ကော့သောင်း ကျောက်မီးသွေးစက်ရုံအား မြို့နှင့်(၁၀)မိုင်အကွာသို့ ပြောင်းရွှေ့ခိုင်း

ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၂)ရက်၊၂၀၁၂ခုနှစ်။

ကော့သောင်းမြို့ရှိ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတစ်ရုံသည် လူနေရပ်ကွက်နှင့် အလွန်နီးသဖြင့် ဒေသခံများက   ရေရှည်တွင်ကျန်းမာရေးထိခိုက်နိုင်သောကြောင့် စက်ရုံအားမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော နေရာသို့   ပြောင်းရွှေ့ပေးရန် ဒေသခံများက နိုင်ငံတော်သမ္မတကြီးထံ အသနားခံတင်ပြကြကြောင်း သိရှိရသည်။

အဆိုပါ စက်ရုံမှာ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ရွှေဝက်ဝံရေခဲစက်ဝင်းအတွင်းတွင် တည်ရှိပြီး စက်ရုံရွှေ့ပြောင်းပေးရန် ဒေသခံအယောက် (၆၀)ခန့် လတ်မှတ်ရေးထိုး အသနားခံစာတင်ခြင်းဖြစ်သည်။

“စက်ရုံက အခုထိတော့မဖွင့်သေးပါဘူး။ ကျောက်မီးသွေးအခက်အခဲဖြစ်နေလို့တဲ့။ အဲ့ဒီစက်ရုံလာဖွင့်တာတော့
ကျွန်တော်တို့ဒေသခံတွေသဘောကျပါတယ်။ မီတာခက တစ်ဝက်လောက်သက်သာသွားမယ်လေ။ ဒါပေမဲ့
လူနေအိမ်တွေနဲ့နီးနေတော့ ကြာရင် ကျန်းမာရေးတွေထိခိုက်နိုင်တယ်။” ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုလွမ်းကိုကို ကပြောသည်။

အဆိုပါကော့သောင်းမြို့ရှိရပ်ကွက်မှာ ရပ်ကွက်မီး တစ်ယူနစ်လျှင် (၄၃၀) ကျပ်ပေးရပြီး၊ ယခုဆောက်လုပ်ထား
သော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ စက်ရုံလည်ပတ်ပြီး ဓါတ်အားပေးလျှင် တစ်ယူနစ် (၂၀၀)ကျပ်သာ
ပေးရတော့မည်ဖြစ်ကြောင်းသိရှိရသည်။

စက်ရုံမှာ ၂၀၁၁ သင်္ကြန်နောက်ပိုင်း၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ မကြာမီကာလတွင်လည်ပတ်တော့မည်
ဖြစ်ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ သူတို့စက်ရုံစဆောက်ကတည်းကဘာလို့ မတိုင်တာလည်းဆိုတော့၊ အခုတိုင်းပြည်အခြေအနေနဲ့ အရင်ကတိုင်းပြည်အခြေအနေကမတူဘူးလေ။ အဲ့ဒီတုန်းက ဘယ်ကိုတိုင်လို့ တိုင်ရမှန်းလည်းမသိလို့ပါ။” ဟုဒေသခံ ကိုလွမ်းကိုကိုကပြောသည်။

ထိုစက်ရုံမှာ မူလက ထိုင်းနိုင်ငံတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုင်းပြည်သူများမှ ၀ိုင်းဝန်းကန့်ကွက်ကြ သောကြောင့် မလည်ပတ်ဖြစ်သောစက်ရုံကို သန်းဖြိုးသူကုမ္ပဏီမှ ၀ယ်ယူပြီး ကော့သောင်းတွင်လာရောက် တည်ဆောက်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“ကျွန်တော်တို့က သမ္မတကြီးဆီကို အသနားခံစာတင်တာပါ၊ အဲ့ဒီစက်ရုံလာဆောက်တာလည်းကြိုက်ပါတယ်။
ဒါပေမဲ့လူနေအိမ်တွေနဲ့နီးတော့ မကောင်းဘူးလေ၊ လူနေအိမ်နဲ့ဝေးတဲ့ နေရာမှာဆောက်ပေးရင်တော့၊ ဘယ်သူ မှ မကန့်ကွက်လောက်ကြပါဘူး။” ဟု အဆိုပါ ကိုလွမ်းကိုကိုကပြောသည်။

ကော့သောင်းနယ်တ၀ိုက်တွင် ရွာသွန်းသော မိုးရေအများစုသည် အဆိုပါကျောက်မီးသွေးစက်ရုံအနီးရှိ ယင်းဝါ
ရေလှောင်တမံအတွင်းသို့ စီးဝင်ကြကြောင်းနှင့် အဆိုပါရေလှောင်တမံမှ ရေကို အဓိကထားသောက်သုံးနေကြ
သော ပြည်သူများလည်းရှိကြောင်း သိရှိရသည်။
 Shwe Myitmakha Media Group
ကော့သောင်း ကျောက်မီးသွေးစက်ရုံအား မြို့နှင့်(၁၀)မိုင်အကွာသို့ ပြောင်းရွှေ့ခိုင်း ကော့သောင်း ကျောက်မီးသွေးစက်ရုံအား မြို့နှင့်(၁၀)မိုင်အကွာသို့ ပြောင်းရွှေ့ခိုင်း Reviewed by သစ်ထူးလွင် on 17:52 Rating: 5

7 comments:

san san said...

