ပြည်ပမှ မော်တော်ယာဉ်စက်ရုံ လာရောက်တည်ထောင်လိုသည့် ကုမ္ပဏီ(၇)ခုရှိကြောင်း စက်မှုဝန်ကြီးပြောဆို

ကျော်ဇင်မန်း(မြစ်မခ)
ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။

ပြည်ပမော်တော်ကားကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်စက်ရုံများလာရောက် တည်ထောင်ခွင့် တောင်းထား သော ကုမ္ပဏီ(၇)ခုခန့်ရှိပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌ ဦးစိုးသိန်းက နေပြည်တော်စက်မှုဝန်ကြီးဌာနတွင်ပြုလုပ်သော သတင်းထောက်များနှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

“လာပြောတဲ့ ကုမ္ပဏီတွေများတယ်။ (၇)ခုလောက်တော့ ရှိမယ်ထင်တယ်။ မီဆူဘီရှိရော၊ ဆူဇူကီးရော များတယ်။   နောက်ပိုင်းလည်းလာကြမှာပဲ။  အဲတော့ အကောင်းဆုံးကုမ္ပဏီကို ကျွန်တော်တို့ ရွေးချယ်ပြီး ခွင့်ပေးဖို့ပဲ တာဝန်ရှိတယ်။ မစ်ဆူဘီရှီတို့၊ မာရိုဘီနီတို့၊ ဆူဇူကီးတို့က မားကတ် အီကိုနော်မီဖြစ်တဲ့အတွက် ကျတော်က open ပဲ”ဟု စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောခဲ့သည်။

ကမ္ဘာကြီးအားလုံးက တံခါးဖွင့်လိုက်သောကြောင့် မိတ်ဆွေအများအပြားနှင့်တွေ့ရသောကြောင့် နိုင်ငံတကာ ရင်းနှီး မြုပ်နှံ မှုများနှင့် ပတ်သတ်၍ နားလည်လာကြောင်း ယခင်က မိတ်ဆွေတစ်ယောက်သာရှိ၍ တစ်ယောက်ကိုသာ နားလည်ခဲ့သည့် အတွက် လက်ရှိတွင် မည်သည့်နိုင်ငံမဆို လာရောက်လာရောက် ခွင့်ပြုကြောင်း၊ မိမိနိုင်ငံအပေါ် မည်မျှအကျိုး ရှိမည် ဆို သည်ကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“လာချင်တဲ့နိုင်ငံကလာ ခွဲခြားလို့မရဘူး။ ကျတော့်နိုင်ငံ ဘယ်လောက်အကျိုးရှိမလဲဆိုတာကိုပဲ ကျတော်တိုင်းတာမယ်။ အခွန်ကျကျနန ရတယ်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်သော ပြည်သူလူထုကိုမထိခိုက်သော ဒီလိုဟာတွေ အကောင်းဆုံး ကို ရွေးချယ်မှာ နောက်တစ်ခုကတော့ ဒီစက်ရုံကြီးလာတည်ဆောက်တဲ့အတွက် တိုင်းပြည်က ဘယ်လောက်အခွန်ရလဲ ဆိုတာ ပြည်သူလူထုကိုချပြလို့ရအောင် အဲဒီလို၊ တိုးတိုးတိတ်တိတ် လုပ်ပေးလို့မရဘူး။ လာဘ်တွေဘာတွေထိုးပြီးတော့ ဒီကုမ္ပဏီလုပ် ဟိုကုမ္ပဏီတော့မလုပ်နဲ့ ဒါမျိုးမဟုတ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာမော်တော်ကားထုတ်လုပ်သည့်စက်ရုံများရောက်ရှိလာပါက မြန်မာနိုင်ငံအတွင်းတွင် လူတိုင်းလိုလို မော်တော်ကား များစီးနင်းခွင့်   ရနိုင်ကြမည်ဖြစ်ကြောင်း၊ ဈေးနှုန်းကြီးမြှင့်ခြင်းမျိုးမရှိပဲ နိုင်ငံတကာ ဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်သက် (၁၅)နှစ်ကျော်ရှိသူ ဦးကျော်ကပြောသည်။
 
