သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။

အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊ တွဲဘက်အတွင်းရေးမှုး အဖြစ် ပောာင်ကောင် စီးတီးယူနီဗာစတီမှ ဒေါက်တာကျော်ရင်လှိုင်တို့အားလည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် MyanmarEgress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ ဥပဒေပညာရှင် ဦးသီဟန်မျိုးဥာဏ်၊ ဒိုင်းမွန်းစတား ကုမ္မဏီ ပိုင်ရှင် ဦးကိုကိုကြီး၊ KMD ဦးသောင်းတင်၊ဦးမိုးကျော် (MMRD)၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးသန်းလွင်(ကမ္ဘောဇဘဏ် -ဒုတိယဥက္ကဋ္ဌ)၊ ဦးခင်မောင်အေး (CB Bank) နဲ့ ပါမောက္ခ ဦးအောင်ထွန်းသက်တို့ ပါဝင်ကြောင်း သိရပါတယ်။

အကြံပေးကောင်စီ ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေငြာခြင်း မပြုရသေး ပေမယ့် နိုင်ငံတော် သမ္မတနဲ့ အကြံပေးအဖွဲ့ဝင်တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသည့် အပြင်၊ အကြံပေး အဖွဲ့ဝင် တစ်ချို့ဟာလည်း အကြံပေးကောင်စီနဲ့ သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အကြံပေးကောင်စီကို တရားဝင် ဖွဲ့စည်းကြောင်း အမိန့်စာ ထုတ်ပြန်တဲ့ အခါမှာတော့ လက်ရှိ လျာထား စာရင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်ဦးရေဟာ လျော့သွားနိုင်တာ ရှိသလို၊ တိုးလာနိုင်တာလည်း ရှိကြောင်း ယင်းအကြံပေး အဖွဲ့လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
RFA-Burmese
သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင် သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင် Reviewed by သစ်ထူးလွင် on 06:29 Rating: 5

61 comments:

kowin said...

လုပ်လိုက်ပြန်ပြီးနောက်တမျိုး......ဘာတွေဆက်ဖြစ်မလဲဆိုတာတော့....ရုပ်ရှင်ထဲကလို.......မျှော်..........

Ko Nyo Khant ( Mdy university.) said...

ပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အကြံပေးကောင်စီဖွဲ့စည်းတာကိုကြိုဆိုပါ တယ် နိုင်ငံတော်အတွက် လူမှုရေး၊စီးပွားပညာရှင်တွေပါဝင်ဖွဲ့စည်းထားတာ ကိုက အမြော်အမြင်ရှိရှိလုပ်ဆောင်သွားတာကိုသိသာပါတယ် ကောင်စီဝင်များ အနေနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်

COBRA said...

သမ္မတကြီး အားအကြံပြုချက် ..
ထိုင်းေ၇ာင်းတဲ. ဓါတ်ငွေ. ၂၀% အား လျှော.ချပြီး နောက်ဆောက်မယ်.
ဓါတ်ငွေ.သုံးလျှပ်စစ်ဓါတ်အားစက်၇ုံတွေနဲ. ၊
မီးဖိုချောင်သုံး ဓါတ်ငွေ.ရည်စက်၇ုံတွေမှာ
သုံးစွဲသင်.ပါတယ် ။

genius said...

သမ္မတကြီး ....... အကြီးအကဲဆိုတာ ....
(၁) အင်အား ရှိရမယ် ၊
(၂) နူးညံ.သိမ်မွေ.ရမယ် ၊
(၃) သနားကြင်နာ တတ်ရမယ် ၊ .....
... ဆို တဲ. မြတ်စွာဘုရား မိန်.ခဲ.တာကို သမ္မတကြီး လည်းသိမှာပါ။
ယခုဆန္ဒပြ လုပ်သားတွေ ကသက်သက်ဆူနေတာလား ၊ တကယ် မလောက်ငှ လို.လား ၊ ... သမ္မတကြီး ဆုံးဖြတ်ပါ ၊
... ပြီးရင် အကြီးအကဲတယောက်ရဲ. သနားကြင်နာမှုကို ...
ပြသပါလို. အကြံ ပြုပါတယ် ။

Anonymous said...

မင်္ဂလာသတင်းပါပဲ မှန်ကန်တဲ့လုပ်ဆောင်မှု့ပါ လူတစ်ယောက်ဟာ တကယ်တမ်း ဘက်စုံထူးချွန် ကျွမ်းကျင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
ကိုယ်ကျွမ်းကျင်လိမ္မာရာကို လုပ်ကြပါမှ တိုးတက်အောင်မြင်နိုင်ပါတယ်
ပြည်သူလူထုက တပ်မတော်သားတွေကို မုန်းလို့ဝေဖန်ပြစ်တင်နေကြတာ
မဟုတ်ပါဘူး နိုင်ငံကာကွယ်ရေးအတွက်အရေးကြီးပြီး မရှိမဖြစ်လိုအပ်ပါတယ် ကိုယ်မကျွမ်းကျင်တာကို တာဝန်ယူလုပ်ခဲ့ကြတာ နှစ်ပေါင်း၅၀ ကျော်အတွင်း
တိုင်းပြည်အဖက်ဖက်က ဆုတ်ယုတ်နစ်နာခဲ့တာ ဘယ်သူငြင်းနိုင်မလဲ
အတ္တတွေဖြုတ်ကြပါ စိတ်ထားတွေပြင်ကြပါ မြန်မာတွေမညံ့ဘူးဆိုတာ
ကျွန်တော်တို့ ကမ္ဘာကို လက်တွေ့ပြကြရအောင်

Myo1 said...

