အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား

ထွန်းထွန်း
----------
စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။


 ကားလမ်းပျက်၍ လမ်းဆင်းလျှောက်နေကြသော စစ်တွေမှ ရန်ကုန်သွား ခရီးသည်များ ( ဓါတ်ပုံ- နိရဉ္စရာ)
" ကျွန်တော်ဒေသက ရွာတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ထိုင်း၊ တရုတ်နယ်စပ်နဲ့ မလေးရှားဘက်ကို ထွက်ခွာနေကြတဲ့ အတွက် ရွာတွေမှာ လူတောင် သိပ်မကျန်တော့ဘူး။ ကလေးနဲ့ လူကြီးတွေဘဲ ကျန်တော့တယ်" ဟု ရသေ့တောင် မြို့နယ် မူစဲကမ်း ကြက်ရိုးဆိပ်မှ ဒေသခံ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရန်ကုန်နှင့် မန္တလေးသို့ သွားသော ဘတ်စ်ကားများတွင် ကားလက်မှတ်ကို သွားချင်သည့် အချိန်တွင် အလွယ် တကူ ၀ယ်ယူ၍ မရဖြစ်နေပြီး လက်မှတ် တစ်စာင်ကို ၁၅ ရက်ခန့် စောင့်ဆိုင်း ၀ယ်ယူနေကြသည်ဟု ရသေ့တောင်မြို့ တိုးရတနာ ဘတ်စ်ကား ခရီးသွား လက်မှတ် ရောင်းသူ တစ်ဦးက ပြောသည်။

" ရသေ့တောင်ကနေ ရန်ကုန်ကို တိုက်ရိုက် ကားနဲ့ သွားလို့ မရဘူး။ စစ်တွေက တဆင့်ဘဲ သွားရ တယ်။ ဒါပေမယ့် ထိုင်း၊ မလေးရှားနဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်နေကြသူတွေများတဲ့ အတွက် အခု ရသေ့တောင်မှာ ကားလက်မှတ် အရောင်းဆိုင်တွေ ဖွင့်ပြီး လက်မှတ်တွေ ကြိုတင် ရောင်းချ ပေးနေ ပါတယ်။ ကျွန်တော်တို့ဆီက ရန်ကုန်သွားမယ့် ကားလက်မှတ် တစ်စောင်ရဖို့ အတွက် အနည်းဆုံး ၁၅ ရက်ခန့် စောင့်ရပါတယ်။"

ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကားဖြင့် ရန်ကုန်နှင့် စစ်တွေသို့ တိုက်ရိုက်သွားလာ၍ မရသော်လည်း ဒေသမှ ထွက်ခွာသူ များပြားနေသဖြင့် စစ်တွေ ကား ကုမ္ပဏီများက ရသေ့တောင်မြို့ထိ လက်မှတ် အရောင်း ကောင်တာများ တိုးချဲ့ ဖွင့်လှစ် ရောင်းချ နေကြောင်း သူက ဆိုသည်။

" ရသေ့တောင်မြို့ပေါ်မှာ ကားလက်မှတ် အရောင်းကောင်တာ သုံးလေးခုခန့် ရှိပါတယ်။ တိုးရတနာ၊ ရွှေပြည်ရခိုင်၊ ကင်းစတား စတာတွေပါ။ ကားလက်မှတ်ကတော့ နေ့တိုင်း အပြည့် ရောင်းရတာပါဘဲ။ တအားကို သွားတဲ့သူ များနေပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသူများမှာ ရသေ့တောင် မြို့နယ် တစ်ခုတည်းက မဟုတ်ဘဲ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦီး၊ ပလက်ဝ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည် မြို့နယ်တိုင်း လိုလိုက ဖြစ်ကြောင်း ရွှေပြည် ရခိုင် ကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" ပြည်ပကို ထွက်တာလား၊ ဘယ်ကို သွားကြတယ်ဆိုတာတော့ မပြောတတ်ဘူး။ အကုန် သွားနေကြ တာပါဘဲ။ မြို့နယ် စုံပါဘဲ။ ကျွန်တော်တို့ဆီက ဘတ်စ်ကားနဲ့ ရန်ကုန်ကို သွားကြ တာကတော့ နေ့တိုင်း အပြည့်ဘဲ။ ကားတစ်စီးမှာ ကလေး လူကြီး ၆၀ လောက် ဆန့်ပါတယ်။ ရန်ကုန်ကနေ ဘက်ကို သွားကြတယ် ဆိုတာတော့ ကျွန်တော်တို့ တပ်အပ် မသိဘူးဗျာ။"

