နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား

ရန်ကုန်၊ မေ ၃

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောက်ရုံ ရပ်ကွက်တွင် ဧပြီလ ၃၀ ရက် ည ရ နာရီ၌ နယ်ထိန်းဖြစ်သူ ရဲတပ်သားတစ်ဦးက ၄င်း တာဝန်ကျသော ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုခဲ့သည်ဟု ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါဖြစ်ရပ်မှာ အသက် ၂ရ နှစ်အရွယ် မ ... မှာ ခင်ပွန်းနှင့်အတူ ရှိနေစဉ် ရဲတပ်သား ရန်နိုင်လင်းက ဘဲပျောက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် ရှိသည့်အတွက် မ.... ၏ တူဖြစ်သူများကို မေးမြန်းရာ ၄င်းက မရှိကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ၄င်းအမျိုးသမီး၏ အမျိုးတော်စပ်သူတစ်ဦးကို မေးမြန်းရာ ၄င်းကမရှိကြောင်း၊ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြောင်းပြောခဲ့ပြီး ခင်ပွန်းဖြစ်သူက ၄င်းအမျိုးသမီးကို ဘုန်းကြီးကျောင်းသို့ အဆိုပါနယ်ထိန်းအား လိုက်ပို့ရန် ပြောဆို၍ လိုက်ပို့ရာမှ စက်ဆန်းသုသာန်ဘေးတွင်ရဲတပ်သားက ၄င်းကို အဓမ္မပြုခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံသို့ တိုင်ကြားချက်အရ သိရသည်။

ယင်းကဲ့သို့ဖြစ်ရပ်မျိုး ရပ်ကွက်တွင် မရှိသင့်ကြောင်း၊ မဖြစ်စေချင်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရပ်မျိုးကို ဥပဒေအရ ကာကွယ်ပေးရန်လိုကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကဆိုသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် နယ်ထိန်း ရဲတပ်သားကို ပြစ်မှုဥပဒေအရ အရေးယူ နိုင်သကဲ့သို့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရပါ အရေးယူ နိုင်ကြောင်း လုပ်သက် ၃၀ ခန့်ရှိ ရဲအရာရှိတစ်ဦးကဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းရလျှင်ရချင်း သက်ဆိုင်ရာ ရဲဌာနသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအောက်ရုံရပ်ကွက် စက်ဆန်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုအပေါ် ကြည့်မြင်တိုင်ရဲစခန်းက (ပ)၂၇၉/၁၂ ပုဒ်မ - ၃၇၆ ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှသိရသည်။
The Voice Weekly
နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 08:42 Rating: 5

29 comments:

ချစ်ဖူး said...

လူတွေ လူတွေ။ လင်ရှိမယားကိုတောင် မရှောင်နိုင်တော့ဘူး။ မိန်းကဘေလးတွေလည်း အရေးပေါ် တိုက်ကွက်တွေ သိသင့်တယ်။ ပညာပေးသင့်တယ်

zmt said...

ရက်စက်လှချေလား

Killer said...

တိရစ္ဆာန်လောက်မှ အသိညဏ်မရှိပါလား....

DOTA LOVER said...

တော်တော် မိုက်ရိုင်းတာပဲ .......ငရဲ ဆိုတာ ဘာမှန်း မသိကြဘူးလား မသိဘူး . လင်ရှိ မယား တောင် ပစ်မှားမိလောက်အောင်ပဲ တော်တော် ငစမန် တက်နေသလား မသိဘူး ........ လူစိတ် မရှိတဲ့ ကောင်.............

မင်းဝိုင်းကို said...

အေး ..အဲဒီ မဒိန်းကောင်ကို ခေါင်းဖြတ်ပစ်ရမှာ

oakkar said...

ပြည်သူတွေကိုကာကွယ်ဖို့၊ရပ်ကွက်အတွင်းပြစ်မှုကင်းစင်ဖို့၊မင်းတို့ကိုပြည်သူတွေကလစာပေးပြီးခန့်ထားတာ၊မင်းတို့ကိုယ်တိုင်ကဒီလိုလုပ်နေရင်၊ပြည်သူတွေကဘယ်သူ့ကိုယုံကြည်ရတော့မှာလဲ၊ကိုသစ်ရေကြည့်လုပ်ပါအုံအရေးယူမယ်ပြောပြီးနယ်ပြောင်းတာတွေလဲမနဲတောဘူး။နံနက်တိုင်နိုင်ငံတော်အလံရှေမှာသစ္စာဆိုရတာ၊ရဲကျင့်ဝတ်တွေဘယ်ရောက်ကုန်ပြီးလဲ၊မီဒီယာတွေကတဆင့်ပြည်သူတွေအားလုံးသိအောင်လုပ်ပြီးထိထိရောက်ရောက်အရေးယူပေးပါလို့၊ပြည်သူတွေကိုယ်စား၊တောင်းဆိုလိုက်ပါတယ်၊ကိုသစ်ရေ..ကျေးဇူးပါခင်ဗျာ..

