မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

ဓါတ်ပုံ-Katha Town
ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့ က မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင် ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း
မန္တလေး- မြစ်ကြီးနားလမ်းပိုင်း နမ္မားနှင့် မြို့သစ်ကလေးကြား မိုင်တိုင်အမှတ် ၆၄၄၊ ၂၀-၂၁ အကြားတွင် မေလ ၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးရထားသံလမ်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ပျက်စီးသွားသော မီးရထားသံလမ်းကို မိုးညှင်းမြို့ မီးရထားကြီးကြပ်ရေးမှူးရုံးမှ ပြန်လည်ပြင်ဆင်မှုများ ပြလုပ်ခဲ့ပြီး မန္တလေး- မြစ်ကြီးနား မီးရထားခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ 

“ကနေ့မနက်ပိုင်း ထွက်ခွာမယ့် ခရီးစဉ်နှစ်ခုက ပုံမှန်အတိုင်း ထွက်ခွာခဲ့ပါတယ်။ ညနေပိုင်းထွက်ခွာမယ့် ၅၇ အဆန် မန္တလာရထားနဲ့ ၄၁ အဆန် ဒုတိယအထူအမြန်ရထား ခရီးစဉ်နှစ်ခုကတော့ မြစ်ကြီးနားဘက်က ဆိုက်ရောက်မယ့် မီးရထားခရီးစဉ်ပေါ်မူတည်ပြီး ထွက်ခွာချိန် အနည်းငယ် နောက်ကျနိုင်ပါတယ်”ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား Reviewed by သစ်ထူးလွင် on 08:45 Rating: 5

9 comments:

mad dog said...

မြေဇာပင်ဖြစ်၇တဲ့ သူတွေကို သနားပါတယ်။

ဖိုးသားလေး said...

ညီအစ်ကိုတို့
မြစ်ဆုံစီမံကိန်းကိုလည်းရပ်ပြီးပြီနော်
ဗုံးတွေခွဲလို့ ရထားမစီရဲကြတော့ဘူးနော်

အလျော့ပေးတားတွေ တော်တော်များနေပြီနော်
သူတို့ဘာကြောင့် တိုက်ပွဲတွေကိုစိန်ခေါ်နေတာလဲနော်
အစိုးရဘက်ကလည်း ဘာကြောင့်စစ်တပ်တွေနောက်မဆုတ်သေးတာလဲနော်
ကေအိုင်ကေ က ကချင်လူမျိုးတွေကို မသနားဘူးလားနော်
စားဝတ်နေရေးတွေခက်နေကြပြီနော်
သူတို့လူမျိုးတွေပျက်စီး ဆင်းရဲနေတာ မသနားဘူးလားနော်


အဲ့ ကျွန်တော်တို့ကဗမာလူမျိုးတွေဗျ
ရှေးလူကြီးတွေကတော့
တရုတ်ကဖိ ရှမ်းကအိ ဗမာတွေပျောက်တော့မယ်တဲ့
အခု ကချင်က ဘယ်လို ဗမာတွေကိုလုပ်ဦးမလဲ
သည်းခံပါတယ်။
သမ္မတက အပြစ်အခတ်ရပ်ဖို့ညွန်ထားတယ်တဲ့
သူတို့စပြစ်မှ ပြစ်တဲ့
သူတို့ဗုံးကျဲရင် ဗမာစစ်သားတွေ ဘယ်လောက်သေမလဲနော်
စစ်တပ်နောက်ဆုတ်ခဲ့ရင် အဂ်လိပ်တွေလို မြန်မာပြည်ကို အထက်ပိုင်းက စသိမ်းလိမ့်မယ်တဲ့ အချို့က ပြောကြတယ်။

ကေအန်ယူနဲ့တောင် ငြိမ်းချမ်းရေးအဆင်ပြေလို့ စစ်ကားတွေ အစီး100 လောက် နေပြည်တောကို ပြန်လာတာ ကိုယ်တိုင်တွေ့ပြီးပါပြီ

