မိုးကုတ်မြို့ မှ နိကာယ်သာသနာရေး
မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်၊ကျပ်ပြင်အုပ်စု၊ဂေါင်းဦးဘာရပ်ကွက်၊သီရိမင်္ဂလာ ရတနာ ဘုံမြင့် ပရိယတ္တိစာသင်တိုက်ကြီးတွင်  ၁၃၄၆ ခုနှစ်၊ နှစ်ဆန်း (၇) ရက်နေ့မှစတင်၍ နိကာယ်ငါးရပ်ပိဋကတ်သုံးပုံစာမေးပွဲတော်ကြီးကိုကျင်းပပြီးစီးအောင်မြင်ခဲ့ပါသည်။ထိုအချိန်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ်  စည်ကားစွာကျင်းပလာခဲ့သည်မှာ (၂၃) ကြိမ်မြောက်သည်အထိ မည်သည့်ပြဿနာမှမရှိခဲ့ပါ။ (၂၃) ကြိမ်ကျော်လာသည်မှစ၍ အခြေအနေများရှုပ်ထွေးလာခဲ့ပါသည်
ထိုမှတဆင့်တိုး၍ နိကာယ်အသင်းပိုင်ငွေများအား ဒုဥက္ကဋ္ဌ၊အတွင်းေ၇းမှူးနှင့် ကော်မတီဝင်တစုတို့သည် ထင်သလိုချယ်လှယ်သုံးစွဲရန်အတွက် အလှူငွေများ စာရင်းလိမ်ခြင်း၊၄င်းတို့အဖွဲ့နှင့်နှစ်ရှည်ချေးယူထားသောသာသနာပိုင်ငွေများကိုလည်းပြန်လည်ပေးဆပ်မှုမရှိခြင်းတို့အားပြောင်ပြောင်တင်းတင်းပြုလုပ်လာကြပါသည်။ 
အဆိုးဆုံးမှာကား ၄င်းတို့ချေးယူထားသော အသင်းပိုင်ငွေများပြန်မဆပ်ချင်ကြတော့၍ အလုံးစုံသိထားသောကျောင်းထိုင်ဆရာတော်အားကျောင်းမှထုတ်ကြံစည်ခဲ့ကြပါသည်။ဆရာတော်သာမရှိတော့လျှင် ငွေများပြန်ဆပ်ရန်မလိုဘဲ မိမိတို့သဘောကျချယ်လှယ်နိုင်ရန်အတွက် ပက်စက်သောအကြံ ဖြင့် မာတုဂါမ ဖြင့်စွပ်စွဲ၍ မြို့နယ်သံဃနာယကသို့တိုင်ကြားကြပါသည်။ 
၎င်းစွပ်စွဲချက်အားအခြေအမြစ်မရှိသော စွပ်စွဲချက်ဟုယူဆ၍ မြို့နယ် သံဃနာယကအဖွဲ့မှ ပလှပ်ခဲ့ပါသည်။၎င်းတို့အရေးနိမ့်သောအခါ အရှက်မဲ့စွာဖြင့် မိမိတို့မှားပါသည် ၊ခွင့်လွှတ်ပေးပါဟူ၍ ဆရာတော်အားဝန်ချတောင်းပန်ပွဲပင်ပြုလုပ်ခဲ့ပါသည်။သို့သော်ငွေများကိုဆက်လက်လိမ်လည်သုံးစွဲလိုသဖြင့်နိကာယ်စာမေးပွဲကို မည်သည့်အဖွဲ့ကိုမျှလွှဲပြောင်းပေးအပ်ခြင်းမပြုဘဲ ၄င်းတို့ပင်ဆက်လက်ကျင်းပရန် အတင်းအကြပ် ကြံစည်ကြပြန်ပါသည်။ 
