ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ်

ပုသိမ်မြို့၌ ၃ရက်ကြာ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူများထဲမှ၆ဦးအား ယနေ့မေ ၂၈ရက်နေ့ ၁နာရီတွင်ခရိုင် အုပ်ချုပ်ရေးဦးစီးရုံးမှ လာရောက်တွေ့ဆုံရန် စာဖြင့်အကြောင်း ကြားထားကြောင်း ပုသိမ်မြို့ခံ တစ်ဦးက ဆက်သွယ်ပြောကြားသည်။ “ကိုဇော်မိုး ၊ကိုစည်သူ ၊ကိုကြည်အေး အပါအ၀င် ၆ဦးအား ဒီနေ့ ၁နာရီမှာ လာတွေ့ပါဆိုပြီးစာပို့ထားတယ်”ဟု ၄င်းကပြောသည်။ ပုသိမ်မြို့တွင် မေလ၂၅ရက်နေ့ကစတင်၍ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး ပထမနေ့တွင် ၁၅ဦးခန့်၊ ဒုတိယနေ့တွင် ၅၀ဦးခန့် နှင့် နောက်ဆုံးနေ့အဖြစ်ပြုလုပ်သော မေလ ၂၇ ရက်နေ့တွင် လူ၂၀၀ခန့်ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးမြင့်မြတ်
Popular Myanmar News Journal
ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ် ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ် Reviewed by သစ်ထူးလွင် on 00:43 Rating: 5

3 comments:

yinkhatpan said...

မီးမရလို့ တောင်းဆိုသူတွေ ကတောင်းဆို၊ တာဝါတိုင် မိုင်းခွဲတဲ့သူကခွဲ၊ ပြင်တဲ့သူကပြင်၊ ဒါနဲ့ပဲ သံသရာလည်ပြီး ကျွန်တော်တို့ အခွန် (တိုင်းပြည်ဘဏ္ဍာငွေ)တွေ ဆုံးရှုံး နောက်ဆုံးတော့ ပြည်သူပဲနစ်နာတာပါပဲ

myomin said...

သွားတွေ့လိုက်ကြပါကွာ။အရမ်းကြောက်နေပြီရေ်ေ်ေ်နေပြီ။

66koaungaungtun@gmail.com said...

ဘာတွေပြောလည်းသိချင်းပါတယ်ထပ်မံတင်ပြပေးပါ၊ကိုသစ်ခင်ဗျာ

Powered by Blogger.