တောင်သမန်အင်းတွင်ပြုလုပ်မည့် ပလပ်စတစ်ကောက် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကမ်းပိန်း

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 25 May, 2012
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ တောင်သမန်အင်းတွင် ပလပ်စတစ်ကမ်းပိန်းနှင့်အတူ ပတ်ဝန်းကျင်ထိမ်း သိမ်းရေးအသိပညာပေးပွဲတစ်ရပ်အား သဘာဝချစ်သူကွန်ယက်မှ အကောင် အထည်ဖော်သွားမည်ဖြစ်သည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ် တောင်သမန်အင်းအနီး ပတ်ဝင်းကျင်တွင်နေထိုင်သော ရပ်ရွာလူထားအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များပွင့်လာစေရန်အတွက် လာမည့်သြဂုတ်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အသိပညာဖြန့်ဝေပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

`` တောင်သမန်အင်းဝန်ကျင်းက ရွာလေးတွေဖက်သွားပြီး ပလတ်စတစ်ကောက်တဲ့ကမ်ပိန်းကို လုပ်သွားမှာပါ ၊ အဲဒီကိုသွားရင် မျက်လှည့်လိုဖျော်ဖြေမှုတွေပေးပြီး ရွာသားတွေကို မျက်လှည့်ပြရင်းသဘာဝပတ်ဝန်းကျင်ကို   ထိန်းသိမ်းဖို့  ပညာပေးအစီအစဉ်လေးတွေကိုပါ ထည့်သွင်းပြသသွားဖို့ အစီအစဉ်ရှိတယ် ´´ ဟု သဘာဝချစ်သူကွန်ယက်မှ မဖူးပွင့်သဉ္ဇာဖြိုးက ပြောသည်။

တောင်သမန်အင်းသည် နိုင်ငံခြားသားများ အများဆုံးလာရာနေရာတစ်ခုဖြစ်ပြီး မန္တလေးတိုင်းရှိ လူစည်ကားသော သမိုင်းဝင်အပမ်းဖြေနေရာတစ်ခုလည်း ဖြစ်သည်။

`` ခုလို တောင်သမန်ဝင်းကျင်မှာ ပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ အသိပညာပေးတာတွေ လုပ်မယ် ဆိုတော့ အများကြီး ကျေနပ်မိပါတယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့ကို ဧည့်သည်တွေက ဒီပတ် ၀န်းကျင်မှာ အမှိုက်တွေမြင်ရင် မကြိုက်ဘူးပြောသွားတာတွေ ကြုံဘူးတယ် ´´ ဟု မန္တလေးမြို့ရှိခရီးသွားလမ်းညွှန်အမျိုးသားတစ်ဦးက  ပြောသည်။

သဘာဝပတ်ဝန်းကျင်ချစ်သူကွန်ယက်ကို မန္တလေးမြို့တွင်ဖွဲ့စည်းထားပြီး အခြားကွန်ယက်များနှင့် ချိတ်ဆက်ကာ   ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

တောင်သမန်အင်းတွင်ပြုလုပ်မည့် ပလပ်စတစ်ကောက် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကမ်းပိန်း တောင်သမန်အင်းတွင်ပြုလုပ်မည့် ပလပ်စတစ်ကောက်  ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကမ်းပိန်း Reviewed by သစ်ထူးလွင် on 13:48 Rating: 5

14 comments:

မိုးကြိုး မုန်တိုင်း said...

ဟာ သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ဗျာ… တောင်သမန်အင်းကနေစပြီး တစ်နိုင်ငံလုံး အတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ပါစေ…
အဖွဲ့အစည်းတစ်ခုတည်းကနေ… မြန်မာပြည်သူပြည်သားတိုင်း ပါဝင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်…..

minsoeaung said...

ကျေးဇူးတင်တာနော်။
ပညာပေးဘဝသရုပ်ဖေါ်စစ်စစ်ဖြစ်လို့ အားပေးထောက်ခံ
ပါသည်။ အောင်မြင်ပါစေ။

nandar said...

အော်ကောင်းလိုက်တာ။ တို့ခေတ်လူငယ်တွေ ခေတ်မီလာပြီ။ ဒီလိုဆက်သွားရင် ငါတို့မျော်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဆီကိုရောက်တော့မယ်။ ၀န်ကြီးတွေ ပြုတ်ရင်ပိုမြန်မယ်လို့ထင်တယ်

Mical said...

ပညာလဲ ပေးပါဗျာ အမှိုက်ပုံးတွေလဲ များများထားပေးပါလို့ စားပီးရင် ဘယ်နားပစ်လို့ပစ်၇မှန်းမသိလို့ပါ အမှိုက်ပုံးထဲပစ်ချင်လို့ရှာလိုက်ရတာ တော်တော်နဲ့မတွေ့ဘူး ရန်ကုန်မှာလဲ ထိုနည်းလကောင်းပဲထင်တယ် အမှိုက်ပုံးဖိုး ဘတ်ချက်ရဖို့ လွတ်တော်မှာ ဆွေးနွေးရမယ်ထင်တယ်

ဇာမဏီ said...

ခုလိုမျိုး ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်မှုတွေလုပ်ဆောင်တာ အရမ်းကောင်းပါတယ်။ ကိုယ့်တိုင်းပြည် တိုးတက်ကောင်းမွန်အောင် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေသည့်အချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း အဓိကဏ္ဍအနေနဲ့ပါဝင်ပါတယ်။

ကိုကို said...

အော်ဒုတ်ခဘဲ

ngaba said...

သိပ်ကောင်းပါတယ်ခင်ဗျာ..

naythuya said...

အခုလိုကြားရတာ မင်္ဂလာတပါးပါပဲ..ဒါပေမယ့် နေပြည်တော်က အမှိုက်
သရိုက်တွေ မရှင်းသေးတော စိတ်မအေးနိုင်သေးဘူး..သူတို့ကို ရှင်းပြီးရင်
တိုင်းပြည် အလိုလို စိတ်လန်းစိုပြေလာမယ်လို့မြင်မိပါတယ်..

ဒေးအောင်ဘို said...

အမှိုက်တွေ၇ှင်မယ်ဆိုရင်တော်တော်ကလေကိုရှင်ယူရမယ် ဒါပေမဲ့ အခုလိုလုပ်တာဂုဏ်ယူပါတယ်ဗျာ။

ManU Lover said...

အဲ.နေရာကို မြင်ရရင် ကျောင်းကြီးကို တအားလွမ်းတာပဲ ကျောင်းရယ် မြန်မြန်ပြန်ဖွင်.ပါတော.လား။

tat said...

အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာ..

Htein Aung said...

အမှိုက်က လွှတ်တော်ထဲမှာကောက်ရမှာ။
အဲဒိမှာ ရှင်းမှ တစ်နိုင်ငံ လုံးသာယာမှာ။

luthaar said...

ဒါမျိုးလှုပ်ရှားကို ကျနော်ကတော့ အမျိုးသားရေးလှုပ်ရှားမှု လို့မော်ကွန်းထိုးချင်တယ်....

micromyo said...

ကောင်းလိုက်တာ။ကိုယ်တိုင်အားပေးချင်ပါတယ်။စင်ကာပူ မှာ အမှိုက် မပြစ်ရ နေရာတွေပြစ်တဲ့ သူတွေ ကို ငွေဒါဏ် အပြင် လူကိုလည်း အမှိုက်ကောက် ခိုင်းတာ တွေ့ ဘူးပါတယ်။

Powered by Blogger.