ထိုကဲ့သို့ ထွက်ခွာနေကြရာတွင် မြို့ပေါ်ကထက် နယ်ဒေသက ပို၍ များကြောင်း ဒေသခံများက ပြောသည်။

"ပြည်ပကို ထွက်တာ ကျွန်တော်တို့ နေတဲ့ အနီးအနား ရွာလောက်ပြောရ ရမယ်ဆိုရင် တရက်ကို လူအနည်းဆုံး လူပေါင်း ၂၀ ကနေ ၃၀အထိ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ကြပါတယ်။ ထွက်တဲ့ လူတွေက လူကြီး လူငယ် အမျိုးသမီး ဆိုင်းစုံပါဘဲ" စေတီပြင်ရွာမှ ရပ်လူကြီးတဦးက ဟုနိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြရခြင်းမှာ ရခိုင်ပြည်နယ် ကျေးလက် ဒေသများတွင် အလုပ်အကိုင်ရှား ပါး၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"ပြည်ပ ကို ထွက်ချင်လို့ထွက် ကြတာမဟုတ်ပါဘူး။ အဓိကတော့ အလုပ်မရှိဘူး။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး တယောက်လောက်ဘဲ အလုပ်ရှိတယ်။ လုပ်တာကလည်း လယ်ယာလုပ်ငန်းဆိုတော့ မိသားစု တစ်ခုလုံး စားဝတ်နေရေး အဆင်မပြေဘူး။ မဖူလုံဘူး။ အဲဒါကြောင့် ရှိတဲ့ ပစ္စည်းလေး တွေကို ပေါင်နှံ ရောင်းချပြီးတော့ ပြည်ပကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပြည်ပနိုင်ငံသို့ ထွက်ခွာသွားသော်လည်း အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီး လူတစ်ရာတွင် သုံးလေးဦးခန့်သာ အဆင်ပြေကြောင်း လောင်းချောင်း ကျေးရွာသား တဦးက ပြောသည်။

"ပြည်ပကို ထွက်တဲ့လူတွေ ဟာလဲသိပ် အဆင်ပြေကြတာ မဟုတ်ပါဘူး။ လူတစ်ရာမှာ သုံး လေးယောက်လောက်ပဲ အဆင်ပြေကြတာပါ။ အိမ်မှာ အလုပ်လက်မဲ့ နေမယ့်အစား ပြည်ပကို ထွက်ပြီး လုပ်တာက အိမ်ကိုငွေ မပို့နိုင်ရင်တောင် ကိုယ့်ဝမ်း အတွက်တော့ အဆင်ပြေတဲ့ သဘောမျိုးနဲ့ သွားနေကြတာ ဖြစ်ပါတယ်။"

ပြည်ပသို့ ထွက်ခွာနေသူများသည် တရုတ်၊ ထိုင်း၊ မလေးရှား သို့သာမက စစ်မက် အကြီးအကျယ် ဖြစ်ပွားနေသော ကချင်ပြည်နယ် ဘက်သို့ ထွက်ခွာနေကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ် အခြေအနေမှာ ရင်လေးစရာ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ်က ဦးလှမောင်သိန်းက ပြောသည်။

ယခုကဲ့သို့ လူများ ရခိုင်ပြည်နယ်မှ စွန့်ခွာနေကြသဖြင့် ယခုနှစ် လယ်ယာ လုပ်ငန်းကိုလည်း များစွာ ထိခိုက်နိုင်ကြောင်း ရသေ့တောင်မြို့ပေါ်မှ လယ်သမားကြီး တစ်ဦးက ပြောသည်။

" အခု ပြဿနာက လယ်လုပ်မယ့် သူရင်းဌား လုံးဝ ရှာမရတဲ့ ပြဿနာပါ။ ရွာတွေမှာ လယ်လုပ်မယ့် သူတွေ မရှိသလောက် ဖြစ်နေပြီ။ အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စ အပေါ် အလေးအနက် စဉ်းစားတာမျိုးတော့ မတွေ့ရသေးဘူး။ လူအားနဲ့ လယ်လုပ်တဲ့ ရခိုင်ဒေသမှာ လယ်လုပ်မယ့်သူ မရှိရင် လယ်ယာလုပ်ငန်းကတော့ ရှေ့မှာ အများကြီး ထိခိုက်နိုင်ပါတယ်။"

သူရင်းဌား တစ်ဦး၏ ဈေးနုန်းမှာလည်း လုပ်သား ရှားပါးသဖြင့် လွန်ခဲ့သောနှစ်ကထက် ယခုနှစ်တွင် နှစ်ဆခန့် မြင့်တက် သွားကြောင်း သိရသည်။

