ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

နေသွင် DVB ၀၉ မေလ ၂၀၁၂

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ပညာဆက်သင်ဖို့ ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးနဲ့ ဒီနေ့ တွေ့ဆုံတဲ့အချိန်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဗကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“အန်တီက ကူညီမယ်ဆိုတာက အဓိကတော့ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောမယ်ပေါ့။ ပြောခွင့်ရမယ်ဆိုရင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တင်ပြမယ်။ တင်ပြတဲ့အနေအထားမျိုးမှာ သူ့အနေနဲ့ ပြောတာက ကောင်းတဲ့အရာတခုကို တင်ပြလို့ သူတို့ဘက်က ငြင်းပယ်မယ်ဆိုရင် ဒီအရာကို ပြည်သူတွေက မုန်းမယ်ဆိုတဲ့အကြောင်းအရာကို၊ သူတို့အနေနဲ့ ခံရမယ်ဆိုတာကို သူတို့လည်း ကောင်းကောင်းသဘောပေါက်နေတယ် ဆိုတာကို ပြောတယ်။”

ကိုသီဟ၀င်းတင်ဟာ ဥပဒေ ဒုတိယနှစ်တက်နေတုန်း ၂၀၀၈ ခုနှစ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ ထောင်ကျခဲ့ပါတယ်။

မနှစ် အောက်တိုဘာလမှာ ထောင်က ပြန်လွတ်လာတဲ့နောက် ကျောင်းပြန်တက်ဖို့ ကျောင်းမှာ သွားရောက်စုံစမ်း ကြိုးစားပေမယ့် ကျောင်းက အကြောင်းပြချက်မပေးဘဲ ငြင်းပယ်ခဲ့တယ်လို့ ပြောပြပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဟန်နီဦး၊ ကိုနန္ဒာစစ်အောင်နဲ့ ကိုဘုန်းပြည့်ကြွယ်တို့လည်း ထောင်က ပြန်လွတ်လာပြီးနောက် ကျောင်းတွေက ငြင်းပယ်ခံထားရတယ်လို့ ဆိုပါတယ်။

“ထောင်ကထွက်ထွက်ချင်းမှာပဲ ကျနော်က အောက်တိုဘာမှာ လွတ်တယ်။ မဖြိုးဖြိုးအောင်၊ ကျနော်၊ ကိုလင်းထက်နိုင်ရယ်က အောက်တိုဘာမှာ လွတ်တယ်။ လွတ်တော့ သွားစုံစမ်းကြတယ်။ စုံစမ်းတဲ့အနေအထားမှာ သူတို့ဘက်က အဲဒီလိုမျိုးတွေပြောပြီးတော့ ကျနော်တို့ကို ပယ်ချတယ်။ ကျန်တဲ့လူတွေက နောက်ဆုံးလွတ်တဲ့အခါကျတော့ ကျောင်းကိုသွားပြန်စုံစမ်းတယ်။ အဲဒီအချိန်မှာလည်း ကျနော်တို့ကို ပြောတဲ့ပုံစံအတိုင်းပဲ ပြောတယ်။ ရမလိုလို၊ မရဘူးလိုလို၊ ပြန်ဆက်သွယ်ပါမယ်လို့ ပြောပြီးတော့ ပြန်လည်းမဆက်သွယ်ဘူး။ သွားစုံစမ်းတော့ ခုနပြောသလို ၂နှစ်၊ ကျောင်းကို ပြန်မအပ်လို့ရှိရင် ကျောင်းကထုတ်ပြီးသားဖြစ်တယ်လို့ ပြောတယ်။”

ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ ထောင်က လွတ်လာအပြီး ပထမဆုံး အကြိမ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသမဂ္ဂ တရားဝင် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ ခေတ်မီရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“ကျနော်တွေ့တဲ့အချိန်မှာ အန်တီ့အနေနဲ့ပြောတာက ပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ ဒုက္ခတွေရယ်၊ အဲဒါတွေ ပြောဆိုဆွေးနွေးတယ်။ ဗကသ အဖွဲ့ချုပ်ကို နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံမျိုး လေ့လာဖို့ရယ်၊ ပြီးတော့ သမဂ္ဂ တရားဝင်ဖြစ်မြောက်ဖို့ ဥပဒေအရ ကူညီပေးမယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ကျောင်းသားသမဂ္ဂ ရှိလိမ့်မယ်ဆိုတာကို သူမျှော်လင့်တယ်။ ပြီးတော့ ကျနော်တို့တွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ကူညီမယ်လို့လည်း ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတဲ့ ဗကသခေါင်းဆောင် ၉ ဦးဟာ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ထောင်ကျပြီးနောက် မနှစ်တုန်းက ရှေ့ဆင့် နောက်ဆင့် ပြန်လွတ်လာကြတာဖြစ်ပါတယ်။

သူတို့ကို ပြည်တွင်း တက္ကသိုလ်တွေက ပြန်လက်မခံရုံသာမက ပြည်ပတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးလည်း သက်ဆိုင်ရာက နိုင်ငံကူးလက်မှတ်တွေ ထုတ်မပေးလို့ အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

ဒီဗွီဘီ
ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ် ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ် Reviewed by သစ်ထူးလွင် on 16:41 Rating: 5

20 comments:

Unknown said...

တကယ်လို့  ဒီကျောင်းသားတွေကို ကျောင်းက ပြန်လက်မခံရင်လည်း သူတို့ ကို ပြည်ပတကက္ကသိုလ်တွေမှာ စာဆက်သင်နိုင်အောင် အန်တီစု စီစဉ်ပေးလိုက်ပါ
အဲဒါ က သူတို့ အတွက်ရော တိုင်းပြည်အတွက်ပါ ပိုကောင်းမယ်လို့ ထင်ပါတယ်
မြန်မာပြည်က တက္ကသိုလ်တွေကတော့ သိတဲ့အတိုင်းဘဲ
ဟိုက တက္ကသိုလ်တွေလောက် ဘယ်လို မှ မကောင်းနိုင်သေးဘူးလေ
ပြန်တက်ခွင့်မရလည်း မလွမ်းလောက်ဘူးထင်ပါတယ်

kaungkin said...

လူတိုင်းမှာ လွတ်လပ်စွာပညာဆည်းပူးနိုင်ခွင့်ရှိရမယ်။ ဒါဟာလူတိုင်းရဲ့အခြေခံအခွင့်အရေးပဲ။ ဒါကိုမပိတ်ပင်ထားသင့်ပါဘူး။

ဇာမဏီ said...

မြန်မာပြည်က တက္ကသိုလ်တွေပြန်တက်ခွင့်မရတာကို ဘာမှစိုးရိမ်
မနေကြပါနဲ့ ။ ဘာအဆင့်အတန်းမှမရှိတဲ့ပညာရေးကို မသင်ရလဲ
ဘာမှမဖြစ်ပါဘူး ။ ဒါပေမဲ့ အဲဒီလို နိုင်းငံရေးလုပ်တဲ့ကျောင်းသား
တွေကို ကျောင်းပြန်အပ်ရင်လက်မခံဘူး ဆိုတဲ့ မူကြီးကိုတော့
ပျောက်သွားအောင် လုပ်ပစ်ပါ ။

shweyee said...

No.1 အလွန်မှန်ပါ၏ ငယ်ရွယ်ပြီးတိုင်းပြည်ချစ်စိတ်ဓတ်ရှိတည့်လူငယ်တွေ နိုင်ငံတကာက Uni တွေမှာ political science/economic စတည့် subjects တွေကိုသွားသင်ပြီးအတွေ အကြုံယူစေချင်ပါတယ်. နိုင်ငံအနာဂတ် အတွက်အရန်းကောင်းပါတယ်။

tun win said...

