ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး

စာရေးဆရာ သွန်းနေစိုး (ဓါတ်ပုံ-သွန်းနေစိုး - ဖေ့စ်ဘုတ်)
ရန်ကုန်၊ ဧပြီ ၃၀

'သုသာန်စောင့် မဖဲဝါ' ဂမ္ဘီရ စာအုပ်ဖြင့် လူငယ် စာဖတ်ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သော စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ (ကာမလိမ်လည် ပြန်ပေးဆွဲမှု)ဖြင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ဧပြီလ ၂ရ ရက်နေ့ကစ၍ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့ စခန်းနှင့် ကာယကံရှင်များထံမှ သိရသည်။

အဆောင်တွင် နေထိုင်သည့် သမီး ဖြစ်သူ ပျောက်ဆုံးသွားသဖြင့် လိုက်လံ စုံစမ်းရာ စာရေးဆရာ သွန်းနေစိုးက တက္ကသိုလ် ကျောင်းဝင်းအတွင်း ဝင်ရောက်၍ အကြမ်းဖက် ခေါ်ယူသွားသည် ကိုကြားသိရကြောင်း၊ ယင်းကြောင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ပ/၄၀၈/ ၂၀၁၂ဖြင့် အမှုဖွင့် တိုင်တန်း ခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ကျောင်းသူ ၏ဖခင်ဖြစ်သူ ဦးလှကြိုင်က ဆိုသည်။

သမီးဖြစ်သူက မိခင်ဖြစ်သူကို နာရီ ဝက်အတွင်း လာရောက် ခေါ်ယူရန် ဧပြီ လ ၂ရ ရက်နေ့ ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားသဖြင့် ၄င်းတို့ နှစ်ဦး၏ တည်နေရာကို သိရှိကာ သက် ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းကို အကြောင်း ကြားခဲ့ကြောင်း ၄င်းက ပြောကြား သည်။

မိမိနှင့် စာရေးဆရာ သွန်းနေစိုး (အမည်ရင်း-ဦးကျော်ဝဏ္ဏ)တို့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင် သမီးရည်းစားများ ဖြစ်ခဲ့ကြောင်း၊ ရည်းစား ဖြစ်ပြီးနောက် မိဘများမသိ အောင်လက်ထပ်စာချုပ်တွင် လက်မှတ် ထိုးခဲ့ဖူးကြောင်း၊ ၄င်းတွင် လက်ရှိအိမ် ထောင်နှင့် ကလေးရှိနေကြောင်း မိမိက သိရှိချိန်တွင် ကွာရှင်းစာချုပ်တွင် ပြန် လည် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကွာ ရှင်းစာချုပ်တွင် လက်မှတ်ရေးထိုးပြီး ၁ဝရက်အကြာ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၄င်းက မိမိ၏တက္ကသိုလ် ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး မိမိ တွင် ကိုယ်ဝန်ရှိနေသည်ဟုဆိုကာ ကိုယ်ဝန် ဖျက်ချရမည်ဟု လိမ်လည်ပြောဆိုလျက် ဒလမြို့သို့ ခေါ်ဆောင်သွားကြောင်း အသက် ၂၁ နှစ်အရွယ်ရှိ ကာယကံရှင် အမျိုးသမီးက ရှင်းပြသည်။

အမှုဖွင့် တိုင်တန်းသူများ၏ အရွယ်ရောက်ပြီး မိန်းကလေးကို လိမ်လည်ဖြားယောင်းကာ ခိုးယူပေါင်းသင်း သည့် စွပ်စွဲချက်အတွက် စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)အမည်ရင်း- ဦးကျော်ဝဏ္ဏနှင့် ကာယကံရှင်မ ...တို့ ၏ ဘိုကလေးမြို့နယ် တရားရုံးတွင် တရားဝင် လက်ထပ်ထားသော လက်ထပ် စာချုပ်နှင့် ၄င်းတို့နှစ်ဦး ပျော်ရွှင်စွာ ရိုက် ကူးထားသော မှတ်တမ်းဓာတ်ပုံ အစ ရှိသည်တို့ကို ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးနေစဉ် တင်ပြခဲ့ကြောင်း ဦးကျော်ဝဏ္ဏ ၏အမှုကိစ္စအတွက် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ ၄င်း၏မိတ်ဆွေ ဦးအယ်ခွန်လင်းစံ ကဆိုသည်။