" ရွာမှာ လူတွေမရှိတော့ ပြဿနာက ဘာဖြစ်လာ လဲဆိုတော့ ပွဲလန်းသဘင်တွေ ဖြစ်ရင် ကလေးနဲ့ အဖိုးကြီးတွေ လောက်ဘဲ ကျန်တော့တယ်။ လူပျို အပျို ရှာမရတော့ဘူး။ တချို့ ရွာတွေမှာဆိုရင် ကာလသား မရှိတဲ့ အတွက် ရှင်ပြုပွဲ၊ သမက်တက်ပွဲ ကျရင် ကာလသားကို တစ်ခြားရွာတွေက ဌားရတာ မျိုးတွေတောင် ရှိတယ်။ ရွာတွေမှာ လူက မရှိသလောက်ဖြစ် နေပါပြီ။ အဘုဘ ချရင်တောင်မှ အမျိုးသားတွေ မရှိတဲ့ အတွက် အမျိုးသမီးတွေက အလောင်းကို ထမ်းချရတဲ့ ရွာတွေလည်း ရှိနေပါပြီ"ဟု လယ်သမားကြီးက ပြောသည်။ 

ထွန်းထွန်း  ( နိရဉ္စရာ)
အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား Reviewed by သစ်ထူးလွင် on 05:58 Rating: 5

24 comments:

တန`င်္လာကိုကို said...

အဲလောက်တောင်တစ်ကယ်လားဗျာ။ နဲနဲလောက်တောင်.ခံနိုင်လား။ စီးပွားရေး
တိုးတက်လာဘို.ရှိလို.ပါ။ တိုင်းပြည်ရဲ.လူသားအရင်းအမြစ်တွေသူများဆီ
ရောက်ကုန်တာသိပ်နစ်နာပါတယ်။ ပြည်သူတွေတွက်အလုပ်အကိုင်အခွင်.
အလမ်းတွေအစိုးရကဖန်တီးပေးရမှာပါ။ သူတို.လည်းမတတ်တာလို.သွားကြရတာပါ။ ရခိုင်ဒေသမှာဖွံ.ဖြိုးဘို.၊ စီးပွားရေးအဆောက်အဦး၊ ဇုံ တည်ထောင်ဘို.ကျွန်တော်တို.လဲ
တောင်းဆိုမယ်။ သက်ဆိုင်ရာပါတီအာဏာပိုင်အဖွဲ.အစည်းတွေထံလဲ
တောင်းဆိုကြရအောင်ဗျာ။ မကြာခင်ကိုယ်.ဒေသတွင်းမှာလုပ်ကိုင်
စားသောက်နိုင်အောင်ဝိုင်းဝန်းကြိုစားရမှာပေါ.ဗျာ။

boyaing said...

အော် ကိုယ်တွေပဲ အလုပ်မရှိတာမှတ်နေတာ။ ကိုယ်လို လူတွေ အများကြီးပါတကား။

zaw hlaing oo said...

ဒီသတင်းကိုဖတ်ရတာစိတ်မကောင်းလိုက်တာဗျာ။ပျော်ရာမှာမနေတော်ရာမှာနေဆိုတာမျိုးပေါ့။ နိုင်ငံနှင့်လူမျိုးအတွက်ဝမ်းနည်းစရာကောင်းပါတယ်။

Ko Nyo Khant ( Mdy university.) said...

သွားပါစေ...သွားကြစမ်းပါ..ကိုယ်နိုင်ငံမှာကြတော့အလုပ်မလုပ်ချင်ဘူး...သူများနိုင်ငံမှာဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာသိအောင်သွားကြစမ်းပါစေ..မြန်မာနိုင်ငံမှာလုပ်နေကြတဲ့အလုပ်သမားတွေကိုမေးကြည့်ပါ...ခိုလို့ရင်ခိုကြမယ်...ခိုးလို့ရရင်ခိုးကြမယ်...ခိုးတယ်ဆိုတာ..အချိန်ကိုဆိုလိုတာပါ...နည်းနည်းလေးလုပ်လို့ပင်ပန်းတယ်ဆိုရင်နားကြပြီ...ဖူမင်လိုလူကြီးကမပြောမချင်းကိုယ့်အသိနဲ့ကိုဘယ်သူမှအလုပ်မလုပ်ကြဘူး...အဲဒီတော့အတွေ့အကြုံရအောင်...နိုင်ငံခြားမှာဘယ်လိုအလုပ်လုပ်ကြရတယ်ဆိုတာသိသွားအောင်....

kta said...