အဲဒီကောင်စီမှာ ဦးကိုကိုလှိုင် ကိုတော့မထည့်လိုက်ပါနဲ့  ခင်ဗျား...တောင်းပန်ပါတယ်..

lionking said...

ကောင်းသတင်းတွေပဲ ကြားချင်ပါတယ် ကောင်းတာတွေ လုပ်လို့ ကောင်းရာကောင်းကြောင်းဖြစ်ကြပါစေ ဦးသိန်းစိန်လဲ မချောင်ဘူးနော် တပ်ပျက်နဲ့ကြုံရလေတယ်

thawmyoh said...

ဘက်မလိုက် ကိုယ်ကျိုးမကြည့် လူကြီးညိုငြင်မှာ မကြောက်ပဲ ပြောသင့်, အကြံပေးသင့်တာတွေ ကို ရဲရဲဝံ့ဝံ့ ဘယ်သူ့ မျက်နှာမ, မထောက် တိုင်းပြည်နဲ့  ပြည်သူရဲ့  အကျိုးကို ဦးစားပေး တဲ့ ကောင်စီကြီးဖြစ်ပါစေ

ဆုလာဘ် said...

အ၇ည်အချင်း၇ှိတဲ့ လူတွေနဲ့ဖွဲစည်းတာကိုတော့ကြိုဆိုပါတယ် အာဏာ၇ှင်တွေ မပါ၇င်တော့ အကောင်းဆုးံပေါ့ တိုင်ပြည်တိုးတက်ဖို့ကို ဦးစားပေးစဉ်းစားတဲ့လူမျိုးကိုပါဝင်သင့်ပါတယ်

Myanmar said...

သမ္မတကြီး၇ဲ့ ပြည့်သူ့အသံပေါ်တုံ့ပြန်ချက်ကတော့ မှန်ကန်မြန်ဆန်ပြီး လေးစားဘွယ် ပြုပြင်ပြောင်းလဲမှုပါဘဲ။ ယုံကြည်လေးစားထိုက်သူတွေအများစုနဲ့ ပြောင်းလဲဖွဲ့စည်းလိုက်တာကို အထူးဘဲဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ မြန်မာပြည် အမြန်တိုးတက်ပြောင်းလဲနိုင်ပါစေသော်....

tharzaw said...

ကိုကိုလှိုင်လို ကြာခိုသမားတွေ/အခြောင်သမားတွေကြောင့် အသစ်ဖွဲ့စည်းဖို့
လိုတာပေါ့။ သမ္မတအကြံပေးအဖွဲ့ဆိုတာ အစိုးရတစ်ရပ်လုံးနဲ့ဆိုင်ပြီး
အင်မတန်တော်/တတ်/သိတဲ့သူတွေပါရှိဖို့ အင်မတန်အရေးကြီးတယ်လေ။
ဒါမှလည်း တိုင်းပြည်အတွက် လွဲမှားတဲ့အကြံတွေ/ပျက်ဆီးဆုတ်ယုတ်စေမယ့်
အကြံတွေမပေးနိုင်မှာအမှန်ပဲ။ (အဲတစ်ခုလိုသွားတယ် တော်/တတ်/သိ
ရုံတင်မဟုတ်ဘူး စိတ်ရင်းစေတနာကောင်းရှိတဲ့သူတွေဖြစ်ဖို့လည်းလိုတယ်။)
အစိုးရတစ်ရပ်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုတယ်မဟုတ်လား။
ဒါကြောင့် လူရွေးမမှားဖို့ အင်မတန်အရေးကြီးပါကြောင်း .... ။

GuGu said...

အရမ်းကောင်းပါတယ်....လျှပ်စစ်မီးလိုတော့ မဖြစ်စေခြင်ပါ...မျှော်လင့်ချက်တွေပေးပြီး ဝေး..ဝေး..သွားလို့ပါ...

MK said...

ကိုကိုလှိုင် နဲ့ ဒေါက်တာ(အတု)နေဇင်လတ် မယားကြောက် မပါတာ အလွန်ကောင်းပါကြောင်း

MK said...

ကိုကိုလှိုင် နဲ့ ဒေါက်တာ(အတု)နေဇင်လတ် မယားကြောက် မပါတာ အလွန်ကောင်းပါကြောင်း

Anonymous said...

သမ္မတအကြံပေးကောင်စီမှာပညာရှင်တွေပါတာကိုကြိုဆိုပါတယ်။
စီးပွာရေးသမားတွေပါတာကတော့မသင့်လျော်ပါ။
အနည်းဆုံးတော့အတွင်းစည်းကသတင်းအချက်အလက်တွေကို
ကြိုတင်ရယူပြီးသူတို့ ကိုယ်ကျိုးအသုံးချတတ်လွန်းလို့ ပါ။
အဲဒိလူမျိုးတွေဟာ အစိုးရသစ်ရဲ့ CRONY အသစ်တွေ
ဖြစ်လာပါလိမ့်ဦးမယ်။ထပ်မမှားစေချင်ပါ။
အသစ်တစ်ခုလုပ်လိုက်၊ပြန်ပြင်လိုက်၊သံသရာများ
အဆုံးသတ်မှတိုင်းပြည်ရှေ့ ကိုအမြန်ရွေ့ ပါလိမ္မယ်။

မိုးကြိုး မုန်တိုင်း said...