ဆရာတော်နှင့် နိကာယ်အသင်းသူ၊အသင်းသား တို့မှ အသင်းပိုင်စာရင်းရှင်းတင်ပြန်ရန်တောင်းဆိုကြရာ ဖြေရှင်းခြင်းမပြုဘဲ မိုးကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘဋ္ဌေး အားကိုးဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးအား စည်းရုံးပူးပေါင်း၍ ဖြေရှင်းမပေးကြပါ။နိကာယ်စာမေးပွဲကိုလည်း ဂေါင်းဦးဘာရပ်ကွက်မှလွှဲ၍ အခြားရပ်ကွက်တွင် ကျင်းပခွင့်မရှိ ဟု စည်းကမ်းချက်ရှိသော်လည်း ဆရာတော်ကြီးများချမှတ်တော် မူခဲ့သော သာသနာ့ဥပဒေ စည်းမျဉ်းစည်းကမ်းများကို မထေမဲ့မြင်ပြု၍ ကျပ်ပြင် (အ.ထ.က) စာသင်ကျောင်းတွင် ကျင်းပခဲ့ကြပါသည်။
တိုင်းသံဃနာယကညွှန်ကြားချက်ဖြင့် ဂေါင်းဦးဘာရပ်ကွက်မှလွဲ၍ အခြားနေရာတွင် မကျင်းပရဟုတားမြစ်ချက်၊ မြို့နယ်သံဃနာယကမှလည်း နှစ်ဦးနှစ်ဘက် မညီမညွတ် ကွဲပြားနေသေးသမျှ စာမေးပွဲ ရပ်နားထားရမည်ဟု တားမြစ်ချက်တို့ကို လျစ်လျူရှု မခန့်လေးစားပြု၍ ၄င်း လွှတ်တော်ကိုယ်စားလှယ် ဦးဘဋ္ဌေး ကိုယ်တိုင် ၀န်ကြီးချုပ်အမိန့်ဟုပြောဆို၍ အမိန့်စာမပြဘဲ နှုတ်မိန့်ဟု ပြောဆိုကာ အာဏာကို လက်တလုံးခြား အလွဲသုံးစား ပြုလုပ်ခဲ့ပါသည်။ဥပဒေအထက်တွင်မည်သူမျှမရှိစေရဟူသော နိုင်ငံတော်သမ္မတကြီး၏ စကားရပ်ကိုပင် ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေကြပါသည်။
၎င်းတို့အဖွဲ့များမှ
(၁) နိကာယ်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဇော် (သီတဂူ ဆေးရုံအုပ်) သည် အဖွဲ့မှ ထင်သလိုပရမ်းပတာ ပြုလုပ်နေသည်ကို သိလျက်နှင့် အားပေးအားမြှောက်ပြုလုပ်နေသည်မှာ ဥက္ကဋ္ဌ ရာထူးနှင့်တန်ပါသေးသလား?
  (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဘဋ္ဌေး ၏ ခမည်းခမက် နိကာယ် ဒု ဥက္ကဋ္ဌ ဥိးလှဋ္ဌေးသည်လည်းမိမိ အဖွဲ့ဝင်များ နှစ်ရှည်ချေးငွေများပြန်မဆပ်ခြင်း၊ ငွေတိုးမဆပ်ခြင်း၊ အနယ်နယ်အရပ်ရပ်မှလှူဒါန်းသောငွေပင်ငွေရင်းများလိမ်လည် မှုတို့ကိုသိလျက်နှင့် မသိဟန်ဆောင်၍နေခြင်း၊ဆက်လက်လိမ်လည်ခွင့်ပြုနေခြင်းတို့သည် ဒုဥက္ကဋ္ဌ ဟူသော ရာထူးဂုဏ်ပုဒ်နှင့် တန်ပါသေးသလား? 
 (၃) အတွင်းရေးမှူးဦးမောင်မောင်သည်လည်း ကိုယ်တိုင်ချေးယူထားသောငွေများ အရင်းရော အတိုးပါမဆပ်ခြင်း၊ငွေစာရင်းလိမ်လည်မှုတို့ကိုကိုယ်တိုင်ပြုလုပ်နေခြင်းတို့သည် သံဃိကပစ္စည်း၊သာသနာပိုင် ဘဏ္ဍာဟူသော အသိတရားမရှိတော့ပြီလော၊ကျန်ချေးယူသုံးစွဲနေသောသူများသည်လည်းသံသရာကိုမကြောက်ပြီလော?
