ပုသိမ်မြို့ တတိယမြောက်နေ့ ဖယောင်းတိုင်လှုပ်ရှားမှု ပိုမိုအရှိန်မြင့်လာ

ည ၇နာရီ ၅၀ မိနစ်၊ မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-YPI

နိုင်ငံတ၀ှမ်း လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်လှုပ်ရှားမှုများအနက် မြို့ တမြို့ဖြစ်သည့် ပုသိမ်မြို့၏ တတိယမြောက်နေ့ လှုပ်ရှားမှုတွင် မြို့ခံများသာမကတော့ပဲ အပင်နှစ်ဆယ်ကျေးရွာ၊ ရန်ကင်းတောင်တို့မှ လာရောက်ပူးပေါင်းသည့် အခြား ၂ ဖွဲ့နှင့် ပေါင်းဆုံရန် သွားနေကြကြောင်း ပုသိမ်မြို့မှ သတင်းထောက်က သတင်းပေးပို့သည်။

ပုသိမ်မြို့၏ တတိယမြောက်နေ့ လှုပ်ရှားမှုတွင် လူပရိတ်သတ် ထောင်နှင့်ချီပါဝင် လိုက်ပါလျှက်ရှိပြီး ယခင်နေ့များက ကိုင်ဆောင်ခြင်းမပြုသည့် ပိုစတာများကို ကိုင်ဆောင်လာကြသည်ဟု သတင်းပေးပို့ချက်အရ သိရသည်။

စတင်ထွက်ခွာရာ တိုင်းလျှပ်စစ်ရုံး တ၀ိုက်တွင်မူ လုံခြုံရေးရဲများ ယခင်ကထက်ပိုများစွာ ချထားသည်ကိုတွေ့ရသော်လည်း တစုံတရာ တားမြစ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

လွန်ခဲ့သည့် မိနစ်ပိုင်းက မြို့ထဲမှ ဖယောင်းတိုင်ကိုင်ဆောင်သူများသည် ကုန်သည်လမ်း ၊ မြေနုလမ်း မှတဆင့် ကမ်းနားလမ်းဘက်ဆင်းသွားကာ အခြား ၂ ဖွဲ့နှင့်ဆုံဖို့ သွားနေကြောင်း သိရှိရသည်။
Yangon Press International
ပုသိမ်မြို့ တတိယမြောက်နေ့ ဖယောင်းတိုင်လှုပ်ရှားမှု ပိုမိုအရှိန်မြင့်လာ ပုသိမ်မြို့ တတိယမြောက်နေ့ ဖယောင်းတိုင်လှုပ်ရှားမှု ပိုမိုအရှိန်မြင့်လာ Reviewed by သစ်ထူးလွင် on 11:20 Rating: 5

No comments:

Powered by Blogger.