ကြိုဆိုပါတယ်... ကိုကိုလှိုင်သာမပါနဲ့.... ကိုကိုလှိုင်ဆိုတဲ့ စုန်းပြူးပါရင်အကြံပေးကောင်စီလည်း တာရှည်ထောက်ခံမှုမရနိုင်ဘူး... ပညာရှင်တွေနဲ့ပဲ ဖွဲ့တာကောင်းတယ် .... ခုသိရသလောက်ပါတဲ့အဖွဲ့ဝင်တွေက လက်ခံနိုင်ပါတယ်...သဘောလည်းကြပါတယ်... အားလုံးသာ ညှိနိုင်းလုပ်ကြပါ.. တိုင်းပြည်ကောင်းရာကောင်းကြိုးတကယ်လိုလိုလားလားလုပ်ကြပါ... ကျွန်တော်တို့ ခေတ်မှာ မပြောင်းလဲနိုင်သေးပေမယ့်.. အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့တွေ လုပ်ကိုလုပ်ခဲ့ရမှာပါ

ကိုမြိတ်မောင် said...

ကိုကိုလှိုင်မပါတာအကောင်းဆုံးပါဘဲ့ အကြံပေးအဖွဲ့မှာ ပညာရှင်တွေနည်းနေသေးတယ်လို့ထင်တယ် တစ်နိုင်ငံလုံးကို အစဉ်တစိုက်ကြည့်ရှုပြီး သမ္မတကြီးကိုအကြံပေးရမယ်ဆိုတော့ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာပညာရှင်တွေကို ပြန်လည်ခေါ်ယူုူပြီး အကူအညီပေးစေလိုပါတယ်၊ သမ္မတကြီးခင်ဗျားအကြံပေးအဖွဲ့ကို ပြန်လည်ပြင်ဆင်လိုက်တာ အကောင်းဆုံးပါဘဲ့ ပြည်သူများကလဲကြိုဆိုပါတယ်ခင်ဗျား။

ကိုမြိတ်မောင် said...

ကိုကိုလှိုင်မပါတာအကောင်းဆုံးပါဘဲ့ အကြံပေးအဖွဲ့မှာ ပညာရှင်တွေနည်းနေသေးတယ်လို့ထင်တယ် တစ်နိုင်ငံလုံးကို အစဉ်တစိုက်ကြည့်ရှုပြီး သမ္မတကြီးကိုအကြံပေးရမယ်ဆိုတော့ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာပညာရှင်တွေကို ပြန်လည်ခေါ်ယူုူပြီး အကူအညီပေးစေလိုပါတယ်၊ သမ္မတကြီးခင်ဗျားအကြံပေးအဖွဲ့ကို ပြန်လည်ပြင်ဆင်လိုက်တာ အကောင်းဆုံးပါဘဲ့ ပြည်သူများကလဲကြိုဆိုပါတယ်ခင်ဗျား။

Zamitherlay said...

ဦးကိုကိုလှိုင်ပါသင့်ပါတယ်။ ဒီပွဲမှာလေ။ သူ့ ကိုသူများစည်းဝေးပြိးရင် အမှိုက် လိုက်သိမ်းရမယ်နေရာမှာထည့်၊ ပြိးတော့အဲဒီအမှိုက်တွေကို နာဂစ်ဒေသတွေမှာ သွားပစ်ခိုင်။ လာစားတဲ့ငါးတွေကို ဖမ်းခိုင်။ ပြီးရင် အဲဒီငါးတွေကို သူ့ မိသားစုတစုတည်းသား စားခိုင်း။ အဲဒါဆို သူ့ ရေးဆွဲထားတဲ့ အကြံပေးစာတမ်းတွေဟာ ပိုအောင်မြင်လာမှာပါ။ အားကိုးထိုက်တဲ့ အကြံပေးကောင်းချီးရယ်

St.blabla said...

အကြံပေးများက ပေးသော advise ကို သမတမှ ပေါင်းစည်းမှုပြု၍ scope ကိုသတ်မှတ်၊ objective ကိုချပေး၊

information ကို collect လုပ်ခိုင်း၊ planရေးဆွဲ၊ day to day လုပ်ငန်းအကောင်အထည်ဖေါ်မယ့်ြ­ပည်ထောင်စု/ ဒေသ ဝန်ကြီးဌာန တွေကိုရွေးြ­ပီး decentralized execution နဲ့တာဝန်ပေး။ Time line တော့လိုအပ် ပါမည်။
ဝန်ကြီးဌာနတွေကလည်း အောက် က DG, MD level တွေ ကို decentralized execution အြ­ပည့်အဝပေး ။
Note( minister, DG, MD တွေ လုပ် နိုင်ပါ့မလား။ decentralized execution က သူတို့ နဲ့တော်တော် အလှန်းဝေးနြေ­ပီ)
အမှန်တကယ်ရိုးသားသူများလိုနေပြါ­ပီ လက်ရှိဝန်ကြီးများနှင့် မြ­ဖစ်နိုင်ပါ။ ဒီနေ့ အထိညာနေ တာကို သမတ ကြီးသိမည်ဟုထင်ပါသည်။ မုသားမပါလင်္ကာမချော တော့မှန်ပါသည်၊ လင်္ကာချောအောင်လုပ်နေသည်ကများနေပါသည်။ ဆိုလိုသည်က မိမိကို အထက်မှ impression ကောင်းစေရန်သာလုပ် နေသောအကျင့်ကိုဆိုလိုပါသည်။
အမှန်တကယ်လုပ်ငန်းအောင်ြ­မင်ရန်လိုနေပါသည်။
ထို့ကြောင့် လူမှန်နေရာမှန်ဟု ဆိုပါသည်။ မဆလ ခေတ်က ဦးနေဝင်းြေ­ပာခဲ့သလို လူကောင်းလူတော် လိုသလို + လူတော်လူကောင်း လည်း အားလုံးလိုပါသည်။ ယခု day to day အပိုင်းတွင် လူတော်များရှိပါသည်။ သို့သော် လူညစ်များ၊ များ ပါသည်။
reform ကို ဌာနအလိုက်လိုအပ်သော စက်ယန္တယားများ၊ ပစ္စည်းများ ဝယ်ယြုံ­ဖင့် မြ­ပီးပါ။

