ဒုသမ္မတဦးတင်အောင်မြင့်ဦး နေရာ စစ်တပ်ကပဲပြန်ခန့် ရမယ်

ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုမေလကုန်မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အရေးပေါ် ခေါ်ယူဖို့အာဏာပိုင်တွေက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လောလောဆယ်အထိ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်စာနဲ့ အကြောင်းကြားတာ မရှိသေးပေမယ့် ဦးတင်အောင်မြင့်ဦးနှုတ်ထွက်မှု
နဲ့ပတ်သက်လို့ ဒီလထဲမှာ အရေးပေါ် လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်ချေ
များတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က
ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအရေးကို အရေးပေါ် ခေါ်ယူမယ်ဆိုရင် လွှတ်တော်အမတ်တွေကို ၁၅ ရက် ကြိုတင်အကြောင်းကြားရဖို့ ရှိပါတယ်။ ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်က တင်မြှောက်တဲ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့နေရာအတွက် တပ်မတော်ကဘဲ ပြန်လည် ခန့်အပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
RFA-Burmese
ဒုသမ္မတဦးတင်အောင်မြင့်ဦး နေရာ စစ်တပ်ကပဲပြန်ခန့် ရမယ် ဒုသမ္မတဦးတင်အောင်မြင့်ဦး နေရာ စစ်တပ်ကပဲပြန်ခန့် ရမယ် Reviewed by သစ်ထူးလွင် on 19:41 Rating: 5

23 comments:

-----ဧဏီမင်း said...

ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်က တင်မြှောက်တဲ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့နေရာအတွက် တပ်မတော်ကဘဲ ပြန်လည် ခန့်အပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။k

u all ass-hold, ur ass will be f**ked by all Burmese.

တန`င်္လာကိုကို said...

သြော်.တပ်မတော်သားကြီးတွေ၊တပ်မတော်သားတော.ပြန်မခန်.တော.နဲလေ။
မင်းသမီးမင်းသားသစ်လေးတော.တင်ပေးပါဦးဗျာ။ ကျွန်တော်တို.ပြည်သူ
ပြည်သားတွေပျင်းလာပြီဗျ။
ဒုသမတမငယ်ငယ်ချောချောလေးခန်.ပေးဗျာ။

ဇာမဏီ said...

ဘယ်ရာထူးကြီးနေရာတွေမှာစစ်တပ်ကမခန့်သလဲသိချင်ပါတယ်။
သူတောင်းစားဂိုဏ်းချုပ်တို့ ဒုဂိုဏ်းချုပ်တို့နေရာတွေမှာလဲ
စစ်တပ်ကဘဲခန့်မှာလား ။

အမေစုကို ချစ်တဲ့သား said...

သို့ သမတကြိး ခင်ဗျာ
သမတကြီးရဲ့အတွေးထဲမှာ ဒီမိုခရေစီဆိုတာဟာဘယ်လိုအရားမျိုးကို
ခေါ်ဆိုပါသလဲ ဘယ်လိုအယူအဆနဲ ဒီမိုခရေစိကိုခေါ်နေတာလဲ
ကိုယ်ထင်တာကိုယ်လုပ်ဆိုတဲ့သဘောမျိုးကိုပြောပါသလား...
ပြည်သူတွေရဲ့သဘောထားတွေကိုလဲမေးကြည့်ပါအုံး
ဒုသမတကနေမကောင်းလို့အပြီးနှုတ်ထွက်တယ်ဆိုရင်
သူ့ရဲ့နေရာကို သမတကြီးမှာရွေးချက်ပိုင်ခွင့်ရှိပါသလား
သူ့ရဲ့နေရာမှာ တပ်မတော်ကခန့်အပ်ထားလို့ တပ်မတော်သားကိုယ်ဘဲ
ခန့်မယ်ဆိုရင် အရင်မှုဝဒအတိုင်းကြီးပြန်ဖြစ်နေပြီဆိုတာကိုသမတကြီးတွေး
မိပါသေးလား
နောင်နှစ်အခါသမတကြီးကနေမကောင်းသည်ဖြစ်စေ၊အလုပ်မှကိုယ်ပိုင်နှုတ်ထွက်သည်ဖြစ်စေ၊ထိုနေရာကိုဘယ်သူကခန့်အပ်မှာလဲ
ပြည်သူတွေကလား တပ်မတော်ကခန့်အပ်လို့တပ်မတော်သားကိုဘဲ
ပြန်ပြိးတော့ခန့်အပ်ပေးမှာလား
သမတကြီးဖြေကြားပေးပါရန်လေးစားစွာဖြစ်ပန်ကြားအပ်ပါသည်၊၊

