ခြိမ်းခြောက်ခံရခြင်းများကြောင့် မူဆယ် လားရှိုးအဝေးပြေးလမ်းတွင် ကားများမရှိသလောက်နည်းပါး

ကေအိုင်အေဟုဆိုကာ ကားဂိတ်များအား ခြိမ်းခြောက်ပြောဆိုထားမှုကြောင့် မူဆယ်-လားရှိုးလမ်းမကြီးတွင် အဝေးပြေးကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ သွားလာမှု မရှိသလောက်နည်းပါးနေပြီဖြစ်ကြောင်း မူဆယ်အခြေစိုက် အဝေးပြေးကားလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)သို့ ယနေ့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည်။

“မေ ၂၁နဲ့ ၂၂လောက်မှာ မူဆယ်မှာရှိတဲ့ဂိတ်တွေအားလုံးကို ဖုန်းတွေဝင်လာပါတယ်။ဖုန်းဆက်သူက သူတို့ကိုယ်သူတို့ ကေအိုင်အေတပ်မဟာ ၄ က လို့ပြောပါတယ်။ ခင်ဗျားတို့ကားတွေလမ်းပေါ်ကိုမထွက်ပါနဲ့။ ထွက်တာနဲ့ပစ်ခတ် ရပါလိမ့် မယ်ဆိုပြီး  ခြိမ်းခြောက်ပါတယ်။    အဲသလိုပြောပြီးရက်မကြာခင်မှာပဲ မူဆယ်-လားရှိုး လမ်းပေါ်မှာ လောရီနှစ်စီအပစ်ခံရတယ်။ရှစ်ဘီးကားကြီးတစ်စီး မီးရှို့ဖျက်ဆီးခံရပါတယ်`“ ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။“အခုလဲ သတင်းတွေပံျ့လွင့်နေပါတယ်။

မေ ၂၈ရက်ကစပြီး လမ်းပေါ်မှာကားတွေမမြင်ချင်ဘူး။ကား လမ်းပိတ်ပစ်မယ်စသဖြင့်ကြားနေရပါတယ်။အဲဒါကြောင့် ကျွန်တော်တို့ကားတွေအားလုံး မနေ့ညကပဲ ရန်ကုန် ကိုအကုန် ပြန် လွှတ်ထားလို က်ရပါတယ်။  အားလုံးစိုးရိမ်နေကြတယ်။လုပ်ငန်းကိုင်ငန်းတွေပျက်ရတာပေါ့ဗျာ“  ကေအိုင်အေတပ်မဟာ ၄သည် ယခင်ကတည်းက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တစ်ဝိုက် အခြေ စိုက်ကြောင်း သိရှိရ သည်။

အဆိုပါသတင်းစကားများကြောင့် အဝေးပြေးလမ်းမကြီးပေါ် ကားအသွားအလာအလွန်နည်းသွားပြီး မန္တလေးမှ တက်လာမည့်ကားများလည်း ရှိတော့မည်မထင်ကြောင်း မူဆယ်ဒေသခံတစ်ဦးက ဆက်လက်ပြော ဆိုသည်။ မကြာသေးသောရက်ပိုင်း အတွင်းက လျှပ်စစ်တာဝါတိုင်များနှင့် မီးတိုင်များဖေါက်ခွဲဖျက်ဆီးခံရမှုတွင် ကေအိုင်အေလက်ချက်ဖြစ်ကြောင်း အစိုးရသတင်းစာများကရေးသားဖော်ပြခဲ့ကြသည်။ကေအိုင်အေကလည်း သူတို့မဟုတ်ကြောင်း ငြင်းဆို ထား သည်။
ရန်ကုန်တိုင်းမ်
ခြိမ်းခြောက်ခံရခြင်းများကြောင့် မူဆယ် လားရှိုးအဝေးပြေးလမ်းတွင် ကားများမရှိသလောက်နည်းပါး ခြိမ်းခြောက်ခံရခြင်းများကြောင့် မူဆယ် လားရှိုးအဝေးပြေးလမ်းတွင် ကားများမရှိသလောက်နည်းပါး Reviewed by သစ်ထူးလွင် on 11:15 Rating: 5

15 comments:

kokochit said...

