ဧည့်စာရင်းသွားတိုင်လို့ ဒဏ်ရိုက်ခံရသည့် ပဲခူးမြို့ မ ဈေးသူ ဈေးသားများ

ပြီးခဲ့တဲ့ (၂၃၊ ၄၊ ၂၀၁၂)ရက်နေ့ ည(၁၁)နာရီး အချိန်တွင် ပဲခူးမြိုမ
ဈေးကြီးရဲ ကုန်စိမ်းတန်းမှာ မိမိခြံထွက်သီးနှံလေးများရောင်းချရန်
အနယ်နယ်အရပ်ရပ်မှ ရထားတတန်၊ ကားတတန်နဲ့ရောက်ရှိလာကြပြီး
ထုံစံအတိုင်း ညောင်ဝိုင်းရပ်ကွက်မြောက်ပိုင်းအုပ်ချုပ်ရေးမှူးရုံးသွား၍
ဈေးသည်တွေ ဧည့်စာရင်းသွားတိုင်ကြပါတယ်၊

ကံဆိုးကြတယ်ပြောရမလားပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီး အရက်မူးချိန်နဲ့
တည့်တည့်တိုးကြတော့ ဧည့်စာရင်းလာတိုင်သည့်ဈေးသည်များကို ရုံးခန်း
ထဲထည့်ပြီး ပိတ်ထားလိုက်ပါတယ်၊ ဖမ်းဆီးထားတဲ့သဘောပါ၊ ခဏကြာတော့
အုပ်ချုပ်ရေးမှူးက ဘာဥပဒေ၊ ဘာပုဒ်မ ဆိုတာလည်းမသိရပဲ ဈေးသည်တွေ
ဆီက တယောက် ၅၀၀၀ ကျပ်ဆီ ဒဏ်ရိုက်လိုက်ပါတယ်။

 ဒါ့အပြင် ဖမ်းဆီးခံရတဲ့ထဲက သရက်သီးသယ် မသင်းသင်းနု အသက်(၂၃)နှစ်
ဆိုသူအား ဆိုင်ကယ်နဲ့ဘယ်ဆီသို့ တင်ခေါ်သွားတယ် မသိရပဲ တစ်နာရီကျော်
နှစ်နာရီလောက်မှ ကုန်စီမ်းတန်းကိုလာပြန်ပို့ပါတယ်။

ဒါဏ်ရိုက်တဲ့အထဲလည်း ၄င်းကောင်မလေးအတွက် ၅၀၀၀ လျှော့လိုက်ပါတယ်လို့
အတူအဖမ်းခံရတဲ့ဈေးသူတစ်ဦးမှပြောပြခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးက အာဏာကို အသုံးပြု၍ အရက်မူးရမ်းကားပြီး ဈေးသည်များ
 အားခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်း နှင့် ဖမ်းဆီးခြင်းများအား အရေးယူပေးပါရန်
 ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို ပဲခူးမြို မဈေးကြီးရဲ့ ဈေးသူဈေးသား
များကစုပေါင်းလက်မှတ်ထိုးတိုင်ကြားခဲ့သော်လည်း မည်သို့မှထူးခြားမလာ
ပဲ ကြားနေမြဲသာ ဖြစ်နေခဲ့ပါတယ်။

ခေတ်ပြောင်း စနစ်ပြောင်း နေချိန်မှာ ဒီလိုအကျင့်ပျက်ဝန်ထမ်းတွေ
သွေးစည်းပြီး အောက်ခြေလူထုအပေါ် ထင်ရာဆိုင်းနေမှုကို
ရပ်သင့်ပြီးဖြစ်သည့်အတွက် ဈေးသူ ဈေးသားများက Myanamr News Now
ကိုပြောပြပါတယ်။
ဧည့်စာရင်းသွားတိုင်လို့ ဒဏ်ရိုက်ခံရသည့် ပဲခူးမြို့ မ ဈေးသူ ဈေးသားများ ဧည့်စာရင်းသွားတိုင်လို့ ဒဏ်ရိုက်ခံရသည့် ပဲခူးမြို့ မ ဈေးသူ ဈေးသားများ Reviewed by သစ်ထူးလွင် on 16:56 Rating: 5

18 comments:

နားမလည် ပါးမလည် said...

