်းပေပြီး ကျွန်တော်တို့သာ ဒီတာဝန်ကို ထမ်းဆောင်ပါမယ်လို့ လွှတ်တော်ကို တရားဝင်တင်ခိုင်းကြလိုက်တော့.... (တစ်တိုင်းပြည်လုံးကချစ်တဲ့ ဗိုလ်ချုပ်တောင် ၀မ်းလျှောပြီးသေတာမဟုတ်ဘူး...အဲဒါသာဓကပဲ)

Anonymous said...

လုံခြုံရေး အဆင့်အတန်းဘယ်နှစ်မျိုးဆိုတာလဲ နားမလည်.... လုံခြုံရေး ကျိုးပေါက်မှုဆိုတာလဲ နဏန်းတစ်လုံးမှမသိတဲ့သူတွေကလဲ... လုံခြုံရေး လုပ်တာဆို ပြည်သူလူထုကို ချပြခိုင်းနေသေးတယ်...နိုင်ငံခြားမှာလဲ ဒီလိုပဲတဲ့.... ပြောရင်လဲ ရိုင်းရာကျအုံးမယ်....သောက်ရူးတွေ.... အိမ်ကအမေလင် သမ္မတဖြစ်မှ အဲဒီအကြံကိုပေးလိုက်ကြ... ချန်တူးဝမ်လို ဖြစ်ရင် ဒီသောက်ရူးတွေ ဘယ်လိုဝေဖန်အုံးမလဲမသိဘူး... တော်သေးတာပေါ့ အိမ်ကမယားနဲ့ လင်နဲ့ အတူတူအိပ်ခဲ့ရင်တောင် ရပ်ကွက်ထဲ သတင်းချပြနေကြလားမသိဘူး....

Powered by Blogger.