moethout said...

ကောင်းတာတွေချည်းဆက်ဖြစ်လာမှာပါ။ဘာလို့လဲဆိုတော့ဒို့သမ္မတကြီးကကွန်မန်းဂေ၇ာင်းကိုဦးဆောင်နေပြီးအခုလူတွေကလဲမဟာအိုင်ဒီယိုလော်ဂျီတွေဘဲလေ။ဒို့ဘဲဘေးထိုင်ဘိုင်ပြောဖို့ကျန်နေတာ။ဟဲဟဲ

myatlwin said...

မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်တွေ အများကြီးပါ။ တပ်မတော်သားတွေကနေရာတကာ ရာထူးယူပြီးတော့ စီမံခန့်ခွဲမှတော့ တိုင်းပြည်တိုးတက်ဘို့ဆိုတာ ဝေးပါသေးတယ်။ မျောက်ကို ပန်းပု ထုခိုင်း သလိုဖြစ်နေမှာဘဲ။ စစ်သား က စစ်သား အလုပ်ဘဲ လုပ်ပါ။ ကိုယ်ကျွမ်းကျင်လိမ္မာရာကို လုပ်ကြပါ။ပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အကြံပေးကောင်စီဖွဲ့စည်းတာကိုကြိုဆိုပါ တယ်။ သမ္မတကြီး အနေနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။

Maung said...

chairman တာဝန်ယူထားတဲ့ ဦးတင်ထွဋ်ဦးက ဘယ်ကလဲ? စစ်ဗိုလ်ပြုတ်ဆိုရင်တော့ ဒီအဖွဲ့ထဲ မထည့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကိုကိုလှိုင် လိုလူမျိုးတွေကို ရွံလို့ပါ။ ကျန်တဲ့လူစာရင်းကတော့ တော်တော်ကောင်းပါတယ်။

thet said...

လုပ်ပြန်ပြီနောက်တမျိုး
လူကောင်းတွေဖြစ်ဖို့ဘဲ လိုတယ်

thet said...

လုကောင်းတွေဘဲဖြစ်ဖို့လိုတယ်

anawmar said...

ဒေါက်တာဦးမြင့်ကို အနားပေးပြီး။ ဖယောင်းတိုင်ကိုတော့ ဆက်လက် ထွန်းညှိထားဖွယ် ရှိပါတယ်။

ရဲအနော်ရထား said...

ကိုကိုလှိုင်လိုငတုံးမပါယင်ပြီးတာပဲ

Unknown said...

ကောင်းပါတယ်... တကယ်ထက်မြတ်ပီး အရည်အချင်းရှိတဲ့ သူတွေကို အဲလိုအရေးကြီးတဲ့ နေရာမျိုးမှာ ထားသင့်တာ ကြာပါပီ..

Unknown said...

လိုအပ်တဲ့အရာပါ ဒါပေမေ့သတိထားရမှာက အစကတည်းက နာမည်ပျက် နေတဲ့လုပ်ငန်းရှင်အချို့ပါဝင်နေတယ် သေချာစီစစ်သင့်ပါတယ်။

St.blabla said...

အကြံပေးများက ပေးသော advise ကို သမတမှ ပေါင်းစည်းမှုပြု၍ scope ကိုသတ်မှတ်၊ objective ကိုချပေး၊

information ကို collect လုပ်ခိုင်း၊ planရေးဆွဲ၊ day to day လုပ်ငန်းအကောင်အထည်ဖေါ်မယ့်ြ­ပည်ထောင်စု/ ဒေသ ဝန်ကြီးဌာန တွေကိုရွေးြ­ပီး decentralized execution နဲ့တာဝန်ပေး။ Time line တော့လိုအပ် ပါမည်။
ဝန်ကြီးဌာနတွေကလည်း အောက် က DG, MD level တွေ ကို decentralized execution အြ­ပည့်အဝပေး ။
Note( minister, DG, MD တွေ လုပ် နိုင်ပါ့မလား။ decentralized execution က သူတို့ နဲ့တော်တော် အလှန်းဝေးနြေ­ပီ)
အမှန်တကယ်ရိုးသားသူများလိုနေပြါ­ပီ လက်ရှိဝန်ကြီးများနှင့် မြ­ဖစ်နိုင်ပါ။ ဒီနေ့ အထိညာနေ တာကို သမတ ကြီးသိမည်ဟုထင်ပါသည်။ မုသားမပါလင်္ကာမချော တော့မှန်ပါသည်၊ လင်္ကာချောအောင်လုပ်နေသည်ကများနေပါသည်။ ဆိုလိုသည်က မိမိကို အထက်မှ impression ကောင်းစေရန်သာလုပ် နေသောအကျင့်ကိုဆိုလိုပါသည်။
အမှန်တကယ်လုပ်ငန်းအောင်ြ­မင်ရန်လိုနေပါသည်။
ထို့ကြောင့် လူမှန်နေရာမှန်ဟု ဆိုပါသည်။ မဆလ ခေတ်က ဦးနေဝင်းြေ­ပာခဲ့သလို လူကောင်းလူတော် လိုသလို + လူတော်လူကောင်း လည်း အားလုံးလိုပါသည်။ ယခု day to day အပိုင်းတွင် လူတော်များရှိပါသည်။ သို့သော် လူညစ်များ၊ များ ပါသည်။
reform ကို ဌာနအလိုက်လိုအပ်သော စက်ယန္တယားများ၊ ပစ္စည်းများ ဝယ်ယြုံ­ဖင့် မြ­ပီးပါ။