မြတ်နိုး said...

ကူညီပါရစေ..........ကူညီပါရစေခင်ဗျ။
(သီချင်းလေးကတော့ ကျက်သရေရှိလိုက်တာနော်။)
သီချင်းထဲမှာပဲ၇ှိတယ်။ အပြင်မှာတော့ တိန်.တိန်.တိန်

mad dog said...

ဖြတ်ပစ်ကွာ.....

aristhteinwin said...

မိန်းကလေးက လိုက်ပို့ စရာမလိုဘူး- ရဲဘဲဗျာ လိပ်စာပြောထားပြီးပြီဘဲ- ကိုယ့်ဘာသာ သွားပါလား- မသိမေးသွားပေါ့- အခုတော့ အကြံ နဲ့ ငနဲသားက- ဒီကောင့်ကို နွားသိုးတွေ -ဝှေးသင်းသလို ဝှေးသင်းပြစ်လိုက်။

su said...

အင်တာနက်ပေါ် တက်မလာတဲ့ ရဲတွေကျူးလွန်တဲ့ အမှုတွေ မတရားတာတွေ အများကြီး ရှိနေသေးတယ်။ ရဲတွေကို လူတွေက ရွံတာလည်း မပြောနဲ့ ရွံလောက်ပါပေတယ်။ ဖော်ထုတ်ကြ၊ အရေးယူကြပါ။ ဒီကောင်တွေ မရှိတဲ့နေ့ ပြည်သူတွေဘ၀ လုံခြုံတဲ့ နေ့။

အောင်သက်ဦး said...

မိန်းခလေးတို့ရေ...
လိမ္မာစွာနဲ့ငြိမ်ခံနေလိုက်။ပြီးမှချက်ကောင်းကိုဆော်ပလိုက်အေးရော။ ဘာခက်တာမှတ်လို့...။

love said...

ဒု သ န သော ကိုမကြောက်ဘူးလား မသိဘူး လင်ရှိ မယား ကို တောင်ကြံ၇ဲတယ်နော် တော်တော် သွေးသားသောင်း ကြမ်းတာဘဲ အဲံ့ကောင် ကို ငရဲ ပြည် ပို့ပြစ်ရမှာ သေဒဏ် ပေးသင့်တယ် ရဲတွေ အစ ထည်က.............တာ ခုတော့ ပိုဆိုးတော့မှာဘဲနော် မကောင်းလိုက်တာ နော်

love said...

ဒု သ န သော ကိုမကြောက်ဘူးလား မသိဘူး လင်ရှိ မယား ကို တောင်ကြံ၇ဲတယ်နော် တော်တော် သွေးသားသောင်း ကြမ်းတာဘဲ အဲံ့ကောင် ကို ငရဲ ပြည် ပို့ပြစ်ရမှာ သေဒဏ် ပေးသင့်တယ် ရဲတွေ အစ ထည်က.............တာ ခုတော့ ပိုဆိုးတော့မှာဘဲနော် မကောင်းလိုက်တာ နော်

ponenya said...

ရဲတွေက ဒီလိုပါဘဲဗျာ
သူများမယားကြာခိုမယ်
သူများဝမ်းစာတွေက ဓားမြတိုက်မယ်
လူတိုင်းအဲဒီလိုဘဲထင်ပါတယ်
ထင်မှာပေါ့ သူတို့တွေကလည်းအဲဒီလိုဖြစ်နေတာဘဲ ရှင်းပါတယ်
လူတွေဘာ့ကြောင့်ထင်ရသလဲဆိုတာ
ကျွန်တော်ကတော့ လမ်းမှာ ရဲနဲ့သူတောင်းစားနဲ့ တွေ့ရင် သူတောင်းစားကိုတောင် အရိုအသေပေးလိုက်မယ်
ရဲကိုတော့ ဖနောင့်နဲ့ဘဲပေါက်မယ်
သူတောင်းစားကမှ သူများပေးတာစားတာ
ရဲတွေက သူများမပေးချင်လဲယူ မ၇မကကိုယူတာ
မကောင်းပါဘူးဗျာ

ကောင်လေး said...

တော်တော် ရက်စက်တာဘဲကွာ

linlettaryar said...