ဒါတွေကို ပြုပြင်ကြရမယ် ရပ်ကွက်အုပ်ချူပ်ရေးမူးက အစ ဆယ်အိမ်မူး ရာအိမ်မူး အဆုံး ဒီမိုကရေ နည်းလမ်းကျနဲ့ ဖြစ်စေရမယ် အားလုံးကို ယခုနှစ်မှစပီး ပြောင်းလဲကြရမယ် မလိုရပ်တဲ့ ရပ်ကွက်အုပ်ချူပ်ရေးမူး ဥက္ကထတို့ကို ကန်ကွက်ကြပါ ပြည်သူများမှာ တာဝန်ရှိပါတယ် ပြည်သူ့စိတ်ကြိုက်ရွေးချယ်မဲ့ ဥက္ကထ ပဲ ဖြစ်ရပါမယ်

pyaponthu said...

မြန်မာနိုင်ငံသားတွေကိုဧည့်စာရင်းစစ်တယ်။တရုတ်တွေမြန်မာပြည်ထဲမှာ နေချင်သလိုနေ နေတာ ဘာလို့မစစ်တာလဲဆိုတာခုထိစဉ်းစားလို့မရဘူး။မြန်မာပြည်သားအစစ်တွေကိုတော့ဖမ်းလားစစ်လားနဲ့။တရုတ်ကိုတော့ဘာလို့မစစ်ကြတာလဲ

PwaG said...

ဒီလိုလူတွေကြောင့် အဖွဲ့အစည်းတွေသိက္ခာကြတာ။ ဟုတ်မှန်လျှင်ထိထိရောက်ရောက်အရေးယူပေးကြပါ၊ သက်ဆိုင်ရာလူကြီးမင်းတို့ခင်းးဗျာ့း။။ပြည်သူလူထုကိုဒုက္ခပေးနေတဲ့သူတွေအသေဆိုးနဲ့သေပါစေ၊၊၊။၊၊၊

Maunglusoe said...

သူများတိုင်းပြည်မှာနေတာတောင်ဧည့်စာရင်းအစစ်မခံရဘူး

realburma said...

လုပ်စား၊ရိုက်စားတွေပါ။ဒါမျိုးတွေလုပ်နေတာရိုးနေပြီဗျ

minsoeaung said...

ဘာတွေပြောနေကြတာလဲ။
အဲ့ဒါ မြို့နယ်ကြံ့ဖွံ့ကလူကြီးတွေစိတ်ကြိုက်ခန့်ထားတဲ့
တပည့်တွေကွ။ကြည့်ပြောကြပါကွာ။
လူဆိုးလား။လူယုတ်လားမသိနဲ့ ။
မောင်ရင်တို့တယ်ခက်သကိုး။

Top Gun said...

ဧည့်စာရင်းစစ်တဲ့ စနစ်ရှိသေးလား။ လုံခြုံရေးထက် ဂွင်ဖန်ဘို့ကများတယ်။

Top Gun said...

အာဏာရှိရင်ဒီလိုဖန်တီးလို့ရတယ်။ အတုခိုးတာမြန်သလားမမေးနဲ့။

Show said...

ရက်ကွက်အုပ်ချုပ်ရေးမှူးတိုင်းလိုလိုညဘက်ရောက်ရင်အရက်သောက်တတ်တယ်ဗျ
ပဲခူးကလူတွေကိုပြောတာနော်
လည်ကတုံးအဖြူနဲ့အရက်မှူးနေတဲ့ပုံကိုမြငိကြည့်ပါအုံး
စိတ်ပျက်စရာကြီး

Thurein said...