အင်းးးးးးးးး တိုင်းပြည်တိုးတက်အောင် စောင့်ရင်း စောင့်ရင်းနဲ့ ငါတောင်အသက်တွေ တော်တော်ကြီးသွားပါပြီလေ.........

ချစ်ဖူး said...

ရိုဟင်ဂျာတွေကိုလည်း ကြောက်ရသေးတယ်

shingyi said...

တိုးတက်စေချင်ပါတယ်။အလုပ်ပိုကောင်းတာ၇ှာတာကောင်းတာပေါ.။
အမေနဲ့၇ွာကိုလွမ်းတယ်ဆို၇င်၇န်ကုန်ဆိုတာ၁၈၂၄ခုနှစ်မတိုင်ခင်က
လူမျိုးခြားတွေနေတာခုတိုင်း၇င်းသားအများစုနေနိုင်ပြီ။လွမ်းတတ်
တယ်ဆိုတောမှာနေ၇မှာအဖေသာတောလွမ်းတတ်၇င်နိုင်ငံခြားဆိုတာဝေး
၇န်ကုန်ဆိုတာသိမှာတောင်မဟုတ်ဘူး၊ကားတောင်မမြင်ဘူးတဲ့တောကပါ။

U-Click said...

အလုပ်မရှိဘူးဆိုတာမမှန်နိုင်ပါဘူး။ အလုပ်ရွေးလို.နေပါလိမ့်မယ်။ မြန်မာပြည်မှာထမင်းတလုတ်ရှာစားဖို.မခက်သေးပါဘူး။ အတွေးအခေါ်နဲ့အနေအထိုင်ပြောင်းလဲဖို.တော့လိုမယ်။ ရိုးသားကြိုးစားပြီး စေတနာထားတတ်တဲ့လူတွေအတွက်အလုပ်နေရာတွေအများကြီးကျန်ပါသေးတယ်။ အလုပ်အကိုင်အများကြီးရှိပါတယ်။ အဲဒီလိုလူမျိုးတွေရှားနေတာပါ။ အဲဒီလိုလူမျိုးဖြစ်ရင်အလုပ်သေချာရကြမှာပါ ပြီးလစာလဲကောင်းမှာပါ။ မြန်မာပြည်မှာတကယ်အလုပ်မရှားပါဘူး။ ယုံပါ။

A A said...

အော်........ သယံဇာတတွေပေါများပါတယ်။ ရွှေ၊ ကျောက်သံပတ္တမြား၊ ကျောက်စိမ်း၊ နီလာ။ ကြေးနီ၊ ကျွန်း၊ သစ်အမျိုးမျိုး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ထွက်လိုက်တာ။ စိုက်ပျိုးရေး မြန်မာနိုင်ငံဟာ ဆန်အိုးကြီးတဲ့။ ရေလုပ်ငန်း သားငါးပုစွန် ပေါလိုက်တာ။ ပြည်သူတွေကတော့ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ပါ။ ဘယ်တွေရောက်ကုန်လည်း။ လုပ်ငန်းရှင်မှန်သ အဖြူနဲ့အမဲကောင်တွေက နေရာတကာ လုပ်ကိုင်နေတယ်။ ကိုယ့်လူမျိုးတွေကတော့ တိုင်းတစ်ပါးမှာ ကျွန်ခံလို့ကောင်းလိုက်တာ။ ကိုယ့်မြေပေါ်က သယံဇာတကျတော့ ဟိုရောင်းဒီရောင်း။ မိဘတွေသေဆုံးသွားပြီး သားသမီးတွေချည်းကျန်ခဲ့တဲ့ အိမ်တစ်အိမ်လို ဘာမှမလုပ်တတ်တော့ နောက်ဆုံး ပြတင်းပေါက်လေးဖြုတ်ရောင်း။ ထရန်လေးခွာရောင်း။ နောက်ဆုံးအိမ်တိုင်ပါချွတ်ရောင်း။ တန်ရာဈေးရမှန်းမသိ မရမှန်းမသိ။ အလုပ်လက်မဲ့တွေဖြစ် ဘာကြောင့်လဲဆိုတာ သိလောက်နိုင်ပါပြီ။

ဆုလာဘ် said...

အလုပ်လက်မဲ့တွေတကယ်များနေပါလား သီးနှံတွေကိုတကယ့်စီးပွါးဖြစ်စိုက်တော့လည်းလမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့်အရူံးနဲ့ဘဲရင်ဆိုင်ရတာပေါ့ နိုင်ငံမှမတိုးတက်သေးတာ ဘယ်လိုရပ်တည်နိုင်မလဲ ချမ်းသာတဲ့သူက ချမ်းသာပြီးရင်းချမ်းတယ် ဆင်းရဲတဲ့သူကဆင်းရဲပြီး ဒုက္ခရောက်တယ်လေ ဘက်မှမမျှတာ

ဇော်ဇော် said...

