ရွှေဇီးကွက် ငိုတဲ့ တွေ့ ဆုံပွဲ (ရုပ်/သံ)
 မေလ(၂၆)ရက်နေ့  ယနေ့ နံနက်မှာ ပြည်သူ့ ဂုဏ်ရည်အသင်း အော်ဘာနီဌာနခွဲရဲ့  အစီအစဉ်နဲ အမေရိကန်ပြည်ထောင်စု နယူးယောခ်ပြည်နယ် အော်ဘာနီမြို့ ရောက်
မြန်မာတိုင်းရင်းသားမိသားစုတွေနဲ့ ကိုကျော်သူနှင့် မရွှေဇီးကွက် တို့ တွေ့ ဆုံပွဲတခုပြုလုပ်ခဲ့ပါတယ်။
ဇီးကွက် တို့ ကို မြန်မာတိုင်းရင်းသားမိသားစုတွေက ဒိုးပါတ်ဝိုင်း နဲ့ ရိုးရာအကအလှတွေနဲ့ 
ကြိုဆိုဧည့်ခံဖျော်ဖြေခဲ့တာတွေ့ ရပါတယ်။
တွေ့ ဆုံပွဲမှာ ရန်ဆယ်လီယာမြို့ ဘုန်းတော်ကြီးဦးက္ကုဿရိယ မှ အဖွင့်အမှားစကား
 ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
အဲဒီနောက် ကိုကျော်သူ မှလည်း နာရေးကူညီအသင်းပေါ်လောက်လာပုံကို ရှင်း
လင်းပြောဆိုပါတယ်။ အခုသတင်းပေးပို့ နေချိန်မှာတော့ နာရေးကူညီမှုအသင်း
ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရုပ်/ုသံ ကို ပြသနေပါတယ်။တွေဆုံပွဲကို
 တက်ရောက်လာတဲ့ မြန်မာတိုင်းရင်းသား(၃၀၀)ကျော်တို့ က နာရေးကူညီမှု
အသင်းအတွက် အလှူငွေတွေထဲ့ ၀င်လှူဒါန်းနေတာကိုလည်း တွေ့ ခဲ့ရပါတယ်။
စုစုပေါင်းအလှူငွေ ဒေါ်လာ(၉၄၀၀)နှင့် ရွှေဆွဲကြိုး တကုံး လက်ခံရရှိခဲ့ပါတယ်။
ကိုကျော်သူ-မရွှေဇီးကွက် နှင့် အော်ဘာနီရောက်မြန်မာတိုင်းရင်းသားမိသားစုတွေ
Myanmar News Now
ကိုကျော်သူ၊ မရွှေဇီးကွက် နှင့် ပြည်သူ့ ဂုဏ်ရည် အော်ဘာနီ ဌာနခွဲမှ အဖွဲ့ ဝင်များ
မြန်မာတိုင်းရင်းသားမိသားစုများမှ ရိုးရာအကများနဲ့ ဖျော်ဖြေနေစဉ်
ရွှေဇီးကွက် ငိုတဲ့ တွေ့ ဆုံပွဲ (ရုပ်/သံ) ရွှေဇီးကွက် ငိုတဲ့ တွေ့ ဆုံပွဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 02:11 Rating: 5
17 comments:
angry ppl said...
တကယ်တော်တဲ့ဇနီးမောင်နှံပါ၊ဂုဏ်ယူပါတယ်ချီးကျုးပါတယ်။
chartake mglay said...
အန်တီးရယ်မငိုပါနှင့်ကျွန်တော်မခံစားနိုင်းလိုပါ
paukkyaw said...
အကို့ ကို ကျနော် အရမ်းလေးစား တယ်ဗျ
You are my hero .
ပုဂံစစ်သည် said...
ရှေ့သွားနောက်လိုက်ညီတဲ့ လင်မယားပါ။ မြန်မာနိုင်ငံမှာ လိုအပ်တဲ့အရာကို ဖြည့်ဆည်းပေးတဲ့အတွက် အင်မတန်မှ ချီးကျူးစရာကောင်းတဲ့ လင်မယားပါ။
ပုဂံစစ်သည် said...