“တကယ်တမ်းသာလာခဲ့မယ်ဆိုရင် စက်ရုံတွေက အပြိုင်အဆိုင်ထုတ်ကြမယ်။ သူ့ထက်ငါရောင်းရအောင် ဈေးတွေ လျော့ပေးကြမယ်။ ဒီလိုမျိုးတွေဖြစ်လာရင် နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင်ပြနိုင်တဲ့သူတွေ အတွက် သက်သာမယ့် အရစ်ကျစနစ်တွေ အလိုလိုပေါ်လာမှာ။ ဒါဆိုရင် ပြည်သူတွေအတွက် သိပ်ကောင်းတာပေါ့။ အဓိကအချက်ကတော့ ကားကောင်းတွေလာရင် မောင်းနှင်ဖို့ လမ်းကောင်းတွေ အသင့်ရှိနေဖို့ပဲ လိုတာပါ” ဟု ၎င်းကပြောသည်။
 Shwe Myitmakha Media Group
ပြည်ပမှ မော်တော်ယာဉ်စက်ရုံ လာရောက်တည်ထောင်လိုသည့် ကုမ္ပဏီ(၇)ခုရှိကြောင်း စက်မှုဝန်ကြီးပြောဆို ပြည်ပမှ မော်တော်ယာဉ်စက်ရုံ လာရောက်တည်ထောင်လိုသည့် ကုမ္ပဏီ(၇)ခုရှိကြောင်း စက်မှုဝန်ကြီးပြောဆို Reviewed by သစ်ထူးလွင် on 17:45 Rating: 5

37 comments:

အောင်သက်ဦး said...

အရမ်းဝမ်းသာပါတယ်။

252525 said...

မြန်မြန်လုပ်ခွင့်ပေးလိုက်ပါ...ခုလုပ်နေတဲ့ပါမစ်ဆိုတာကြီးကလုံးဝအလုပ်မဟုတ်ပါဘူး...အကောက်ခွန်ငှာနကိုရိုက်စားလုပ်ဖို့လုပ်ပေးထားတလိုဖြစ်နေပါတယ်.

တိုးတက်အောင် said...

လမ်းကောင်းတွေအသင့်ဖြစ်ဖို့ လမ်းဟောင်းမလိုက်ကြဖို့လိုတယ်နော်...ဟဲဟဲ..

Aung Myin said...

ပေါ်ကုန်ပြီ။ပေါ်ကုန်ပြီ... အဲဒီလိုတိုးတိုးတိတ်တိတ်လုပ်ပေးလို့မရဘူး၊လာဘ်တွေ
ဘာတွေထိုးပြီး ဟိုကုမ္ပဏီလုပ် ဒီကုမ္ပဏီတော့မလုပ်နဲ့လို့မရဘူး....တဲ့။ဟိုတုန်းက
ဝန်ကြီးတွေအဲဒီလိုလုပ်ပေးခဲ့တယ်ဆိုတာသေချာတာပေါ့။ဒါပေမဲ့ TaTa ကားက
တစင်းကိုဒေါ်လာ(၂ဝဝဝ) နဲ့ရောင်းပေးပါ့မယ်ဆိုတာလက်မခံပဲသူ့လောက်မ
ကောင်းတဲ့ ချယ်ရီတရုတ်ကားအစုတ်တွေ ကိုဂျပန်ကားသစ်ဈေးထက်ပိုပေးနေရ
သေးတာဘာကြောင့်ပါလဲ။ဝန်ကြီးရေပြောတာတမျိုးလုပ်တာတမျိုးလားဗျ.....

san san said...

အရမ်းကောင်းတဲ့အစီအစဉ်ဘဲ။အလုပ်အကိုင်အခွင့်အလမ်းတိုးလာမဲ့သဘောရှိတယ်။

ေ၇ာသမမွှေ said...