နောက်ဆုံး ရခိုင်ပြည်ဟာ ကုလားပြည်ဖြစ်သွားရင်တော့ ဒုက္ခပဲ...

Maung said...

ဒါတွေဟာတကယ်ဖြစ်နေတယ်ဆိုရင်ပြည်နယ်အစိုးရမှာတာဝန်ရှိပါတယ်။ငါ့ဝမ်းပူဆာမနေုသာရင်တော့ဘယ်အမျိုးဘယ်သီလမှမစောင့်နိုင်တော့ပါ။ဒီလိုဒေသစွန့်ခွာနေတာတွေဟာရေရှည်မှာသဘာဝအရင်းအမြစ်(Natural resource)ပေါတဲ့
ရခိုင်ပြည်နယ်အတွက်တင်မကဘူးနိုင်ငံအတွက်လည်းရင်လေးစရာကောင်းပါတယ်။
ဒီအတိုင်းဆိုရင်တော့ Generation နှစ်ဆက်လောက်ဆိုရင် အဖြေကထွက်သွားမှာပါ။

FighterFight said...

တိုင်းပြည်ရဲ.လူသားအရင်းအမြစ်တွေသူများဆီ
ရောက်ကုန်တာလည်းနစ်နာသလို.... ရိုဟင်ဂျာ ကိစ္စကလည်းရှိနေတော့လေ ဒေသခံတွေအရမ်းနည်းသွားရင် နေရာဝင်ယူသွားမှာ စိုးရိမ်ရတယ်။
ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာနေထိုင်ခွင့်ရရင်တောင်မှ မြန်မာတိုင်းရင်းသားလူမျိုးစုထဲမှာပါတယ်ဆိုတာတော့လက်မခံနိုင်လို့ပါ။
တနင်္လာ ကိုကို ပြောသလိုပဲ အမြန်ဆုံးဖြစ်လာပါစေ...

win htway said...

အေးဗျာ ကျွန်တော်တို.ဆိုရင်လည်း ရခိုင်ပြည်နည်ရမ်းဗြဲမြို့ကပါ ကျောင်ပြီးတာနဲ့ ပညာလည်းရှာ အလုပ်လုပ်ရင်းဆိုတဲ့အတိုင်း တစ်ခါတည်းအိမ်က ထွက်ခွာလာခဲ့ရတာပါ အဓိကတော့ အလုပ်မရှိတာရယ် လူသာအရင်းအမြစ်တိုးတက်မှုနောက်ကျနေလို့ပါပဲဗျာ ဒါတွေကိုအသေအချာတွေးကြည်ရင်းအဖရခိုင်ပြည်အတွက်ဝမ်းနည်မိပါရေ.........

arkan said...

အဲဒီလို့ဖြစ်နေတာတကယ်ဗျာ မယုံမရှိနဲ့ အလုပ်ရှားတယ် ရတဲ့အလုပ်ကပိုက်ဆံနည်းတယ်လေ သွားကြမှာပေါ့

www.drnaywinaung.blogspot.com said...

ကိုညိုခန့်  ခင်ဗျား အဲဒီနေရာမှာတကယ်အလုပ်လုပ်နိုင်သလား..ကျွန်တော်က၇ခိုင်မှာတာဝန်ကျဘူးတော့ ပြည်သူတွေအကြောင်းသိတယ်..အပြောမကြီးနှင့်..ပြည်သူတွေ တစ်လကို အိမ်စာရိတ် တစ်သိန်းလောက်ပြန်ပို့ နိုင်ဖို့  နိုင်ငံခြားကိုထွက်နေကြတာ..

Naing Naing said...

ဒါကကျနော်တို့ရခိုင်လူမျိုးတစ်ခုတည်းမဟုတ်ပါဘူး မြန်မာတစ်နိုင်ငံလုံးကလူတွေပြည်ပကိုထွက်နေကြဒါမနည်ပါဘူး

Naing Naing said...

ဒါကကျနော်တို့ရခိုင်လူမျိုးတစ်ခုတည်းမဟုတ်ပါဘူး မြန်မာတစ်နိုင်ငံလုံးကလူတွေပြည်ပကိုထွက်နေကြဒါမနည်ပါဘူး

ဆုလာဘ် said...

ဒေသဖွံဖြိုးရေးကအရေးကြီးပျါတယ်

ခင်မျိုးချစ် said...

