တောင်ကြီးမြို့ မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်

လာမဲ့ မေလ (၈)ရက်နေ့ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မှာ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်ဖြစ်
ကြောင်းသိရပါတယ်။

တစ်မြို့နယ်လျှင် တွင်း/မှူး (1)ယောက်နှင့် မြို့နယ်ကော်မတီဝင် (၂)ဦးစီ
တက်ရောက်ရမှာဖြစ်ပါတယ်။  မြို့နယ်အသီးသီးမှ မိမိပါတီအား
သုံးသပ်ချက်၊ မိမိမြို့နယ် ပါတီအားသုံးသပ်ချက်၊ ပြည်သူနှင့်ပါတီဆက်ဆံရေး
အခြေအနေသုံးသပ်ချက်၊ ဌာနဆိုင်ရာ အာဏာပိုင်များနှင့်ဆက်ဆံရေး
အခြေအနေသုံးသပ်ချက်၊ မြို့နယ်/ရပ်ကွက်/ကျေးရွှာ/
မည်သို့ပြန်လည်ဖွဲ့စည်းသင့်ကြောင်းသုံးသပ်ချက်များပါဝင် ဆွေးနွေးဖို့ 
ရှိတယ်လို့ သိရပါတယ်။

လက်ရှိရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီများအနေဖြင့် ပြည်သူ့
အခက်အခဲများ ကူညီဖြေရှင်းရန်အတွက် ဌာနဆိုင်ရာအာဏာပိုင်များနှင့်
ညှိနှိုင်းမရဖြစ်နေကြောင်း သိရှိရပါတယ်။

ပါတီအတွင်း အဆင့်ဆင့်တင်ပြမှုနှေးကွေးနေပြီး၊ ပြည်သူ့ဆန္ဒအမြန်
ဆုံးဖြည့်ဆည်းနိုင်ရန် ညွှန်ကြားချက်မပေးနိုင်ခြင်းကြောင့်
ပြည်သူ့ယုံကြည်မှုရရှိရန် သေချာမှုမရှိနိုင်သေးကြောင်း.. ပါတီဝင်တစ်ဦးမှ
ပြောပါတယ်။

Myanmar News Now
တောင်ကြီးမြို့ မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည် တောင်ကြီးမြို့ မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့်  အစည်းအဝေးကျင်းပမည် Reviewed by သစ်ထူးလွင် on 06:41 Rating: 5

2 comments:

aba said...

သေချာတာပေါ.ဗျာ။ဘယ်ကပေါ်လာမှန်းမသိတဲ.၀န်ကြီးချုပ် စီးပွားရေသမားဝန်ကြီးတွေ---။ဝန်ကြီးချုပ်ကလည်းရှမ်းပြည်နယ်ကိုကျုံးတမြို.လောက်ပဲ၇ှိတယ်မှတ်။ရပ်ကွက်လူကြီးကလည်းအ၇င်လူ ကြံဖွံ။ကြံဖွံကို၇က်ကွက်လူကြီးပေးမှမဲ၇မည်.ခေတ်ကုန်သွားပါပြီ။

Ar Ga said...

အဆင့်ဆင့်က ကိုယ့်အတွက် ဘယ်လောက်ကျန်မလဲ တွက်ချက်နေ၇တာနဲ့ ပြည်သူတွေ အတွက် လုပ်သင့် လုပ်ထိုက်တာ မလုပ်၇တော့ဘူးဗျာ ။ ကြံ့ဖွတ် လုပ်သင့်တဲ့ ပြုပြင်ပြောင်းလဲေ၇းကတော့ ကြံ့ဖွတ်ပါတီကို ဖျက်သိမ်းလိုက်ဖို့ပါပဲ။

Powered by Blogger.