တရားရုံးချုပ်ရှေ့နေတစ်ဦးလည်း ဖြစ်သူ ၄င်းက ''တရားရုံးကိုမတင်သေး ဘဲ ရဲစခန်းမှာပဲရှိနေသေးတဲ့အတွက် ရှေ့နေအနေနဲ့ လိုက်ပါဆောင်ရွက်ပေးလို့ တော့မရပါဘူး။ သူ့ရဲ့အထောက်အထား တွေကို ရဲစခန်းမှာစစ်ဆေးတုန်းကပဲ တင်ပြပေးခဲ့ပါတယ်''ဟု ဧပြီလ ၂၉ ရက်နေ့တွင်ရှင်းပြသည်။

စာရေးဆရာ သွန်းနေစိုးအနေဖြင့် ပြင်ပမှ ဝေဖန်ပြောဆိုမှုများကို ကြားသိ နေသော်လည်း အချုပ်ထဲ ရောက်ရှိနေ သောကြောင့် ဖြေရှင်းပြရန် အခွင့်မသာ သေးကြောင်း၊ အချုပ်မှ လွတ်မြောက်လာ ပါက ရှင်းပြမည်ဖြစ်ကြောင်း၊ နှစ်ဦး သဘောတူခိုးပြေးခြင်းဖြစ်ကြောင်း၊ မိမိ ဖြူစင်ကြောင်း သက်သေပြရန် မိန်းက လေးတစ်ယောက်သိက္ခာကို မချလိုသဖြင့် ယခုလောက်သာပြောလိုကြောင်း၊ တရား ဝင် လက်ထပ်ထားခြင်းဖြစ်ကြောင်း ၄င်း၏ကိုယ်ပိုင် Facebook စာမျက်နှာ ၌ ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်း က ရေးသားထားသည်ကို တွေ့ရသည်။
The Voice Weekly
ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး Reviewed by သစ်ထူးလွင် on 08:37 Rating: 5

37 comments:

Killer said...

အိမ်ထောင်ရှိတာတောင် မိန်းကလေးတစ်ယောက်ကိုခိုးပြီးဘာလုပ်တာလဲ ကိုသွန်းနေစိုး... စာရေးဆရာဆိုတော့ အပြောကောင်းတာပေါ့... မိန်းကလေးတွေလဲ နောက်ကြောင်းမသိပဲ လက်ခံတာ ဂရုစိုက်ပါ.. အထူးသဖြင့် အင်တာနက်ကနေ ချစ်သူဖြစ်သူတွေပေါ့...

ကျော်ကိုဦး said...

ဘသားချောကတော့ ...လုပ်လိုက်ပြန်ပီ

mad dog said...

ခက်တယ် သွန်းနေစိုး ၇ယ်။ ။

MasterMyanmar said...

ခုလို ကိစ္စမှာ အပြင်လူကို ယုံပီး လူပါပေးတာ တော်တော်မိုက်တဲ့ မိန်းကလေးပဲ။ အသက်၂၀ ဆိုတာ နိုင်ငံတကာ စံနှုံးအရ အရွယ်ရောက်ပီး အမျိုးသမီးပါ။ ဒါတောင်မှ စဉ်းစားနိုင်မှုမရှိပဲ ယုံတာတော့၊ လုပ်တဲ့ သူ အပြစ်တစ်ခုတည်း မဟုတ်ဘူး၊ မိုက်တဲ့သူမှာလည်း အပြစ်ရှိတယ်။ ဒီလူ (လူသိများတဲ့ စာရေးဆရာ)မှာ မိန်းမရှိလား မရှိလားဆိုတာ စုံစမ်းဖို့ အလွယ်လေးပါ။

ဆိုင်ကလုန်း said...