ဘာပဲဖြစ်ဖြစ် KIA ကိုအပြတ်တိုက်သင့်နေပီ

Min Lu said...

ကဲ..လျှပ်စစ်မီးဆနဒပြသူတို့ရေသဘောပေါက်သင့်ပါပြီ။
(ကေအိုင်အေကလည်း သူတို့မဟုတ်ကြောင်း ငြင်းဆို ထား သည်။)
အိမ်ကိုပြန်ခဲ့တော့.....မျိုးကြီးကဆိုထားတယ်။
ဒါမှမရရင်တော့ စိုင်းထီးဆိုင်ရဲ့ ခြင်္သေ့လည်ပြန် သီချင်းနဲ့ဖျော်ဖြေကြလိမ့်မယ်။

မောင်လေး said...

KIA ကဒီလိုပဲ အပြစ်မဲ့တဲ့မဆီမဆိုင်လူတွေကိုလက်နက်ကိုင် အနိုင် ကျင့်ရတာအရသာတွေ့ နေပြီ။ပြီးရင်သူတို့ မလုပ်ပါဘူး ဆိုပြီးဗြောင်လိမ်မယ်။ဒါနဲ့ များကချင်ပြည်နယ်လူထုကောင်းစားရေးလုပ်နေတယ်ဆိုပြီးအသံကောင်းဟစ်သေးတယ်။လုပ်ရပ်ကတော့အောက်တန်းကျတဲ့ယုတ်ညံ့တဲ့သူပုန်လုပ်ရပ်နဲ့ အတွေးအခေါ်တွေပါပဲ။

မရဏမင်း said...

အဲ့ဒီတိုးဂိတ်ကအလံက...ယ...အလံလေ..တရုတ်အလံကအနီရောင်လေ...ဓါတ်ပုံလွှဲနေတာပြောတာနော..သတင်းကတော့အမှန်ဗျ..ကျွန်တော်လည်းမတလ-မဆ ကားမောင်းသမားပါ..

pyaponthu said...

ဘယ်သူမှမရှိတာပိုကောင်းတယ်။တရုတ်ကုန်မ၀င်တော့မြန်မာပြည်သားတွေဘေးကင်းတယ်။မြန်မာပြည်ထွက်အသီးအနှံမျာမြန်မာပြည်သူားများဘေးကင်းပေါများစွားစားသုံးနိုင်တယ်။ကောင်းလေစွ။ကောင်းလေစွ

ko said...

Min Lu << ဆိုတဲ့လူရေ တာဝါတိုင်မိုင်းခွဲတာ KIA ကလူမုန်းခံပြီး သူတို့လုပ်တယ်ပြောမလားဟ
နဲနဲပါးပါးလေးတွေးကြည့်ပါဦး အပြုတ်တိုက်သင့်နေပါပြီကွာ
ငြိမ်းချမ်းရေးကမ်းလှမ်းတာလက်မှမခံတာ ကိုယ်ပိုင်နိုင်ငံထောင်ခွင့်မပေးရင် လက်နက်မချဘူးလို့ အတိအလင်းကြေငြာနေပြီပဲ တိုက်သင့်ပါပြီ ဘာမဟုတ်တဲ့
ကြားက ပြည်သူတွေနစ်နာတယ်ဗျာ

William Soe said...