စစ်အစိုးရကထောင်ချလည်း...ဒီနေ့ခေတ်ဟာဒီမိုကရေစီ ခေတ်မို့ဦသိန်းစိန် လက်ပိုက်ကြည့်မနေသင့်ဘူး...ဒီကျောင်းသားတွေဟာ ..ကိုယ်ကျိုးမကြည့်ဘဲ ဒီနေ့ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ ဖေါ်ဆောင်သူတွေမို့လို့...အပြစ်မရှိတော့ပါဘူး..စစ်အစိုးရအတွက် ဒီသဲတပွင့်စာလောက်တော့ .ခွင့်လွတ်သင့်ပါတယ်...

ခန့်သူအောင် said...

၁။ ပြည်တွင်းတွင် တရားဝင် ကျောင်းပြန်တက်နိုင်ရေး ဦးစားပေးလုပ်ရမည်။
၂။ အရည်ချင်းပြည့်မှီက ပြင်ပနိုင်ငံများတွင် ပညာသင်ကြားနိုင်ရေးအတွက် စကောလားရှစ် ရရှိအောင်လုပ်ဆောင်ပေးသင့်သည်။
၃။ ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့်ရရှိဖို့ ပြည်သူလွတ်တော်သို့ကျောင်းသားထုနှင့် ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်တောင်းဆိုသင့်သည်။

Anonymous said...

အမေစုရေ
ဒီမိုကရေစီမလှုပ်၇ှားပဲနဲ့ ပညာရေးပိတ်ပင်ခံထားရတာတွေ လယ်ဆည်ဝန်ကြီးဌာနက ၀န်ထမ်းငယ်တွေဘ၀ထဲမှာလဲ၇ှိနေပါတယ်။ ဦးမြင့်လှိုင်က စပါယ်ရှယ်ပိတ်ဆို့ထားတာပါ။ ဘယ်ကိုပြောလို့ ဘာတွေလုပ်ရမှန်းကိုမသိတော့တာပါ။ အနာဂတ်မဲ့နေသလိုခံစားနေရပါတယ်။

Anonymous said...

အမေစုရေ
ဒီမိုကရေစီမလှုပ်၇ှားပဲနဲ့ ပညာရေးပိတ်ပင်ခံထားရတာတွေ လယ်ဆည်ဝန်ကြီးဌာနက ၀န်ထမ်းငယ်တွေဘ၀ထဲမှာလဲ၇ှိနေပါတယ်။ ဦးမြင့်လှိုင်က စပါယ်ရှယ်ပိတ်ဆို့ထားတာပါ။ ဘယ်ကိုပြောလို့ ဘာတွေလုပ်ရမှန်းကိုမသိတော့တာပါ။ အနာဂတ်မဲ့နေသလိုခံစားနေရပါတယ်။

Shine Moe (နည်းပညာ) said...

မြန်မာ့ပညာရေးအသုံးစရိတ် တိုးပေးတာ ကျောင်းသားတွေပညာသင်ဖို့လား။အရင်စနစ်ကိုပြန်သွားဖို့လား

Thanlwin.usa said...

လူငယ်ကျောင်းသားလေးတွေပေမယ့် တကယ့်ရဲရဲတောက်လေးတွေပါ။ ကျောင်းသားခေါင်းဆောင်ဆိုတဲ့အတိုင်း တကယ့် လူငယ်ခေါင်းဆောင်လေးတွေပါ..........အကိုထွန်းမြင့်အောင် မြေတောင်မြှောက်ပေးတာဆိုပေမယ့် သူတို့မှာက အခြေခံအရည်အချင်းလေးတေတွေ ရှိပါတယ်......အန်တီစုအနေနဲ့ ပြည်ပက ကျောင်းမှာ စီစဉ်ပေးတာ အပန်းမကြီးပါဘူး.....လုပ်ပေးသင့်ပါတယ်.....သူတို့အားလုံးတကယ်ပေးဆပ်ထားတာပါ.......မယုံရင် သူတို့လေးတွေနဲ့တွေ့ဆုံစကားပြောကြည့်ပါ.......နာရီလောက်ပြောလိုက်ရင်သဘောပေါက်သွားပါလိမ့်မယ်...ပြောရရင်ဗျာ ဦးတင်အောင်မြင့်ဦးထက်တောင် တိုင်းပြည်ကို ပိုချစ်လိမ့်မယ်.... ၈လုံးကြီးက သူချမ်းသာဖို့ တိုင်းပြည်ကို ချစ် သလို လုပ်ပြနေတာ......

wi wi said...