ရခိုင်ပြည် အဲလောက်ကို အဖြစ်ဆိုးနေပြီလား။ ကြားရတာ စိတ်မကောင်းပါ။ မြန်မာပြည်မှာ အလုပ်လုပ်ချင်တဲ့သူတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေဖန်တီးပေးရမယ် ဆိုတာ မှန်ပေမယ့် အခုလောလောဆယ်လည်း ရိုးရိုးသားသား ကြိုးစားချင်တဲ့သူတွေအတွက် အရမ်းတော့ အလုပ်မရှားသေးဘူး ထင်ပါတယ်။ သုံးသပ်ကြည့်မိတာက လူငယ်/လတ်တွေ အားလုံး နီးပါးက ရိုးသား ကြိုးစားစွာနဲ့ ဘ၀ကို ရုန်းကန်တည်ဆောက်ဖို့ မစဉ်းစားကြဘူး။ မိမိမှာ လုံလောက်တဲ့ အတန်းပညာ အသိဥာဏ်ပညာ အရင်းအနှီးတွေလည်း မရှိပဲအကုန်လုံး ဖြတ်လမ်းကနေ ချမ်းသာချင်နေကြတယ်။ စတိုးဆိုင်မှာ ဆိုင်အကူ အလုပ်သမလေးတစ်ယောက်ကို တက္ကသိုလ်က သရုပ်ပြတစ်ယောက်ထက်များတဲ့လစာပေးထားပေမယ့် လူမြဲဖို့အတော်ခက်ပါတယ်။ အလုပ်သမားက အမြဲရှာနေရ တာပဲ။ အလုပ်ကို ဖင်မြဲအောင်သာမလုပ်ချင်တာ မရှိရှိတဲ့ ပိုက်ဆံလေးနဲ့ လက်ဖက်ရည်ဆိုင်ထိုင် အင်တာနက် ဆိုင်သွား ချက်တင်ရိုက် စတာတွေတော့လုပ်နေကြပါတယ်။ အရာရာ အစိုးရကိုချည်းအပြစ်ပုံမချပဲ မိမိတို့ ပြည်သူများ ဘက်ကိုလည်း ပြန်လည်သုံးသပ်ကြရမှာပါ။ မိမိကိုယ်လည်း အမြဲတိုးတက်နေအောင် အရည်အချင်းတွေ သွေးနေ မွေးနေ ရမှာပါ။ အပေါ်မှာ ကိုညိုခန့်ဆိုသူ ပြောသလိုပဲ နိုင်ငံခြား ထွက်ကြည့်တော့မှလည်း ဘယ်လိုလက်ကြောတင်းအောင် မျက်နှာငယ်နဲ့ အလုပ်လုပ်ရတယ်ဆိုတာ သိလာကြပါလိမ့် မယ်။ မိမိကိုယ်ကို လုံခြုံအောင်စောင့်ရှောက်ဖို့ အသိဥာဏ် ပညာလေးတွေလောက်တော့ ပါသွားကြပါစေလို့ပဲ ဆုတောင်း လိုက်ပါတယ်။

Aung Soe Oo said...

ကိုညိုခန့်ဆိုကောင်မင်းစီးပွါးရေးနဲ့ပါတ်သက်ပြီးဘယ်လောက်နားလည်လဲ ပညာဘယ်လောက်တတ်သလဲ ဘယ်တိုင်းပြည်တွေကိုရောက်ဘူးသလဲ ဘယလိုမြန်မာနိုင်ငံသားမှကိုယ့်တိုင်းပြည်ကိုစွန့်ပြီးနိုင်ငံရပ်ခြားသွားအလုပ်မလုပ်ချင်ကြဘူးကွ နားလည်လား ၁။ကိုယ့်တိုင်းပြည်မှာကိုယ်တတ်ထားတဲ့ပညာနဲ့ပါတ်သက်ပြီးအလုပ်မပေးနိုင်ဘူး၂။တိုင်းပြည်မှာစီးပွါးရေးလုပ်နေတဲ့အရင်းရှင်တွေကမြန်မာပြည်မှာအလုပ်လက်မဲ့ပေါများတာကိုအခွင့်ကောင်းယူပြီးဈေးနှိမ်ခိုင်းတာတွေ အလုပ်သမားအခွင့်အရေးအပြည့်အ၀မပေးတာတွေ၃။မြန်မာပြညမမှာအခွင့်ထူးခံအရာထမ်း အရာရှိတွေများပြားလာတာတွေ ၄။လူလူချင်းလူစိတ်မထားဘဲဂုတ်သွေးစုပ်လူညွန့်ခူးစားချင်တဲ့ပြည်ပအလုပ်အကိုင်ရှာဖွေပေးတဲ့အေဂျင်စီတွေရဲ့မစားရ၀ခမန်းလိမ်လည်ပြောဆိုမှူတွေကိုရိုးသားစွာယုံကြည်မိသူတွေဟာ ရေနှစ်သူအတွက်ကောက်ရိုးတမျှင်လိုသဘောထားပြီးတိုင်းပြည်ကိုစွန့်ခွါပြီးအလုပ်သွားလုပ်နေကြရတယ်ဆိုတာမင်းလိုကောင်တွေနားလည်အောင်လေ့လာထားအုံးညီလေး....စာမဖတ်ပေမဖတ်နဲ့အမှောင်ထဲနေတဲ့ကောင်တွေ.....

winnyakhine said...