ko zay said...

တပ်မတော် ကဘဲ ခန့် အပ် မယ် ဆိုတော့ ကျန်တဲ့ ပါတီနိုင် ငံ ရေး ခေါင်းဆောင်တွေက ပြောခွင့် မ ရတော့ ဘူးလား။ ရပိုင်ခွင့် မရှိတော့ ဘူးလား။ တစ်နေရာကို စစိတပ် ကအမြဲ ခန့် အပ်မယ်ဆိုရင် Vice President နှစ်ယောက် ရှိတာဘဲ။ အခွင့်အရေး တန်းတူ။ လုပ်ပိုင်ခွင့် တန်းတူ ရ သင့်တာ ပေါ့။ ဒီ လိုဆို ကျွန်တော် တို့ မြန်မာနိုင်ငံ President ဦးသိန်းစိန် ပင်စင် ယူသွားရင်ရော ပြည်သူကရွေးကောက်တင်မြှောက်တဲ့ President ကိုတင်မှာလား။ စစ်တပ် ကတစ်ယောက်ယောက်ကို တင်မှာ လား ဆိုတာကိုပါစဉ်းစားဖို့ လိုလာပြီ ထင် ပါတယ်။

kaung said...

လုပ်ချင်သလိုသာလုပ်ကြပါတော့ ဘာမှကိုမပြောချင်တော့တာပါ

honey said...

နင်တို့စစ်တပ်ကဒီမိုကေ၇စီကိုတောင်ပြောင်းပြန်လုပ်နေကြတုန်းပဲနော်။
အော်..စစ်တပ်..စစ်တပ်...အရသာသိနေတော့လည်း
တကယ်တာပြည်သူအတွက်စဉ်းစားပေးတဲ့နိုင်ငံအုပ်ချုပ်သူတိုင်းက
အများအကျိုးကိုသာရည်မှန်းလို့နေရာအတင်းမလုဘူး။
စစိတပ်မပါရင်မပြီးတာအာဏာရူးနေတုန်းပါ။

Unknown said...

စစ်တပ်ကချည်းဘဲ

Anonymous said...

ဘာမှလဲမလေ့လာဘဲမကောင်းတဲ့ဘက်ကကြည့်ပြီးဝေဖန်နေကြတာကိုယ့်အရည်အချင်း ကိုယ်အဆင့်အတန်းကိုဖော်ပြတာနဲ့အတူတူပါဘဲ။

minsayarpar said...

စစ်တပ်က လူတွေက အနစ်နာခံရတယ်လေ ပြည်တွင်းစစ်အတွက် အသက်ခန္ဓာ တွေရင်းရတယ် ဒီတော့ စီးပွားရေးလုပ်သလိုပေါ့ဗျာ အရင်းအနှီး စိုက်ထုတ်ထားတာ ဆိုတော့ အမြတ်တော့ ယူရမှာပေါ့ ကျွန်တော်တို့အတွက်တင် ယူမှာ မဟုတ်ဘူးနော် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်တိုင်အောင်ပဲ ယူမှာ အခြေခံ ဥပဒေကို ပြန်ကြည့်ပါဦး အော်တိုအမတ် ၂၅ ရာခိုင်းနှုံးလေ။ ဟဲဟဲ ကမ္ဘာမှာ ဘယ်မှာမှ မရှိလည်း မြန်မာမှာ ရှိတယ်ဗျာ ဂင်းနစ်စံချိန်ပါ တင်လိုက်ဦးမယ်။ ။

su said...