ဘယ်သူ့ကိုမှ မဝေဖန်လိုပါ........ လက်ထပ်စာချုပ်နဲ့ ပေါင်းသင်းတာကိုပဲ...6 လလောက်ရှိပြီဆိုတော့....
သေချာတာကတော့ နှစ်ဦးနှစ်ဖက် အပေးအယူ မမျှလို့ ဒီအမှုဖြစ်တယ်လို့ ထင်တယ်...

aristhteinwin said...

ဆိုင်ကလုံးပြေတာ မုန်တိုင်း ထောက်ခံ၏။ မိန်းကလေးက တက္ကသိုလ်ကျောင်းသူဖြစ်နေပြီးတော့ ဘာကြောင့် ---ဘာကြောင့်-- လက်ခံရသလဲဆိုတာတော့ ကိုယ့်ဘာသာ သိလိမ့်မည်ထင်ပါ၏။ ခြောက်လကြာမြင့်မှ သည်အခြေအနေ ဖြစ်ပေါ်လာခြင်းသည်- ၂ဦး၂ဖက် သဘောကွဲလွဲမှူ ညှိနှိုင်းမရလို့ ဘဲဖြစ်ပါလိမ့်မယ်။ သတင်းတပုဒ်ဟု မမြင်ပါ။

super hero said...

စာရေးဆရာလုပ်ူပီးတော အကျင့်မကောင်းဘူး မင်ေုကာင်တူခားစာရေးဆရာတွေပါ သိက္ခာကျတောမှာပဲ

လူဆိုး said...

ဂန်ဘီ၇ကြီးကတော့လုပ်ပီ

Unknown said...

စဉ်းစားကြည့်ရင်..အဖြေက ရှင်းရှင်းလေးပါ...
ရှင်းသမှ ရှင်းရှင်းရှင်းရှင်းတောင်မြည်နေသေးတယ်...
ကောင်မလေးက လည်းကောင်မလေးဘဲ။
သွန်းနာဘူးက လည်း သွန်းနာဘူးဘဲ။
လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ...

Maung Maung said...

သိပ်မှန်တာပေါ့ ဆိုင်ကလုန်းရာ မတည့်ငါ့အဖို့ပြန်ပေးဆိုတဲ့ စကားပုံ ရှိတယ်မဟုတ်လား ဘာခုမှ အကြောင်းအမျိုးမျိုးလာပြမနေနဲ့ သူများတွေသိတယ် နောက်တစ်ယောက်ယူရတာခက်သွားမယ်

ကဝေမင်းသား said...

ဖစ်နိုင်ရယ် ခုမှ အပေးအယူမမျှလို့ ဖြစ်ကြတာ .. နောက်ပြိး တိုးတက်နေတဲ့ခေတ်ကြိးမှာ တက္က သိုလ်ကျောင်းသူတစ်ယောက်က ဒါလေးတောင် မစုံစမ်းနိုင်ဘူးဆိုတော့ညံ့တာပေါ့ ညံ့လို့ခံရတာ ခံလိုက်ပေါ့.. ခုတော့တိုင်တယ်တဲ့ ဟိုက လက်ထပ်စာချုပ်နဲ့ ပြန်ကိုင်ရင် ကိုယ်ပဲ အရှက်ကွဲရမှာ

Anonymous said...

လက်ရှိ သားနဲ့မယားရှိရက်နဲ့
သူများသားသမီးကို တရားဝင်ယူယူ
တရားမဝင်ယူယူ ဒီကောင် လူစိတ်မရှိဘူး
ဟေ့ကောင် မင်းနှမကို ငါမယားငယ်အဖြစ်ထားမယ်
လက်ခံမလား ဒီလိုအောက်တန်းကျယုတ်မာတဲ့
စိတ်ရှိတဲကောင်က စာရေးဆရာ ဟုတ်လား
ကိုယ့်ဘာသာကို ကောင်းအောင်အရင်လုပ်အုံး ထွီ့

Thurein said...