minsoeaung said...

စစ်ရေး စီးပွါးရေး နိုင်ငံတကာဆက်ဆံရေး စသည့်
အရေးကိစ္စများ တတ်မြောက်ကျွမ်းကျင်သူများ ဖြင့်ဖွဲ့စည်း
ဆောင်ရွက်သော အကြံပေးအဖွဲ့ကို မြန်မာမင်း လက်ထက်
ကဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။
အကြံပေးအဖွဲ့ရှိသင့်ပါသဖြင့်ထောက်ခံပါသည်။

angry ppl said...

ပြည်သူနဲ့တိုင်းပြည်အတွက်ကောင်းသောအကြံပေးအဖွဲ့ဖြစ်စေချင်ပါတယ်။
ကိုယ့်အတွက်ကိုယ်မလုပ်ဖို့လိုအပ်ပါတယ်၊ကိုကိုလှိုင်လိုမျိုးမလုပ်ပါနဲ့။

tintaye10 said...

MOE1 ပြောတာမှန်တယ်အရည်အခြင်ွးွကွမရှိတဲ့လူဆိုအရေ အတွက်ဘဲရမယ်

Soe said...

သမ္မတ အကြံပေးလုပ်မယ့်သူတွေဟာ စစ်တပ်နဲ့ မကင်းတဲ့
သူတွေချည်းပါပဲလား တစ်ချို့ဆို စစ်အစိုး၇နဲ့ ပေါင်းစားတဲ့
သူတွေပါနေတယ် အာဏာ၇ှင်စနစ်ကို ကြိုက်တဲ့သူတွေပါနေတယ်
ဘာလို့ ဒီလူတွေကိုေ၇ွး၇တာလဲ ပြည်သူတွေထဲမှာ ကိုယ်ကျိုးမဖက်ပဲ အမျှော်အမြင်၇ှိပြီး တိုင်းပြည်ကောင်းအောင်လုပ်နေတဲ့ သူတွေ တစ်ယောက်မှ မပါပါလား

Unknown said...

စစ်အစိုးရတုန်းကြီးပွားလာတဲ့ခါတော်မှီ ဦးခင်မောင်အေးလဲ ပါလာပြန်ပြီ။
တစ်နိုင်ငံလုံးမှာရှိတဲ့မြေ ကွက်တွေလည်း
သိမ်းအုန်းမယ်ထင်တယ်။
တောင်ငူကမြေကွက်တွေလည်း သူ့ဟာချည်းဘဲ
လို့ကြားရတယ်။
ကြည့်လည်းရွေးကြပါဗျို့။
နီးစပ်တဲ့လူကြီးတွေကို အိပ်ထဲထည့်ထားတာ..လေ့လာကြည့်ပါဗျာ။

beauty said...

ကိုကိုလှိုင်လို ကောင်မျိုးကတော့

ဖိနပ်စုတ် တစ်ရံလို ဂျောင်ထိုးထားသင့်ပြီ

a said...

မင်းတို့အတွက်ကိုကိုလှိုင်လိုကောင်မျိုးရှိနေပြီးသားပဲ၊သူ့ထက်သာတဲ့ကောင်တွေနဲ့အဆင့်မြှင့်မလို့လား။(မင်းတို့ဘာလုပ်လုပ်ပြည်သူအတွက်၁၀%မင်းတို့လုံခြုံဖို့၉၀%)

ဧရာသား said...

ကောင်းတယ်

ဧရာသား said...

လူကောင်းတချို့တော့ပါသားပဲ

Anonymous said...

အကြံပေးသူများအကြံသမား
တကိုယ်ကောင်းသမားများမဖြစ်ကြပါစေနဲ့လို့
ဆုတောင်းနေပါတယ်။အကြံပေးကို
အမေစုဖြစ်ရင်ကောင်းမယ်ထင်တယ်။
စစ်အစိုးရလက်ထပ်ကလူမှန်သမျှဘယ်လိုမှ
ကောင်းတဲ့အကြံထွက်လာမှာမဟုတ်ဘူး။
အကုန်အခွင့်အေ၇းသမားတွေ

Unknown said...