အတွေ့ အကြုံ၇ှိတဲ့လူတွေ စကားပြောတာ ဖတ်၇တဲ့ ကျနော့ အတွက် အနစ်သာ၇၇ှိလှပါတယ်

the track keeper said...

တခြားတော့ပြောစရာမရှိပါဘူး။ မြန်မာစကားမှာ နာမ်စားသုံးတာ ကျွန်ုပ်၊ အကျွန်ုပ်၊ ကျွန်တော်၊ ကျွန်မ၊ ငါ၊ သင်၊ အသင်၊ ခင်ဗျား၊ ရှင်၊ နင် လို့ ရှိပါတယ်။ စကားသံအနေနဲ့ သုံးတဲ့အခါ ရေးထုံးစာအမှန်အတိုင်းမဟုတ်ပေမယ့် အသံထွက်သဘာဝသုံးစွဲပုံဓလေ့အရ လျှာ၊ အာခေါင်၊ သွားတို့ ထိမှု၊ ခွာမှုကို အနီးစပ်ဆုံးထွက်တဲ့အသံအနေအထားလက်ခံမှုအဖြစ်နဲ့ ကျွန်တော် ဆိုတဲ့ရေးထုံး စကားလုံးကိုပြောတဲ့အခါမယ် သံညင်းသံပျော့ သံဝက်အဖြစ်နဲ့ “ကျ” လို့ပြောဆိုလိုက်တဲ့ “ကျွန်” နောက်က “တော်” စကားလုံးကို ဆက်ပြောတဲ့အခါ အပီအသမပြောဘဲ “နော်” လို့ အသံထွက်ပုံ၊ “ကျ” ကို လျှာအလယ်နဲ့အာခေါင်ထိပွတ်ပြီး အသံထွက်ပြီးတဲ့အခါ “တော်” စကားလုံးကို လျှာဖျားနဲ့ အာခေါင်ဖျားအစပ်တို့ အားနဲ့ဖိထိပြီး လေကိုတွန်းထုတ်တဲ့အသံကို ဆက်တိုက်ပီပီသသ ဆိုဖို့ မချောမွေ့တော့ ပေါ့ပေါ့နဲ့ဖော့ဆိုလိုက်တဲ့အသံ “နော်” ဆိုပြီး ထွက်ပုံကြောင့် .. အသံထွက်အတိုင်းစာရေးတော့ “ကျနော်” လို့ ရေးတာ ၊ မိန်းမဆိုရင်လည်း “ကျွန်” ကို သံဝက်အနေနဲ့ဘဲ အသံမြည်လို့ “ကျမ” လို့ ရေးတာ ရေးထုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ ဖေ့စ်ဘုတ်ပေါ်က စကားသံရေးပုံ စာအရေးအသားတချို့မှာ “ကျွန်တော်” နာမ်စားနေရာမှာ အမျိုးသားလေးများ (တချို့က) “ကျတော်” လို့ရေးနေ သုံးနေကြတာတွေ့ရပါတယ်။ တကယ်တမ်းမှာ “ကျွန်တော်” စာအရေးအသုံးအတိုင်း အသံပီပီသသ ထွက်ပြီးပြောတဲ့သူ အတော်ရှားပါတယ်။ လျှာ၊ အာခေါင်၊ သွားတို့ ထိပုံ အနေအထားအရ သက်သောင့်သက်သာဖြစ်တဲ့အတိုင်းပြောတော့ အသံက “ကျနော်” လို့ဘဲမြည်သွား အသံထွက်သွားပါတယ်။ “ကျတော်” လို့အသံထွက်ဖို့ အတော်လေး သတိထားမှ ထွက်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် စာရေးသားမှုအနေနဲ့ကျရင်တော့ “ကျွန်တော်” လို့ဘဲရေးရပါတယ်။ ဒါကြောင့် သတင်းဆောင်းပါးရေးတဲ့နေရာမှာ နာမ်စားတွေရေးတဲ့အခါ သတင်းဆောင်းပါးရေးသူဟာ နာမ်စားကို ( တိုင်းရင်းသား၊ လူမျိုးရေး၊ ဘာသာရေး လိုအပ်ချက်ချွင်းချက်အရ မဟုတ်ရင်) ရေးထုံးအမှန်အတိုင်းသာရေးသင့်ပါတယ်။ “ကျတော်” လို့မရေးသင့်ပါဘူး။ ဒါပါဘဲ။

sean said...