သြော် နိုင်ငံခြား ထွက်နေကြတာ ကျနော်တို့ရခိုင် လူမျိုးတစုတည်းမှ မဟုတ်တာ သတင်းရေးတဲ့သူကလည်းး ဆင်ခြင်ပြီးးရေးသင့်တယ်လူမျိုးတိုင်းးနိုင်ငံခြားကိုသွားနေတာကို သွားတော့ အတွေ့အကြုံ ရတာပေါ့ ဘာကိုတွေးပူနေလဲ ....ကို့ရွာမှာဘဲ နေတော့ကော ဘာသိလာမှာလည်းးးရွာမှာနေတဲ့သူက ရန်ကုန်ကိုသွားကြလို ရန်ကုန်မှာနေတဲ့သူက နိုင်ငံခြားကို သွားကြတာ အဆန်းလားး

ဇာမဏီ said...

ရခိုင်ဒေသတစ်ခုထဲမဟုတ်ပါဘူး ။ တနိုင်ငံလုံးက လူတွေအားလုံးပါ ။ ဘယ်
မှ မရောက် ဘယ်မှမသွား ၊ နွားခြေရာခွက်ထဲတင်နေပီး ဟုတ်လှပီထင်နေ
တဲ့သူတွေကတော့ သိချင်မှ သိမှာပါ ။ ညိုခန့် တို့ u click တို့လိုကောင်မျိုး
တွေပေါ့ ။ တိုင်းပြည်ဘယ်လောက်ဆင်းရဲမွဲတေနေလဲဆိုတာ တနိုင်ငံလုံး
ပတ်ကြည့်မှ သိနိုင်မှာပါ ။ နှစ် ၂၀ လောက်ရှိပီ တတိုင်းပြည်လုံးက လူတွေ
နိုင်ငံခြားထွက် အလုပ်လုပ် နေကြရတာ ။ ချင်းပြည်နယ်တို့ ဘာတို့မှာဆိုရင်
လူငယ်တွေ မရှိတော့သလောက်ပဲ ။ အညာဒေသကော ရှိသေးလားလူငယ်
တွေ ။ ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့ ၊ မွန်ပြည်နယ်တို့ ဆိုရင်ကော လူငယ်
တွေ မနည်းမနော မလေးရှားတို့ ထိုင်းတို့မှာ အနိုင်ကျင့်ခံ အဖိနှိပ်ခံပီး အလုပ်
လုပ်နေကြတာ။ တလ ကို တစ်သိန်းလောက် အိမ်ပြန်ရောက်ရင်ဘဲ မဆိုးဘူး
ဆိုပီးတော့ လူရောစိတ်ရော ပင်ပန်းဆင်းရဲကြီးစွာလုပ်ကိုင်နေကြရတာ။
ပျော်လွန်းလို့ နိုင်ငံရပ်ခြားထွက်လာကြတယ်များ ထင်ကြသလား။

Ko Nyo Khant ( Mdy university.) said...