လူ.အခွင်.ရေးမပိတ်ပင်ကြပါနဲ.အရပ်ကတို.ရေ

sean said...

အမေစု ပြောရင် .. ကမ္ဘာ တဝှမ်း လုံး ကြားသွား မှာ..
ွှအဲဒီတော့ ပညာရေး ဝန်ကြီးမင်းများ ဖြေ ဘာလဲဟဲ့ ဒီမိုကရေစီ နဲ့ တရားမျှတမှု

phyo4 said...

ကျောင်းသားတွေကို ပညာရေးမပိတ်ပင်သင့်ပါဘူး။ အခုအာဏာရှိနေတဲ့ အစိုးရ အဖွဲ့စည်းကလူတွေထက် ကျောင်းသားအများစုက အဆင့်အတန်း ရော စိတ်ဓာတ်ပါသာကြတဲ့သူများပါတယ်။

rocker said...

မြန်မာနိုင်ငံမှာအမှု့တစ်ခုတည်ဆောက်ရင်လွဲမှားတဲ့အချက်တွေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့သေချာမှု့မရှိတဲ့လုပ်ရပ်တွေကြောင့်တစ်ဦးတစ်ယောက်ကိုနစ်နာဆုံးရှုံးမှု့ဖြစ်စေတာပဲအင်မတန်မှလည်းဝမ်းနည်းစရာကောင်းပါတယ်

(ဥပမာ)မုံရွာထောင်ကိုလူသတ်ခိုးမှု့နဲ့ရောက်လာတဲ့ကိုကျော်ဦးကိုအမျိုးမျိုးနှိပ်စက်ပြီးသေဒဏ်ချလိုက်ပါတယ်အဲဒီမှာရဲတွေSBတွေတရားသူကြီးတွေအဆုံးပေါ့ဗျာ နောက်တော့တကယ်အမှု့အစစ်အမှန်ဆိုပြီးကိုဆန်းဥိှးှဆိုသူကိုဖမ်းလာပါတယ်ဒီမှာပဲဇယားတွေရှုပ်ကုန်တာပေါ့ ဒါကိုကြည့်သောအားဖြင့်တရားဥပဒေစိုးမိုးမှု့မရှိတာရယ်လူတစ်ဦးနစ်နာသွားတာကိုသိစေချင်ပါတယ်
အခုဖြစ်စဉ်နဲ ကိုဖြိုးဝေအောင်အမှုကို နှိုင်းဆကြည့်ရင် အဖြေတွေပေါ်လာမှာပါ ကိုလင်းလင်းအနေနဲလဲ လေ့လာမှုတွေ အများကြီးလုပ်ဖို့လိုပါသေးတယ်လို အကြံပြုပါရပါစေ ရမ်းသမ်းပြီးမလုပ်ကြပါနဲ နစ်နာမှုတွေမဂှိစေချင်လိုပါ

Thurein said...

