လျှပ်စစ်မီး ပိုမိုရရှိရေး ရန်ကုန်တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြ

မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

လျှပ်စစ်မီးပိုမိုရရှိရေး အတွက် ရန်ကုန်မြို့နေ တက်ကြွလှုပ်ရှားသူများနှင့် မြို့ခံအချို့က  ယနေ့ညနေ ၆နာရီ ၅၅မိနစ်တွင် ဆူးလေဘုရားလမ်း KING လားရှိုး လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လူစုကာ ဖယောင်းတိုင်မီးများ ကိုင်ဆောင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။

ရှေးဦးစွာ ဆူးလေဘုရားကို လှည့်ပတ်၍ ဆန္ဒပြကြပြီးနောက်  ဘုရားပေါ်သို့ တက်ရောက် ဆုတောင်းကြသည်။

ဖယောင်းတိုင်မီးထွန်း၍ ဆန္ဒပြသူ  အယောက်၅၀ ၀န်းကျင်ရှိပြီး သတင်းမီဒီယာ နှင့် ရာနှင့်ချီသည့်  ကြည့်ရှုသူပရိတ်သတ်များဖြင့် ဆူးလေစေတီတ၀ိုက်တွင် စုစုပေါင်း လူအင်အား တထောင်ကျော် ခန့်ရှိသည်ကိုတွေ့ရသည်။

၎င်းတို့ ဆန္ဒပြရင်း ကြွေးကြော်နေသော အသံမှာ “ အခွင့်အရေး အတူတူ ရရမယ်လို့ ပြောတယ်၊ အခု နေပြည်တော် လယ်ကွင်းထဲမှာ မီးတွေထိန်ထိန် လင်းနေတယ်၊ ကျွန်တော်တို့ ရန်ကုန်မှာက မီးလည်းပျက်တယ်၊  ရေလဲသုံးမရဘူး ” ဟုလက်ရှိ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင်ခံစားနေရ သည့်အခြေအနေကို နေပြည်တော် လျှပ်စစ်မီးပေးဝေမှုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကြသည်။

ဆန္ဒပြသူ တဦးဖြစ်သည့် အသက် ၈၀ကျော် ဒေါ်မာမာဝေက “ အဖွားတို့မှာက အမှောင်ထဲမှာ နေနေရတယ်။ ဒါအစိုးရမှာ တာဝန်ရှိတယ်” လို့ပြောသည် ဆန္ဒပြစဉ် လုံထိန်းများက ထိန်းသိမ်း ကြသော်လည်း ကြမ်းတမ်းစွာ တုန့်ပြန်မှု မရှိသည်ကိုတွေ့ရသည်။

နိုင်ငံရေး အကျဉ်းသားမိသားစု ကူညီရေး ကွန်ရက်မှ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် ဆန္ဒပြသူများက ဆူးလေစေတီပေါ်မှ ဆင်းကာ လူစုခွဲသွားသည့်နောက် ည ၈ နာရီဝန်းကျင်တွင် နောက်ထပ် လူငယ်တစ်စုရောက်ရှိလာပြီး  ဆူးလေဘုရားရှေ့တွင် ဖယောင်းတိုင်မီးထွန်း ၍ဆက်လက် ဆန္ဒပြခဲ့ကြသည်။

မန္တလေးမြို့တွင် မေလ ၂၀ နှင့် ၂၁ ရက်နေ့များက လျှပ်စစ်မီး ပိုမိုရရှိရေး အတွက် ဖယောင်းတိုင်ထွန်းညှိ ဆန္ဒထုတ်ဖေါ်ပြီးနောက် ယနေ့နံနက်က ဦးဆောင်သူဟု ယူဆသူများကို ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းမှုရှိခဲ့သည်။ မန္တလေးမြို့၌ ယခင် ၂ရက်တာ ဆန္ဒထုတ်ဖေါ်သူများ စုဝေးသည့်နေရာတ၀ိုက် လုံခြုံရေး တင်းကြပ်စွာချထားပြီး  ထပ်မံမဖြစ်ပွားအောင် ကာကွယ်ထားသည်ဟု မန္တလေးမြို့မှ သတင်းပေးပို့ချက်အရ သိရသည်။  

လျှပ်စစ်မီး မလုံလောက်မှုနှင့် ပတ်သက်၍ ပြည်သူများသို့ ယနေ့ထုတ် သတင်းစာတွင် `ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်း´ဆိုသည့် ပန်ကြားချက်ဖြင့် လျှပ်စစ်မီး မလုံလောက်မှု အခြေအနေကို လျှပ်စစ်ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။      ။

 
ဒေါ်မာမာဝေ၊ ( ကျောင်းသားခေါင်းဆောင် စည်သူမောင် ၏ အဖွား တော်စပ်သူ) လည်းပါဝင်
လျှပ်စစ်မီး ပိုမိုရရှိရေး ရန်ကုန်တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြ လျှပ်စစ်မီး ပိုမိုရရှိရေး ရန်ကုန်တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 04:00 Rating: 5

15 comments:

zaw said...

