ဇဗ္ဗူသီရိမြို့နယ်က ဒေသခံများ စုငွေ(၃)ဆအား ပြည်ခိုင်ဖြိုးပါတီက ချေးယူနိုင်

အောင်ကိုကိုလတ် (မြစ်မခ)
ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် ဒေသခံများအဆင်ပြေစေရန်အတွက် ‘မြစိမ်းရောင်’ အမည်အဖြင့် ငွေစု ငွေချေး လုပ်ငန်များအား   ဆောင်ရွက်ပေးနေကြောင်း ပြည်ခိုင်ဖြိုးပါတီက သိရှိရသည်။

မြစိမ်းရောင် လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စားငွေစုငွေချေးအသင်းသည် ငွေစုငွေချေးရာ၌ ငွေချေးသူ ၏ စုငွေနူန်းအပေါ်တွင် (၃)ဆထုတ်ချေးပေးပြီး အတိုးနူန်းမှာ (၂)ကျပ် ဖြစ်ကြောင်း သိရသည်။ ဥပမာ-(စုငွေ ၁ သိန်း ကျပ်× ၃ဆ= ချေးငွေ ၃သိန်း ကျပ်)

“ဘယ်သူကိုပဲဖြစ်ဖြစ် ချေးပေးပါတယ်။ အားလုံး အဆင်ပြေအောင်လုပ်တာပါ။ ငွေးချေးမယ်ဆိုရင်တော့ စုငွေ ရဲ့၃ဆကိုထုတ်ပေးတာပါ။ ကန့်သတ်ချက်တော့မရှိပါဘူး”ဟု လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စား ငွေစု ငွေချေး ‘မြစိမ်းရောင်’ အသင်း၏ အတွင်းရေးမှူး ဦးဝင်းဌေးကပြောသည်။

အဆိုပါ ငွေစုငွေချေးလုပ်ငန်းအား ၂၀၁၁ ခုနှစ် မေလပိုင်းမှ စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိ (၁)နှစ်တာကာလတွင်း ငွေစုငွေချေးသူ (၁၀၀၀)ဦးရေဖြင့် လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။
 
 “ကျွန်တော်တို့တော့ မချေးနိုင်ပါဘူး။ အသင်းက စုငွေအပေါ်မှာ ငွေထုတ်ပေးတာဆိုတော့ အရင်းအနှီး လိုတယ်။ ကျွန်တော်တို့ မတက်နိုင်တဲ့သူတွေတော့ နည်းနည်းခက်တယ်”ဟု သပြေကုန်းဈေးတွင် ကုန်စိမ်း ရောင်းသူ ကိုဝေတွန်းကပြောသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု(၃)ခုနှင့် ရပ်ကွက်(၂)ခုတွင် ‘မြစိမ်ရောင်’ ငွေစုငွေချေးလုပ်ငန်း (၈)ခု ဖွင့်ထာပြီး၊ အဆိုပါ ဒေသခံတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများနှင့် လက်လုပ်လက်စား (နေ့စား သမား) သမား အများစုနေထိုင်ကြောင်း သိရသည်။

 “အသင်းက အခြေခံလူတန်းစားတွေကို ဦးတည်ထားတာမျိုး တွေ့ရတယ်။ စိုက်ပျိုးချိန်မှာဆိုရင် တော်တော် လေး အဆင်ပြေပါတယ်။ အရင်းအနှီးလုပ်လိုတဲ့သူတွေအတွက်တော့ အဆင်ပြေတယ်” ဟု မြို့မဈေးအနီးတွင် ဆိုင်ကယ် (Taxi) ပြေးဆွဲနေသူ ဦးတင်ဌေးက ပြောသည်။
 Shwe Myitmakha Media Group
ဇဗ္ဗူသီရိမြို့နယ်က ဒေသခံများ စုငွေ(၃)ဆအား ပြည်ခိုင်ဖြိုးပါတီက ချေးယူနိုင် ဇဗ္ဗူသီရိမြို့နယ်က ဒေသခံများ စုငွေ(၃)ဆအား ပြည်ခိုင်ဖြိုးပါတီက ချေးယူနိုင် Reviewed by သစ်ထူးလွင် on 17:43 Rating: 5

9 comments:

ဇာမဏီ said...