Mazada , Hino တို့ ဆိုရင် မြန်မာနဲ့ ရင်းနှီး ပြီးသား...

panchit said...

အဲ့လိုလုပ်ကြစမ်းပါ......။

ဇာမဏီ said...

အိမ်နီးနားချင်းနိုင်ငံတွေမှာ အိမ်ထောင်စုတိုင်း ကားစီးနိုင်တယ်။
မြန်မာပြည်မှာသာ ကားက စည်းစိမ်ခံပစ္စည်းဖြစ်နေတာ။ ကြာပါ
ပြီဗျာ ။ နှစ် ၄၀ လောက်နောက်ကျကျန်ခဲ့တာ ။ အခုမှ မမြင်ဘူး
မူးမြစ်ထင်နေကြတာ ။ ဖွတ်အစိုးရတွေ။

Anonymous said...

"ယခင်က မိတ်ဆွေတစ်ယောက်သာရှိ၍ တစ်ယောက်ကိုသာ နားလည်ခဲ့သည့် အတွက် . ? ? ?."
ဟ ဟ ဟာ. . ဖတ်လို့ကောင်းနေတာ စကားက လမ်းကြောင်းပြောင်းသွားတယ်
ဘာမှချုပ်မထားနဲ့ ညှစ်မထားနဲ့ ဖွင့်သာချလိုက် ဒီမိုကရေစီဖက်ကိုသွားနေပြီ ပွင့်ပွင့်လင်းလင်းပြောပစ်လိုက်စမ်းပါ လက်ရှိအစိုးရအဖွဲ့ထဲမှာ နားမလည်သူတွေ ရှိနေတုန်းပါပဲ အချင်းချင်းရှင်းပြနားချတာက ပိုပြီးသင့်တော်မယ်ထင်ပါတယ် ဆက်လုပ်ပါ လုံးဝထောက်ခံပါတယ်ခင်ဗျ

aungthapyayhtun said...

ဝမ်းသာပါတယ် လူတိုင်းကားစီးနိုင်တော့ကောင်းတာပေါ့ ခုတော့စိတ်ကူးပဲယာဉ်လိုက်ဦးမယ်

Anonymous said...

တရုတ်က သူ.နိုင်ငံမှာ TAXI တွေကို VW ဘဲ အဓိကသုံးတယ်၊ စင်္ကာပူ က..... နှစ်ထပ် BUS တွေကို VOLVO . LEYLAND . MERCEDES . VW တွေဘဲသုံး တယ် ၊ ခောတ်ပြောင်းလာပြီ ၊ မြန်မာပြည် ကဘာ .... BRAND .. သုံးမှာလဲ ?

အောင်သာယာ said...

ဝန်ကြီး က အခွန်တွေ ကျကျနန ရဖို့ ရည်မှန်းသလို ပြည်သူတွေလဲ အလုပ်အကိုင် အခွင့်အလမ်း တွေ မျှမျှတတ ရနိုင်ကြပါစေ

Min Lu said...

ဟေး---ကားသစ်စီးဖို့ သင်္ဘောလိုက်ဖို့မလိုတော့ဘူး၊ရှိုးဂျော့သွားစရာမလိုတော့ဘူး။ ၀ယ်ပြီးတွန်းယူလာရမယ့်ကားစုတ်တွေသိန်းရာကျော်ပေးဝယ်ဖို့မလိုတော့ဘူး။ပိုက်ဆံစု ဖို့ပဲလိုတော့တယ်။ စုနိုင်မှ စီးနိုင်မယ်။

လင်းလင်း said...