သည်းခံခြင်းသည်အောင်မြင်ပါတယ်ခင်ဗျာ ကျွန်တော်ဘယ်သူဘက်မှလိုက်ပြီးပြောဆိုနေခြင်းမဟုတ်ပါ မီးပျက်သည်ဆိုသည်မှာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ထုံးစံပါ၊ ဒါကို ဒေါသဖြင့် ဆန္ဒ ဖော်ထုတ်ကြတာကိုအပြစ်မပြောလိုပါ သို့ပါသော်လည်း နောက်ကြောင်း ပြန်လှည့်ချင်သူတွေအတွက် အခွင့်ကောင်း ဖြစ်သွားမည်ကို စိုးရိမ်မိပါသည်။ အစိုးရအနေနဲ့လည်း သူတို့ရဲ့ အားနည်းချက်ကိုထုတ်ဖော် ၀န်ခံတောင်းပန်ထားပါသည်။ မိမိဘက်မှ အချိန်အနည်းငယ်ယူပြီး နားလည်ပေးစေချင်ပါသည်။ကျွန်တော်စိုးရိမ်တာက ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအပါအ၀င် ပြည်သူလူထု အထဲ ကိုပြန်ရောက်သွားမှာကိုလဲ စိုးရိမ်မိပါသည်။ထိုကြောင့်အာဏာရှင်လက်အောက်ပြန်မရောက်စေချင်သောကြောင့် သည်ကွန်မန့်ကို ရေးသားရခြင်းဖြစ်ပါသည်။

အောင် said...

မီးလာစေချင်တယ်
မလာရင်အုပ်ချုပ်သူက အေ၇းကြီူးတယ်
တာဝန်မယူရဲ၇င် မလုပ်နဲ့

thawmyoh said...

ရင်ထဲမှာ ခံစားခဲ့ရတာတွေ များလှပါပြီ ပြည်သူလူထုအားလုံး ခံစားခဲ့ကြရတဲ့ ဒုက္ခတွေပါ လက်နက်ကိုင်အဖွဲ့ စည်းအားလုံး (ဥပမာ...ရဲ၊ စစ်တပ်) နဲ့  သူတို့ ရဲ့ မိသားစုဝင်တွေ ပြည်သူတွေ အားလုံး အတူတကွ ကြုံတွေ့ နေရတဲ့ ဒုက္ခတွေပါ။ ရေပေါ်ဆီ လူတန်းစားတစ်ရပ်ပဲ ဒီမိုကရေစီ ရနေပြီး ကျန်တဲ့သူတွေအားလုံး ဒုက္ခပဲရောက်နေကြရတာပါ။ တိုင်းပြည်ကို တကယ် ချစ် တကယ်တိုးတက်စေချင် တကယ်ကောင်းအောင်လုပ်ဆောင်ပေးမယ့်သူတွေ နေရာရလာဖို့ လို အပ်နေပါပြီ။ ကိုယ့်မှာလုပ်ပိုင်ခွင့်ရှိတဲ့အချိန်မှာ တိုင်ပြည်ကို ကောင်းအောင်လုပ်ပေးကြပါ မိမိဆွေစဉ်မျိုးဆက်အတွက်ပေါ့။

thawmyoh said...

ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့  ဖယောင်းတိုင်ဖြင့်သွားကြစို့ ။

REQULAR said...

အားပေးတယ်ဗျာ နေပြည်တော်ကျတော့ မီးတွေလာတယ် နယ်တွေခါကျတော့ မီးမပေးဘူးဆိုတော့ ဒါမမျှတတာပဲ အားလုံးညီတူညီမျှပေါ့ဗျာ

yan yan said...

စာချုပ်ချုပ်ထားတဲ့ လျှပ်စစ်စီမံကိန်းတွေ ဆက်လုပ်ချင်လို့ အကွက်ဆင်တာပါ.........ထပ်ဆောက်မယ့်လျှပ်စစ်စီမံကိန်းတွေကို နိုင်ငံခြားနဲ့အကျိုးတူဆိုပါက လုံးဝကန့်ကွတ်သွားမည်ဖြစ်ပါသည်။

thuthu said...

