၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက်နိုင်ငံတကာမှ လာရောက်ကူညီတော့မည်


ပွင့်လင်းမြင်သာသောမြန်မာ နိုင်ငံကျင့်သုံးနေသည့် ဒီမိုကရေစီ  စနစ်အရယခုလက်ရှိတွင်ဖြစ်ပေါ်  နေသောမြန်မာနိုင်ငံလျှပ်စစ်မီးပုံမှန်  ရရှိရေးမြန်မာနိုင်ငံသားတို့၏ ဆန္ဒ ပြတောင်းဆိုမှုအား နိုင်ငံတကာ  မှ ကူညီရန်နှင့် ရန်ကုန်မြို့တော်  ၂၄ နာရီလျှပ်စစ်မီးရရှိစေရန် အမေရိကန်နိုင်ငံမှ General Electric Co,Ltd,Cater Pillar Co,Ltd တို့မှလာရောက်ကူညီနေပြီဖြစ် ကြောင်း သိရသည်။
၎င်းအပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့မှလည်း လျှပ်စစ်   ထုတ်လုပ်သည့်နည်းပညာပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့တော် ၂၄ နာရီမီးရရှိ ရေးအတွက် စင်ကာပူနိုင်ငံမှ  2 MW ထုတ်လုပ်ပေးနိုင်သော မီး စက် ၆ လုံး၊ 1 MW ထုတ်လုပ်ပေး နိုင်သော ဒီဇယ်မောင်းမီးစက် ၆ လုံး၊25 MWထုတ်လုပ်ပေးနိုင် သော Gas Turbine မီးစက်နှစ်လုံး  စုစုပေါင်း ၁၄ လုံးအား မြန်မာနိုင်ငံ  သို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၎င်း မီးစက်များကိုအမှန်တကယ်မီး လိုအပ်သည့်နေရာများတွင်စတင်  လည်ပတ်တော့မည်ဖြစ်ကြောင်း  သိရသည်။
““မြန်မာနိုင်ငံမှာ ဒီလိုနိုင်ငံတ ကာကအကူအညီတွေရောက်လာ တော့မယ်ဆိုတော့တော်တော်လေး ကို ကောင်းပါတယ်။ ကျွန်တော်  တို့ မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ကြီး ၂၄ နာရီ မီးရရှိလာတော့မှာ ပေါ့ဒါကြောင့် အထက်ကလူကြီး တွေကို ကျေးဇူးတင်ပါတယ်။ နာဂစ်တုန်းက မြန်မာနိုင်ငံ အခက်အခဲဖြစ်လို့သူတို့ကူညီ ချင်တယ်လိုဆိုတော့ဝင်ခွင့်မရရှိခဲ့ ကြဘူး။ အခုသူတို့ဝင်လာလို့ရပြီ ဆိုတော့တော်တော်လေးတော့ ကောင်းပါတယ်””ဟု  မြန်မာနိုင်ငံ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ကြိုးပမ်းနေသူတစ်ဦးမှပြောကြားခဲ့ သည်။အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဌာနမှလည်းအဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍အကောင်းဆုံးဖြစ်လာ အောင်လုပ်ဆောင်နေကြောင်း သန်လျင်၊ ဒလ၊ မြောက်ဥက္ကလာ၊ မြို့နယ်များတွင်လည်းနိုင်ငံတကာ မှကူညီရန်မြေနေရာများကို ပေးထားပြီးပြီဖြစ်ကြောင်း အမှတ် (၂)လျှပ်စစ်ဝန်ကြီးဌာနမှ သိရ သည်။

ဖြိုးအောင်- Hot News
၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက်နိုင်ငံတကာမှ လာရောက်ကူညီတော့မည် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက်နိုင်ငံတကာမှ လာရောက်ကူညီတော့မည် Reviewed by သစ်ထူးလွင် on 10:58 Rating: 5

41 comments:

Shwe Mg said...