သမ္မတကြီးအခုလိုမျိုး အကြံပေးကောင်စီ အသစ်ဖွဲ့စည်းမယ်လို့ သိရတော့သိပ်ကိုကောင်းပါတယ်။ ပြည်သူများကလဲ ကြိုဆိုပါတယ်။ လက်ရှိဝန်ကြီးတွေနဲ့တော့ မဖြစ်နိုင်ပါဘူးခင်ဗျာ။ ဦးကိုကိုလှိုင်မရှိသင့်တာကတော့ ကြာလှပါပြီ။ သမ္မတအကြံပေးဆိုတဲ့ ပုဂ္ဂိုလ်များဟာဆိုရင် ရှေ့မှာပြောခဲ့ မိတ်ဆွေများလိုပဲ တော်၊ တတ်၊ သိပြီး တကယ့်ကို သမာသမတ်ကြရပါမယ်။ လက်စားမှုမရှိစေရဘူး။ အာဂတိမလိုက်စားရဘူး။

ep said...

Maung Nyein ပြောတာ မှန်ပါတယ် -
စီးပွါးရေး " သမား " မပါစေလိုပါ ----
စီးပွါးရေး"ပညာရှင်" ပဲ ဖြစ်သင့်ပါတယ် --
ကျုပ်တို့ တိုင်းပြည်မှာ ဆိုင်ရာ/ဆိုင်ရာ ပညာရှင် တွေ
အများကြီး ရှိပါတယ် -----
သမ္မတကြီး စဉ်းစားပါဦး !!!!!!!!!!!!!!!!

Aung Naing said...

ကိုကိုလှိုင်ကိုတော့ သမ္မတအကြံပေးအဖွဲ့ ကဖြုတ်ပြီး သမ္မတလူကြမ်းအဖွဲ့ မှာ ထည့်ထားတယ်... အခုအဖွဲ့ သစ်က ကောင်းတော့ကောင်းတယ်... ဒါပေမယ့် မျက်စေ့နဲနဲစပ်တယ်... ဘာဖြစ်လို့ လဲဆိုတော့.. စစ်တပ်နဲ့ ပေါင်းစားတဲ့ သူယုတ်မာတချို့ ပါနေသေးလို့ ...

naythuya said...

တိုင်းပြည်အကျိုး ပြည်သူ့အကျိုး တကယ်အားတက်သရော ဆောင်ရွက်တော့
မယ့်ပုံပဲ သာဓု...သာဓု...လို့နှစ်ကြိမ်ပဲ ခေါ်လိုက်မိတာခွင့်လွှတ်ပါလို့..
တကယ့်လက်တွေ့ တိုင်းပြည်အတွက် အားထားရတဲ့ အဖွဲ့အစည်း ဖြစ်လာ
ပြီဆိုမှ ကျန်တဲ့ တစ်ကြိမ် ထပ်ခေါ်မယ်နော်...

Unknown said...

လိုသေးတယ်ထပ်ထည့်လိုက်ဦးမယ်။ဆေးဘက်ဆိုင်ရာအတွက်ဆေးဆရာကြီးဦးဧရာချမ်း၊ပညာရေးအတွက်ကျောင်းဆရာလေးကိုကြည်နိုင်၊မွေးမြူရေးအတွက်နဂါးပျံမွေးမြူရေးခြံပိုင်ရှင်အတီး၊လုံခြုံရေးအတွက်အာနိုးလှမိုး၊လူငယိ့ရေးရာအတွက်ဗိုက်ကလေးနှင့်လူပျိုကြီးစောတင်မောင်။အမျိုးသမီးရေးရာအတွက်ပုဆွဲမိ၊သဘာတောရိုင်းနှင့်သဘာ၀၀န်းကျင်အတွက်မြိုင်ရာဇာတွတ်ပီ၊ရေကြောင်းသွားလာရေးအတွက်၊စိန်သက်နိုင်မော်တော်၊ပဲ့ကိုင်ကိုလှစိန်၊

မိုးတိမ် said...

ကိုကိုလှိုင်ကိုပဲပြောနေကြတာတွေ့ရတယ် ..... အခုအသစ်ဖွဲ့မယ့်လူတွေကဘယ်လိုလူတွေလည်းဆိုတာကိုကောသိကြလားမသိရင် သေချာလေ့လာလိုက်ကြအုံး ..... ကျားထက်ဆိုးတဲ့ရှင်ကြီးတွေနဲ့ကျမှအဲလိုတောင်မအော်နိုင်ပဲဖြစ်ကုန်မယ် .... ဒီထက်ပိုပြီးရှေ့ကိုတွေးတတ်တဲ့အကျင့်တွေလုပ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ် ....

Shin Myochit said...

အထက်ကcommentတွေပြောသွားကြသလိုသေချာစီစစ်ဘို့လိုမည်ထင်ပါသည်။သတင်းဦးကိုခုတုံးလုပ်စားနိုင်ပါသည်။ဥပမာ-ကားဟောင်းသွင်းတဲ့ကိစတုံးကလည်းသတင်းမထွက်ပေါ်မှီကားဟောင်းအရေအတွက်များစွာဝယ်သွားပြီးဖြစ်နေတာကိုကြားသိရဘူးသည်။အခွင့်ထူးခံများမရှိသင့်တော့ပါ။တိတိကျကျ
စည်းကမ်းဥပဒေတခုခုဖြင့်ထိန်းထားသင့်ပါသည်။

Naing Oo said...