ကျနော် ဘယ်သူ့ဘက်မှလိုက်ပြီးပြောတာမပာုတ်ဘူးနော်။ ဒီအမျိုးသမီးပာာ အရွယ်ရောက်ပြီးသူပါ။သူဒီလောက်တောင်မစဉ်းစားတတ်ဘူးလား။ နောက်ပြီး ဒီစာရေးဆရာက လူသိများတာပဲ (ကျနော်တော့တစ်ခါမှ မဖတ်ဖူးပါ) သူမိန်းမရှိလား မရှိဘူးလားဆိုတာ နဲနဲလေးစုံစမ်းရင်တောင်ရပါတယ်။ ကိုယ်ဘာမှမသိတဲ့သူတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးတယ်ဆိုတာကတော့..... နောက်ပြီးသူက သူ့ကိုသူကိုယ်ဝန်ရှိလားမရှိဘူးလား ဆိုတာတောင်မသိဘူးလား။ ကျနော် သူတို့နှစ်ယောက်မှာ ဘယ်သူနဲ့မှ မသိပါဘူး။ ဒါကို ဖတ်မိလို့ စိတ်တိုင်းမကျတာတွေကို ၀င်ရေးလိုက်တာပါ။ အဲဒီမိန်းကလေးကို စော်ကားလိုစိတ်လဲမရှိပါဘူး။

www.academicmedicines.blogspot.com

honey said...

နှစ်ဦးသဘောတူမှားယွင်းခဲ့တာ
ပြစ်မှုမှမဟုတ်ပဲ။နှစ်ယောက်စလုံးမှားတာ။
အိမ်ထောင်ေ၇းဖျေက်ပြန်တာလည်းအပြစ်ပဲ။

shade said...

ခက်တော့ခက်နေပါပြီမြန်မာပြည်ကြီးရေ။ဆန်းဆန်းပြားပြားတွေပဲ
ဖြစ်နိုင်လွန်းပါတယ်။

ranongfishermans said...

မလုပ်သင့်တာကိုလုပ်ကြလို့...မဖြစ်သင့်တာတွေဖြစ်လာကြတယ်ဆိုပါတော့.....နှစ်ယောက်စလုံး ... ရှုပ်ကြတာပါပဲ့...နှစ်ယာက်ထဲမှာတစ်ယောက်ယောက် ကအသိဥာဏ်ရှိရင်... ဒီ case ဖြစ်လာစရာအကြောင်းမရှိပါဘူး
ဒါကြောင့် နှစ်ယောက်စလုံးအသုံးမကျတာပါ....

aung naing said...

ဒီကောင်သွန်းနေစိုးကြောင်သူတော်ကြွက်သူခိုးဘဲ၊သူများသားသမီးဒီလိုမဖျက်ဆီးသင့်ပါဘူး၊ပြည်သူတွေဆငိးရဲတာအခွင့်ကောင်းယူခြင်နေတဲ့သူတွေအများကြီးဘဲ။ကြာရင်မြန်မာနိုင်ငံတော့-ာနိုင်ငံဖြစ်သွားတော့မယ်။

ဆိုင်ကလုန်း said...