ဟာဗျာ...ဘယ်လိုဝမ်းသာမှန်းမသိဘူးဗျာ...အော်..တရုတ်နဲ့များကွာပ...မြန်မာနိုင်ငံမှာ...မီးပျက်တာ...စောက်ေ၇းတောင်မဆိုက်ဘူး....အခုလိုနိုင်ငံတကာက ကူညီမယ်ဆိုတော့ အတိုင်းထက်လွန်ပေါ့ဗျာ...ကျုပ်တို့ကတော့...တရုတ်နဲ့ ရုရှားထက်စာရင်...နိုင်ငံအားလုံးကို ကြိုက်တယ်...နိုင်ငံအားလုံးကို ကြိုဆိုတယ်....

chitthu said...

အနှစ်(၂၀)ကျော် အုပ်ချုပ်ခဲ့သော သူများ အရည်အချင်းကို နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းဖြစ်သည်။ ဒီလိုလူများအောက်တွင် နေထိုင်ကြီးပြင်း ရှာဖွေ စားသောက်လုပ်ကိုင်နေရခြင်းသည် လွန်စွာ အထင်အမြင်သေးခံရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့မှာ မိမိတို့အား အုပ်ချုပ်မင်းလုပ်သောကြောင့်တည်း။ (မှတ်ချက်-အတင်းအဓမ သေနတ်ထောက်၊ လိမ်လည်ပြီး ရာထူးများယူထားခြင်းကို နိုင်ငံတကာမှ မရိပ်မိပါ)
တာဝန်ရှိသူများအနေဖြင့်လည်း ရှက်တတ်ပါက လွန်စွာပင်ရှက်စရာတည်း။ မိမိအိမ်တွင်းရေး အခက်အခဲများကို ပြင်ပမှ သူများအား ဖြေရှင်းခွင့်ပြုခြင်းသည် ညံ့ဖျင်းသော အိမ်ထောင်ဦးစီးနှင့်တူ၏။
သို့သော အဆိုပါ သူများအုပ်ချုပ်ခြင်းခံနေရသော သူများအတွက်မူ မိမိလိုအပ်သည့်အရာများကို ရှက်ဖွယ်မျက်နှာဖြင့်ပင် လက်ခံရပေလိမ့်မည်။ သို့သော် အဆိုပါသူများနှင့် မည်ကဲ့သို့ ရင်ဘောင်တန်းပြီး ပြောဆိုဆက်ဆံ လုပ်ကိုင်နိုင်မည်နည်း။

ဇာမဏီ said...

ဟဟဟ ပြောကြအုံးလေ ပြည်ပအားကိုး ပုဆိန်ရိုးတို့ ၊
တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်တို့။
ရှက်တတ်ရင် လဲသေလိုက်ကြတော့ဗျာ အစိုးရလူကြီးမင်းများ။
သောက်ရှက်လဲရှိကြမဲ့ပုံမပေါ်ပါဘူး။တိုင်းပြည်ဘဏ္ဏာရောင်းစား
ဖို့ဘဲတတ်တဲ့ လူ့ငနွားတွေ ၊ ဒီဘ၀ဘဲခင်ဗျားတို့ချမ်းသာမယ်။
နောက်ဘ၀ ခွေးဖြစ်ရင်တောင်ကံကောင်းတယ်မှတ်ကြ။

kokochit said...

ကူညီတဲ့အထဲမှာကိုတရုတ်ကြီးကိုလည်းမတွေပါလား

အောင်ဆန်းနတ်မောက် said...

ကောင်းတယ်ဗျို့ သူများကူမှပဲရတော့မယ် သူများနှာခေါင်းနဲ့ပဲအသက်ရှူကြတော့ ဆီပေးမှဆန်ရမယ်ဆိုတာကိုလဲတွေးထားကြအုံး (အကောင်းမြင်ဖြင့်ပြောခြင်း)အရပ်စကားနဲ့ပြောရရင်တော့ နောက်မှနင် နေအုံးမယ်

PaPa said...

သက်ဆိုင်ရာ ကူညီပံ့ပိုးကြသူများကို အများကြီး ကျေးဇူးတင်ပါတယ်..