ဟုတ်ပါတယ် KIA ကို အမြစ်ပြတ်လှန်ပြစ်ဖို့လိုနေပါပြီ။ ကချင်ပြည်သူလူထု
ကောင်းစားရေးဆိုပြီး ဗန်းပြ ပြည်သူလူထု လမ်းပန်းဆက်သွယ်ရေး ပညာရေး ကျန်းမာရေး အားလုံး ပျက်ပြားအောင် အခြေခံ အဆောက်အဦးတွေကို ဖျက်ဆီး လျှပ်စစ်မီးတိုင်တွေကို ဗုံးခွဲ ဒါကိုဘဲ ဘာတဲ့ ကချင်ပြည်နယ် လွတ်မြောက်ရေးတဲ့.... ကချင်ပြည်နယ်ခွဲထွက်ပါပြီတဲ့ ဒင်းတို့ တွေ အေးချမ်းသာယာ ပါမယ်လို့ ကျိန်းသေရဲ့ လား ကုန်းတွင်းပိတ် တရုတ် အဖေခေါ် ရမယ် နိုင်ငံပေါက်စပဲဖြစ်မှာ။ ကျောက်စိမ်းလေးအပြင် ဘာထွက်လို့တုန်း။ ကချင် ပြည်သူကောင်းစားရေးဆိုရင် အလင်းဝင် ပြည်သူတွေအားပေးရင် ပါတီထောင်ပေါ့ တရားဝင် အစိုးရဖွဲ့ ဖြစ်အောင်လုပ်ပေါ့ အခုတော့ တနိုင်ငံလုံးကို ဒုက္ခရောက်အောင် လုပ်နေတာ KIA ကို ပြန်တိုက်ပါ သမ္မတကြီး ခင်ဗျား KIA ကို ညှိလို့ ရမလား စောင့်နေတာ တကယ်တိုက်လို့ ကတော့ ချက်ချင်း ပြာချလိုက်လို့ ရတယ်

William Soe said...

ဟုတ်ပါတယ် KIA ကို အမြစ်ပြတ်လှန်ပြစ်ဖို့လိုနေပါပြီ။ ကချင်ပြည်သူလူထု
ကောင်းစားရေးဆိုပြီး ဗန်းပြ ပြည်သူလူထု လမ်းပန်းဆက်သွယ်ရေး ပညာရေး ကျန်းမာရေး အားလုံး ပျက်ပြားအောင် အခြေခံ အဆောက်အဦးတွေကို ဖျက်ဆီး လျှပ်စစ်မီးတိုင်တွေကို ဗုံးခွဲ ဒါကိုဘဲ ဘာတဲ့ ကချင်ပြည်နယ် လွတ်မြောက်ရေးတဲ့.... ကချင်ပြည်နယ်ခွဲထွက်ပါပြီတဲ့ ဒင်းတို့ တွေ အေးချမ်းသာယာ ပါမယ်လို့ ကျိန်းသေရဲ့ လား ကုန်းတွင်းပိတ် တရုတ် အဖေခေါ် ရမယ် နိုင်ငံပေါက်စပဲဖြစ်မှာ။ ကျောက်စိမ်းလေးအပြင် ဘာထွက်လို့တုန်း။ ကချင် ပြည်သူကောင်းစားရေးဆိုရင် အလင်းဝင် ပြည်သူတွေအားပေးရင် ပါတီထောင်ပေါ့ တရားဝင် အစိုးရဖွဲ့ ဖြစ်အောင်လုပ်ပေါ့ အခုတော့ တနိုင်ငံလုံးကို ဒုက္ခရောက်အောင် လုပ်နေတာ KIA ကို ပြန်တိုက်ပါ သမ္မတကြီး ခင်ဗျား KIA ကို ညှိလို့ ရမလား စောင့်နေတာ တကယ်တိုက်လို့ ကတော့ ချက်ချင်း ပြာချလိုက်လို့ ရတယ်

ahhtinkaya said...

KIA က ကချင်ပြည်နယ်လွတ်မြောက်ရေး နံမည်ခံပြီး ကိုယ်ကျိုးလုပ်နေတဲ့ကောင်တွေ

greenlover said...

အမြစ်ပြတ်ချေမုန်းသင့်နေပြီဒါပေမဲ့ဗျာ စစ်တပ်ကမတိုက်ရဲတာကိုကခက်နေတယ်

MYO MYINT said...