စစ်တပ်က အုပ်ချုပ်ရေးမှာ ပါနေသရွေ့တော့ တိုးတက်လမ်း မမြင်ပါ။

su said...

စစ်တပ်က အုပ်ချုပ်ရေးမှာ ပါနေသရွေ့တော့ တိုးတက်လမ်း မမြင်ပါ။

ပေါသွပ် said...

မှတ်လောက်သားလောက်ပါ၏။။။။

Mg Mg said...

Comment တွေကလည်း ထင်ရာတွေရေးထားကြတာပဲ။ စာလေးဘာလေးဖတ်ကြဦး။ လုပ်ချင်တာတွေပဲပြောမနေကြနဲ့။ အဲဒီလို ဘာမှမသိတဲ့ လူတွေများနေလို့ အာဏာရှင်စနစ်သက်ဆိုးရှည်ခဲ့တာ။ အခြေခံဥပဒေ လည်း နည်းနည်းပါးပါးလောက်တော့ဖတ်ကြဦး။ ဒါမှဘယ်ဟာက လက်ခံနိုင်တယ် ဖြစ်သင့်တယ်၊ ဘယ်ဟာက လက်မခံနိုင်ဘူး မဖြစ်သင့်ဘူး ။ အခုတော့ ဘာသတင်းထွက်ထွက် ထင်ရာပဲ ရေးနေကြတယ်။

ဇာမဏီ said...

အခြေခံ ဥပဒေကို ဘာကိစ္စဖတ်နေရမှာလဲ ။ မင့်ပထွေးတွေဆွဲသွားတဲ့ဥပဒေကို မင်းဘဲဖတ် ။နိုင်ငံတကာနဲ့ ယှဉ်ပီး ဖြစ်သင့်တဲ့စံနှုန်းတွေဘဲပြောမယ် ။

pyaponthu said...

စစ်သားဆိုတာစစ်တပ်မှာဘဲရှိသင့်တယ်။သမ္မတဆိုတာ စစ်တပ်လိုတင်းတင်းမာမာအုပ်ချုပ်လို့မရဘူး။ပျော့သင့်ရင်ပျော့မာသင့်ရင်မာရတယ်။တစောင့်ကန်းလုပ်လို့မရဘူး။အမှန်တော့သမ္မတရာထူးကစစ်တပ်ကလူတွေနဲ့မသင့်တော်ပါ။အရပ်ကဘဲဖြစ်သင့်တယ်။ဒုသမ္မတ တယောက်ဆိုရပါပြီ။၂ယောက်မလိုဘူး။ပြည်သူ့ငွေကိုမတရားအချောင်မယူခြင်ကြပါနဲ့

nandar said...