အကြံပေးကောင်စီမှာပါတဲ့ပုဂ္ဂိုလ်တွေရဲ့အမည်စာရင်းကိုကြည့်တာနဲ့တကယ်လူမှန်နေရာမှန်ရွေးချယ်ထားတယ်ဆိုတာသိသာထင်ရှားပါတယ်။နိုင်ငံတိုးတက်ဖို့သမ္မတကိုထိရောက်တဲ့အကြံကောင်းတွေတကယ်ပေးနိုင်မဲ့ပုဂ္ဂိုလ်တွေပါ၊အဲဒီထဲမှာစစ်တပ်နဲ့မှီခိုပြီးလုပ်စားခဲ့တဲ့သူတစ်ယောက်မှမပါပါဘူး။အားလုံးကိုယ်ပိုင်အရည်အချင်းရှိတဲ့သူတွေပါ။တစ်ချို့ဆိုရင်တကယ့်အတိုက်အခံပုဂ္ဂိုလ်တွေတောင်ပါတယ်။ဒီလိုပုဂ္ဂိုလ်တွေကိုအဲဒီအဖွဲ့ထဲမှာထည့်ပြီးတာဝန်ပေးတယ်ဆိုကတည်းကသမ္မတကြီးရဲ့စိတ်နေစိတ်ထားကိုလေးစားဘို့ကောင်းနေပါပြီ။မင်းသားကကနေတဲ့အချိန်မှာမင်းသားဆိုင်းဝိုင်းတီးပေးကြရအောင်ဗျာ။ဘီလူးဆိုင်းပြောင်းမတီးပေးကြပါနဲ့။အားလုံးအကောင်းမြင်စိတ်ကလေးနဲ့ကြည့်ပေးစေချင်ပါတယ်။အမြင်ချင်းမတူရင်တော့ခွင့်လွှတ်ပါ။

Anonymous said...

ဦးသိန်းစိန်အနေနဲ့အကြံပေးကိုစစ်အာဏာရှင်လက်ထပ်က
ခေါင်းညိတ်ခေါင်းခါသမားများကိုမရွေးချယ်ပဲ
အမှန်တကယ်တိုင်းပြည်ပေါ်ကိုစိတ်နှစ်ပြီးပြည်သူကို
ကိုယ်ချင်းစာပေးမည့်လူသားစစ်စစ်အသိပညာအတက်ပညာ
ရှိမည့်သူများကိုသာစီစစ်ရွေးချယ်ခန့်ထားသင့်ပါတယ်။အသက်အရွယ်
ကိုလည်းမကြီးလွန်းမငယ်လွန်းသူဖြစ်သင့်တယ်။
ကိုယ့်ပါတီမဟုတ်တဲ့အပြင်လူတဦးကိုအကြံပေးခန့်မှ
လမ်းကြောင်းမှန်ကိုလျှောက်နိုင်မယ်။

Ma Ma Hnin ze said...

ကောင်းတာပေါ သမ္မတကြီးရယ် ကတ်ဖား၇က်ဖား ကိုကိုလှိုင်နဲ့ ဒေါက်တာအတု နေဇင်လတ်တို့မပါတာ ကျက်သရေ မင်္ဂလာရှိခြင်းတပါးပါပဲ။ သူတိုလိုဟာမျိုးမပါမှတိုင်းပြည်က တိုးတက်မှာ။

MYO MYINT said...

အင်းဒီမှာcommentပေးတဲ့သူတွေကိုအကြံပေးကောင်စီထဲမှာထည့်ဘို့သမ္မတကြီးကိုတောင်းဆိုပါတယ်

မိုးမခ said...

ဦးခင်မောင်အေး(CB Bank)ကို အကြံပေးကောင်စီမှာထည့်ရင်တော့ ဘယ်မင်းသမီး ကို ဘယ်လိုဖိရင်ကောင်းတယ်ဆိုတာတော့ ကောင်းကောင်းအကြံပေးတတ်မှာပါ။ မင်းသမီးတစ်ယောက်ကို ဘယ်နှစ်လလောက်ဘဲ သုံးရင်ကောင်းတယ်ဆိုတာ တော့ မှတ်တမ်းမှတ်ရာတွေနဲ့ ထားမလားဘဲ။ မင်းသမီး ၂ ယောက်လောက်နဲ့ အမြဲတွဲတယ်(တစ်လုံးက မီးထွန်းဘို့ တစ်လုံးက ကက်ဆက်ဖွင့်ဘို့)
၈၈ အရေးအခင်းတုန်းက သပိတ်က ငွေတွေ ဘုန်းထားပြီး စစ်အစိုးရ တက်တဲ့အချိန်မှာ နယားဘယားလုပ်ပြီး ကြီးပွားအောင် လုပ်သွားတဲ့လူဘဲ။ လောလောဆယ်သူ့ ကြောထောက်နောက်ခံ က ဗိုလ်ချုပ်ကြီးကိုကို ဘဲ သူ့တူမနဲ့ ကိုကို့သားကိုတောင် ပေးစားကြတော့မယ်။ အလိုတော်ပြည့်ဆရာတော်ကြီးက သူ့ကို အိမ်မြှောင်အေးလို့ခေါ်တယ်။ အကပ်ကောင်းလို့။

pretty said...

ကိုကိုလှိုင် က နိုင်ငံရေး အကြံပေး ပဲ ။ အခု ဖွဲ့စည်းမဲ့ အကြံပေးကောင်စီ မှာ နိုင်ငံရေး မပါဘူးလား။ ဒါဆို ကိုကိုလှိုင် ကရှိနေတုန်းပေါ့....?

SanYay said...

ပြည်သူ့အကြံပေးစာ ကဏ္ဍရှိရင်ကောင်းမယ်

Myo Aung said...