ဒီကိစ္စကြီးက တစ်မျိုးကြီးပဲဗျာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာ ဘာရာထူးမှ မပာုတ်ပါဘူး။ ဒီထဲမှာ ဖော်ပြထားသလို ထင်ရာစိုင်းတာကြီးက တော်တော်ကြီး ရာထူးကြီးတဲ့သူမှ လုပ်ရဲလောက်မှာပါ။ သေသေချာချာစုံစမ်းမေးမြန်းသင့်ပါတယ်။ ဘယ်လိုမှ မသိလာမယ့်ကိစ္စမှ မပာုတ်တာ။ ဒါကိုတောင်သူလုပ်ရဲတယ်ဆိုရင်တော့ ရူးနေတာလား၊ သတ္တိပဲကောင်းလွန်းတာလားတော့ မသိဘူး။

ဆေးပညာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းလိုပါက
www.academicmedicines.blogspot.com

lwannaymie said...

ဘာ အုပ်ချုပ်အရက်မူးကြီးလဲ။ လူလဲဝါးတယ်၊ပိုက်ဆံလဲဝါးတယ်။ ဒီလိုကောင်မျိုးတွေကြောင့် ရိုးရိုးသားသားလုပ်ကိုင်စားတဲ့အမျိုးသမီးငယ် လေးတွေ ဘဝပျက်ပြီး၊ နောက်ဆုံး ဖာဖြစ်ကုန်ကြတယ်။ (ဒီလိုလူမျိုးကို မြန်မြန်ဖြုတ်ဖြစ်ပါ။)

ဇာမဏီ said...

မြန်မာပြည်မှာက အဲလိုဘဲ အာဏာလေးမဖြစ်စလောက်ရကြည့်လိုက်
ပတ်ရမ်းတော့တာဘဲ ။ ဘာမှမဟုတ်တဲ့ ကလေကချေ အရက်သမားကိုလဲ
မီးသတ် တစ်ရစ်တို့ဘာတို့ အာဏာလေးနဲနဲပေးလိုက် ဘယ်သူ့ရိုက်ရမလဲ
ဘယ်သူ့စော်ကားရမလဲ ဆိုတဲ့စိတ်က ၀င်လာတယ် ။ မြန်မာလူမျိုးဆိုတာ
အားလုံးနည်းပါး အဲလိုဘဲထင်ပါရဲ့ ။ ဒါကြောင့်တိုင်းပြည်ကလဲ ဒီလိုဖြစ်နေ
တာပေါ့ ။ မမြင်ဘူး မူးမြစ်ထင်နေကြတဲ့ လူမျိုးတွေ ။

shingyi said...

တိုင်းဒေသကြီးသက်ဆိုင်သူတိတိကျကျလုပ်သတင်းထုတ်ပေးပါ။

a said...

သူတို့ခွင့်ပြုထားလို့လုပ်ရဲတာပါ၊ဒါကြောင့်အရေးလည်းယူမှာမဟုတ်ပါဘူး၊အများပြည်သူမတရားလုပ်ခံရတဲ့တစ်ခြားအကြောင်းအရာတွေမှာလည်းဒီလိုပါပဲ၊ကျယ်ကျယ်လောင်လောင်အသံထွက်လာမှအရေးယူပြရုံပါ၊ဘယ်လိုစီရင်ချက်ချလဲဆိုတာဘယ်သူမှမသိလိုက်ရပါဘူး။ပြည်သူတွေအတွက်ကတော့ပိုဆိုးလာတဲ့ပြောင်းလဲမှုတွေသာဖြစ်လာနေတာပါ။

Acmv Org said...

