မြစ်ကြီးနားတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ အိမ်ခြံဘေးဝန်းကျင် မီးထွန်းရန်ညွှန်ကြားထား

ဂျာတော့ပ်(မြစ်မခ)
မေ(၂)ရက်၊၂၀၁၂ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် ဒေသခံပြည်သူများ ည(၈) နာရီ နောက်ပိုင်းအပြင် မထွက်ရဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးများက မေ(၁)ရက်မှ စတင်ကာ ကာဖြူးထုတ်လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာအစိုးရတပ်များကြား ယခင်ထက် ပိုမိုပြင်းထန် ပစ်ခက်မှုများဖြစ်နေပြီး မြို့တွင်း၌ပါ ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများ၏ လုံခြုံရေး အတွက် အပြင်ထွက်ခွင့်ပိတ်ပင် ရခြင်းဖြစ်ကြောင်း သိရသည်။
 
ယမန်နေ့ မေ (၁) ရက်၌လည်း ဆားမှော်ဘူတာ တစ်မိုင်ခွဲခန့်ရှိ မီးရထားသံလမ်းတွင် မိုင်းပေါက်ခွဲမှုနှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။

“ကျတော်တို့ မနေ့ညနေ ပိုင်း ရပ်ကွက်ရုံးမှာ စည်းဝေးကြတယ်။ ည  (၈) နာရီ နောက်ပိုင်း အပြင် မထွက်ရ ဘူးတဲ့။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ မှတ်ပုံတင်ကိုင်ပြီး ထွက်ပါတဲ့။” ဟု ဒူကထောင်ရပ်ကွက်မှ ဒေသခံ တစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့တွင် နေထိုင်သူများ မိမိအိမ်ခြံဘေးပတ်ပတ်လည် လျှပ်စစ်မီးထွန်းရန်လည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးက လှုံဆော်ထားသည်။

ပြီးခဲ့သည့် ဧပြီလတွင် မြစ်ကြီးနားမြို့တွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ ဧပြီလ (၂၉) ရက်နေ့ တွင်လည်း  မိုးညှင်းမြို့နယ်တောင်ဘက် (၁၈) မိုင်အကွာ နန့်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာကြားရထား လမ်းတွင် မိုင်းပေါက်ကွဲခဲ့သည်။

ယင်းသို့ မိုင်းဖောက်ခွဲသူ တရားခံ လက်သည်မပေါ်သေးသော်လည်း အစိုးရပိုင် သတင်းစာတွင်မူ ကေအိုင်အိုမှ   ဖောက်ခွဲခဲ့ကြောင်း   ရေးသားဖော်ပြထားသည်။
 
အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင့် ရပ်ရွာ လုံခြုံရေးအတွက် မိမိတို့ ရပ်ကွက်ရှိ ရပ်ကွက်ရုံး (ရဝတ)တွင် အရပ်သား(၈)ဦး ညစဉ် အလှည့်ကျကင်းစောင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မီးရထားသံလမ်းများတွင် ညနေစောင်းချိန်မှစ၍ သံလမ်းဘေး ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းများအား အထူးတားမြစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ရပ်ကွက်ပေါင်း ၅၈ ခုရှိပြီး၊ ကချင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်မှုများ ကြောင်း သိရသည်။
 Shwe Myitmakha Media Group

မြစ်ကြီးနားတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ အိမ်ခြံဘေးဝန်းကျင် မီးထွန်းရန်ညွှန်ကြားထား မြစ်ကြီးနားတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ အိမ်ခြံဘေးဝန်းကျင် မီးထွန်းရန်ညွှန်ကြားထား Reviewed by သစ်ထူးလွင် on 17:49 Rating: 5

7 comments:

အဘ said...

အော်လိုချင်တဲ့အနေထားမျိုးရောက်ပြီလိုဆိုလိုတဲ့သဘောပေါ့..ဟုတ်စ..အေးသေးချာတာတော့စစ်တပ်အသိုင်းဝိုင်းတွေစစ်ဗိုလ်မယားငယ်တိတ်တိတ်ပုန်းတွေလုပ်ပြီးမျိုးပွားကုန်ကြပြီဆိုဘဲ...ပြိုင်ဘက်ကိုအမြစ်ပြတ်ချေးမုန်းဖို့တဲ့...

honey said...