Ko Nyo Khant ( Mdy university.) said...

စက်မှုဇုံတွေမှာ...တကယ်အလုပ်လုပ်ကြရင်..လျှပ်စစ်မီဂါဝပ်..ဘယ်လောက်..ကုန်မယ်ဆိုတာ..တွက်ချက်ကြည့်ပြီးကြပြီလား...မြန်မာနိုင်ငံအနေနဲ့..ဘယ်လောက်ထုတ်လုပ်နေသလည်း..ကိုရီးယာ...ဂျပန်...အမေရီကန်တွေ..တကယ်တန်းလာပြီးလုပ်ကြမယ်ဆိုရင်...စက်မှုဇုံ..ဧကတစ်သန်းကျော်..နှစ်သိန်းနီးပါးလိုအပ်မယ်ဆိုရင်...ဘယ်လိုဖြည့်ဆည်းမလည်း...ရေကောင်းရေသန့်ကိုကောဖြည့်ဆည်းနိုင်ပြီလား...စတာတွေ...စတာတွေ..အစဉ်သင့်ဖြစ်ပြီလား...ပါတ်ဝန်းကျင်နိုင်ငံတွေအနေနဲ့...ရေ/မီး..ဘယ်လောက်သုံးစွဲနေကြသလည်း...သူတို့နိုင်ငံလိုသုံးစွဲနိုင်ဘို့...ဘယ်လောက်လိုအပ်မလည်း...နောက်ဘယ်နနှစ်ကြာမှဖြည့်ဆည်းပေးနိုင်မလည်း...

PaPa said...

ဒီအကြောင်းနဲ့ပတ်သက်ကြပြီး အလေးပေးဆောင်ရွက်ကြသည့် သက်ဆိုင်သူများအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်.. မီးအမြဲလာမယ်ဆိုရင် ၇-ရက်သားသမီးအားလုံး စိတ်ချမ်းသာတာပေါ့နော်.

tapaungthi said...

ဝမ်းသာပါတယ် ၂၄ နာရီမီးမြန်မြန်ရတော့ နေပြည်တော်လိုထိန်ထိန်လင်းတော့မှာပေါ့

ကဝေမင်းသား said...

အော် ပြောတော့ သံယံဇာတဖွံ့ဖြိုးတဲ့နိုင်ငံတဲ့ နိုင်ငံခြားဝင်ငွေတွေအများကြီးရတယ်တဲံ့ ခုတော့ မီးလေးလင်းဖို့အရေးတောင် နိုင်ငံခြားကလာကူညီနေရတယ် .. ရန်ကုန်မြို့ကြီးပဲလဲ မလုပ်နဲ့လေ ကျေးလက်ဖွံ့ဖြိုးမှ မြို့ပြဖွံ့ဖြိုးမှာလေ နယ်တွေကိုလဲ လုပ်ပေးကြပါအုံး ရွှေဦးဏှောက်ပိုင်ရှင်တို့ရယ်

လူမှန် said...

တရုတ်ဆီက ပြန်တောင်းဝယ်မယ် ဆိုတဲ့ 100 mw ဘာသံမှမကြားရ တော့ပါလား တရုတ်ကြီးက ထပ်ပြီးတော့ဘဲ လိုချင်တာလေ ဝယ်မရဘူးဆိုတာသေချာ ပါတယ်

Anonymous said...

နာဂစ်ပြီးတော့၊ ထိုင်းကုမ္မဏီတစ်ခုက၊သောက်ရေသန့်ပုလင်းတွေကို
ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက် ဌာနကြီးတစ်ခုကတစ်ဆင့် လှူလိုက်တယ်။ MD လုပ်တဲ့ ဗိုလ်မှူးကြီးတစ်ယောက်က
““ ဒီတောသားတွေနဲ့မတန်ဘူး”” ဆိုပြီးဌာနထဲကအရာရှိတွေကို
ဝေပေးတယ်။ဌာနအရာရှိတစ်ချို့ကသောက်ကြတယ်။တစ်ချို့အရာရှိ
တွေက MD မသိအောင်၊ကွမ်းခြံကုန်းဖက်ကိုပို့ပြီးလှူကြတယ်။
အဲဒါကတော့၊ အရင်စစ်အစိုးရလက်ထက်က၊ပြည်သူတွေအပေါ်ထားတဲ့၊
““ တပ်မတော်ရဲ့စေတနာမှန် ”” ဆိုတာပါပဲ။

ကိုမိုး said...

