အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့

ဓါတ်ပုံ(Facebook)
မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန်ကရောင်း သံရည်ကြိုစက်ရုံကို အစာငတ်ခံဆန္ဒပြနေသော အလုပ်သမားအချို့ ကျန်းမာရေးအခြေအနေ ချို့တဲ့လာကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် အစာငတ်ခံဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။

“ဒီနေ့မနက်ပဲ ၀မ်းကိုက်တဲ့တယောက်ကို မှော်ဘီဆေးရုံကိုပို့လိုက်ရတယ်၊ အခြားသူတွေလည်း အစာအိမ်အောင့်တဲ့သူရယ်၊ အားနည်းတဲ့သူတွေကို နီးစပ်ရာဆေးခန်းလိုက်ပြနေရတယ်”ဟု အလုပ်သမားအရေးဆာင်ရွက်ပေးနေသူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါ်မာမာဦးက ပြောသည်။

မြောင်းတကာ ရန်ကုန်ကရောင်း သံမဏိစက်ရုံမှ အစာငတ်ခံဆန္ဒပြသူများအား ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်၊ (သတင်းဓါတ်ပုံ-MMO)

ကျန်းမာရေးချို့တဲ့နေသူများထဲတွင် ၀မ်းကိုက်ရောဂါကြောင့် မှော်ဘီဆေးရုံသို့တက်ရောက်ကုသနေသူ ဦးဇော်မင်းလတ်၊ မျက်စိများ မှုန်လာကာ အဖျားဝင်နေသူ ဦးတင်မိုးဝင်း၊ အစာအိမ်အောင့်နေသည့် ဦးတင်ကိုဦးနှင့် ဦးသားလှစိုးတို့ဖြစ်ပြီး ၎င်းတို့ကိုလည်းအပြင်ဆေးခန်းတွင် ဆေးကုသနေရကြောင်း ၎င်းကဆိုသည်။

လုပ်ခ တနေ့ ၁၆၀ကျပ်မှ ၁၆၀၀ ကျပ်တိုးမြှင့်ပေးရန် မြောင်းတကာ သံရည်ကြိုစက်ရုံမှ အလုပ်သမား၅ ရာနီးပါးကယခင်သီတင်းပတ်မှစတင် ဆန္ဒပြနေရာမှ ၎င်းတို့အနက်မှ ၂၅ ဦးက လွန်ခဲ့သည့် လေးရက်ကစပြီး စတင် အစာအငတ်ခံ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် “တောင်းဆိုချက်များ မရမချင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်မည်”ဟုဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြလျှက်ရှိကြသည်။

အစာငတ်ခံဆန္ဒပြသူများမှာ အစာလုံးဝမစားဘဲ ရေတမျိုးတည်းသာသောက်၍ စက်ရုံရှေ့တွင် နေ့ရောညပါ ဆန္ဒပြလျက်ရှိပြီး သာမာန်ဆန္ဒပြသူများမှာ ၄၅၀ ခန့်ရှိသည်ဟုဆိုသည်။

ဆန္ဒပြတောင်းဆိုရာတွင် အလုပ်သမား ၆၀ ဦးအတွက်သာ နေ့တွက်ကြေးတိုးပေးရန်တောင်းဆို ဆန္ဒပြကြခြင်းဖြစ်ပြီး ကျန်သူများမှာဝိုင်းဝန်း ဆန္ဒပြပေးခြင်းဖြစ်သည်။

ဆန္ဒပြမှုကိုညှိနှိုင်းပေးရန်  ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားခေါင်းဆောင်များ ညှိုနှိုင်းဆွေးနွေးလျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းထိ အဖြေမထွက်သေးဟုဆိုသည်။