အမေစု ကကျမ်ကြိမ်စာသားကိုပြင်ပေးဖို့တောင်ဆိုတုံးက လွတတော်တက်ရေးကအရေးကြီးပါတယ်၊ ပြည်သူတွေကတအိမ်လုံးလွတ်တော်ထဲရောက်ဖို့မဲပေးခဲ့ရပြီ လွတ်တော်တက်ဖို့ကြံ့ကြာအောင်လုပ်တယ်။ပြည်သူတွေတော့ဆင်းရဲတော့မှာဘဲလို့ပြောတဲ့သူတွေဘယ်ရောက်သွားလဲ။ အခုဖွဲ့စီးပုံကတဖြည်းဖြည်းရုပ်လုံးပေါလာပြီမဟုတ်လား။ ကိုလည်းစာမဖတ်ဘဲ ဆရာကြီးလုပ်ချင်တဲ့ ဟာတွေ။ အခုမှ ဒီမိုကရေစီကိုသိတာလိုလိုဘာလိုလိုနဲ့။ အခု ခွေးတွေကဖွဲ့စည်းပုံနဲ့ ကိုင်ပေါက်နေပြီလေ။ အခုမှသစ်ထူးလွင်ဖတ်၊ နိုင်ငံရေးဝဒ်ဆိုက်လေး ဖတ်ပြီး အမေစုကိုဝေဖန်ချင်သေး။ အမေစုကနိုင်ငံရေးနဲ့ မြန်မာအစိုးရအကြောင်း ကိုနောကြေနေပြီ။ မသိရင်လည်း အမေစုရဲ့ လုပ်ဆောင်ချက်တွေကိုမရှုပ်ကြပါနဲ့။ ပြည်သူနဲ့အမေကိုမခွဲကြပါနဲ့။ တော်တော် နိုင်ငံရေးသိနေရင်လဲ ကိုယ်ဘာကိုပါတီထောင်ပြီး နိုင်ငံရေးလုပ်ကြပေါ့။ ထောင်ကျမှာကြကြောက်ပြီး အခုမှလာပြီး ဒို့အရေးအော်နေတယ်။ အဆင့်မရှိရင် အမေစုကိုမဝေဖန်ပါနဲ့။ ဒီမိုကရေစီဆိုတာ ချက်ချင်းအခုဒါလုပ်မယ်ဟိုဟာလုပ်မယ်နဲ့ ချက်ခြင်းပြောင်းလို့ရတာမဟုတ်ပါ။ ပြောတာလွယ်ပါတယ်။ လုပ်တာကခက်တာ။ အမေစု အနှစ်နှစ်ဆယ်ကြိုးစားခဲ့လို့ဒီလိုလေး အသက်ရှူခြောင်လာတာပါ။ အခုမှလက်သီးလက်မောင်းတန်းမနေပါနဲ့။ ဒို့ခေတ်သစ်လူငယ်တွေ အနေနဲ့ကလည်းစဉ်းစားပါ။တွေးခေါပါ။ ဒါမှဒို့ခေတ်ရောက်လာမှာ...အမေစုရဲ့တွေးခေါမှုတွေကိုလေ့လာသင့်ပါကြောင်း....

naughty boy said...

မောင်မောင်... ပြည်သူဆိုတာ ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာ ရိုးရိုးလေးပဲ ရေးမှာပဲ။ ဖွဲ့စည်းပုံထဲကအတိုင်း စနစ်တကျ တောင်းဆိုနေရအောင် လွှတ်တော်ထဲက ပုပ်သင်ညိုတွေမဟုတ်ဘူးကွ။ ရင်ထဲက ဖြစ်စေချင်တာကို အရှိကို အရှိအတိုင်း ရေးမှ လူထုအသံစစ်စစ် ဖြစ်မှာပေါ့။ စာအုပ်ကြီးဖတ်ပြီး စာအုပ်ထဲက မူတွေနဲ့ ဘောင်ဝင်မှ ပြောရ၊ ရေးရမယ်ဆိုရင် အဲဒါ လူထုအသံစစ်စစ် မဟုတ်ဘူး။ အခုရေးနေကြတဲ့ လူတွေထဲမှာ ဖွဲ့စည်းပုံထဲက အချက်နဲ့ ဘောင်မ၀င်မှန်း သိတဲ့လူတွေ အများကြီးဘဲ။ ဒါပေမယ့် ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်တဲ့နေရာမှာ အဲဒါကြီးနဲ့ ဘောင်ခတ်ပြီး မပြောချင်ကြလို့ပဲ။ လက်ခံနိုင်တာတွေ၊ ဖြစ်သင့်တာတွေက ပြည်သူ့အလုပ်မဟုတ်ဘူး။ ကိုယ့်အခွင့်အရေးကိုတောင် မသိတဲ့ မင်းလို လူတွေကြောင့် အာဏာရှင် သက်ဆိုးရှည်နေရတာ။ မဆိုင်တာတွေနဲ့ လာပြီး ဆရာကြီးမလုပ်စမ်းနဲ့ကွာ။

mad dog said...