ဧည်စာရင်းစစ်တယ်ဆိုတဲ့အလုပ်က စနစ်ဆိုးတစ်ခုက ရလာတဲ့ အမွေဆိုးပါ။ မရှိသင့်တော့ပါဘူး။ ပြည်သူတွေကို ဒုက္ခရောက်ရုံကလွဲလိုဘာမျှ အကျိုးမရှိပါ။

အရင်က ညဘက် တစ်ယောက်ယောက် (သို့) အိမ်တစ်အိမ်ကို ဝရမ်းမပါ ဘာမျှ မပါပဲ ဝင်စစ်ချင်သလိုစစ်လို့ရအောင်လုပ်ထားတဲ့ ကိစ္စ တစ်ခုပါ။

နောက်ပိုင်း ရဝတ တို့ တာဝန်ပေးခြင်းခံရတဲ့သူတွေ အလွဲသုံးစား(abuse )လုပ်စရာ စနစ်တစ်ခုဖြစ်လာသည်။
ဖျက်ပြစ်ဘို့ မေတ္တာရပ်ခံပါတယ်။

kotunaung164@gmail.com said...

ကျွန်တော်တို့မြို့နယ်ကအုပ်ချုပ်ရေးမှူးတွေအတူးတူးပါဘဲအောက်ခြေပြောင်းလွှဲမှုကိုအမြန်ဆောင်ရွက်ပေးစေခြင်းပါတယ်

ပြည်သူတစ်ဦး said...

အဲလူတိုင်းရင်းသားဒေသမှာဆိုရင်တော့ နာနတ်သီးတစ်လုံး လက်ဆောင်ရဖို.များတယ် ... ၀ုန်း ဆိုပြီးထအော်တတ်တဲ့ နာနတ်သီးလေ ..

innyatara said...

ကိုလိုနီခေတ်တုန်းက အင်္ဂလိပ်မင်းများမှ မြန်မာလူမျိုးများကိုနှိပ်စက်ကလူပြုလုပ်ရန် ဖန်တီးထားတဲ့ ဒီ ဧည့်စာရင်းဥပဒေကို ဘယ်လိုအကြောင်းနဲ့ လက်ရှိ မြန်မာအစိုးရကကြိုက်နှစ်သက်ပြီး ဆက်လက်ကျင့်သုံးနေတာလဲ
ပြည်သူလူထု တရားဥပဒေဘောင်အတွင်းမှာ အေးအေးချမ်းချမ်းအိပ်စက်ခြင်း မပြုနိုင်နိုင်အောင် ဒီဥပဒေက ဖန်တီးနေတယ်၊ အများပြည်သူ ထိတ်တလန့်လန့်နဲ့ ညမှာ ဘယ်အချိန် ဧည့်စာရင်းစစ်မှာလဲ၊ အိပ်ကောင်းခြင်းမအိပ်ရအောင် ဒီဥပဒေက ဖန်တီးနေအောင် ဘယ်လိုဥပဒေပညာရှင်က ရေးဆွဲခဲ့တာလဲ။ တကမ္ဘာလုံး ဘယ်နိုင်ငံမှာ ဧည့်စာရင်းဥပဒေရှိတယ် ဆိုတာ ဥပဒေပညာရှင်ကြီးများ ထောက်ပြပေးပါခင်ဗျာ....မြန်မာ့မူဆိုရင်တော့ မြန်မာဘုရင်တွေလက်ထက်မှာကော ဧည့်စာရင်းတိုင်လေ့ရှိလား၊ ဧည့်စာရင်းစစ်လေ့ရှိလား။ ဘုရားလက်ထက်မှာတော့ ဧည့်စာရင်းစစ်တယ်လို့တော့မကြားဘူးပါဘူး၊ ဘုရားလည်း တစ်နေရာနဲ့တစ်နေရာ ပတ်စပို့မပါ ဗီဇာမပါနဲ့သွားနေတာ ဧည့်စာရင်းအစစ်ခံရတယ်လို့တော့ ဘုန်းကြီးတွေမဟောဘူးပါဘူး စာတွေမှာလည်း မတွေ့ပါဘူး။ တစ်ချက်လောက်တော့ စဉ်းစားပေးပါ

Powered by Blogger.