လေးရက်ခန့်အစာငတ်ခံဆန္ဒပြခဲ့သူတဦးဖြစ်သည့် ကိုအောင်ကျော်က “ဗိုက်ဆာလည်း ကြိတ်မှိတ်ပြီး ကိုယ့်အလုပ်သမားတွေ အတွက်ဆန္ဒဆက်ပြမှာပဲ။ ဒီမှာပဲတောက်လျှောက်ပြနေတာ၊ အိမ်လည်းမပြန်ဘူး ရေလည်းမချိုးရဘူး” ဟုဆိုသည်။

ရန်ကုန်ကရောင်း သံမဏိစက်ရုံကို တရုတ်(ထိုင်ဝမ်)နိုင်ငံသား ဦးရှောက်စမ်းက ပိုင်ဆိုင်ခြင်းဖြစ်ပြီး စက်ရုံမှူးမှာ ရဲမှူးဟောင်း ဦးမြင့်ဆွေဖြစ်သည် ဟုသိရှိရသည်။

ယခုလအတွင်း လုပ်ခတိုးမြှင့်ရေးနှင့်ပတ်သတ်၍ အလုပ်သမားများ ဆန္ဒပြမှုများ တိုးပွားလာလျှက်ရှိရာ ယခင်သီတင်းပတ်တွင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်အတွင်းစက်ရုံပေါင်း ၁၀ ရုံကျော်ကျော် ဆန္ဒပြခဲ့ကြပြီး စက်ရုံ ၈ ရုံဝန်းကျင်ခန့်မှာ ညှိုနှိုင်းဆွေးနွေးမှုပြေလည်ခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ဦးနန္ဒာစစ်အောင်က ပြောသည်။       ။
Yangon Press International
အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့ အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့ Reviewed by သစ်ထူးလွင် on 00:24 Rating: 5

9 comments:

zin yaw said...

ဒီလိုအခြေအနေမျိုးဟာ မဖြစ်သင့်ပါဘူး စက်ရုံမှူးရယ်။ ရဲမှူးဟောင်း ဆိုတော့လဲ အလုပ်သမားတွေကို ဒီလိုဆက်ဆံတယ်နဲ့ တူပါတယ်။ ရဲမှူးကတော့ ထိုင်ဝမ်းသား ရှောက်စမ်း က အစာကျွေးမွေးထားတယ်နဲ့တူတယ်။ ကိုယ့်နိုင်ငံသားတွေရဲ့အရေး ဦးဆောင်တင်ပြသင့်တယ်နော်.။ လုပ်ခ ၁၆၀ ဆိုတာ ရဲမှူးရဲ့ ကွမ်းဖိုးလောက်ဘဲရှိတယ်နဲ့တူတယ်နော်။

soe thu said...

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာကတော့အများကြီးပါပဲ အစိုးရက ကောက်ခံနေတဲ့ လျှပ်စစ်မီတာကြေးတွေ၊ ဖုန်းခေါ်ဆိုခတွေ ၊ အခွန်တွေ ကတော့ အာဆီယံ နှုန်းထားအတိုင်းကောက်ခံလျက်ရှိပီး အခုချိန်မှာ အသက်ဝင်လျက်ရှိပါတယ် ဒါပေမယ့်အခြေခံ လူတန်းစားများအတွက်တော့ လူ့အခွင့်အရေးဥပဒေတွေ၊ အလုပ်သမားဥပဒေတွေကတော့ စာအုပ်ထဲမှာပဲရှိနေပါတယ်၊ မြန်မာနိုင်ငံတိုးတတ်ဖို့ဆိုရင်တော့ အခြေခံလူတန်းစားများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံလစာကို သတ်မှတ်သင့်ပြီထင်ပါတယ်၊ ဆန္ဒပြနေတာဟာ လူ့အခွင့်အရေးအတွက်ဖြစ်ပါတယ်၊ လူထဲမှာနေရင် လူမှု့ရေးရှိပါတယ် လူမှု့ရေးအတွက် လစာသည် အဓိကကြပါတယ် ထိုကြောင့် အခြေခံလစာ ဥပဒေကို အကောင်ထည်ဖော်နိုင်ပါစေလို့ ဆန္ဒ ပြုလျက်........

yemintun86@gmail.com said...

