ရွက်လှေစီမံကိန်းအတွက် အုန်းခင်းပိုင်ရှင်များ ၄ နာရီကြာထိန်းသိမ်းခံရ

၈.၅.၂၀၁၂ အင်္ဂါနေ့ နေ့လည် ၁နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင်ရဲမှုးကြီးဖြစ်သူ  ဦးမောင်မောင်မြင့် သည်
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် အမှတ် (၄) ရပ်ကွက်
ဘူးကွဲကြီးကျေးရွာသို့ရောက်ရှိလာပြီးအုန်းခြံများအတွင်းနေထိုင်သူများကို
အဆိုပါ ညနေ ၄နာရီအချိန်မှာ အပြီးဖယ်ရှားပေးရမယ်။ မဖယ်ပေးပါက
ဖမ်းဆီးအရေးယူမယ် ဟုပြောကြားခဲ့ပါသည်။

ညနေ ၄ နာရီအချိန်တွင်ငွေဆောင်မြို့နယ်စခန်းမှူး ဆိုသူမှ ဦးကြည်မြင့်၊ ဦးစိုးလွင် နဲ့
ဦးစိန်သန်းတို့ သုံးဦးအား ရဲသား ၃ ဦးကိုစေလွှတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
ရဲစခန်းရောက်သော အခါတွင် အဆိုပါရဲမှူးမှ ၄င်းတောင်သူ ၃ ဦးအား ပုဒ်မ ၄၄၇
နှင့်အမှုဖွင့်တယ် လို့ပြောပါတယ်။ အဲဒီနောက် တစ်ယောက်စီကို
ထွက်မပြေးပါဘူးဆိုတဲ့ ဂတိနဲ့ ဆွေမျိုး ၂ ဦးစီကို
လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ခဲ့ပါတယ်။ ယနေ့ ၉၊၅၊ ၂၀၀၂
ဗုဒဟူးနေ့မှာတော့ အဆိုပါ အုန်းင်္ခြများကို ရဲသား အယောက် ၃၀ က
ဝိုင်းထားပြီး မြေတူးစက်များနှင့်တူးကော်ဖျက်ဆီးလျှက်ရှိပါသည်။

   အဆိုပါ အုန်းခင်းများသည် န၀တလက်ထက် ၁၉၉၇ ခုနှစ်တွင်
ငွေဆောင်ဟော်တယ်ဇုံ (၂)ဟု သတ်မှတ်ထားသော်လည်း အဆောက်အအုံများ
ဆောက်လုပ်ခြင်းမရှိဘဲသောနေရာများဖြစ်ပြီ်း၂၁၊၀၃၊၂၀၁၂ ရက်နေ့တွင်
အားကစားဝန်ကြီးဋ္ဌာန၊ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက
မီဒီယာများကို“ရွက်လှေစခန်းဆောက်လုပ်ရန် အတွက်မြေနေရာသတ်မှတ်သည့်
အမှတ်အသားများစိုက်ထူခဲ့သော်လည်း ပြည်သူများနှင့်
ညှိနှိုင်းမရသောကြောင့်အဆိုပါနေရာများကို ပြန်လည်ပေးအပ်ခဲ့ပြီ
ဖြစ်ကြောင်းပြောဆိုခဲ့သည့်နေရာများဖြစ်ပါသည်။

                ကျွန်တော်တို့တောင်သူများမှာ ပိုင်ဆိုင်မှုဆို
ဒီဥယျာဉ်များသာရှိပါတယ်။ အကယ်၍ ဒီနေရာကိုသူတို့ ကသိမ်းပိုက်လိုက်တော့
ကျွန်တော်တို့ ဒီမိုကရေစီအစိုးရလက်ထက်မှာတော့
ဘာအလုပ်ကိုလုပ်စားပြီးမိသားစု ဘ၀ကိုဘယ်လို ဦးစီးရတော့မလဲ
လို့တောင်သူများကပြောကြားပါတယ်။

          ကျောင်းသားမိဘဖြစ်သူတောင်သူတစ်ဦးကလဲ ဒီနေရာမှာ
ဒီအုန်းခင်းလေးကို အားကိုပြီး သမီးလေးကို
ကျောင်းထားနေရတာ...အခုအုန်းပင်မရှိတော့ ပညာဒါနကျောင်းရယ်လို့လဲမရှိတော့
ကျောင်းထား နိုင်မှာမဟုတ်တော့ဘူးလို့ ရင်ဖွင့်လာပါတယ်။
မှတ်ချက်။     ။ ဒါကြောင့် မတရာခံစားနေရသော ဒေသခံတွေအတွက် ဝေမျှခံစား
စာနာပေးမှုနှင့်ကူညီတင်ပြ ပေးပါ။

 ဥာဏ်ထက်သာ (ဘူးကွဲကြီးကျေးရွာ)
ရွက်လှေစီမံကိန်းအတွက် အုန်းခင်းပိုင်ရှင်များ ၄ နာရီကြာထိန်းသိမ်းခံရ ရွက်လှေစီမံကိန်းအတွက် အုန်းခင်းပိုင်ရှင်များ ၄ နာရီကြာထိန်းသိမ်းခံရ Reviewed by သစ်ထူးလွင် on 17:12 Rating: 5

12 comments:

konamazu said...