ပြန်ခန့်တာလည်း ခန့် အေ၇းကြီးတာက ဖြုတ်စ၇ာ၇ှိတာ လည်းမမေ့ နဲ့အုံး...

Anonymous said...

တွေ့တယ်မို့လား။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ
သူတို့ဘ၀အတွက်သူတို့ရေးဆွဲထားတာ။
နိုင်ငံတကာစံညွန်းနဲ့ရေးဆွဲထားတာမှမဟုတ်တာ...
ဒုတိယသမ္မတလည်းသူတို့စိတ်တိုင်းကျရွေးချယ်မှာပဲ..
တော်သေးတယ်။ယုတ္တိရှိရှိဒုသမ္မတရွေးချယ်ဖို့မဲရွေးချယ်ပွဲ
ကျင်းပပြီးမဲမလိမ်ပဲတခါတည်းပဲခန့်ချင်ရာဆွဲခန့်မှာသူ့လူတွေကိုပဲ
အော်...ဒို့ဗမာပြည်သူတွေကို
ဒီမိုကရေစီ=့ဒီနှစ်.ဒီလူ.ဒီစနစ်
ဒါပါပဲ..တကယ့်ကိုတိုင်းပြည်အတွက်အလုပ်လုပ်ပေးနိုင်သူ
တွေကိုမလွဲသာလို့လက်တွဲနေတာပေါ့နော်....
ကျမတို့ပြည်သူ့ဆန္ဒကိုသာဦးစားပေးရမှာကို
စာအုပ်ဝယ်ဖတ်အမေစုဆီကလေ့လာသင်ယူကြပါလား။
သိသိလျှက်နဲ့ရူးနေကြတာလားအာဏာကို...

sean said...

လွတ်တော်မှ ရွေးချယ်တယ် မသုံးပါနဲ့ စိတ်ကြိုက်ခန့်တယ်လို့ဘဲသုံးပါ...အမှန်ဖြစ်နေတာကို အမှန်တိုင်းရေးကြပါ..

Soe said...

သန်းေ၇ွှ ချမှတ်သွားတဲ့လမ်းပြမြေပုံအတိုင်းစစ်တပ်က တစ်သွေမတိမ်း
လိုက်နာဆောင်၇ွက်နေတာပါ ပြည်သူထဲက သမတ္တ မဖြစ်နိုင်အောင် လည်း စစ်တပ်ကပဲလုပ်ထားတာလေ သမတ္တ လုပ်မည့်သူဟာ စစ်မှူ့ ထမ်းဘူး၇မည် ဆိုကတည်းက ဘယ်လို ကလိမ်ကကျစ် အတွေးမျိုးနဲ့ ဥပဒေတွေေ၇းဆွဲထား တာလဲဆိုတာ ပြည်သူတွေ သိပါတယ် တိုင်းပြည်တိုးတက်ချင်ယင်တော့
စစ်တပ် က စစ်တပ်နေ၇ာမှာနေပါ ကာကွယ်ေ၇းတာဝန်ကလွဲပြီး
ကျန်တဲ့ ကိစ္စတွေမှာ ဝင်မပါ ဖို့ လိုပါတယ် စစ်တပ်အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်း တိုင်းပြည် မှာ အစစအ၇ာ၇ာ ပျက်စီးခဲ့ပါတယ် ဖျက်လည်း ဖျက်ဆီးခဲ့ပါတယ်
မြေပေါ် မြေအောက် သယံဇာတတွေ ၇သလောက် ဗိုလ်ချုပ်တွေ ယူသွား ကြတယ် အဆိုး ဆုံးကတော့ တ၇ုပ်တွေ ဝင်ချင်တိုင်းဝင်လာပြီး လူမျိုးဖျက်တဲ့ ကိစ္စပါ
သန်းေ၇ွှဟာ စစ်တပ်ထဲက ထိပ်ပိုင်းအဖွဲ့အစည်း မှာေ၇ာ လွတ်တော်ထဲမှာပါ သူ့လက်ေ၇ွးစင်လူတွေသေသေချာချာ နေ၇ာချထား စီမံပြီးမှ သူနောက်ဆစ်လှမ်းဆုတ်ပေးလိုက်တာပါ ဒါကြောင့်လည်း ယနေ့ထိ အေးအေးဆေးဆေးနေနေ၇တာပေါ့ အခု လက်၇ှိသမတ္တနဲ့
မင်းအောင်လှိုင်တို့ ကိုယ်တိုင် သန်းေ၇ွှထံအခစားအမြဲဝင်ပေးနေ၇တာ
အာဏာ၇ှင်စနစ်နဲ့ စစ်တပ်၇ဲ့ လက်ဝါးကြီးအုပ်စနစ် ၇ှိနေသမျှကတော့
ပြည်သူတွေ လိုချင်တဲ့ ဒီမို ကေ၇စီဆိုတာ ဝေးပါသေးတယ်