ကိုရွှေမောင်ပြောတာကိုလုံးဝထောက်ခံပါတယ်

aung ye lin said...

တရုတ်အားကို ပုဆိန်ရိုး တိုင်းပြည်ဘဏ္ဍာခိုးသူများအား
မောင်းထုတ်ကြ

mahar maharzaw said...

ကိုယ့်နိုင်ငံက ရတဲ့ ဓာတ်အားတွေကို တရုတ်ဆီ ရောင်းစားပြီး
သူများကလာကူရတယ်ဆိုတော့  ဟင်း........

ကိုမျိုး said...

နိုင်ငံတော်လူကြီးများခင်များ ခုလိုနိုင်ငံတကာကကူညီကြတာကိုတွေ့ရတော့အတိုင်းမသိဝမ်းသာမိပါယတယ်တာဝန်ရှိလူကြီးများကိုလည်းကျေးဇူးတင်မိပါတယ် အပေါ်မှာကိုရျွှေမောင်ပြောခဲ့သလိုပဲ ကျွန်တော်တို့နိုင်ငံကိုဂုတ်သွေးစုတ် စီးပွားရေးအပြတ်ထုပ်နေတဲ့တရုပ်က ကူညီဖို့မပြောနဲ့ပြည်သူဒုက္ခရောက်လေတရုပ်ကြိုက်လေ ဒါမှသူတို့တရုပ်အင်ဂျင်တွေ ဒိုင်နမိုတွေနဲ့တခြားဆက်စပ်ပစ္စည်းတွေရောင်းရမှာလေ ဒါကြောင့်နိုင်ငံတော်လူကြီးမင်းများကိုပြောချင်ပါတယ် တ၇ုပ်အထောက်အကူပြုမယ်ပစ္စည်းမျိုးတွေကိုကိုယ့်နိုင်ငံကနေရောင်းမစားစေချင်ပါဘူးခုသွယ်တန်းနေတဲ့ဓာတ်ငွေ့ပိုက်လိုင်းကိုတရုပ်ကိုရောင်းမစားပဲနဲ့ရပ်ပြစ်လိုက်စေချင်ပါတယ် ကိုယ့်နိုင်ငံကိုတောင် ဘာမှအကျိုးမပြုတဲ့ဒီလိုကောင်တွေကို မဆက်ဆံပဲနေပေးကြည့်စမ်းပါဒီကောင်တွေပြာခါသွားမယ်

လင်းလင်း said...

နိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေသော စောက်၇ှက်မ၇ှိသောစစ်ခေါင်းဆောင်များ ခင်ဗျားတို့အ၇ည်အချင်းဘယ်လောက်၇ှိတယ်ဆိုတာ သက်သက်ပြနေပြီ ဒီလျှပ်စစ်မီးလောက်တောင်အဆင်ပြေအောင်မလုပ်ပေးနိုင်ဘဲနှင့် တိုင်းပြည်အုပ်နေတာ ၇ှက်စ၇ာအ၇မ်းကောင်းပါတယ်ဗျာ အခုတော့ဗျာသူများနိုင်ငံက လာကူညီမှအဆင်ပြေမယ်ဆိုတော့ ခင်ဗျားတို့ကြောင့် နိုင်ငံသိက္ခာကျတယ်ဗျာ

linn said...