အောင်စိုးဦးရေ...ငါ့အကြောင်းမင်းကိုပြောပြမယ်...ငါ့မိဘဇာတိကဘုတလင် မြီုနယ်..ဘီသျှူးဆိုတဲ့ကျေးရွာလေးကွ...မဟာဗန္ဒုလဖြစ်မဲ့မောင်ရစ်ရွာနဲ့ ၂မိုင်ကွာတယ်..ငါ့မိဘဆွေမျိုးတွေကတောင်သူတွေဖြစ်တယ်...ငါဘကြီးက ကျောင်းဆရာဆိုတော့ငါ့အဖေကိုပညာသင်ပေးတယ်...ဟိုခေတ်ဟိုက်စကူးဖိုင်နယ်လက်မှတ်နဲ့လူထုပညာရေးမှူလုပ်ခဲ့တယ်...၁၉၆၅ခုနှစ်မှာငါ့အဖေက ကျောက်တော်မှာလူထုပညာရေးမှူုးလုပ်ခဲ့တယ်...မင်းမမွေးသေးတဲ့အချိန်မှာငါ့အဖေရခိုင်ကိုအလုပ်အကြွေးပြုခဲ့တယ်..ကျောက်တော်ပတ်ဝန်းကျင်ကျေးရွာအနှံသွာလာပြီးလူထုပညာရေးမှူးလုပ်ခဲ့တယ်...အဲဒါငါ့အဖေအကြောင်းဘဲ....ငါ့အကြောင်းပြောမယ်...ငါအဖေကငါတို့ငယ်ငယ် ငါတို့ပညာရေးအတွက်..မန္တလေးကိုအခြေခြခဲ့တယ်..ငါမန္တလေးတက္ကသိုလ်ကဓါတုဗေဒနဲ့ဘွဲ့ရခဲ့တယ်...အဲဒိအချိန်မှာငါ့အဖေကကျောင်းဆရာဖြစ်နေပြီ..မောင်နှမ(၇)ယောက်ကိုကျောင်းဆရာလခနဲ့ဘယ်လိုရုန်းကန်ခဲ့ရသလဲဆိုတာမင်းသိလား..အိမ်ဲခြံကွက်ထဲမှာစပါယ်ပန်းစိုက်..သစ်သီးဝလံစိုက် ပြီးခြံကထွက်တဲ့ပန်း..ဟင်းသီးဟင်းရွက်ကိုရောင်းပြီးတက္ကသိုလ်တက်လာရတယ်..သူများတွေ၎-၅ကျပ်သုံးနေတဲ့အချိန်မှာ..ငါတစ်ကျပ်ဘဲသုံးတယ်..တက္ကသိုလ်တက်ရင်းမြီု့ဟောင်းကဂိုဒေါင်မှာညစောင့်လုပ်တယ်..ကျောင်းပြီးလို့အလုပ်ရှာတယ်..ဘွဲ့ကိုအဝေးရောက်ယူတယ်..ရေနီစက္ကူစက်မှာနေ့စားဝင်လုပ်တယ်..အဲဒီကနေ..ကင်းတာဆည်တည်ဆောက်ရေးမှာလစာကောင်းလို့ HYUNDAI CO;မှာဝင်လုပ်တယ်..အဲဒီကပြီးတော့အလုပ်မရှိလို..အဖေက.ကူးသန်းရောင်းဝယ်ရေးကျောင်းတက်ခိုင်းတယ်..လက်နှိပ်စက်စာရေးနဲ့မန်းစည်ပင်မှာဝင်လုပ်ပြီးမူလတန်းပြကျောင်းဆရာပြောင်းလုပ်တယ်....သစ်တောမှာလက်ရေးတိုစာရေးနဲ့ပြန်ကူးပြောင်းလုပ်ခဲတယ်...ဒါတွေဘာကြောင့်ပြောပြနေသလည်းဆိုရင်..အလုပ်ကိုလုပ်ချင်ကိုင်ချင်တဲ့စိတ်နဲ့တိုးတက်ရာတိုးတက်ကျောင်းကိုရှာခဲ့တယ်ဆိုတာသိအောင်ရေးပြနေတာဘဲ...အေးအခုငါဘာလုပ်နေလည်းဆိုတာမင်းပြောပြမယ်..စီးပွားရေးနားလည်သလားမလည်သလားတော့မသိဘူးငါ့ဘ၀ငါတိုးတက်အောင်တော့မမြဲကြံဆပြီးလုပ်နေတာဘဲ...အခုရန်ကုန်မှာဆောက်လုပ်ရေးကန်ထရိုက်လုပ်နေတယ်...နံမည်တော့မကြီးသေးဘူးကိုယ့်မှာရှိတဲ့အရင်းအနှီးနဲ့အစဉ်ပြေအောင်တော့လုပ်ကိုင်နေတာဘဲ...နောက်တစ်ခုကမင်းသိအောင်ငါပြောမယ်...ငါကျောင်းပြီးကတည်းကကိုယ့်ခြေတောက်ပေါ်ကိုရပ်လာတာ..မိဘကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူး..ငါ့ပိုက်ဆံနဲ့ငါအိမ်ထောင်ပြုနိုင်တဲ့အချိန်ကျမှငါအိမ်ထောင်ပြုတယ်..မိဘတစ်ပြားထုတ်စရာမလိုဘူး..ငါအသက်၄၀ကျော်မှအိမ်ထောင်ပြုတယ်..ခုစမ်းချောင်းမှာကိုယ့်တိုက်ခန်းနဲ့ကိုယ်နေတယ်...ကဲသိပြီလား............

Powered by Blogger.