မှန်ပါတယ်။ သူတို့ကျောင်းပြန်တက်ခွင့်ရသင့်တယ်။ သူတို့ပာာနိုင်ငံရေးလုပ်တာပါ။ ရာဇ၀တ်မှုကျူးလွန်သူတွေမပာုတ်ပါဘူး။ ဒီနိုင်ငံက ကျောင်းတွေ အဆင့်မှီသည်ဖြစ်စေ မမှီသည်ဖြစ်စေ သူတို့ရဲ့လွတ်လပ်ပိုင်ခွင့်အရ ကျောင်းပြန်တက်ခွင့်ရရပါမယ်။ သူများတွေမလုပ်နိုင်တဲ့မလုပ်ရဲတဲ့ အလုပ်ကိုစွန့်လွှတ်ပြီးလုပ်တဲ့ သူတို့တွေကို ချီးကျူးပါတယ်။

www.academicmedicines.blogspot.com

aungdin said...

ဘာလို့ဒီလိုမျိုးတွေလုပ်နေရတာလဲ ပြောတော့ဒီမိုကရေစီနိုင်ငံဆို အားလုံးကိုပွင့်လင်းနေရမယ် စိတ်ထားမြင့်မြတ်မှု့တွေနဲ့သွားနေရမှာလေ နိုင်ငံရေးလုပ်လို့ဒီလိုလုပ်ပါတယ်ဆိုရင် မြန်မာပြည်သူတွေအားလုံးကိုယ့်နိုင်ငံတိုးတက်ဖို့အရေးမလုပ်ကြရတော့ဘူးလား ကိုယ့်နိုင်ငံတိုးတက်ရေးဟာ နိုင်ငံရေးပဲလေ အချိန်မရွေး အရွယ်မရွေးလုပ်ကိုလုပ်နေရမှာလေ နိုင်ငံရေးမှာစိတ်ပါဝင်စားသူကို ထူးချွှန်အောင်တွန်းအားပေးရမယ် ငယ်ရွယ်တဲ့အချိန်တည်းကပေါ့ ။စစ်ဘက်မှာ စိတ်ဝင်စားရင်လည်းစစ်ဘက် ။ ဆေးပညာဆိုလည်းဒီအတိုင်းပဲ ။စက်မှု့ဆိုလည်းစက်မှု့ ။စောက်လုပ်ရေးဘက်ဆိုလည်း ဆောက်လုပ်ရေးဘက်...စသည်ဖြင့်တွန်းအားပေးမှ အဘက်က ထူးချွန်တဲ့သူတွေများလာပြီး လူစွမ်းအားအရင်းမြစ်တွေဖွင့်ဖြိုးလာမှာလေ ဘာလို့များလိုက်ပိတ်ပင်နေကြတာလဲ ကိုယ်နိုင်ငံကောင်းအောင်လုပ်တဲ့သူတိုင်းဟာ နိုင်ငံရေးသမားတွေကြီးပါ ဒီမိုကရေစီတောင်းတဲ့သူမှနိုင်ငံရေးလုပ်နေတာမဟုတ်ပါဘူး။ အလုပ်လုပ်နေတဲ့ပြည်သူတိုင်းဟာနိုင်ငံရေးသမားတွေချည်းပဲလို့ပြောလို့ရပါတယ်။ ကောင်းသည်ထက်ကောင်းအောင်ပြုပြင်လို့ရအောင်သာ ပွင့်လင်းတဲ့နိုင်ငံရေးစနစ်ကို (ဒီမိုကရေစီ) တောင်ခံနေကြတာပါ ။

kan said...

Unknow ရေ ဒေါ်စုကတော့ အားပေးမှာ ရာခိုင်နှုံးအပြည့် ဖြစ်သလို နိုင်ငံတကာ တက္ကသိုလ်တွေကလည်း ကူညီကြမှာပါ။ ခုဟာက နိုင်ငံကူးလက်မှတ် ထုတ်မပေးတော့ ဘာဆက်လုပ်ရမှာလည်း ဒါလဲ အမေစုက ထုတ်ပေးရမှာလား။

mad dog said...

ကဲ ဒါမျိုးကြတော့ လူ့အခွင့်အေ၇း ကောင်စီ ဘယ်ေ၇ာက်နေ လဲ။ ဒါ မှ လူ့အခွင့်အေ၇းချိုး ဖောက် တာမဟုတ်၇င် ဘာလဲ။

honey said...