အင်း...ဆိုးတဲ့ဖြစ်ရပ်တွေပဲ ကြားနေရတာ၊ဆိုးတဲ့ဖြစ်ရပ်တွေပဲ ကြုံနေရတဲ့ အဖြစ်ဆိုးတွေကနေ မြန်မာ့ပြည်သူများအားလုံး လွန်မြောက်နိုင်ကြပါစေတော့လို့ သာဆန္ဒပြုနိုင်တော့သည်...တမုံ့။

stone said...

အောက်တန်းစားတော်တော်များများဟာရဲဝင်လုပ်တတ်ကြတယ်ငိုစား၇ယ်စားသူတောင်းစား ရဲလိုလူတန်းစား မင်းအမေမင်းနှမမင်းအမကို ပြန်ခွပါလား ခွေးမသားမြန်မာပြည်ကရဲဘယ်ရဲမှမကောင်းဘူးသူတို့ နဲ့ ကင်းအောင်နေတာအကောင်းဆုံးဘဲပြည်သူပြည်သားတို့ေ၇။

အမှန်ဘက် က ရပ်တည်မယ် said...

ပြည်သူ့ ရဲ တဲ့ ပြည်သူကို မုဒိန်းကျင့်ဖို့ ပဲ စဉ်းစားနေတဲ့ ရဲ လား....အဲဒီကောင်ကို သေဒဏ် သာပေးစေချင်ပါတယ်....အဲဒါမှ စံပြဖြစ်မှာ

Thurein said...

ဒီကိစ္စကတော့ တော်တော်ကို ဆိုးပါတယ်ဗျာ။ ရဲကတောင် မုဒိမ်းကျင့်တယ်ဆိုမှတော့ ကျနော်တို့ပြည်သူတွေ ဘယ်သူ့ကို သွားပြီး အားကိုးရတော့မှာလဲ။ ဒီကိစ္စက တစ်နိုင်ငံလုံးက ရဲတွေအတွက်ပါ သိက္ခာကျစရာဖြစ်ပါတယ်။ သေသေချာချာ စစ်ဆေးပြီး နောင်ကျဉ်သွားအောင် စံပြအဖြစ် ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။

www.academicmedicines.blogspot.com

aung naing said...

ရဲတပ်ဖွဲမရှိလည်းပြည်သူတွေအတွက်ဘာမှမထူးပါဘူးရှိနေရင်ပြည်သူတွေကထမင်းကြွေးဆပ်ကြေးပေးနေရသေးတယ်။ရဲတပ်ဖွဲ့ဖျက်လိုက်တာပိုကောင်းပါတယ်။

phyo4 said...

အဆင့်မရှိတဲ့ ရဲတွေခပ်များများက အမြဲတမ်း မူးပြီးတော့ မကောင်းကြံဖို့ပဲ စဉ်းစားနေကြတာဗျ

Anonymous said...

နေရာတိုင်း မှာ ကောင်းတဲ့သူကော ဆိုးတဲ့သူကော ရောထွေးရှိနေတတ်တာ သဘာဝပါ ။ ရဲအပြစ်လုပ်လို့ အရေးမယူတာလည်းမရှိပါဘူး.ပြင်းပြင်းထန်ထန်အရေးယူခံရပါတယ်။ အခုဖြစ် စဉ်ကရဲ လည်း ပြင်းပြင်းထန်ထန်(ထောင်ဒဏ်ုကီုးကီး) အရေးယူခံရမှာပါ..တစ်ခုခုဆိုတာနဲ့ ၀ါးလုံး
ရှည် နဲ့အားလုံးကို သိမ်းမရမ်းပါနဲ့.

သူ၇ိယ said...

ဟင်း.ဟင်း..ရဲသား...ရဲသား...

realburma said...

ရဲတွေကလုပ်စရာတော်တော်ရှားတယ်နဲ့တူတယ်
လင်ရှိမယားမှသွားလုပ်ရတယ်လို့
သူနှမသူလုပ်ပါလား
မိန်းကလေးများသတိထားပါ

ဒသဂီ၇ိ said...

အမလေးနော်ဒါနဲ့များပြည်သူ့ရဲတဲ့ သူ့ကိုပဲပြန်ကူညီပါရစေပေါ့

Unknown said...

ဒီရဲ ကိုအခင်းဖြစ်တဲ့နေရာမှာ ပြန်ပြီး

Unknown said...

ဒီရဲ ကိုအခင်းဖြစ်တဲ့နေရာမှာ ပြန်ပြီး

Unknown said...

ဒီရဲ ကိုအခင်းဖြစ်တဲ့နေရာမှာ ပြန်ပြီး

Unknown said...

ဒီရဲ ကိုအခင်းဖြစ်တဲ့နေရာမှာ ပြန်ပြီး

Powered by Blogger.