ကိုယ်.ကျန်မာေ၇းလောက်ဘယ်အရာမှအရေးမပါဘူးဒါကြောင်.ဆက်မလုပ်စေချင်ဘူး၇ိုး၇ိုးတန်းတန်းပဲဆန္ဒပြပါလို.ပြောချင်ပါတယ်

mamamay said...

ဇွဲရှိတာတော.ကောင်းပါတယ်၊
ဒါပေမဲ.အဲလောက်မလုပ်သင့်ပါဘူး.
သူတို့ကအလုပ်ရှင်တွေလေ..သူတို.အတွက်ဘဲကြည့်မှာ

ကိုကို said...

အော် တရက်ကို 160ဆိုတာ ဒီခေတ်မှာဖြစ်သင့်ပါဘူး

genius said...

သမ္မတကြီး ....... အကြီးအကဲဆိုတာ ....
(၁) အင်အား ရှိရမယ် ၊
(၂) နူးညံ.သိမ်မွေ.ရမယ် ၊
(၃) သနားကြင်နာ တတ်ရမယ် ၊ .....
... ဆို တဲ. မြတ်စွာဘုရား မိန်.ခဲ.တာကို သမ္မတကြီး လည်းသိမှာပါ။
ယခုဆန္ဒပြ လုပ်သားတွေ ကသက်သက်ဆူနေတာလား ၊ တကယ် မလောက်ငှ လို.လား ၊ ... သမ္မတကြီး ဆုံးဖြတ်ပါ ၊
... ပြီးရင် အကြီးအကဲတယောက်ရဲ. သနားကြင်နာမှုကို ...
ပြသပါလို. အကြံ ပြုပါတယ် ။

john said...

အလုပ်သမားအခွင့်အရေးအတွက် ဇွဲမလျော့ဘဲ ဆန္ဒပြတာကိုတော့ အားပေးတိုက်တွန်းပါတယ်။ အလုပ်သမားများဘက်ကနေပြီး ကျွန်တော်ပြောခြင်တာကတော့ နိုင်ငံတော်အစိုးရရော၊ ကူညီလုပ်ကိုင်ပေးနိုင်သော အဖွဲ့အစည်း၊ ပါတီများအားလုံးအထူးသဖြင့် (ပြည်သူများ အားကိုးအားထားပြုရသော အမေစုပါတီ)မှ အလုပ်သမားများ အထိအခိုက်အနာတရ ဆုံးရှုံးနစ်နာမှုများမရှိခင် အမြန်ဆုံး ကူညီလုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ကူညီလုပ်ဆောင်ပေးသောသူများကိုလည်း ကျေးဇူးတင်ပါတယ်။

bango said...

အခြေခံလစာ တနည်းပြောရရင် အနိမ့်ဆုံးလစာကို တရားဝင်သတ်မှတ်ပေးသင့်ပါပြီ။လုပ်အားခနည်းလေလေ ဆင်းရဲတွင်းပိုနက်လေလေ...ဗိုက်မ၀တော့ ပြည်ပထွက်သူများလေလေ...ဆုံးရှူံးသွားတဲ့လုပ်သားရင်းမြစ်တွေဟာ တွေးတတ်ရင် ရင်နာစရာပါဘဲ။အများစုကပြောတယ် ဗိုက်ဝ ခါးလှနိုင်မယ့်အချိန်ဖြစ်ပြီဆိုရင် သေချာပေါက် အပြီးပြန်မယ်။ဝမ်းရေးအတွက် သူများတိုင်းပြည်မှာ ကျွန်အဖြစ်ခံဘ၀မှ လွတ်မြောက်ချင်ပါပြီ...တဲ့

ကဝေမင်းသား said...

ပေးလိုက်ပါကွာ အဲပိုက်ဆံက မင်းတို့ ကေတီဗွီ မှာ မုန့်ဖိုးပေးသလောက်ပဲ ရှိတာပါ

Powered by Blogger.