တကယ့်ကိုအတွေးအခေါ်ကောင်းတွေပိုင်ဆိုင်ထားလို့
ပြည်သူတွေအတွက်နိုင်ငံရေးကိုစွန့်စားပြီးလုပ်ရဲတာ
လူဦးရေသန်းနဲ့ချီရှိနေတဲ့ကြားကလက်ချိုးရေလို့ရတဲ့
သူရဲကောင်းတွေထွက်ပေါ်လာတာပဲ...
နိုင်ငံတော်အစိုးရရဲ့လုပ်ရပ်ကသားသမီးချင်းမစာနာနိုင်ပဲ
မတ၇ားမှုကိုလက်ကိုင်ထားနေတယ်။
ဒီလူငယ်တွေရဲ့ဘ၀ကိုဖိနှိပ်မည့်အစားတိုင်းပြည်မှာ
လူတော်လူကောင်းတွေအဆက်မပြတ်ပေါ်ထွန်းလာစေေ၇းအတွက်
ဒီလူငယ်တွေရဲ့အနာဂတ်ကိုစဉ်းစားပေးသင့်တယ်။
အမေစုကိုတင်ပြချင်တာဒီလိုလူငယ်တွေကိုနိုင်ငံခြားမှာနိုင်ငံရေးပညာ
သင်ကြားနိုင်ေ၇းဥပဒေပညာသင်ကြားနိုင်ေ၇းကို
နိုင်ငံတကာကိုအကူညီတောင်းပေးပါ။
အမေစုအနေနဲ့ပံ့ပိုးပေးစေချင်တယ်။
အမေအသက်ကြီးသွားရင်အမေ့ပါတီမှာ
နောက်ထပ်ပြည်သူအားကိုးလောက်တဲ့
အမေ့လောက်မတော်ရင်တောင်အမေ့နီးပါး
ထက်မြက်တဲ့လူငယ်တွေကိုN.L.Dပါတီမှ
စကာတင်မွေးထုတ်ပေးပါလို့အကြံပြုပါတယ်။
တိုင်းပြည်တိုးတက်ေ၇းအတွက်
လူငယ်တွေကိုမြေတောင်မြှောက်ပေးနိုင်သလောက်
မြောက်ပေးမှဖြစ်မယ်။
မြန်မာပြည်သူလူငယ်များအနာဂတ်လှပကြပါစေ...
ပြည်သူတွေယုံကြည်အားကိုးနေရတဲ့တခုတည်းသောပါတီ
N.L.Dပါတီမှာလူငယ်များမွေးထုတ်
နိုင်ငံခြားမှာဘွဲ့တွေယူပြီးနိုင်ငံရေးဘွဲ့တွေယူပြီး
တိုင်းပြည်အတွက်အလုပ်လုပ်နိုင်အောင်
မွေးထုတ်ပေးပါလို့တိုက်တွန်းချင်တယ်။
ပြန်လာရင်လည်းN.L.Dပါတီဝင်အဖြစ်နဲ့
နိုင်ငံရေးကိုဆက်လက်လုပ်ကိုင်ပြီး
N.L.Dပါတီအင်အားကြီးမားလာအောင်
လုပ်ဆောင်သင့်တယ်။

saw said...

တကယ်တော့ အစိုးရက မကောင်းတာပါ.တက္ကသိုလ်ကျောင်းတွေကလည်း အစိုးရလက်အောက်က ဆိုတော့ အစိုးရအမိန့်တိုင်း လုပ်ရတာပါ.
တက္ကသိုလ်က ဆရာ ဆရာမတွေကိုတောင် "ဘွန်း"ထိုးခိုင်းပြီး အလုပ်ကထွက်ရင် ဘယ်လောက်လျော်ရမယ်ဆိုပြီး ချုပ်ထားတာ.အစိုးရက အရာအားလုံးကို ဖိနှိပ်ထားတာ.

Powered by Blogger.