ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ

မေလ ၄ ရက်နေ့ ညက ငါးထောင်ကျပ်တန်အတုများဖြင့် ဝယ်ယူသုံးစွဲနေ သူ တစ်ဦးအား မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ် သို့ လာရောက်စဉ် မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မင်္ဂလာတောင်ညွန့်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက အဆိုပါနေ့ ည ၁ဝ နာရီ၌ မင်္ဂလာဈေးဝင်း အတွင်း ငွေစက္ကူအတုများအား လူငယ်တစ်ဦးက သုံးစွဲနေ ကြောင်း ပြည်သူ များ၏သတင်း ပေးချက်အရ မင်္ဂလာဈေးဝင် ပေါက်၌ ဇော်မြင့်(ခ) ပွကြီး ဆိုသူအား တက္ကစီပေါ်မှ ဆင်း လာစဉ် ရှာဖွေခဲ့ရာ ၄င်း၏ပိုက် ဆံအိတ်အတွင်းမှBS 2045 732နံပါတ်တူငွေစက္ကူငါးထောင် တန် အတု ၂ ရွက်၊ BK 4304771 နံပါတ်တူ ငါးထောင် တန်အတု ၅ ရွက်နှင့်CA 9472979 နံပါတ်ပါ ၁ ရွက်၊ BX 8566495 နံပါတ်ပါ ၁ ရွက်ကို တွေ့ရှိခဲ့ပြီး ၄င်းငှားရမ်း စီးနင်းလာ သော အငှားယာဉ်မောင်းထံ ယာဉ် ငှားရမ်းခ အဖြစ် ပေး ထားသော ၅ဝဝဝ တန်အတု ၅ ရွက်အား ထပ်မံသိမ်း ဆည်းရမိခဲ့ ကြောင်း၊ ၄င်းအား စစ် ဆေးချက်အရ ထိုငွေစက္ကူအတုများ အား ဒဂုံတောင် မြို့နယ်၊ ၅၆ ရပ် ကွက်တွင်နေထိုင်သည့် ရဲမြင့်ဆိုသူ ထံမှ ငါးထောင်တန် အတုတစ်ရွက် လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ဝယ် ယူခဲ့သည် ဟု သိရှိခဲ့ရ သဖြင့် မေ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရဲမြင့်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်းအတွင်းရှိ သံသေတ္တာထဲမှ ငါးထောင်ကျပ်တန် ငွေစက္ကူအတုလေးရွက်အား ထပ်မံ တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

”ဒီငွေအတုတွေက ကျွန်တော် တို့ကိုင်နေတဲ့ ငွေစက္ကူအရွယ်အစား ပုံစံနဲ့တော့ တော်တော်လေးတူ တယ်။ စက္ကူအသားကတော့ နိုင်ငံ ခြားစက္ကူကို သုံးထားတာ။ သူတို့က ဒီငွေတုတွေကို ပရင်တာနဲ့ ထုတ် ထားပေမယ့် လုံခြုံရေးကြိုးအရောင် နဲ့ ငွေစက္ကူအရောင်ကတော့ ငွေ အစစ်နဲ့မတူဘူး။ အတုက အရောင် နည်းနည်းပိုရင့်တယ်”ဟု ငွေတု ပြုလုပ်သုံးစွဲသူများအား သွား ရောက် ဖမ်းဆီးအရေးယူခဲ့သည့် အရှေ့ပိုင်း ခရိုင်အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်တစ်ဦး က ပြောသည်။အဆိုပါ ငွေတုပြုလုပ်သုံး စွဲမှုနှင့် ပတ်သက်၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းမှ ငွေတုကိုင် ဆောင်အသုံးပြုသူ ဇော်မြင့်နှင့် ငွေတုပြုလုပ်သူ ရဲမြင့်တို့အား (ပ)၄၃၈/၁၂၊ ပုဒ်မ ၄၈၉(ခ) (၈)အရ ဖမ်းဆီးအရေးယူ၍ အမှု ဖွင့်ထားကြောင်း သိရသည်။
Popular Myanmar News Journal
ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ Reviewed by သစ်ထူးလွင် on 16:09 Rating: 5

10 comments:

pyaponthu said...

သူတို့က ကိုင်းဖျားဘဲရှိတယ်။အရင်းကိုရှာနိုင်မှ

ဇာမဏီ said...

ကားခက ငါးထောင်တန် ၅ ရွက်တောင် ပေးထားတာဆိုတော့
၂၅၀၀၀ တောင်ကျတယ်ပေါ့ ။ ဘယ်ကနေဘယ်ကို စီးလာလို့လဲ။

minsoeaung said...

ဆေးအတုလပ်သူ စားသောက်ကုန်အတုလုပ်သူ
ပိုက်ဆံအတုလုပ်သူတွေကို သေဒဏ် သာသတ်မှတ်
ပေးပါခင်ဗျား
လုံးဝမညှာသင့်တဲ့သူတွေဖြစ်ပါတယ်။

aungdin said...

