မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဒုတိယနေ့ မြောက် ဆက်လက်ဆန္ဒပြ

မုံရွာမြို့ ဒုတိယနေ့ မြောက် ဆက်လက်ဆန္ဒပြနေစဉ်
စစ်ကိုင်တိုင်း မုံရွာမြို့ မှာ  လျှပ်မီးလင်းရေး အတွက် ဒုတိယနေ့ မြောက် ငြိမ်းချမ်းစွာ
ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ယနေ့ည (22.5.2012) 9း00 နာခန်.ကနေ လျှပ်မီးလင်းရေး အတွက်ငြိမ်းချမ်းစွာဆန္ဒပြ
အများပြည်သူ 200 ကျော်တို့ ကငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲကို ဒေသ
အာဏာပိုင်တော်တော်များများကလည်း လာရောက်သီတင်း ဓါတ်ပုံရိုက်နေကြပါတယ်။

ဆန္ဒပြသူတွေကလဲ အေးအေးဆေးဆေး နဲ့ ပဲ ဆန္ဒပြခဲ့ကြပြီး ည 10း00 နာရီကျော် မှာ
ပြီးဆုံးသွားခဲ့ပါတယ်။ ယခုလိုဆန္ဒပြတာဟာ ယနေ့ ညအပါအ၀င် (2)ရက်ရှိသွားပါပြီ။
နောက်နေ.တွေမှာလဲ ပြဖို.အစီအစဉ်ရှိတယ်လို့ Myanmar News Now ကိုပြောပါတယ်။

မုံရွာမြို့ မှာ ပထမနေ့  မေလ(၂၁)ရက်နေ့ က ဆန္ဒပြခဲ့တဲ့ (ရုပ်/သံ)ကိုလည်း အောက်မှာ
ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဒီဗွီဘီမှ ရိုက်ကူးထားတာပါ။
မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဒုတိယနေ့ မြောက် ဆက်လက်ဆန္ဒပြ မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဒုတိယနေ့ မြောက် ဆက်လက်ဆန္ဒပြ Reviewed by သစ်ထူးလွင် on 04:18 Rating: 5

6 comments:

thawmyoh said...

ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့  ဖယောင်းတိုင်ဖြင့်သွားကြစို့ ။

chochoaung said...

KIA/KIO ခေါင်းဆောင်တွေ ပါတီ ပွဲ ကျင်းပနေကြတယ် ကချင့်  အောင်ပွဲ တဲ့  သူတို့ လုပ်၇ပ်က တော်တော်လေး ထိေ၇ာက်တယ့် သူတို့  က အစိုး၇ နဲ့  ပြည်သူ နှစ်ဘက်လုံးထိအောင် လုပ်ဆောင်နိုင် သွားကြလို့ တဲ့  မှန်ပါတယ် ကချင်တွေ၇ယ် ပြော၇၇င် ခဲ တလုံးနဲ့ ငှက်နှစ်ကောင် ထိအောင် ပစ်လိုက်နိုင်တာပေါ့ အဲဒီ ၇လဒ် က နောက်ဆုံး ထိ ဆက်ကြည့် ပါ မင်းတို့  ဘယ်လောက်အောင်မြင်မှု့ တွေ ၇မလဲ ဆိုတာ မုံ၇ွာတင်မက တနိုင် ငံလုံးဆနတွေ ပြ၇င် KIO ရဲ့  အောင်မြင်မှု့  ပို ကြီးမားမှာပါ

ကိုကို(မန္တလေး) said...

မြင်းခြံသံမဏိစက်ရုံရောပိတ်ရဲ့လား?

thuthu said...

မီးမလာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့..... ဟား...ဟား

ဖမ်းနေ ဆီးနေ တားနေတဲ့ ရဲတွေအိမ်မှာလဲ မီးမလာပါဘူး... ဒီတော့တစ်ခုပဲထောက်ပြချင်တယ် ဆန္ဒပြနေတဲ့ သူတွေက သူတို့အိမ်နံပါတ်တွေနဲ့ မီးပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး..ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား ဆန္ဒပြပေးတာ ဒါကိုလိုက်ဖမ်းတဲ့ကောင်တွေက မိမိဘ၀ကို ရာထူးတစ်ခုဆီမှာ အပေါင်ထားပြီးဘ၀တူ ပြည်သူအချင်းချင်း ပြသနာ ရှာနေတာကတော့"အမိန့်" ဆိုတဲ့ စကားလုံးအောက်မှာ ခိုင်းသမျှ အကုန်လိုက်လုပ်နေတာကတော့ ပညာမဲ့လွန်း အားကြီးမနေဘူးလား

ဆားခါးရွာသား said...

မြင်းခြံသံမဏိစက်ရုံကတော့ လည်လိုက်တာမှနားကိုညည်းနေတာပဲ။

TU Student(Monywa) said...

ကောင်းပါတယ်ဒီလိုမှမဖော်ထုတ်၇င်ဒီလိုပဲမီးကဆက်ပျက်နေမှာပဲပြည်သူတွေကိုဝန်းရ့ပေးထားကြပါလို့ ပြည်သူတွေရဲရင် ကြပါကဲဆက်ပြီးတိုက်ပွဲဝင်ရအောင်

Powered by Blogger.