သို့ ကချင်တို့
ကျွန်တော်က အစိုးရဘက်လဲမပါဘူး၊ ခင်းဗျားတို့ဘက်လဲမပါဘူး
ဒါပေ့မယ် ဗမာလူမျိုးဗျ။
စဉ်းစားပါဦး
ခင်းဗျားတို့ ကိုယ်လွတ်ရုန်းနိုင်ပြီလား
ဒါဆို ကချင်ကို တိုင်းပြည်သစ်အနေနဲ့ထောင်နိုင်ပြီလား
ကချင်လူမျိုးတွေ ဘယ်နားနေလို့ ဘာစားပြီး ဘာအလုပ်လုပ်မလဲ
ကျွန်တော်တို့ချော့နေတာနော်.....
ဗမာတွေမျိုးတုံးတော့မယ်
ကချင်တွေ ကျုပ်တို့ခေါင်းပေါ်တက်တော့မယ်
ဗမာတွေရယ် သိကြပါတော့
တဘက်တည်းကိုတွေးပြီး တဘက်သက်မဆန်တော့ပါနဲ့တော့
သမ္မတလဲချော့ရလို့မောလောက်ပါပြီး
လူသားချင်းစာနာလွန်းလို့ပြောရတာပါ
ကိုယ့်လူမျိုးအချင်းချင်းကို မသနားဘဲဆက်ပြီး တိုက်ခိုက် စိန်ခေါ်ကြတယ်

ထလော့ဗမာ ထကြပါတော့
အမျိုခံရတော့မယ်

Toke Kyee said...

ကချင်တွေမင်းတို့ကိုတို့မမုန်းပါဘူး။တရုတ်ကြီးရဲ့အသုံးချခံမလုပ်ပါနဲ့။သူတို့နဝတ
နဲ့ရွှေလမ်းငွေလမ်းဖောက်ထားတုန်းကမင်းတို့ကိုငှက်ပျောသီးတလုံးတောင်လာ
ကျွေးခဲ့တာမဟုတ်ဘူး။အခုအစားရတော့ဘူးဆိုတဲ့အရိပ်အရောင်တွေတွေ့လာမှ
မင်းတို့ကိုအငှားဗိုက်နဲ့ဓားထိုးခံခိုင်းနေတာ။အရာရာကိုပညာနဲ့ချင့်ချိန်ပါသေနတ်
မရှိတဲ့ပြည်နယ်သူပြည်နယ်သားတွေကိုသနားပါ။ဟူတူနဲ့တူစီတွေအမျိုးအချင်း
ချင်းပဋိပက္ခတွေဖြစ်ကြတော့တရုတ်ကြီးကဓားတွေထုတ်လုပ်ပြီးရဝမ်ဒါကိုကွန်
တိန်နာနဲ့ပို့ရောင်းခဲ့တာ(သူတို့လူမျိုးအချင်းချင်းခေါင်းဖြတ်ကြဖို့)။သူတို့တရုတ်လူ
မျိုးအကျိုးကိုကြည့်သလောက်ယူများတိုင်းရင်းသားတွေအပေါ်သိတ်ယုတ်မာတဲ့လူမျိုးမို့သတိကြီးစွာထားစေချင်ပါတယ်။

tzt2003 said...

စစ်ဝါဒီ ကေအိုင်အေမရှိမှ
ငြိမ်းချမ်းရေးရမယ် လက်နက်မချရင်အပြုတ်ဆော်
ခံရမှာဘဲ မပူပါနဲ့

Unknown said...

တစ်တိုင်းပြည်လုံး မြန်မာပြည်ကောင်းစားဖို့ အင်တိုက်အားတိုက်ကြိုးစားနေတဲ့အချိုန်မှာ KIA ကဖျက်စီးရေးလုပ်နေတာဘာအတွက်လဲ။

taproot said...

ဟုပ်တယ်နော်ဗမာအမြိုခံရတော့မယ်။

greenlover said...