သတင်းကောင်းပါပဲဗျာ

myo lay said...

ကောင်းသောသတင်းပါဗျာ၊၊

minsoeaung said...

ကျေးဇူးတင်ပါသည။
နိုင်ငံအတွက်နည်းပညာရ ပြည်သူအတွက်ဝင်ငွေရ
ချမ်းသာသူအတွက်ဇိမ်ကျ ပိုင်ရှင်အတွက်ငွေရ
ဘက်စုံကောင်းပါသည်။
အခြားလူသုံးကုန်များလည်းထုတ်လပ်ုပေးပါရန်
ဈေးပေါ ထုတ်ကုန်ကောင်းကောင်းတွေသုံးချင်လို့ပါ
ဝန်ကြီးဦးစိုးသိန်းခင်ဗျား
ကျေးဇူး

mystic bamar said...

မာရူဘင်နီ က မော်တော်ကား ထုတ်လုပ်တယ်လို့ ၊ မကြာမိသေးပါ။ သူဟာ ပွဲစားကုမ္ပဏီ အကြီစား ကြီးပါ။

တြိရတနာ said...

ဦးစိုးသိန်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာလျှက် ပြည်သူ့အတွက် ဆတပိုးတိုးလို့ ကောင်းကျိုးပြုနှိုင်ပါစေ။စိတ်ရင်းစေတနာဖြူစင်သော ဂုဏ်ကြောင့် သစ္စာလေး မြတ်တရားကိုလည်း လက်ရှိဘဝတွင် လွယ်ကူစွာပွားများ အားထုတ်သိရှိပြီး ငြိမ်းချမ်းသော ဘဝရရှိနှိုင်ပါစေ။

Taw Thar Gyi said...

2.5.2012 ရက်နေ့မနက် ၉ နာရီ ၁၅ လောက်ကလေးဒေါင့်ကန်လမ်းမကြီးနဲ့ဝေဇ
ယန္တာလမ်းဆုံမီးပွိုင့်မှာ ၂ဃ/---- နံပါတ်ဂျပန်လုပ်တိုရိုတာပါရာဒိုကားသစ်(မြန်မာ
အတွက်အသစ်၊ဂျပန်အတွက်သချိ င်္ုင်းကား) ကြီးတစင်းပျက်ပြီးလမ်းပိတ်နေပါ
တယ်။ ကားဘောနက်ကြီးဖွင့်ပြီးအသက်(၆၅)နှစ်လောက်သန့်သန့်ပြန့်ပြန့်အန်
ကယ်ကြီးတယောက်ထဲ တယ်လီဖုံးတလုံးနဲ့ဗျာများပြီးဒုက္ခရောက်နေရှာတယ်။
သူ့ခင်ဗျာကားအသစ်ကြီးနဲ့ဂိုက်မထုတ်နိုင်ပဲရှက်နေပုံရပါတယ်ချွေးတွေပြန်လို့ဗျ။ရဲကင်းတဲထဲကယာဉ်ထိန်းရဲတွေကလည်းစောစောစီးစီးတွန်းပေးရမှာစိုးလို့
လားမသိဘူး။တဖက်လှည့်ပြီးမမြင်ချင်ယောင်ဆောင်နေကြပြန်ရော။ ဆိုလိုချင်
တာကကုမ္ပဏီတွေသာတိုက်ရိုက်လာဖွင့်ရောင်းရင်ဒါမျိုးဘယ်ဖြစ်မလဲ။ဖြစ်ရင်
လဲကုမ္ပဏီကအာမခံပေးထားလို့လျော်ကြေးတောင်တောင်းနိုင်သေးတယ်။ခု
တော့ကျွန်တော်တို့အစိုးရဝန်ကြီးတွေအလွဲလွဲအချော်ချော်လုပ်နေလို့ (၁ဝ)
နှစ်လောက်စီးထားတဲ့ ရွှေငါးတို့၊ဖားပြုတ်တို့ဆိုတဲ့ကားတွေကိုရောင်း၊အဲဒီငွေ
နဲ့ကုမ္ပဏီမှာ ၂၀၁၂ မော်ဒယ်ကားအသစ်ဝယ်တာ ဒေါ်လာ(၅ဝဝဝ)လောက်အ
ပိုရလို့တဲ့ ဂျပန်က ကားစုတ်စီးတဲ့ကောင်တွေပျော်နေကြတယ်လေ၊ပြောင်းစရာရှိရင်လည်းအပြောလွတ်အောင်ပြောင်းပါတော့လား .....

naughty girl said...