ဘုမသိ ဘမသိနဲ့ ဝေဖန်ရေးလေကန်ရေးတွေ လုပ်မနေကြနဲ့။ အခုဟာကလူတွေနေလို့ထိုင်လို့ မရတော့လောက်အောင် ရေရော မီးရောပျက်နေလို့ ဆန္ဒဖေါ်ထုတ်ကြတာ။ ပြီးခဲ့တဲ့ အနှစ်(၂၀)နဲ့ မနှိုင်းယှဉ်နဲ့လေ။ ခင်ဗျားတို့နှိုင်းယှဉ်ရမှာ နိုင်ငံရေးခေတ် နှစ်ခုဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီလားဆိုတာ ဒီအဖြစ်ကနေ တွက်ထုတ်ရမှာ။ဖမ်းရဆီးရလောက်တဲ့အခြေအနေဘာမှ မရှိဘူး။ ပြသနာကို ဖြေရှင်းပေးရမယ့်အစား မိုးနတ်မင်းကို ရှိခိုးပါ တို့ညာတို့ နတ်ကတော်ဆန်ဆန် အပြောမျိုးတွေပြောပြီး မစွမ်းဆောင်နိုင်တာထင်ရှားနေရင် ရာထူးကဆင်းပေးလိုက်ပေါ့။ မိုးနတ်မင်းက ပျဉ်းမနားမှာနေတာလားတော့မသိဘူး အဲဒီမှာမီးမပျက်ဘူး။ရေနဲ့ မီးဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို မှမဖြည့်ဆည်းပေးနိုင်ရင် ကားတစ်စီး (၁၀) သိန်းဖြစ်သွားလဲ အပိုပါပဲ။

thuthu said...

ဘုမသိ ဘမသိနဲ့ ဝေဖန်ရေးလေကန်ရေးတွေ လုပ်မနေကြနဲ့။ အခုဟာကလူတွေနေလို့ထိုင်လို့ မရတော့လောက်အောင် ရေရော မီးရောပျက်နေလို့ ဆန္ဒဖေါ်ထုတ်ကြတာ။ ပြီးခဲ့တဲ့ အနှစ်(၂၀)နဲ့ မနှိုင်းယှဉ်နဲ့လေ။ ခင်ဗျားတို့နှိုင်းယှဉ်ရမှာ နိုင်ငံရေးခေတ် နှစ်ခုဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီလားဆိုတာ ဒီအဖြစ်ကနေ တွက်ထုတ်ရမှာ။ဖမ်းရဆီးရလောက်တဲ့အခြေအနေဘာမှ မရှိဘူး။ ပြသနာကို ဖြေရှင်းပေးရမယ့်အစား မိုးနတ်မင်းကို ရှိခိုးပါ တို့ညာတို့ နတ်ကတော်ဆန်ဆန် အပြောမျိုးတွေပြောပြီး မစွမ်းဆောင်နိုင်တာထင်ရှားနေရင် ရာထူးကဆင်းပေးလိုက်ပေါ့။ မိုးနတ်မင်းက ပျဉ်းမနားမှာနေတာလားတော့မသိဘူး အဲဒီမှာမီးမပျက်ဘူး။ရေနဲ့ မီးဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို မှမဖြည့်ဆည်းပေးနိုင်ရင် ကားတစ်စီး (၁၀) သိန်းဖြစ်သွားလဲ အပိုပါပဲ။

ဓါတ်ပုံဆရာတစ်ယောက်ရဲ့မြင်ကွင်းများ said...

ဒီမိုကရေစီနိုင်ငံဆိုရင်တော့ ဒါတွေကပြောသင့်ပါတယ်။ လုပ်ပေးတာမလုပ်ပေးတာ သူတို့တာဝန်ပါ။ မီးပျက်တာကို ရှက်စရာလို့ ထင်မြင်လာမယ့်နေ့ကို မျှော်လင့်နေပါတယ်..။ ဖမ်းတာဆီးတာမျိုးကတော့ မလုပ်သင့်တော့ပါဘူး။ နားလည်အောင်ရှင်းပြရမယ့် ခေတ်ကိုရောက်နေပါပြီ။

ဆရာလံ(bogota) said...