ဒါကတော့ လွှတ်တော်ကနေ အလေးအနက် စဉ်းစားသင့်ပါတယ်။မိမိဖြစ်ချင်သော ကိစ္စတခုဟာ မိသားတစု ဒုက္ခရောက်မည်ဆိုလျှင် ထိုကိစ္စမှ ဖြစ်သော ထမင်းကိုသင်မြိန်ရှက်စွာ စားနိုင်ပါသလား။

minsoeaung said...

ကိုတင့်ဆန်းရေ
ထွက်တာကောင်းကောင်ထွက်ပါလား။
ဆင်းရဲသားတွေကိုပြဿနာမရှာပါနဲ့။
ဒီလိုဗိုလ်ကျမှုတွေကြောင့်ကြံ့ တွေကိုပြည်သူမုန်းတာ
ပြီးမဲရှုးတာနော်။
ဆက်မလုပ်ပါနဲ့၊
မေတ္တာရပ်ပါတယ်။

United States of Myanmar said...

မသိတော့ဘူးဗျို. မသိတော့ဘူး သစ်ထူးလွင် ဖတ်၇တာ ခေါင်းစားတယ်
မြန်မာပြည် တပြည်လုံး ကားအင်ဂျင်လဲသလို အလုံးလိုက် ဖြုတ်လဲလို.၇၇င်ကောင်းမှာပဲ
ကောင်းကွက်ဆိုလို.ဘာမှ ဘာမှ မရှိ

Aung Soe Oo said...

မြန်မာပြည်မှာ မြေလွတ်မြေရိုင်းဆိုတာမရှိတော့လောက်ကိုရှားပါးနေပြီ မရှိဆင်းရဲသားတွေ သူတောင်းဖြစ်၊သူခိုးဖြစ်၊ပြည့်တန်ဆာ၊ဖြစ်အောင်ကိုအစိုးရနဲ့အရင်းရှင်စီးပွါးရေးသမားတွေကဖန်တီးနေတာပါ ....ဒါမှလည်းသူတို့လိုချင်တဲ့အုပ်ချုပ်မှူယန္တယားကြီးသက်ဆိုးရှည်မှာမဟုတ်လား တော်တော်အောက်တန်းကျတဲ့နိုင်ငံဖြစ်နေပါပြီဗျာ..

66koaungaungtun@gmail.com said...

လုပ်ချလိုက်ပြန်ပြီး။အဲဒီအရာရှိတွေရဲ့မတားရားမှုတွေကိုပြည်သူတွေကမတွန်းလှန်ကြတော့ဘူးလား(ကယ်တင်ပေးကြပါစို့။)

sean said...

အရေအတွက် မနဲတဲ့ စီးပွားရေး ဝန်ကြီးနဲ့ စီးပွားရေး လွှတ်တော်အမတ်တွေ လုပ်ချင်သလိုလုပ်နေကြပြီလား ?..
ဒေသခံတွေ သောင်ပြင်လွှတ် တဲ့ --- လို အိုးအိမ်မဲ့ ဖြစ်ကုန်ပြီလား?
အာဏာနဲ့ ကိုယ်ကျိုးစီးပွားရောထွေးသုံးချင်လို့ ရွက်လှေဘန်းပြ ပြီးအကြံအဖန်လုပ်နေပြီလား?
ရွက်လှေ ဘယ်နှစ်စီးထားမှာမို့ လဲ..အစီး၃၀၀ လောက်ထားမှာမို့လား ?
၁၀စီးလောက်ကို ပေ၈၀လောက်ဘဲ လိုတယ်..
ရင်ထဲ က နင့်နင့်နဲနဲ ယိုစီးထွက်လာတဲ့ မှန်ကန်သော ဆိုညည်း သစ္စာ အသံဖြစ်သော " ကျွန်တော်တို့ ဒီမိုကရေစီ အစိုးရ လက်ထက် မှာ ဘာအလုပ်ကိုလုပ်စားပြီး မိသားစု ကို ဘယ်လို ဦးဆောင် ပြီး နေထိုင်စားသောက်ရတော့ မှာလဲ " ဆိုတဲ့ နင့်နင့်နဲနဲ ကြေကွဲ သံကတော့ ရင်ကို ထိသွားတယ်ဗျာ....!!!
ကျွန်တော်တို့ က စိတ်မကောင်းရတာ .. သူတို့ခမျာ ဘဝပျက် မျှော်လင့်ချက်တွေ ပျောက် ရလို့ သောက တွေ တပုံတပင် နဲ့ ဘယ်လိုနေရှာမလဲ...

mystic bamar said...