ဝမ်းသာတယ်.. ဘာလို့လဲ ဆိုတော့ အဲ့လို စက်ရုံတွေလာဖွင့်တာ..မြန်မာပြည်က ပြည်သူတွေဈေးနှုန်း ကို မတန်တစ်ပေးစီး၇တာက သက်သက်သလို အရစ်ကျရှိလာမယ်.. အရမ်းကို မုဒိတာပွားမိတာတော့.. စက်ရုံရှိတဲ့အတွက် အလုက်သမား လိုလာမယ်။ အလုပ်သမားလိုလာရင် ဒို့ပြည်သူတွေအလုပ်လက်မဲ့အင်အားလျော့သွားမယ်။ တစ်ခုဘဲ အဲ့လိုစက်ရုံမှာလုပ်တဲ့ပြည်သူတွေအတွက် အစိုးရကအပြည့်အ၀ကာကွယ်နိုင်တဲ့ ဥပဒေတွေကိုတော့ လာရောက် ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ပြဒါန်းရမယ်။ ဒါမှနိုင်ငံခြားသား မြန်မာတွေကိုနှိမ်ခြင်းနဲ့ လုံလောက်တဲ့လုပ်ခလစာကိုရ နိုင်မှာ..

ဦးစားကြီး said...

စာလုံးပေါင်းတွေ အတော် မှားကြတယ်။

ဖိုးတောက် said...

ဒီလိုမှပေါ့... ပြတင်းပေါက်အများကြီးဖွင့်ထားတဲ့အိမ်က လေအေးတွေနဲ့ အလင်းရောင်ပိုရမှာပေါ့... ဂျပန်စက်ရုံတွေဝင်လာတာ ၀မ်းသာစရာပါ... ဒီမှာ ဂျပန်ကျတောင် တော်တော်အသုံးခံတာ.. အသစ်ဆိုရင်တော့ ပြောမနေတော့ဘူး... ကဲ ဇတ်လိုက်တို့ရေ...... သူတို့မလာခင်လေး.. မိုးမျှော်လမ်းကြီးတွေ မြန်မြန်သာဖေါက်ကြပါတော့ဗျို့... လမ်းတွေ မကျပ်အောင်....ဒါတွေသာဖြစ်လာလို့ ကိုယ်ပိုင်ကားလေးနဲ့ ရုံးတက်ခွင့်ရရင် လူဖြစ်ရကျိုးနပ်ပါပြီဗျာ....

KTRa said...

မြန်မာတွေမဆင်းရဲဘူးဆိုတာကမ္ဘာကမြင်တော့မှာပဲ၊မြန်မာငွေသိန်း(၄၀-၅၀)လောက်ပဲတန်တဲ့ကားတွေကို သိန်း(၅၀၀)အထက်ပေးစီးနိုင်တာ ကမ္ဘာပေါက်ဈေးအတိုင်းနဲ့သာစီးလို့ရလို့ကတော့ကမ္ဘာကမျက်စိဆံပင်မွှေးဆူးပြီသာမှတ်။

zmt said...

မြန်မြန်လုပ်ကြပါတော့ဒါမှ မြန်မာပြည်ပြန်ပီးအလုပ်လုပ်ရမှာ

Diamond Dragon said...

ဆက်လုပ်*****

KTRa said...

