ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်တဲ့
သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အခုတစ်ပတ်ထုတ်ဝေမယ့် Venus ဂျာနယ်မှာ ရေးသားထားတဲ့ ဒီသတင်းကို ပုံနှိပ်ထုတ်ဝေရင် အရေးယူခံရ မယ်ဆိုပြီး စာပေစိစစ်ရေးဌာနက ပိတ်ပင်ဟန့်တားလိုက်တာ ဖြစ်တယ်လို့ Venus ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က RFA ကို ဒီကနေ့ အတည်ပြု
ပြောကြားပါတယ်။

ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့သတင်းကို ပြီးခဲ့တဲ့တနင်္လာနေ့ထုတ် Myanmar Post ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ ထုတ်ဝေခဲ့တဲ့အတွက် အရေးယူမယ်လို့ စာပေစိစစ်ရေးအာဏာပိုင်တွေက အယ်ဒီတာအဖွဲ့ကို ခေါ်ယူသတိပေးထားကြောင်း သိရပါတယ်။

ဒီအတောအတွင်း သမ္မတဦးသိန်းစိန် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အနားယူမယ်ဆိုတဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Venus ဂျာနယ်က ဒီကနေ့ ဖော်ပြခဲ့တဲ့အတွက် စာပေ စိစစ်ရေးရုံးက ခံဝန်လက်မှတ်ထိုးဖို့ ဆင့်ခေါ်ထားတယ်လို့ Venus ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

ဦးတင်အောင်မြင့်ဦးသတင်းတွေ ရေးသားခွင့် ပိတ်ပင်ထားတဲ့
အခြေအနေတွေနဲ့ပတ်သက်လို့ RFA က စာပေစိစစ်ရေးဌာန တာဝန်ရှိသူတွေ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
 
RFA-Burmese
ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင် ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင် Reviewed by သစ်ထူးလွင် on 19:39 Rating: 5

12 comments:

Myo1 said...

ဒါဟာ သူတို့ ရဲ့ မွေးရာပါစိတ်ဓါတ်ဖြစ်ပါတယ်

zzmyoe said...

ဘာလို့ရေးသားခွင့်မရတာလဲဆိုတာသိချင်တယ်၊ဟုတ်တယ်/မဟုတ်ဘူး နှစ်မျိုးဘဲရှိတယ်၊စာပေစီစစ်ရေးဆိုတာဘာလို့ထားနေသေးလဲ။ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆို စဉ်းစဉ်းစားစားလုပ်ကြပါအုံး။

u kyawkyaw said...

ဒီမိုကရေစီအမှန်တကယ်သွားမည်ဆိုရင်ပြည်သူကိုလေးစားရပါ
မည်၊တိုင်းပြည်လုံခြုံရေးထိခိုက်မည့်အခြေအနေမှလွဲပြီးသတင်း
များကိုအချိန်နှင့်တပြေးညီထုတ်ပြန်ပေးရပါမည်။သတင်းများကို
ထုတ်ပြန်မှုနှောင့်နှေးနေခြင်းသည်ပြည်သူလူထုကိုမလေးစားအ
ထင်သေးခြင်းဖြစ်သည်၊ကောလဟာလကိုပိုမိုဖြစ်စေပါသည်။

မန်းလေးသား said...

သတင်းလွတ် လပ်ခွင့်.......... အပြည့် ဝ ရှိတဲ့ တို့နိုင်ငံ........ သူတို့ကပဲ ပြောသေးတယ် ဘာတဲ့ မီဒီယာတွေကလည်း တစ်ဘက်သတ် ရေးသားချင်းကို ရှောင်ကျင်ပါတဲ့ ............ ဟိဟိ..... ရပ် ထဲ ရွာ ထဲက ကလေးများကစားသလို ငါ့ကိုအကောင်း မပြောရင်.... မင်းက လူဆိုးဆိုပဲ.......... ကိုသစ်ရေ အွန်လိုင်းမှတ်ပုံတင်တယ်ဆိုတာလေ ........ ယောင်လို့များ စိတ်ကူးပြီး မတင်လိုက်နဲ့နော်.... အရူးမ လင်အဖြစ်နေရတာမှ အဆင်ပြေဦးမယ်......

iban said...

မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ.. ဒါဟာ သတင်း စစ်စစ်ပါပဲ..
ဖေါ်ပြတဲ့ သူတွေအားလုံးကလည်း အတည်ပြုချက်မရသေးတဲ့သတင်း အနေနဲ့ပဲ ဖေါ်ပြကြတာပါ။
နိုင်ငံတော်ရဲ့ ဒုသမ္မတရဲ့ ကောလဟာလဟာလည်း သတင်းပါ။ ဒါကို မပိတ်ပင်သင့်ပါဘူး။ ဒီသတင်းမှားနေရင်တောင် ပြည်သူတွေမှာ သတင်းဆိုတာ မှားတတ်ပါလားဆိုတဲ့ ချင့်ချိန်နိုင်တဲ့ အသိကို ရစေနိုင်ပါတယ်။ မီဒီယာနဲ့ ပတ်သက်လာရင် ဆင်ချင်တုံတရားဆိုတာ သုံးစွဲသူ ပြည်သူမှာလည်း ရှိနေအောင် လေ့ကျင့်ပေးသင့်တယ်။ ဒါပေမယ့် ပြည်သူတွေကို ဆင်ချင်တုံတရား အရှိလွန်နေသလားလို့တောင် ထင်ရပါတယ်။ အစိုးရသတင်းစာမှာ ပါလာတဲ့ သတင်းမှန်သမျှ ဆင်ခြင်တုံတရားနဲ့ ပြောင်းပြန်ကြီးပဲလို့ကို ယူဆကြတော့တယ်။
နောက်တစ်ခုက သမ္မတရဲ့ အကြံပေးက ပြောတဲ့စကားမို့ ပါးစပ်ပြော တစ်ဆင့်စကား သတင်းအနေနဲ့ ပါလာတာပဲ။ ဒါကိုလည်း မပိတ်ပင်သင့်ပါဘူး။ ဒီလိုသတင်းဆိုတာ အကြောင်းမဲ့ ထွက်ရိုးထုံးစံ မရှိပါဘူး။ အစိုးရက ပြည်သူတွေရဲ့ ဆန္ဒသဘောထား အမှန်ကိုသိချင်လို့ တစ်ဖက်လှည့်နဲ့ လွှင့်ထုတ်တဲ့သတင်းမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါတွေက အရင် ဗိုလ်ခင်ညွှန့်တို့ဆို ကျွမ်းမှကျွမ်း၊ ဦးသန်းရွှေလည်း ဒါတွေ သိပ်တတ်ပေါ့။ သူ့တပည့်တွေလည်း မခေပါဘူး။
သတင်းဆိုတာ မှန်တာ၊ မှားတာနဲ့ မဆိုင်ပါဘူး။ သတင်းဟာ သတင်းပါ။ နိုင်ငံကျော်တွေရဲ့ ကောလဟာလ ဟာလည်း သတင်းပါပဲ။ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေ မရှိတော့တဲ့ အမူအကျင့်တွေကို သူတို့ကိုယ်တိုင် တတ်နိုင်သလောက် လျှော့ချသင့်နေပါပြီ။

ဥုံဖွ said...

ဒါဆိုရင်တော.ခက်ပြီ ကျနော်တို.လက်ရှိကျင့်သုံးနေတာဒီမိုကေ၇စီမဟုတ်ဘူးနဲ.တူတယ်
ကွန်မြူကေ၇စီ ဆိုလားဘာလား

kotunaung164@gmail.com said...

ခင်ဗျာတို့ဗျာလုပ်လာပြန်ပါပြီ။သတင်းဘဲပြည်သူတွေသိရှိနားလည်ပြီးဆုံဖြတ်ကြပါစေခင်ဗျာဆန္ဒအတိုင်းလျှောက်မလုပ်ပါနဲ့။ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းကြပါစေ

ရာရာ said...

သူ့နာရေးဆိုရင်လည်းထည့်ခိုင်းမှာမဟုတ်ပါဘူး..ပြည်သူတွေပျော်တာကြည့်လိုတဲ့ကောင်တွေမှမဟုတ်တာ...။

kaungkin said...

ထွက်ရင်ထွက်တယ်ပေါ့၊ ရှင်းရှင်းလင်းလင်းလုပ်ပါ။ ဘာမှလိုက်ပိတ်ပင်နေ
စရာမလိုဘူး။ ခုပိတ်လည်း နောက်သိရမယ့်ကိစ္စ။ နေရာတကာလိုက်ပိတ်နေတဲ့လူတွေ နောင်ဘ၀မှာ အပေါက်တွေ မပါမှာတောင်စိုးရတယ်။

Ko Min Chit Thu said...

သတင်းမှန်ခဲ့ရင်စာပေစီစစ်ရေးကိုဦးစွာဖော်ပြမပြုမှု၊စတုထမဏ္ဍိုင်ကိုတားဆီးမှု၊ဒီမိုကရေစီလမ်းစဉ်လျှောက်လှမ်းသောနိုင်ငံကျင့်စဉ်ကိုသွေဖယ်မှုတို့ဖြင့်တရားစွဲသင့်ပါတယ်။

Ko Min Chit Thu said...

သတင်းမှန်ခဲ့ပါက၊စာပေ စိစစ်ရေးရုံးကိုသတင်းဦးစွာဖော်ပြခွင့်မပြုခြင်းအပေါ်
စတုထမဏ္ဍိုင်အားစော်ကားမှု၊ပြည်သူလုထုအားအချိန်နှင့်တစ်ပြေးညီသတင်း
သတင်းမရရှိအောင်သတင်းအမှောင်ချမှု၊ထိုထိုတို့အတွက်နောင်ကြဉ်စေရန်
တရားစွဲဆိုသင့်သည်။

realburma said...

this is not ဒီမိုကရေစီ၊this is ပိတ်ပင်ကရေစီ
ဒုံရင်းကဒုံရင်းပါပဲ။

Powered by Blogger.