ထိုင်းမှလူမှုတ်ဘူး။မြန်မာတွေလည်းလူပါ။ကျောက်မီးသွေးစက်ရုံက မရှိသင့်တော့ပါဘူး။ရေရှည် ကျန်းမာရေးထိခိုက်နိုင်တယ်။

ZAWAUNG said...

မလေးမှာလည်းကျောက်မီးသွေးစက်ရုံတစ်ချို့ဖျက်သိမ်းနေပြီ..
ပြည်သူတွေတောင်းဆိုလို့မဟုတ်ဘူး..
အစိုးရက သူ့ဟာသူ တာဝန်သိသိ ပိတ်တာ..
မြန်မာပြည်မှာလည်း လျပ်စစ်ဓါတ်အားကို တခြား နည်းပညာတွေနဲ့
ထုတ်ဖေါ်သင့်ပါတယ်..
ကျောက်မီးသွေးလောင်စာ ကိုမီးရှို့လို့ထွက်လာတဲ့ ဓါတ်ငွေ့တွေက
လူတွေကို အဆိုးဆုံးထိခိုက်တယ်ဆိုတာ တကမ္ဘာလုံးမှာ လက်ခံထားကြပါပြီ..
ထိုင်းမှာဆိုအစ်ဆစ်မိုးရွာချတဲ့ထိ ဆိုးရွားလာလို့ပြည်သူတွေ ကဆန္ဒပြဖျက်သိမ်း
ခိုင်းခဲ့ရတာပါ..
မြန်မာပြည်မှာလည်း ဘာစီမံကိန်းပဲလုပ်လုပ် ရေရှည်ကိုကြည့်ပြီးလုပ်
ဖို့အကြံပြုပါရစေ..မှားသွားရင် နောက်ပိုင်းပြင်ရခက်သလို စိတ်ဆင်းရဲစရာ
တွေတပုံကြီးဖြစ်လာတတ်ပါတယ်..

Golden Guy said...

ဒီ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံပိုင်ရှင် ကိုကျော်လွင်ဟာ တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဒေါက်တာဝင်းအောင်နဲ့ပေါင်းပြီး ဒီဝန်ကြီးဟာ နေပြည်တော်သို့ကိုယ်တိုင်းသွားရောက်၍ ပိုင်ရှင်ကိုကျော်လွင်၏ ပေးကမ်းမှုတစ်ခုတည်းကိုသာ ရှေ့ရှုပြီး စက်ရုံလည်ပတ်နိုင်ရန် သူကိုယ်တိုင်ကြိုးစားခဲ့ပါတယ်။ ၄င်းဝန်ကြီးဟာ ပြည်သူတွေရဲ့ အကျိုးစီးပွါးကိုလုံးဝ မကြည့်ဘဲ သူနဲ့ စက်ရုံပိုင်ရှင်၏ အကျိုးစီးပွါးကိုသာကြည့်ပြီး အတ္တကြီးစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ကော့သောင်းမြို့မှ ပြည်သူများဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မချမ်းသာဖြစ်နေကြရပါတယ်။ ဒီလိုမိမိကိုယ်ကျိုးစီးပွါးတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ဝန်ကြီးများ သမ္မတကြီးပြောပြောနေတဲ့ သန့်ရှင်းသောအစိုးရဖွဲ့စည်းမယ်ဆိုတဲ့ရည်ရွယ်ချက်ထဲမှာမပါအောင် ရှင်းလင်းသင့်တဲ့အချိန်ရောက်နေပါပြီ။

LuKu said...