တကယ်တမ်းတော့တရုတ်ရဲ့ဖင်ယက်နေတာ ဗမာ့တပ်မတော်က နံပတ်မှာ တစ် ပေါ့
အခုလဲသမ္မတဦးတိန်းစိန်က အပြစ်အခတ်ရပ်ဖို့ညွန်ထားတယ်တဲ့ အဲဒီညွန်ကြားချက်ဟာ ထမင်းပူမုတ်စားဖို့လေတောင်ကုန်သေးတယ် တပ်မတော်က မကြားဘူး KIA တွေရဲ့မိုင်းသံတွေနဲ့နားကမ်းသွားလို့တဲ့
စစ်အင်အားကိုခွေးတရုတ်နဲ့ညိပြီးတရုတ်ပြည်ကနေတဆင့် KIA နယ်မြေထဲကိုနေစဉ်ပို့နေတာမသိဘူးမှတ်နေလား KIA ကိုအင်အားချိနဲ့အောင်အရင်လုပ်ပြီးနောက်အလိုအတိုင်းဆွဲညိမယ်ဆိုတဲ့ဗျူဟာကအလုပ်မဖြစ်တော့ရှက်ရမ်းရမ်းလာတဲ့သဘောရှိတယ် အပေါ်ကငနဲတွေလဲပြည်မမှာပြီး ကိုယ်ကြည်ညိုလေးစားတဲ့ဘုန်းတော်ကြီးတွေကိုတောင်တတ်ရဲတဲ့ဘုရားမသိတရားမသိ အရိုင်းအစိုင်းမသာကောင်တွေဘက်ကပါနေသေးတယ်

အဘ said...

green lover ရေဆက်ပြောလိုက်တော့ငါပြောရင်ဟိုဟာတွေပါမိတော့မယ်...

We Are Kachin said...

ဖိုးသားလေး comment ကိုဖတ်မှဘဲကချင်တွေကဗမာတွေခေါင်းပေါ်တက်
တော့မယ်ဆိုတာသိတော့တယ်။ ဘာကိုကြည့်ပြီးပြောတာလဲ။ စစ်အစိုးရကအဲဒါကြောက်လို့ ကချင်ပြည်နယ်ကိုစစ်အင်အားအလုံးအရင်းနဲ့လာ တိုက်နေလား။ နောက်ပြီးကချင်ပြည်နယ်ကကချင်လူမျိုးတွေအတွက်လုပ်ကိုင်စားသောက်ဖို့လုံလောက်ပါတယ်။

ွှToke Kyee ရေစစ်အစိုးရက ကိုးကန့်နဲ့ KIA ကိုရှင်းပေးဖို့တရုတ်ကို အာမခံလာတာပါခင်ဗျာ။

tzt2003 ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုတဲ့သူတွေကိုစစ်ဝါဒီတွေတဲ့လား။ ထားပါတော့လေ အင်္ဂလပ်လက်ထက်ကဗိုလပ်မင်းရောင်အစရှိတဲ့ ဗမာ့မျိုးချစ်တော်လှန်ရေးသမားတွေကိုသူပုန်တွေလို့ခေါ်ခဲ့တာဘဲ။

greenlover ပြောမှဘဲယှဉ်ပြီးစဉ်းစားမိတော့တယ် KIA ကသူတို့ကြည် ညိုလေးစားတဲ့ဓမ္မဆရာ၊ဆရာမတွေကိုသတ်တဲ့သူတွေမှမဟုတ်ဘူးဘဲ။

UNFC ကလည်းကချင်ပြည်နယ်ကိုထိုးစစ်ဆင်နေတာတွေမရပ်ရင် အပစ်ရပ်ထားတာတွေပြန်သုံးသပ်မယ်ဆိုပြီးကြေငြာလိုက်ပါပြီ။

စစ်ကိုအမြန်ဆုံးရပ်နိုင်ပါစေ။

Powered by Blogger.