စိတ်မချမ်းသာစရာတွေကိုရပ်တန့်ပေးကြပါလား။
ပြည်သူနဲ့တိုင်းရင်းသားတွေထိခိုက်နစ်နာတယ်။

myusha said...

အဘ ဆိုတဲ့ သေခါနီး ဘိုးတော်ခင်းဗျာ ငကြောင်ဘဲ၊ခင်ဗျာတို့လိုလူတွေကြောင့် ဒီလိုတွေဖြစ်နေတာဗျ၊နားလည်လား။
မလိခမှာမနေ့က မိုင်းထောင်ရင်သေသွားတဲ့ ခင်ဗျာတို့သောင်းကျန်းသူကိုသနား
လို့ဒီလိုပြောနေတာလား။ငါတို့ဘာသာဘယ်လိုနေနေ သောင်းကျန်သူကို နှိပ်ကွပ်ပြီးတိုင်းပြည်အေးချမ်းဘို့ က စစ်တပ်အလုပ်ဘဲ၊ကြားလားသေခါနီးရဲ့

Killer said...

KIA နဲ့ စစ်တပ် အာဏာလုတာ ပြည်သူတွေပဲဒုက္ခရောက်တယ်... KIA လဲ ဒီပုတ်ထဲကဒီပဲ ပါကွာ... အာဏာရူးတွေ... ရထားကိုဗုံးထောင်တာဘယ်သူလဲဆိုတာမသိဘူး... ဒါပေမဲ့မလုပ်သင့်ဘူး.. ဇကောလောက်မှ ဇောက်မနက်ပါလား... ဒါနဲ့များ ပြည်သူအတွက် တိုင်းပြည်အတွက်တဲ့... အကုန်ကို့အတွက်ကိုကြည့်နေတာပါ...

ပုသိမ်သား...ဆင်မ said...

လက်ခုတ်ဆိုတာ တဘက်ထည်းတီးလို့ မမည်ပါဘူး....စစ်မတိုက်ချင်ရင်ငြိမ်းချမ်းရေးကမ်းလှမ်းတုန်းက ညှိကျပါလား.....ကျနော်သည်တိုင်ရင်းသားပါ...ဒါပေမဲ့ တချို့ သောသူ များသည် ဥတလုံးများသာ ဖြစ်ကျသည်..ကိုယ့် အမျိုးမှ ကိုယ်အမျိုး ကိုယ့် ဥမှကိုဥ ပါ....ပြည်ထောင်စုကခွဲထွက်မယ်..ဆိုတဲ့ စကားကိုသာကြည့် ကျပါ...

အဘ said...

myusha ခ သစ်ထူးလွင်ခင်ဗျ .ခင်ဗျာကဒီလိုတဖက်စောင်းနင်းလုပ်တတ်ပုံထောက်ရင်ခင်ဗျာကိုယ်တိုင်ပုန်ဖျက်ပြီး comment တွေရေးနေမှန်အစောကြီးတည်းကရိပ်မိပါတယ်ဗျာ...လုပ်ပေါ့..လုပ်ပါ..ကြောင်ကြာကြာရေမငုံ့ဘူးတဲ့......

myusha said...

ဟေ့ myusha ပြောသလို သေခါနီငနာ ဘိုးတော်
ခင်ဗျာက အသက်ကြီးသလောက်သူများကို comment ပေးတာ အဆင့်အတန်း မရှိလှချည်လားဗျ။လူကြီးတစ်ယောက်လုပ်နေပြီး လူကြီးလိုတွေ
ခေါ်စမ်းပါ။ကိုယ်မှာသက်သေမရှိဘဲသူများသိက္ခာကို တစ်ဖက်သတ်မစော်ကားပါ
နဲ့ ခင်ဗျားမှာလည်းသားမယားရှိတယ်မဟုတ်လား။

Powered by Blogger.