Soe said...

သန်းေ၇ွှ ချမှတ်သွားတဲ့လမ်းပြမြေပုံအတိုင်းစစ်တပ်က တစ်သွေမတိမ်း
လိုက်နာဆောင်၇ွက်နေတာပါ ပြည်သူထဲက သမတ္တ မဖြစ်နိုင်အောင် လည်း စစ်တပ်ကပဲလုပ်ထားတာလေ သမတ္တ လုပ်မည့်သူဟာ စစ်မှူ့ ထမ်းဘူး၇မည် ဆိုကတည်းက ဘယ်လို ကလိမ်ကကျစ် အတွေးမျိုးနဲ့ ဥပဒေတွေေ၇းဆွဲထား တာလဲဆိုတာ ပြည်သူတွေ သိပါတယ် တိုင်းပြည်တိုးတက်ချင်ယင်တော့
စစ်တပ် က စစ်တပ်နေ၇ာမှာနေပါ ကာကွယ်ေ၇းတာဝန်ကလွဲပြီး
ကျန်တဲ့ ကိစ္စတွေမှာ ဝင်မပါ ဖို့ လိုပါတယ် စစ်တပ်အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်း တိုင်းပြည် မှာ အစစအ၇ာ၇ာ ပျက်စီးခဲ့ပါတယ် ဖျက်လည်း ဖျက်ဆီးခဲ့ပါတယ်
မြေပေါ် မြေအောက် သယံဇာတတွေ ၇သလောက် ဗိုလ်ချုပ်တွေ ယူသွား ကြတယ် အဆိုး ဆုံးကတော့ တ၇ုပ်တွေ ဝင်ချင်တိုင်းဝင်လာပြီး လူမျိုးဖျက်တဲ့ ကိစ္စပါ
သန်းေ၇ွှဟာ စစ်တပ်ထဲက ထိပ်ပိုင်းအဖွဲ့အစည်း မှာေ၇ာ လွတ်တော်ထဲမှာပါ သူ့လက်ေ၇ွးစင်လူတွေသေသေချာချာ နေ၇ာချထား စီမံပြီးမှ သူနောက်ဆစ်လှမ်းဆုတ်ပေးလိုက်တာပါ ဒါကြောင့်လည်း ယနေ့ထိ အေးအေးဆေးဆေးနေနေ၇တာပေါ့ အခု လက်၇ှိသမတ္တနဲ့
မင်းအောင်လှိုင်တို့ ကိုယ်တိုင် သန်းေ၇ွှထံအခစားအမြဲဝင်ပေးနေ၇တာ
အာဏာ၇ှင်စနစ်နဲ့ စစ်တပ်၇ဲ့ လက်ဝါးကြီးအုပ်စနစ် ၇ှိနေသမျှကတော့
ပြည်သူတွေ လိုချင်တဲ့ ဒီမို ကေ၇စီဆိုတာ ဝေးပါသေးတယ်

Powered by Blogger.