ကိုကိုတွေက မကောင်းကြဘူး၊ Diamond Star က ဦးကိုကိုကြီးလည်း မကောင်းပါဘူးဗျာ။ စစ်တတ်ထဲ့ကထွက်လာတဲ့ အရာရှိတွေကို ရှယ်ယာဝင်တွေလုပ်ခိုင်းပြီးတော့ Project တွေကို လိုက်နေတဲ့သူပါ။ မသိကြလို့ပါ။ Project ရှိတဲ့အနီးအနားက မြေတွေကိုလိုက်ဝယ်နေတာ လူတွေမသိကြလို့ပါ။ လူကြီးတွေကို လစာကောင်းကောင်းပေးပြီးတော့ သာမန်ဝန်ထမ်းတွေကိုကျတော့ မဖြစ်စလောက်ပေးတာ Diamond Star Group ပါ။ အောင်မြင်ရင်အောင်မြင်၊ မအောင်မြင်ရင် အလုပ်ထွက်ချင်စိတ်ပေါက်အောင် နည်းမျိုးစုံနဲ့ ပညာပြတာ ဦးကိုကိုကြီးပါ။ စစ်တပ်ကသုံးတဲ့ အထက်ဖား အောက်ဖိပေါ်လစီကို Diamond Star မှာအပြည့်အ၀ကျင့်သုံးပါတယ်။ ဒီထက်ပိုဆိုးတဲ့သူကုပ္ပဏီတွေရှိနေတော့လည်း အဆိုးထဲ့က အကောင်းပေါ့လေ။ အကောင်းကြီးတော့ မဟုတ်ပါဘူး။

Unknown said...

This is problem. အကြံပေးကောင်စီ ရဲ့ ability သည် ပြည်သူတွေထဲမှာ ကိုယ်ကျိုးမဖက်ပဲ အမျှော်အမြင်၇ှိပြီး တိုင်းပြည်ကောင်းအောင်လုပ်နေတဲ့ သူတွေ ဖြစ် ဘို. လိုပါသည်

genius said...

အင်တာနက်မြန်နှုန်းနိုင်ငံတကာ အဆင့်အတန်းမှီရေးအမြန်ဆုံးဆောင်ရွက်ပေးပါရန်။

eaink mon kyaw said...

ရွေးထားတဲ့ လူတွေကတော့ ရှယ်ကောင်တွေချည်းပါလား တိုင်းပြည်က နစ်သထက်နစ် တော့မှာပဲ

မိုးမခ said...

ကိုဘိုဘိုအောင် ပြောတာမှန်ပါတယ်။ ဒီအထဲဝင်ရင် ငါ့အတွက် ဘာရမလဲ ဆိုတဲ့စိတ်နဲ့တော့ မလုပ်သင့်တော့ဘူး။ အကျင့်ဟောင်း(စိတ်ဟောင်း)တွေ ပြင်ဘို့ အချိန်တန်ပါပြီ။
ဦးမြင့်လို စိတ်ဓါတ်မျိုးရှိသင့်ပါတယ်။ အကြံပေးလုပ်တာကို လစာတောင်မယူဘဲ ကိုယ်ယုံကြည်ရာကို တိုင်းပြည်မျက်နှာဘဲကြည့် အလုပ်လုပ်တတ်တဲ့ စိတ်ဓါတ်မျိုးတွေ နဲ့ အလုပ်လုပ်မယ့်လူ ဒီအုပ်စုထဲမှာ တ၀က်ပါရင် မြန်မာနိုင်ငံကံကောင်းတယ်လို့မှတ်ရပါမယ်။

ပြည်ထောင်စု ၀န်ကြီးတွေထဲမှာလဲ အစဉ်အလာမကောင်းတဲ့ လူတွေပါနေပါတယ်။ ဖယ်ရှားပြစ်ဘို့လိုပါတယ်။

အဲဒီထက်ပိုဆိုးတာက တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးတွေပါဘဲ။ ဒီလူတွေ ဘာ/ ဘယ်ကလာတာဆိုတာ အဲဒီဒေသက လူတွေက ကောင်းကောင်းသိပါတယ်။ ဖော်လံဖားလုပ်ပြီး အယောင်ပြလုပ်ပြီး အခွင့်အရေးရဘို့ ဟောက်စားလုပ်ခဲ့တဲ့ ချဉ်ဖတ်တွေက တိုင်း/ပြည်နယ် အဆင့် အရာရှိတွေကို အထက်ကနေ ဟောက်စား/ချောက်စား လုပ်နေတာတွေ တွေ့ရတော့ ခွေးရူးကောင်းစားနေသလိုပါဘဲ။ ခွေးရူးကောင်းစား တမွန်းတည့် ဆိုပေမယ့် တမွန်းတည့်လဲ တိုင်းပြည်နစ်နာပါတယ်။

thawmyoh said...

တကယ်ဆိုရင် ဗေလုဝတို့၊ ကင်းကောင်တို့ ၊ ၀က်မတို့ ၊ ကို အကြံပေးထည့်ရင် သိပ်ပျော်စရာကောင်းတဲ့ တိုင်းပြည်ဖြစ်မှာပဲနော်။
အခုလူတွေထက်တော့ သာမှာပါ။

mad dog said...

ကိုကိုလိုင် ဟာ ၂၀၁၂ ခုနစ် မြန်မာနိုင်ငံ၇ဲ့ လူမုန်းအများဆုံး ကြာကူလီ ဆု လူဆဲအများဆုံးဆု ဦးနှောက်အသေးဆုံး လူသား ဆုများကို ၇၇ှိသွားပါတယ်။

Powered by Blogger.