ပြည်တွင်းမှာကားစက်ရုံတွေရင်းနှီးမြှုပ်နှံလို့သိန်း(၁၀၀)အောက်လောက်နဲ့ကားစီးလို့ရလို့ကတော့အာဆီယံနိုင်ငံတွေမျက်စိဆံပင်မွှေးဆူးသွားမယ်။(ကားတွေဝယ်စီးလို့)

ကိုကို said...

သိတ်ဝမ်းသာမနေကြနဲ့ကိုယ့်လူတို့ရေ.
ပီးမှ.စစ်ဗိုလ်ချုပ်တွေပဲခွစားမှာပဲ.ခု ၂သိန်းတန်ဖုန်းတောင်အမြတ်ပေး
ဝယ်နေရပီ.

Unknown said...

ပေးလုပ်သင့်နေပါပြီ...ဘာမှအစိုးရကိုယ်တိုင်လိုက်လုပ်နေစရာမလိုတော့ပါဘူး..ဖွင့်ပေးလိုက်ဗျာ...မကောင်းရင်နောက်ရောက်လာဦးမယ်သူတွေအများကြီးပဲ...၀င်ချင်နေတဲ့သူတွေတန်းဆီနေတာ.........

Anonymous said...

Fuel Consumption ကို လည်း ထည့် စဉ်းစားသင့်တယ်........

Solomon said...

ဒီလူကြီးက သိပ်တော့ယုံရတာမဟုတ်ဘူး။ ပါးစပ်ထဲရှိတာထောင်ပြောတဲ့ သူကြီး ၊ ရေတပ်လဲ ဖျက်ခဲ့ပြီ၊ စက်မှုလဲ ပျက်သလောက်ဖြစ်နေပြီ ၊ အတွင်းက လူတွေ ပိုသိတယ်။ ချီးတောထဲမှာ လောက်က ထင်တိုင်းကျဲနေတာပါ။။။။။။

Anonymous said...

ကြိုက်သွားပြီ အပြောကို/တကယ်လုပ်နိုင်မယ်ဆိုရင် အားပေးထောက်ခံလျှက်ပါ အရင်မိတ်ဆွေကြီးကတော့လူလည်ကြီးပါ။

Anonymous said...