သိသိချင်းလိုက်သွားတာပဲ။အများကြီးနစ်နာပါတယ်။thuthuပြောတာမှန်ပါတယ်။ကောင်းတာတွေအားလုံးကနေပြည်တော်မှာပဲစုနေပါတယ်။ဒါပေမယ့်အဆင်းသာလှတာပါ။အချင်းကမလှပါဘူး။ဆန်ဒပြတာတော့မဟုတ်ပါဘူး။ဆုတောင်းရုံသက်သက်ပဲလို့ထင်ပါတယ်။လာရောက်ကြသူတွေကလည်းသက်သက်ဖိတ်ခေါ်ထားတာလည်းမဟုတ်ပါဘူး။အားလုံးကကိုယ့်အသိစိတ်နဲ့ကိုယ်လာကြတာကြည့်ပါပဲ။မနေ့ကကျွန်တော်တို့အဲဒီလိုလုပ်နေတဲ့အချိန်မှာ။နေပြည်တော်ကပုထုဇဉ်တွေကတော့aircoonနဲ့နှပ်နေလောက်ပါပြီ။လောကကြီးကမျှတအောင်စီစဉ်ပေးထားပါတယ်။အုပ်ချုပ်သူအာဏာပိုင်တွေအနေနဲ့လဲဝာာဝန်ရှိပါတယ်။ဒီမိုကရေဒီနိုင်ငံဆိုတော့အားလုံးကပွင့်ပွင့်လင်းလင်းရှိရပါမယ်။ကြောက်နေလို့မရပါဘူး။ရှက်နေလို့လည်းမရပါဘူး။မီးပျက်တာ၊မီးမလာတာတွေကသူများနိုင်ငံတွေနဲ့ယှန်ရင်အရမ်းကိုရှက်စရာကောင်းပါတယ်။မြန်မာနိုင်ငံဟာဖွင့်ဖြိုးဆဲနိုင်ငံဖြစ်လို့ဒီလိုပြသာနာမျိုးကိုအာဏာပိုင်များအနေနဲ့သေသေချာချာလေးလေးနက်နက်ဆောင်ရွက်ပေးသင့်တယ်လိုထင်ပါတယ်။

မောင်ယဉ်ကျေး said...

အခုအစိုးရက အရင်အစိုးရနဲ့မတူ အခြေအနေကို တင်ပြထားပါတယ်
လူထုကလည်းနားလည်ပေးဖို့ လိုပါမယ်
လွှတ်တော်ကိုယ်စားလှယ်များကလည်း အဆင်ပြေဆုံးဖြစ်အောင်ကြားကညှိပေးပါ
နျူကရီးယားကနေထုတ်မယ်ဆိုရင်ရော ဆန္ဒပြကြအုန်းမှာလား
လူဦးရေအချိုး၊ လျှပ်စစ်မီးအသုံးနဲ့ ဓာတ်ကြိုးများရဲ့ ခံနိုင်ဝန်အားကိုလည်း ပြင်ဆင်ကြဖို့လိုပါမယ်၊
မီးရအောင်ဘယ်လိုနိုင်ငံခြားကအကူအညီတောင်းနိုင်လဲ NLD, USDP တို့ကလည်းစဉ်းစားကြပါအုံး

minmg said...

သူတို့ဒီလိုလုပ်နေတာ ဘာသဘောတွေလဲ ဦးသိန်းစိန်က ခိုင်းတာလား သူတို့သဘောနဲ့လုပ်နေတာလား

အောင် said...

ူတရားမျှတအောင်
လုပ်

linn said...

တော်ပါသေးရဲ့ အရမ်းသဘောထားတင်းမာတဲ့လူတွေသိပ်မများလို့။ ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဘို့ ပြောတဲ့လူတွေလည်း ရှိနေသေးလို့။ တစ်ခါမကသေဘူးလို့ ပျဉ်ဘိုး နားလည်နေကြပြီးထင်ပါရဲ့။ ဆန္ဒပြစဉ် လုံထိန်းများက ထိန်းသိမ်း ကြသော်လည်း ကြမ်းတမ်းစွာ တုန့်ပြန်မှု မရှိသည်ကိုတွေ့ရသည် ဆိုလို့ ၀မ်းသာပါတယ်။ နှစ်ဘက်ညှိညှိ နိုင်းနိုင်းနဲ့ အဆင်ပြေရင် ကောင်းပါမယ်။

purewhite said...

Zaw ပြောတာကိုလက်ခံပါတယ်။ ဒီထက်မကကြီးလေးတဲ့စိန်ခေါ်မှုတွေကိုလည်း သမ္မတရုံးကရင်ဆိုင်နေရတာပါ။ သည်းခံပေးလိုက်ကြဖို့တောင်းဆိုပါတယ်၊ ဒီလိုမှမဟုတ်ရင် အကြမ်းဖက်နှိမ်နင်းတာမျိုး။ နောက်ကြောင်းပြန်လှည့်သွားတာမျိုး၊မြစ်ဆုံစီမံကိန်းကို ပြန်စတာမျိုးတွေဖြစ်မှာစိုးပါတယ်။ တသက်နဲ့တကိုယ် တခါမှမကြားခဲ့ဖူးတဲ့ ပြည်သူကို တောင်းပန်တာတွေလည်းလုပ်နေကြတာပဲလေ။ သူတို့ထဲက တချို့တလေ စကားအပြောမတတ် တာလေးတွေကိုလည်းနားလည်ပေးလိုက်ကြပါ။ ကျွန်မတို့တွေရှေ့ဆက်အများကြီါ်ကောင်းအောင်လုပ်ကြရအုန်းမယ်။ ဒီတခေါက်သင်္ခန်းစာကို ယူပြီးနောက်တကြိမ်မဖြစ်အောင် အစိုးရပိုင်းကကြိုးစားကြပါလိမ့်မယ်။

Powered by Blogger.