ကိုကောင်းမြတ်ဖြိုး(မြစ်မခ)ကို ပြောပြချင်ပါတယ်၊ကျွန်တော်တို
့ကော့သောင်းမြို့က ကော့သောင်းသားတွေအတွက် လျှပ်စစ်မီး
ကမရှိမဖြစ်လိုအပ်တာပါ။ယခုလက်ရှိပေးနေတဲ့ ဖိုးသီချိုမီးစက်ဟာ
မီးစက်အသေးလေးတွေနဲ့ မြို့ကိုမနိုင်မနင်းမီးပေးနေတာကြောင့်
တစ်နေ့အနည်းဆုံး (၅)ခါ မီးပျက်၊မီးချိန်းတာနဲ့ကြုံနေရပါတယ်။
အမ်ပီယာမပြည့်တာကြောင့် မီးအားဆွဲသုံးလို့မရပါဘူးမီးခဏခဏ
ပျက်တဲ့အတွက်လျှပ်စစ်နဲ့ပတ်သက်တဲ့ပစည်းမှန်သမျှမပျက်ဘူး
တဲ့အိမ်မရှိပါဘူး၊ ဒါကိုတိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီးကလည်း
ဘာမှမလုပ်ပေးနိုင်ပါဘူး၊ ဒါထက်ဆိုးတာက မြို့လယ်ခေါင်မှာ
မီတာခကိုဈေး(၂)မျိုးကောက်တာဘဲ၊ ရိုးရိုးလိုင်းက ၄၃၀ ကျပ်
ဖိုးသီးချိုမီးစက်မီးကိုအရင်သုံးဘူးတဲ့သူက မီတာမရှိလို့ ဆိုပြီး
၄၀ ဘတ် နှုန်းနဲံ အီးပီစီ မီးတစ်မျိုးထဲကို ဈေးနှုန်း(၂)မျိုးနဲ့
ကောက်ခံနေပါတယ်။ဝန်ကြီးနဲ့ပေါင်းစားနေတာလည်းဖြစ်
ချင်ဖြစ်နိုင်တာဘဲ၊ တစ်ဖက်ထိုင်းနိုင်ငံရနောင်းမြို့နဲ့နီးနီးကပ်ကပ်
ရှိနေတဲ့ကျွန်တော်တို့ကော့သောင်းမြို့ဟာ မီတာခဈေးနှုန်းကြီးမြင့်
မှုကြောင့် အစစအရာရာ သူများနိုင်ငံကိုအားကိုးနေရပါတယ်။
သန်းဖြိုးသူကျောက်မီးသွေစက်ရုံဟာ ကျွန်တော်တို့မြို့တိုးတက်ဘို့
အတွက်အမှန်တကယ်လိုအပ်နေတာပါ။ ဒါပေမဲ့ အမှန်တကယ်
မီးခိုးတွေအများကြီးထွက်မယ်၊ လူတွေအတွက်ဆိုးကြိုးတွေဖြစ်မယ်
ဆိုရင်ကျွန်တော်တို့အရင်ဆုံးကန့်ကွက်မှာပါ။လူသားအရင်းအမြစ်
ထက်အရေးကြီးတာ ဘာမှမရှိဘူးဆိုတာကျွန်တော်တို့နားလည်
ပါတယ်။ စက်ရုံပြီးစီးဘို့ စက်စမ်းသတ်မောင်းနှင်ဘို ၄ရက်၅ရက်
အလိုလောက်မှာစက်ရုံကိုပိတ်ခိုင်၊ရွှေခိုင်းတာကတော့ရက်စက်လွန်း
ရာကျပါတယ်။အမှန်တကယ်လုပ်ရမှာက မြို့ထဲမှာ မီတာခကို
ဘတ်နဲ့ပေးနေရတဲ့မရှိဆင်းရဲသားတွေအတွက် မီတာခတပြေညီ
ဖြစ်အောင်လုပ်ပေးရမှာပါ။ဒီအတွက်လည်း ကော့သောင်းမြို့က
ပြည်သူတွေထောက်ခံမှုနဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဖြစ်လာတဲ့လျှပ်စစ်ဝန်ကြီးဒေါက်တာဝင်းအောင်ကိုမီတာခဈေးနှုန်း
တပြေညီကောက်ခံပေးဘို့ဆောင်ရွက်ပေးပါရန်တိုက်တွန်းပြော
ကြားလိုပါတယ်။တကယ်မရှိဆင်းရဲသားတွေဖြစ်နေလို့ပါ။
ကော့သောင်းမြို့သူမြို့သားတွေရဲ့သဘောထားကိုသိချင်ရင်
ဖေ့စ်ဘုတ်ထဲမှာ ကော့သောင်းသား/သူများကိုဝင်ပြီး
ခံစားကြည့်လိုက်ပါ၊ လူငယ်တွေချည်းဘဲရေးထားတာပါ။
အဖြူထည်လေးတွေပါ၊ ဘာနိုင်ငံရေးပယောဂမှမပါပါဘူး
ကျွန်တော်တို့ကော့သောင်းမြို့သားတွေကိုတကယ်
ချစ်ခင်လေးစားရင် စမ်းသတ်မောင်းနှင်ပြီး မှ လိုအပ်ရင်
စက်ရုံပိတ်ဘို ကျနော်တို့ ၀ိုင်းပြီးကြိုးစားကြတာပေါ့

ကိုပြည့်စုံ said...

ကော့သောင်းမြို့ က 200 တန်လျှပ်စစ်မီးအမှန်တစ်ကယ်လိုအပ်နေပါတယ်။
ကျွန်တော်တို

ကော့သောင်းသား(ကိုယ်တိုင်ခံစားနေရသူ)

Powered by Blogger.