ကချင်ပြည်နယ်ထဲမှာကချင်လူမျိုးတွေနေတာကတောင်ပေါ်ဒေသတွေနော်၊မြေပြန့်မှာကရှမ်းနီလို့ခေါ်တဲ့ခန္တီးရှမ်းတွေအများစုနေတာ၊ကချင်ပြည်နယ်ခွဲထွက်ခဲ့ရင်အဲဒီရှမ်းလူမျိုးတွေနဲ့စစ်ဖြစ်မှာအမှန်ဘဲ၊ကချင်ပြည်နယ်ရဲ့ဒေသထွက်ကုန်ကလည်းတရုပ်ဝယ်မှတန်ဘိုးရတဲ့ကုန်တွေချည်းဘဲ၊ကျွန်တော့ဆန္ဒကတောဲ့ပြည်ထောင်စုထဲကနေကိုယ်လိုချင်တဲ့အခွင့်အရေးကိုတောင်းဆိုတာကချင်လူမျိုးတွေအတွက်အကောင်းဆုံးပါဘဲ၊ကျွန်တော်လည်းကချင်ပြည်နယ်သားရှမ်းလူမျိုးတစ်ဦးပါ၊အမေရိကန်သာသနာပြုတွေခြေထိုးပြီးဘာသာရေးအသင်းအဖွဲ့တွေကနေ၀ါဒဖြန့်သလိုခွဲထွက်ရင်အမေရိကန်ရဲ့အကူအညီဘယ်လိုရမှာဘယ်ညာရမှာဆိုတာတွေကိုနားမယောင်ပါနဲ့။တရုပ်ပြည်ကြီးနဲ့အနီးကပ်ချင်လို့ကချင်လူမျိုးတွေကိုမက်လုံးပေးပြိးတစ်ကယ်ဒုက္ခရောက်တော့ကိုယ့်လူမျိုးတွေပါဘဲ၊ကေအိုင်အေကတော့လက်နက်နဲ့အာဏာကိုမစွန့်လွှတ်နိုင်သရွေ့ပြည်သူကိုဒုက္ခပေးနေဦးမှာပါဘဲ။ကချင်ပြည်နယ်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ။

ကဝေမင်းသား said...

greenlover ရေ စစ်တပ်က မတိုက်ရဲတာ မဟုတ်ဘူး ရဲတာမှနီလို့ဗျာ .. အထက်က ညှိလို့ ရမလားဆိုပြီးစောင့်ခိုင်းထားလို့ပါ .. တိုင်းပြည်အတွက် တကယ် အသက်စွန့်တိုက် နေတဲ့ စစ်သားတွေလဲ ရှိသေးတာကို ခင်ဗျား မမေ့သင့်ဘူးဗျာ

အမှန်တရားချစ်မြတ်နိုးသူ said...

greenlover စစ်တပ်ကမတိုက်ရဲဘူးထင်ရင် ခင်ဗျားထွက်တိုက်ပါလား

အမှန်တရားချစ်မြတ်နိုးသူ said...

ု ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီး ဒေါ်စုကရော ဘာတွေလုပ်ပေးအုံးမှာလဲ စောင့်မျှော်နေပါ၏

yan yan said...

၊ကေအိုင်အေကတော့လက်နက်နဲ့အာဏာကိုမစွန့်လွှတ်နိုင်သရွေ့ပြည်သူကိုဒုက္ခပေးနေဦးမှာပါဘဲ။ကချင်ပြည်နယ်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ။......အပြတ်တိုက်သင့်ပါပြီ ကချင်ပြည်နယ်က ပြည်သူတွေလည်း ပင်ပန်းလှပါပြီ...ကချင်လှပျိုဖြုတွေလည်း တရုတ်ပြည်မှာ စားဝတ်နေရေးကြောင်း ညာရောင်းစားခဲ့နေရတာတွေများပါပြီ.....KIA ရေ လူလူချင်းစာနာတတ်ရင်လေ....မင်းမိဘ မင်းနှမလေးတွေလေးလို ကိုယ်ချင်းစာပြီး တော့ ကချင်ပြည်သူတွေကိုညှာတာသင့်ပါတယ်.....သူများလက်အောက်ခံ နိုင်ငံအဖြစ်မထူထောင်ချင်ပါနဲ့ .......တရာဝင်ပါတီဖွဲ့စည်းပြီး ကချင်ပြည်တိုးတက်ရေး ကချင်လူထုတွေ တိုးတက်ရေးအတွက် လုပ်သင့်ပါတယ် ..အာဏာနဲ့ လုပ်ပိုင်ခွင့်(သစ် ၊ကျောက်စိမ်း ထုတ်ရောင်းပါသည်)မက်မနေပဲ ပြည်သူတွေမျက်နှာကို ကြည့်ပါတော့ဗျာ....ပြည်ထောင်စုကြီးမပြိုကွဲအောင် ထိန်းသိမ်းကြရအောင်........

Powered by Blogger.