အုန်းခြံပိုင်ရှင်များ ခင်ဗျား၊ အဲဒိ "ပုသိမ်ခရိုင်ရဲမှူးကြီး" ဆိုသူအား ပိုင်နက်ကျူးကျော်မှု၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ အား မင်းမဲ့ဆန်ဆန် အဓ္ဓမ ဝင်ရောက်ဖျက်ဆီးမှု ဖြင့် တရားပြန်စွဲပါ။ နစ်နာကြေး အဖြစ် တကွက်လျှင် အမေရိကန်ဒ်ါလာ ဆယ်သန်း တောင်းပါ။ အဲဒိ ရဲမှုးကြီးရဲ့ အဘ တွေ တိုင်းပြည်ဘဏ္ဍာ ခိုးထားဒါ ဒေါ်လာ သန်းပေါင်း သိန်းနဲ့ချီနေပါပြီ။

u kyawkyaw said...

ဒီမိုကရေစီဆိုတာလူကိုလူနဲ့တူအောင်ဆက်ဆံခံရတာ၊တန်းတူ ဆက်ဆံခံရတာကိုဆိုလိုတာဖြစ်ပါတယ်၊လူနဲ့တူအောင်ဆက်ဆံရအောင်လူနဲ့တူတဲ့အကျင့်အကြံ့ကိုလုပ်ရပါမည်၊နေရာလွတ်၊ ပြောမည်သူမရှိတာနဲ့နေရာဝင်ယူလို့မရပါဘူးအပင်စစိုက်ထဲကကိုယ်ဝယ်ထားတဲ့မြေဘိုးဘွားပိုင်မြေမဟုတ်တာသိကြမှာပါ၊ဒါကိုအချောင်နှိုက်ချင်လို့လုပ်ခဲ့တဲ့အတွက်အဲဒီလိုအခက်အခဲဖြစ်ရတာပါ၊ဒါကြောင့်အစေ့/အပင်ပေါက်စစိုက်ထဲကဒီမြေဟာကိုယ် မြေမဟုတ်ရင်နှစ်ရှည်ပင်တွေမစိုက်သင့်ပါဘူး၊အချောင်နှိုက်လို့ရ
တိုင်းမနှိုက်သင့်ပါဘူး။

ဆုလာဘ် said...

ဒါတွေကျတော့ဟိုအကြောင်းဒီအကြောင်းပြသိမ်းတယ် တပ်မတော်အရာရှိကြီးတွေယူတဲ့မြေကျတော့ဘာမှလဲမလုပ်တော်တော်ကောင်းတဲ့ဒီမိုကရေစီအစိုး ဒီရဲမူးကအရူးလားဖယ်ခိုင်းတယ် သူ့နေနဲ့နေရာအစားပေးနိုင်လား ဘယ်မှာသွားနေမှာလဲဒီလူတွေ အပေါ်သို့ပြန်တင်ပြပါလား ဒါကျတော့သေအောင်ကြောက်တယ် အပေါ်ဖားအောက်ဖိ တွေ အာဏာရူးတွေ အမှန်ကိုတင်ပြရဲတဲ့သတ္တိမရှိဘူး ဘယ်လိုလုပ်ပြီးတိုးတက်မှာလဲနိုင်ငံတော်ကြီး

aungdin said...

ကြာရတဲ့သတင်းတွေကလည်း အားကုသိုလ်များလိုက်တာဗျာ ဒီတောတွင်းဥပဒေကိုမပြင်သေးဘူးလား။

mad dog said...

စီမံကိန်း တွေကြောင့် အိုးမဲ့ အိမ်မဲ့ အလုပ်ပျောက်တာတွေများ လှပါပြီ။ ၇ပ်ကြပါတော့။

မိုးတိမ် said...

ကျနော်တစ်ခုလောက်ပြောချင်တယ်ဗျာ အဲ့ဒီအုန်းခင်းလုပ်နေတဲ့သူတွေကိုတော့တကယ့်တကယ်ကိုကိုယ်ချင်းစာပါတယ် ဒါပေမဲအဲလိုလုပ်ပိုင်ခွင့် ဒါမှမဟုတ်မြေနေရာပိုင်ဆိုင်မှုအထောက်အထားတစ်စုံတရာရှိသလားလို့ကျနော်မေးကြည့်ချင်တယ် တကယ်လို့မရှိဘူးဆိုရင် ဒါသူတို့ဖက်ကအားနည်းချက်ပါ ရဲမှူးဆိုတဲ့သူတွေက ဥပဒေနဲ့ပြန်ပြောရင်သူတို့တွေဘာပြန်ပြောကြမလဲ .... ဥပဒေမှာမသိနားမလည်လို့ပါဆိုပြီးအကြောင်းပြချက်ပေးလို့မရပါဘူး .....စဉ်းစားမိတာလေးကိုဝင်ပြောကြည့်တာပါ .....

Powered by Blogger.