တာတာကား ကုမဏီရဲ့ တစ်ကမ္ဘာလုံး တစ်ပြေးညီ သတ်မှတ်ချက်စံအရ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အဲဒီ နိုင်ငံမှာ သတ်မှတ်ထားတဲ့ အခွန်အခအားလုံး ပေါင်းပြီးတဲ့အချိန်မှာ သုံးစွဲသူ လက်ဝယ်အရောက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၀၀၀ ထက် မကျော်ရပါဘူး။ မြန်မာနိုင်ငံမှာ ကားပြပွဲမှာ တာတာကားကို လာပြတယ်။ ၀ယ်ချင်သူတွေက ၀ယ်မယ်ဆိုတဲ့အခါ အစိုးရရဲ့ မတန်တဆ မြင့်မားနေတဲ့ အခွန်အခတွေ ထည့်ပေါင်းလိုက်ရင် ဒေါ်လာရှစ်ထောင် တစ်သောင်းလောက် ဖြစ်နေတာမို့.. သူတို့ရဲ့ တစ်ကမ္ဘာလုံးမှာ ဖြန့်ချိနေတဲ့ စံသတ်မှတ်ချက်နဲ့ ဘယ်လိုမှ မကိုက်ညီလို့ ပြန်လှည့်သွားခဲ့ရတယ်။ အခွန်အပြီးအစီး ဒေါ်လာ၂၀၀၀ ဆိုရင် မြန်မာငွေနဲ့ ၁၇သိန်းလောက်ပဲရှိတယ်။ လူတိုင်းကားစီးနိုင်မယ့် ကိစ္စဗျာ..။ သူတို့ရဲ့ တရုတ်နဲ့ စာချုပ်ထားတဲ့ ချယ်ရီဝက်ဂွန် ကားအစုတ်ကို ရောင်းမထွက်မှာစိုးလို့ တစ်တိုင်းပြည်လုံး စိတ်ချမ်းသာမယ့် ကိစ္စကို အကောင်အထည် ဖော်မပေးခဲ့ဘူး။ တကယ်တမ်းမှာ တာတာကားက ချယ်ရီဝက်ဂွန်ကားထက် အများကြီးသာတယ်။ လူတစ်စု ကောင်းစားရေးခေတ် မရှိသင့်တော့ပါဘူး။ အခု၅၀၀၀ဖုန်းကိစ္စလည်း ပြည်သူတွေ အကျိုးရှိမယ့်ကိစ္စ ၀ိုင်းပြီးညစ်ထားကြတယ်။ နှစ်သိန်းခွဲ ဆိုရင် လူတွေဝယ်နိုင်တာပဲဆိုပြီး ရသမျှ နွှာတော့တာပါပဲ။ တကယ်တမ်း အခြေခံ လူတန်းစားအလွှာမှာ အများစုဟာ မသုံးရက် မစွဲရက် ချွေတာစုဆောင်းထားတဲ့ ငွေလေးတွေနဲ့ ဖုန်းဝယ်ကိုင်ကြရတာပါ။ ၀ယ်ပြီးရင် ဖုန်းပြောမယ် ပြောရင် ဖုန်းခကျမယ်။ အပိုဝင်ငွေ မရှိသူတွေအဖို့ ဒါဟာ ၀န်ထုတ်ဝန်ပိုး ဖြစ်စေတယ်။ ဖြစ်လာလိမ့်မယ်။ တိုင်းပြည်အပေါ် တကယ်စေတနာရှိရင် ဖုန်းတစ်လုံးရဲ့ ဈေးနှုန်းဟာ အခြေခံလူတန်းစားတွေအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်ပဲ ပေါ့ပေါ့ပါးပါး ၀ယ်ယူသုံးစွဲနိုင်တဲ့ ဈေးပဲ ဖြစ်သင့်တယ်။ တကယ်တမ်းမှာ ပြည်သူဘက်ကို မငဲ့ပဲ လူတစ်စု အကျိုးစီးပွားကိုပဲ အလိုတူ အလိုပါ ၀ိုင်းဝန်းကာကွယ်စောင့်ရှောက် နေကြတဲ့လူတွေ.. တော်တော် စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။ ပြည်သူလူထု မျက်နှာလည်း ကြည့်ကြပါဦး။

jet lee said...

အလုပ်ကိုတကယ်လုပ်ကြပါတော့(တာဝန်ရှိသူတွေ) အခုမလေးရှားမှာတောင်လူတွေအကုန်ကားစီးနေလို့ လမ်းတွေမလောက်တော့လို့ ကားထုပ်လုပ်မူ့ တောင်ရပ်တော့မယ်..ကျွန်တော်တိနု့ ဆီမှာလုပ်မလို့ ဘဲရှိသေးတယ်..မြန်မြန်အကောင်အထည်ဖေါ်နိုင်ပါစေ.........

stone said...

လေတွေများဆွေးနွေးပွဲတွေလုပ် စားခွင်တွေဖန်တီး အသံတွေပေး အဝေမတဲ့လို့ ဘာတွေဖြစ်သွါးမလဲ စောင်ကြည့်ကြပါဦးဗျာ ဥပမာ ဖုန်းငါးထောင်တန်ကိစ္စဘဲကြည်ကြပါဦး ပြည်သူအဆင်ပြေဘို့ ထက်သူတို့ များများကျန်ဘိုအဓိကပါ။

Unknown said...

ကောင်းပါတယ်။သုံးပြီးသားကားတွေကိုသိန်းရာချီပေးပြီးစီးစရာမလိုတော့ဘူး။ဒီကအဟောင်းဈေးကဟိုကအသစ်ဈေးထက်တောင်ပိုနေပါသေးတယ်.လမ်းတွေကလည်းအဆိုးကြီးမဟုတ်သေးပါဘူး။စည်းမဲ့ကမ်းမဲ့မောင်းနေကြလို.ပါ။

Powered by Blogger.