ကိုဖိုးထောင်ရေ.....လူတစ်ကိုယ် စိတ်တစ်မျိုးစီပါ
ကျွန်တော်ဟာ မိန်းကလေးဘက်ကလဲ မဟုတ်သလို သွန်းနေစိုး ပရိသတ်လဲမဟုတ်ပါ။
တက်ကသိုလ်ကျောင်းသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် (သူများ မယားငယ်လုပ်သင့် မသင့်)ရှိပါတယ်...ယောက်ျားဆိုတာ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့အမျိုးပါ.. (လူတိုင်းကို မဆိုလိုပါ)
ဘုရားတရားအကြောင်းပြတဲ့ သူတစ်ယောက်ကို မိန်းမချောတစ်ယောက်နဲ့ အခန်းတစ်ခန်းတည်း သော့ပိတ်ထားကြည့်ပါလား .. ဘာလု�8w|_o [w��ထင်သလဲ...
ကျွန်တော်ကိုယ်တိုင် အရွယ်ရောက်ပြီး နှမတွေရှိပါတယ်....ကိုဖိုးထောင်
မယားငယ်လုပ်ချင်ရင်လဲ ကာယကံရှင် သဘောတူရင်ဖြစ်ပါတယ်... ကိုကျော်ကြည်ကို ပြောသလို လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ..

kyaung said...

ဖိုးထောင်ရေးတာကို ထောက်ခံပါတယ်...

Yan Naing said...

အခုခေတ်ကြီးမှာ ဒီလိုဖြစ်စဉ်တွေ လူမသိသူမသိနဲ့ အများကြီးဖြစ်နေတာပါ။ အဲဒီ့ထဲမှာမှ သွန်းနေစိုးတို့ကတော့ လူသိရှင်ကြား အရှက်ကွဲပြီးပေါ့။ လူမသိသူမသိဖြစ်နေတဲ့လူတွေကိုတော့ မသိတဲ့လူတွေက အထင်ကြီးလေးစားနေပေမယ့် လူသိရှင်ကြားဖြစ်သွားတဲ့သူကတော့ မကောင်းတဲ့ကောင်ဆိုပြီး ၀ိုင်းပြောတာကိုခံရပြီ။ ဆင်ခြင်တုန်တရား မရှိတော့ နှစ်ယောက်လုံး အရှက်တကွဲ အကျိုးနည်းကုန်တော့တာပေါ့။ ပြောရမယ်ဆိုရင်တော့ နှစ်ယောက်လုံးအမှားဘဲ။ အဲဒီ့ထဲမှာမှ ကာမပိုင်ရှိတဲ့သူက ပိုပြီး အကျင့်သိက္ခာမရှိတာပေါ့လို့ ထင်တယ်။ ဒါပေမယ့် တချို့တလေကလည်း သိရဲ့သားကြီးနဲ့ ယောင်္ကျားဖြစ်ရင်ပြီးရော(သို့) မိန်းမဖြစ်ရင်ပြီးရောဆိုတဲ့ ကာမတဏှာသမားတွေကလည်း ရှိသေးတယ်မဟုတ်လား။ အဲ့ဒါကြောင့် ဘယ်သူ့ဘယ်သူအမှားလို့ ဝေဖန်မနေတော့ပါဘူး။ နှစ်ယောက်လုံးမှားခဲ့ကြတာဘဲလို့ ထင်မြင်ယူဆမိပါတယ်။

Ko Min Chit Thu said...

လည်လွန်းတဲ့ဘီးချီးနင်းတာလား၊
မိန်းခလေးရဲ့ဝဋ်လား၊
စီရင်ချက်ချပြီးမှဝေဖန်တာကောင်းပါတယ်

naughty boy said...