ရှေ့သွားနောက်လိုက်ညီတဲ့ လင်မယားပါ။ မြန်မာနိုင်ငံမှာ လိုအပ်တဲ့အရာကို ဖြည့်ဆည်းပေးတဲ့အတွက် အင်မတန်မှ ချီးကျူးစရာကောင်းတဲ့ လင်မယားပါ။
ngaba said...
ပါတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်၊ အသိုင်းအ၀ိုင်းရဲ့ အစွန့်ပစ်ခံ ဘ၀ကို လက်တွေ့ကျစွာ ရင်ဆိုင်ဖြတ်သန်းရင်း...
သာမန်လူတွေ လုပ်နိုင်ခဲတဲ့ မြင့်မြတ်လွန်းတဲ့အလုပ်ကို တက်ညီလက်ညီ လုပ်ကိုင်နိုင်တဲ့... လုပ်ကိုင်ဝံ့တဲ့.. ဦးကျော်သူတို့ ဇနီးမောင်နှံကို..
အင်မတန်မှ လေးစားမိပါတယ်။ ကြည်ညိုမိပါတယ်။
ကျန်းမာ၊ ချမ်းသာ... အသက်ရှည်ပါစေဗျာ..။
လွင်ပြင် said...
မြန်မာပြည်ရဲ့ စံပြပုဂ္ဂိုလ်ပါပဲ ... ကျနော်တို့လည်းစိတ်ထားတွေပြောင်းပြီး သူတပါးကောင်းကျိုးတွေကို ကူညီပေးနိုင်ရင် သူတို့လို စိတ်ချမ်းမြေ့မှုတွေ ရရှိနိုင်မှာပါ...
လွင်ပြင် said...
မြန်မာပြည်ရဲ့ စံပြပုဂ္ဂိုလ်ပါပဲ ... ကျနော်တို့လည်းစိတ်ထားတွေပြောင်းပြီး သူတပါးကောင်းကျိုးတွေကို ကူညီပေးနိုင်ရင် သူတို့လို စိတ်ချမ်းမြေ့မှုတွေ ရရှိနိုင်မှာပါ...
mamamay said...
စေတနာတူသဒ္ဒါတူတဲ.စုံတွဲမို.
နတ်ဖက်တဲ.စုံတွဲလို...
အမွှန်းတင်ပါရစေ၊
ဦးစားကြီး said...
လူသာ ပဓာနပါ။ အမေရိကရောက်မှ အဆင်ပြေတာ မဟုတ်ပါဘူး။ အဲဒီမှာလည်း သေနတ်တွေပေါတော့ အဲဒီအန္တရာယ်က မသေးပါဘူး။ တစ်မျိုးစီပါပဲလေ။ ကိုယ့်ကိုယ်ကိုသာ ကောင်းအောင်ကြိုးစားရမှာပါ။ ရောက်နေတဲ့နေရာ အကောင်းဆုံးပါပဲ
Unknown said...
မင်္ဂလာရှိတဲ့ဇနီးမောင်နှံပါ။လေးစားဂုဏ်ယူပါတယ်
Unknown said...
ကိုကျော်သူလုပ်ရပ်တွေက ကောင်းတယ် ဆံပင်သပ်သပ်ရပ်ရပ်နဲ့ လူကြီးလူကောင်းပုံစံနေရင်ပိုကောင်းမယ် မင်းသိင်္ခ အတုခိုးတဲ့ ပုံစံကတော့
ကြည့်မကောင်းဘူး
konamazu said...
မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံးအတုယူရမယ့် မောင်နှံ တစ်စုံပါ။အရမ်းကိုလေးစားဂုဏ်ယူပါတယ် ကိုကျော်သူ နဲ့ အန်တီရွှေဇီးကွက်ရယ်။
sawkofan said...
ကိုယ်ပြုသောကံပဲ.တင်သံကိုယ့်ထံပြန်လာမည်
Unknown said...
အရမ်းလေးစားတယ်
ဖိုးဖိုးကြီး said...
တူမလေး---ရွှေဇီးကွက်-------စကားပြောရင်ရဲရဲတင်းတင်းပြောပါ။ အသံ
တွေမငြိမ်မသက်ဖြစ်နေတယ်။
myayeethway said...
အန်တီရယ် မြန်မာပြည်က ကလေးတွေက တကယ်ပဲ သနားဖို့ကောင်းပါတယ်။ ငိုမယ်ဆိုရင်လဲ ငိုလောက်ပါတယ်
Powered by Blogger.