လှိုင်မြစ်ကမ်းပြိုကျ၍ အဏ္ဏ၀ါလွမ်းအအေးခန်း စက်၇ုံ အဆောက်အဦးအချို့ ပျက်စီးကာ ကလေးတစ်ဦးပျောက်ဆုံး


ရန်ကုန်၊ မေ ၂၆
ယနေ့နံနက် ၃ နာရီ ကျော်ခန့်ကလှိုင်မြစ်ကမ်းပြိုကျမှုကြောင့် အဏ္ဏ၀ါလွှမ်း အအေးခန်းကုမ္ပဏီ အဆောက်အဦး အချို့ မြစ်ထဲပါသွားကာ ကလေးငယ်တစ်ဦးပါ ပျောက်ဆုံးနေကြောင်း သိရသည်။ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်လမ်း၊ အကွက် အမှတ်(၅၈၄)ရှိ အဏ္ဏ၀ါလွမ်း အအေးခန်း ကုမ္မဏီ အတွင်း ဖွင့်လှစ်ထားသော လက်ဖက်ရည် နှစ်ဆိုင်နှင့်ဝန်ထမ်းအဆောင်တို့ လှိုင်မြစ်ထဲ သို့ပြိုကျ သွား ခဲ့ခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီနှင့် ကပ်လျက်ရှိ ကုမ္ပဏီတစ်ခုမှ ဆိပ်ကမ်း(Jetty) ဆောက်လုပ်ရန် လွန်ခဲ့သည့် သုံးရက်ခန့် ကပိုင်ရိုက်သည့်အတွက် ကမ်းနားမြေများ အက်ကွဲကာ ယခုကဲ့သိုပြိုကျ ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။ အဆိုပါနေရာမှာ ဆက်လက်ပြိုကျနိုင်သည့် အခြေအနေရှိနေကြောင်း လှိုင်သာယာ မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း/ဓာတ်ပုံ-စိုင်းနောင်

Popular Myanmar News Journal
လှိုင်မြစ်ကမ်းပြိုကျ၍ အဏ္ဏ၀ါလွမ်းအအေးခန်း စက်၇ုံ အဆောက်အဦးအချို့ ပျက်စီးကာ ကလေးတစ်ဦးပျောက်ဆုံး လှိုင်မြစ်ကမ်းပြိုကျ၍ အဏ္ဏ၀ါလွမ်းအအေးခန်း စက်၇ုံ အဆောက်အဦးအချို့ ပျက်စီးကာ ကလေးတစ်ဦးပျောက်ဆုံး Reviewed by သစ်ထူးလွင် on 15:54 Rating: 5

2 comments:

duyinthee said...

နောက်ထပ်လူတွေထပ်ပြီး အန္တရာယ်မရခင် ကြိုတင်ကာကွယ်နိင်အောင်လုပ်ကြပါဦးဗျ

မိုးကြိုး မုန်တိုင်း said...

ခက်တော့ခက်ပြီ... ဘယ်လိုတွေဖြစ်နေကြတာလဲဗျာာာ
အလုပ်လုပ်ခါနီးရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သေချာလေ့လာသင့်ပါတယ်
လေ့လာပြီးမှ လုပ်တယ်ဆိုရင် အမှားနည်းပါတယ်...

Powered by Blogger.