""မိမိ၏တက္ကသိုလ် ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး မိမိ တွင် ကိုယ်ဝန်ရှိနေသည်ဟုဆိုကာ ကိုယ်ဝန် ဖျက်ချရမည်ဟု လိမ်လည်ပြောဆိုလျက် ဒလမြို့သို့ ခေါ်ဆောင်သွားကြောင်း အသက် ၂၁ နှစ်အရွယ်ရှိ ကာယကံရှင် အမျိုးသမီးက ရှင်းပြသည်။""
အဲဒီစာကြောင်းက အူလည်လည်နဲ့.. ကာယကံရှင်က ကိုယ်ဝန်ရှိ/မရှိ သိရမှာပါ၊ အခုခေတ် သိဖို့ အရမ်းလွယ်ပါတယ်။ အဲဒီစာကြောင်းက မဟုတ်သေးပါဘူး..
မိန်းကလေး မိဘတွေက သွန်းနေစိုးကို ကလဲ့စားချေချင်စိတ်က ရှေ့ရောက်နေတော့ အခုလို လူသိရှင်ကြားဖြစ်သွားရင် ပိုပြီးအရှက်ရစရာ ဖြစ်မယ်ဆိုတာ ထည့်မစဉ်းစားဘူးလားမသိဘူး။ ပြီးတော့ နှစ်ဦးသဘောတူ ဖြစ်တဲ့ကိစ္စမှာ အရွယ်ရောက်ပြီး မိန်းကလေးတစ်ယောက်ကို တရားဝင် ပေါင်းသင်းတာ အချုပ်ထဲ ရောက်စရာ အကြောင်းမရှိဘူး။ အခုတော့ အချုပ်ထဲမှာဆိုတော့ လူမသိသေးတဲ့ အချက်တွေ ရှိမယ်ထင်ပါတယ်။ ဒါမှမဟုတ် မိန်းကလေးဖက်က ငွေကြေးတတ်နိုင်လို့ လားမသိ။
ပြီးတော့ လက်ထပ်စာချုပ်က ဘိုကလေးတရားရုံးမှာ ကွာရှင်းစာချုပ်က ဘယ်မှာလည်း ကိုယ့်ဖာသာ စာရွက်ပေါ်လက်မှတ်ထိုးပြီး ကွာလို့ရတာမှ မဟုတ်တာ။
ကျနော့ အမြင်တော့ နှစ်ဖက်စလုံးက မမှန်ပါဘူး။

chaoji gao said...

သြော်....အထင်ကြီး လေးစားခဲ့တာတွေ ခုတော့ ခုတော့ ကာမလိမ်တဲ့ စာရေးဆရာလူကြီးတဲ့လား .......

a said...

ကာမလိမ်တဲ့ လူယုတ်မာရဲ့ စာအုပ်တွေ ထွက်ခွင့်ပိတ်ရင်ကောင်းမယ်..
လူမကောင်းရင်စာလဲမကောင်းနိုင်ဘူး

Noel said...

မိန်းမနဲ့ တရားဝင် ကွာရှင်းထားပြီးမှ.. ဒီမိန်းခလေးနဲ့ လက်ထပ်တာလား..မယားကြီးနဲ့ မကွာရသေးဘဲ..တိတ်တိတ်ပုန်းလက်ထပ် တာလား .. ဆရာဝန်တစ်ယောက်မှားရင် လူနာတစ်ယောက်ဘဲသေနိုင်တယ်.. စာရေးဆရာ တစ်ယောက်မှားရင် အတွေးအခေါ်မရင့်ကျက်သေးတဲ့ စာဖတ်ပြည်သူတွေ လမ်းမှားရောက်ပြီး ဘ၀တွေ သေနိုင်ပါတယ်..

ဒသဂီ၇ိ said...

အော်သူတို့တွေကတော့သာယာတုံးကသာယာခဲ့ပြီးအခုမှဘယ်လိုဖစ်တာလဲတခုခုတော့မှားနေတာသေချာတယ်။တို့နိုင်ငံတော့ကြာ၇င်မလွယ်ပါ့လားနော်...........

mayhtat said...

ကာမလိမ်လည်တယ်လို့ပြောမရပါဘူး..
၂ဦးသဘောတူတုန်းကလည်းတူခဲ့တာဖြစ်မှာပါ...
အကြောင်းတခုခုကြောင့်ခုလိုလူသိရှင်ကြားဖြစ်ရတာနေမှာပါ..
ဒီလိုဇတ်လမ်းတွေကမြန်မာပြည်မှာခေတ်ရေစီးကြောင်းဘဲလေ...
ခုလိုအများသိတာနဲ့မသိတာဘဲရှိတယ်....

angry boy said...