2015 အတွက်ခြေလှမ်းတွေစနေပီ။ သတိကြီးကြီးထားကြပါ။
ပြည်သူများ။ ကြံ့ဖွတ် ရဲ့စေတနာဟာ စေတနာအမှန်မဟုတ်ပါ။

Anonymous said...

ဝှီး. . ခေါင်းစဉ်ကြည့်ပြီး ပြည်ထောင်စုကြီး
ကြံ့ခိုင်အောင် ဖွံ့ဖြိုးအောင်လုပ်နေတယ် ထင်တာ
လက်စသပ်တော့ ငွေတိုးချေးပြီး ချစ်တီးအလုပ်လုပ်နေတယ်
ချည့်နဲ့ယိုင်ယိမ်းနေတဲ့ ကုလားထိုင်ကို ဗြုပ်စဗျင်းဒေါင်းတွေနဲ့
တုပ်နေကြတာပေါ့ကွာ

minsoeaung said...

ကြံ့တွေဘာလုပ်ပြန်ဘီလဲ။ ငွေချေးတယ်ဆိုရင်အတိုးမယူ
ပါနဲ့လား။ဒါမှကုညီတာအမှန်ုဖြစ်မှာပေါ့။ခုဟာကအတိုးယူ
နေမှတော့စီးပွါးရှာတာဖြစ်နေဘီ။လူကြားကောင်းအောင်
မပြောကြပါနဲ့။ ဒါ ကူညီတာမဟုတ်ဘူး။ဒုက္ခတွင်းထဲတွန်း
ချတာဘဲ။လွယ်လွယ်ရ လွယ်လွယ်ကုန်ပြီ အားလုံးကျွေး
နွံထဲမှာနစ်ကုန်တော့မယ်။တကယ်စိတ်ပျက်မိပါတယ်ဗျာ။
ခေါင်းသုံးကြပါ သူတော်ကောင်းတို့

Youth said...

၂၀၁၅ခုနှစ်အတွက်ခြေလှမ်းတွေစနေပါပြီ။ ပြည်သူတွေသတိကြီးကြီးထားကြပါ။ရင်ထဲကမပါတဲ့အလုပ်တွေလုပ်နေတယ်ထင်ပါတယ်။ ကိုယ့်စေတနာမှန်ရင်တော့ အကျိုးပေးမှာပါ။ စတေနာမှန်လျှင်ကံကောင်းပါစေ။

Youth said...

၂၀၁၅ခုနှစ်အတွက်ခြေလှမ်းတွေစနေပါပြီ။ ပြည်သူတွေသတိကြီးကြီးထားကြပါ။ရင်ထဲကမပါတဲ့အလုပ်တွေလုပ်နေတယ်ထင်ပါတယ်။ ကိုယ့်စေတနာမှန်ရင်တော့ အကျိုးပေးမှာပါ။ စတေနာမှန်လျှင်ကံကောင်းပါစေ။

mad dog said...

လာပြန်ပြီ... မဲမနိုင် ၇င် ဇာတိပြန် ပြ မှာ ၇ိုးနေပြီ ..

ပုသိမ်သား...ဆင်မ said...

ကြိုက်သလိုလုပ်လိုက် နှစ်ပေါင်း၂၀ ကျော် ဆေးခါးကြီးတိုက်လာပြီး ခုမှ ပျားရည်နဲ့  ၀မ်းချတာလောက်တော့  ပုသိမ်သားတို့ က သနားတယ်...ဟာဟ

zaw hlaing oo said...

သတိထားကြပါသူတော်ကောင်းတို့ ဖွတ်တွေကိုယုံရင်ဖွတ်တွင်းထဲ ရောက်လိမ့်မယ်နော်

A Dr. of MOST said...

ကောင်းတဲ့အစီအစဉ်လို့ မြင်ပါတယ် မကောင်းမြင်တဲ့သူတွေဟာ နိုင်ငံကြီးသားမပီသတာပါ ဒီနာမည် မြင်တာနဲ့ မကောင်းတာချည်းပဲ ထင်တော့တာပဲ ဒါကြောင့်လဲ ဒီဘ၀ရောက်နေကြတာ
မြန်မာပြည်ကလူတွေ အတွေးအခေါ် တော်တော်နိမ့်သေးတာပဲ ကျွတ်ကျွတ်

Powered by Blogger.