(၄) မိုးကုတ်မြို့မျက်နှာဖုံး သူဋ္ဌေးကြီး သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရ လည်းဖြစ်သော၊လွှတ်တော်ကိုယ်စားလှယ် သူဋ္ဌေးကြီး ဦးဘဋ္ဌေး သည်လည်း (၂၅) ကြိမ်မြောက်နိကာယ်စာမေးပွဲတွင် ဆွမ်းတစ်ကြိမ် ကပ်ရုံဖြင့် ရာသက်ပန် ဆွမ်းဒါယိကာ သာသနာ့ကျေးဇူး ရှင်ကြီးဟု စာအုပ်တွင် ပုံနှိပ်ဖော်ပြခံဝံ့သည်အထိ အရှက်မဲ့သွားပြီလော ?
ယခုတစ်ဖန် (၂၇)ကြိမ်မြောက် နိကာယ်စာမေးပွဲတွင်လည်း မိမိ ဂုဏ်တက်ေ၇းအတွက် သူတစ်ပါးရပ်ကွက်တွင် ၀င်ရောက်ကျူးကျော် ဦးဆောင်ကျင်းပခဲ့ပြန်ပါသည်။(2012 ခုနှစ်၊ 4 လပိုင်း)
ယခင်ကလည်း ပန်းမရပ်ကွက် ပန်းမအထက်ကျောင်းဆရာတော်အား မဟုတ်မမှန်လုပ်ကြံသတင်းဖြင့် ကျောင်းမှနှင်ထုတ်ခဲ့ဖူးပါသည်။(စာသင်သံဃာများပါနှင်ထုတ်ခဲ့သည်)
မိမိ၏စည်းစိမ်အာဏာကိုအားကိုး၍ ထင်ရာစိုင်းနေသည်မှာ မိုးကုတ်မြို့နယ်တွင် တရားဥပဒေ စိုးမိုးမှုမရှိ၍လော ဤ အကြောင်းများကြောင့် ဂေါင်းဦးဘာ နိကာယ်အသင်းသူအသင်းသားတို့မှာ မည်သူ့ကို အားကိုးရမည်မသိတော့ပါ။
သာသနာကို ချစ်မြတ်နိုးကုန်သော သံဃမဟာနာယကဆရာတော်ကြီးများနှင့် နိုင်ငံတော်အကြီးအကဲများမှ ကူညီဖြေရှင်းပေးတော်မူကြပါရန် ဤစာမျက်နှာမှ အားကိုးစွာတင်ပြအပ်ပါသည်။
မှတ်ချက်။       ။ အထက်ပါအကြောင်းအရာများသည် ပုဂိုလ်ရေးမုန်းတီးမှုလုံးဝမပါရှိဘဲ အမှန်တရားများကိုဖေါ်ပြ၍ သာသနာ့ဂုဏ်ရောင်ထွန်းပြောင်စေခြင်းအတွက် နှောင်းလူများ ဆင်ခြင်နိုင်ရေးသာ စေတနာရှေ့ထား ရေးသားရခြင်းဖြစ်ပါကြောင်း
  နိကာယ်အသင်းပိုင်ငွေများအား ဒုဥက္ကဋ္ဌ၊အတွင်းေ၇းမှူးနှင့် ကော်မတီဝင်တစု နှင့် အလွဲသုံးစားလုပ်ထားသည့် အထောက်အထားဓါတ်ပုံများ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
Myanmar News Now
2 comments:
မန်းလေးသား said...
ဒီသတင်းသာ အမှန်ကန် ဖြစ်ရင် .... သာသနာရေရှည်တည်တံ့ဖို့အတွက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သင့်ပါတယ်........ သာသနာတော်ကြီး စည်ပင်ပြန့်ပွားဖို့ တရားပွဲတွေ ဒီထက်အများကြီး ကျင်းပဖို့ လိုအပ်သလို ကျွန်တော်တို့လူငယ်တွေလဲ ဘာသာရေးကို လက်ရှိထက်အာရုံစိုက်ဖို့ လိုနေပြီဆိုတာ မီးမောင်းထိုးပြတဲ့ သတင်းပါပဲ........ နောက် သာသနာကိုဗန်းပြပြီး ကိုယ်ကျိုးရှာတဲ့ သူတွေကို များများဖော်ထုတ်ပြီး ကောင်းကောင်းကြီး အပစ်ပေးသင့်တယ်လို့ ယုံကြည်ပါတယ်.......
မြောက်ကျွန်းသူ said...
ကိုယ့်အသိဥာဏ်နှင့်ချင့်ချိန်ပြီးမှယုံကြပေါ့။
Powered by Blogger.