နှာဘူးတာ ဘူးကြပါ။ လူစိတ်တော့ရှိကြပါ။ ဒါဘဲပြောတော့မယ်....

boyaing said...

ဥပဒေပုဒ်မ ၃၆၆ ကတော့ ကာမလိမ်လည်တာမဟုတ်ဖူးနော်။ ၄၁၇ ကတော့ ကာမလိမ်လည်တာပဲ။ ၃၆၆ က ဘာလဲ ဒို့လည်းမသိ။

WAH WAH WIN said...

ဒီအရွယ်နဲ့ လူပျိုဖြစ်နိုင် မဖြစ်နိုင် စုံးစမ်းပါတော့လား၊ မြန်မာပြည်တနေရာထဲမျာနေပြီး အဲ့လောက်တောင် အရလား၊ တက္ကသိုလ်ကျောင်းသူတောင်ဖြစ်နေပြီ၊ သူများယုံကြည်အောင်ပြောတာကို တဏှတောမှာမျှောနေမိတာတစ်ခုထဲနဲ့ ခံလိုက်ပေါ့၊ နဲတောင်နဲသေးတယ်၊ အဲ့ဒါ ၂ ယောက်လုံး မိန်းမကြီးရဲ့ စိန်ရေသင့်တာ။

pt said...

ဒီဂေါက်ကြောင်က အလကားနေရင်း ဘ၀င်မြင့်မာန်တတ်နေတဲ့ကောင်ဆိုတော့...၀ိုင်းပီုးသဘာပေးတာပါ

sos said...

ဘာပဲဖြစ်ဖြစ်ယောင်္ကျားယုတ်ပါပဲ။မိန်းခလေးဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်ကိုထောင်ချလိုက်ကွာ

cartoon said...

366 ဆိုတာ အသက်မပြည့်သော မိန်းကလေးအား ဖျားယောင်းသွေးဆောင်မှုပါ၊ အသက် ၁၄ နှစ်နှင့် ၁၈ အကြားပါ။၄၁၇ မှသာ ကာမလိမ်လည်ရယူမှုပါ။ယနေ့ခောတ်တွင် မယားကြီး၊မယားငယ် မရှိပါ။မယားပြိုင်သာရှိပါသည်။မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ယောင်္ကျားတစ်ယောက်သည် မယားတစ်ယောက်မက ယူခွင့်ရှိပါသည်။

thu said...

ဘာပဲပြောပြောအဲဒီစာရေးဆရာဟာကိုယ်ကျင့်တရားခေါင်းပါးလွန်းတယ်
ဆိုတာတော့သေချာတယ်။

devil said...

ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှု အရတော့ မယူသင့်။ ဘာပြောပြော အမျိုးသမီးရေးရာ မပါလာတာပဲ ကံကောင်း

tuntunwin said...

စာေ၇းဆ၇ာတဲ့ ၇ယ်စ၇ာနော် အံသြစ၇ားပဲ

minthansan said...

အဲဒီ လူယုတ်မာက လွန်ခဲ့ထဲ့ ၅နှစ် လောက်က ကျမသူငယ်ချင်းရဲ့ ညီမ ပထမနှစ် ကျောင်းသူလေးကို အတင်းခိုးယူပေါင်းသင်းခဲ့တာ ကောင်မလေး မိဘတွေက မတတ်သာလို့ လက်ထပ်ပေး လိုက်ရတယ်။
လက်ထပ်ပြီးတော့ ကောင်မလေးကို အခန်းထဲပိတ်လှောင်ပြီး အမျိုးမျိုှးနှိပ်စက်လွန်းလို့ ရှေ့နေငှါးပြီး ကွာရှင်းခဲ့ရတယ်။
လုံးဝသောက်ကျင့်မကောင်းတဲ့ကောင်..

Powered by Blogger.