ဒီမိုကရေစီတောင်းတဲ့ကျောင်းသားတွေရဲ့စိတ်ဓါတ်နဲ့ ဒီလူတွေရဲ့စိတ်ဓါတ်ကိုနှိုင်းယှဉ်ကြည့်ရင် စိတ်ဓါတ်ကောင်းနဲ့လုပ်တာလား အဆိုးနဲ့လုပ်တာလားဆိုတာပိုပြီးသိသာပါလိမ့်မယ် ။ မကောင်းတဲ့သူကိုဥပဒေအရ အရေးယူအပြစ်ပေးရမှာပါပဲ ဒီမိုကရေစီနိုင်ငံဆိုရင် လူတိုင်းကကိုယ်ပိုင်အသိနဲ့ဥပဒေကိုလိုက်နာနေပြီးသားဖြစ်ရပါမယ် ဥပဒေဘောင်အတွင်းမှာ ကောင်းတာလုပ်ရင်အားပေနိုင်ရပါမယ် ဆိုးတာလုပ်ရင်လည်းပြတ်ပြတ်သားသားအရေးယူနိုင်ရပါမယ်။ အမှိုက်ကလေးတစ်ခုပြစ်တာကအစ စီးပွားရေး၊ လူမှု့ရေး၊နိုင်ငံအရေးအားလုံးမှာလည်းစနစ်တကျကိုယ်ပိုင်စီးကမ်းတွေနဲ့သွားနိုင်တဲ့အခြေနေဖြစ်မှ တိုးတက်တဲ့အခြေနေတွေကိုခံစားရလိမ့်မယ်လို့ထင်ပါတယ်။

သူ၇ိယ said...

အင်း...ပိုက်ဆံကြီးကိုက ကော်ပီလုပ်ရလွယ်တယ်နဲ့တူတယ်..
ဟိုနေရာတွေ့ရ...ဒီနေရာတွေ့ရ..နဲ့...
သတိတော့ထားကြဗျို့...အားလုံး..
အစဉ်အလာတွေကရှိတော့...

johnphyo101@gmail.com said...

ထိထိရောက်ရောက် အေ၇းယူသင်တယ်။

ကဝေမင်းသား said...

သယ်ရလွယ်တယ် .. ပျောက်ပျက်သွားရင် တလုံးတခဲကြိးမို့ ငါဆို 5000 တန်ကိုကိုင်ကို မကိုင်ဘူး ဟိဟိ အတုတွေပေါတယ်လို့ပြောနေတာကို တော်ကြာကိုယ်ရထားတဲ့ ပိုက်ဆံမှာ အတုတွေပါလာရင် ကိုယ်ပဲ ခံ ရအုံးမယ် သုံးဘူးဝေံ( မကိုင်နိုင်လို့ )

♥အချစ်ပါတီ...♥ said...

ဟဟ တို့မြန်မာတွေကတော့ ချီးကျူးစရာတော်တော် ကောင်းတာပဲကွာ... (အင်းပေါ့လေဗျာ. အိမ်ထောင်ဦးစီးက ကို မကောင်းခဲံတာကိုကွာ...)

ဖိုးဖိုးကြီး said...

အမလေး-လေး....ကြောက်စရာကောင်းပါလား-ဖိုးဖိုးကြီးတောင် ၅၀၀၀တန်
ငွေစက္ကူ ကိုင်တောင် မသုံးရဲဘူး-တော်ကြာ ဖိုးဖိုးကြီးဈေးဆိုင်မှာ အတုတွေ
နဲ့လာဝယ်ရင် ဖိုးဖိုးကြီးတော့ အရင်းပြုတ်တဲ့အပြင် ရဲတွေရဲ့ စစ်လား-ဆေး
လား နဲ့ နေရင်းထိုင်ရင်း အ ကုသိုလ်တွေ အတုံးလိုက်-အတစ်လိုက်ဝင်နေ
ပါဦးမယ်။ ဒီလိုကောင်မျိုးတွေကို ပြတ်ပြတ်သားသား အရေးယူရမည့်အပြင်-
အရင်းအမြစ်ကိုရှာဖွေဖေါ်ထုတ် အရေးယူနိုင်အောင် တူမောင် ရဲသားများက
ကြိုးစားကြပါကွယ်။

johnphyo101@gmail.com said...

အခုမှ လိုက်လိုကတော ...သုံးတဲ့သူကသုံးပြီးနေပြီးလေ
မြန်မာ ရုပ်ရုင်းကားထဲ့ကလိုပေါနော်.....ပြီပြီးဆိုရင်တော သူတို့ေ၇ာက်လာကျမှာပါ......

Powered by Blogger.