ရန်ကုန်မှာ ကျောက်မီးသွေးနဲ့ ၆၀၀ MEGA WATT စက်ရုံကို ဂျပန်နည်းပညာနဲ့ ဆောက်ဘို့လုပ်နေတယ်တဲ့။ ၂နှစ်စီမံကိန်းဆိုပဲ။ ရန်ကုန်က တစ်ပြည်လုံးသုံးတဲ့လျှပ်စစ်ရဲ့ သုံးပုံတစ်ပုံသုံးတယ်ဆိုတော့၊ ပြီးရန်ကုန်အနီးမှာပဲ စက်ကိုထိုင်လိုက်တော့ တာဝါတိုင်တွေ ဗုံးခွဲခံရမှာလည်း မပူရဘူးပေါ့။ လုပ်တာက ဆက်တိုက်လုပ်ရမှာပါ။ နောက်ပိုင်း စက်မှုလုပ်ငန်းတွေ တိုးတက်လာရင်၊ ပြည်သူတွေ လူနေမှုမြင့်လာရင် ဓါတ်အားသုံးစွဲမှုက အဆမတန်တက်လာမှာပါ။ သေချာ စီမံထားသင့်ပါတယ်။

PwaG said...

အတတ်နိုင်ဆုံးအဆင်ပြေအောင်လုပ်ပေးတော့လည်း
အကောင်းမမြင်။
တောင်းပန်တော့လည်း
အကောင်းမပြော။
နေရာတကာကိုအကောင်းမမြင်နိုင်တော့သော
ဒီလူအားလုံးတော့ ဒီအစိုးရကြောင့်
နေရာတကာဒေါသတွေထွက်ရလွန်းလို
သက်တမ်းစေ့တောင်နေရပါ့မလားမသိတော့ဘူး။
တော်တော်ဆိုးတဲ့အစိုးရ။
ဘာလုပ်လုပ်လူတွေကိုဒေါသဖြစ်အောင်လုပ်တယ်။

tharnyi said...

မြန်မာတစ်နိုင်ငံလုံး လုံလုံလောက်လောက် လျှပ်စစ်မီး ရ၇ှိအောင် ဆောင်ရွက်
ပေးနိုင်ပါက အထူး ကျေးဇူးတင်ရှိ ရမည် ဖြစ်ကြောင်း ၀ိုင်းဝန်းကူညီ ကြမည့် 
အဖွဲ့ အစည်း များ နှင့် နိုင်ငံများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း
အနှောက်အယှက် ပေးမည့် အဖွဲ့ အစည်း နိုင်ငံများအား ဆန့် ကျင်ပါကြောင်း
သူများအကူ အညီ လာပေးတုံး မှာ ရသလောက် အမြတ် ထုတ် ရန် ကြံစည်
နေသူများအား ကန့် ကွက် ဆန့် ကျင်ပါကြောင်း...

konamazu said...

ကျေးဇူးတင်ပါတယ်ဗျာ...အရမ်းလဲဝမ်းသာပါတယ်...

True Angel said...

အစောကြီးကတည်းက ဖြစ်သင့်တာ...တလွဲမာနတွေထားနေပြီးတော့...ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်

pyaponthu said...

တရုတ်စေတနာက မြန်မာပြည်တခုလုံးမှောင်လေသူတို့ကြိုက်လေ။ကျေးဇူးပြုပြီးလူကြီးလူကောင်းပီသဖြစ်ပါကတရုတ်ကိုဝေးဝေးရှောင်ကြပါ။တရုတ်လုပ်လို့မြန်မာပြည်နွံနစ်ပါတော့မယ်။

sean said...

စေတနာမှန်သူကို သာပေါင်းအပ်ရ၏....

minaung1149 said...

ဦးသန်းရွှေတစ်ကယ်ဘာမှမသိခဲ့၊မလုပ်တက်ခဲ့တာ၊မင်းမြှောင်ချစားလူ့ငနွားများစကားပဲယုံခဲ့တာ၊စေတီတည်ပြီးတရားမသိတာပိုလိုသိလာရတယ်။

minaung1149 said...

ကျနော်ကိုယ်တိုင်သိခဲ့ရတာလေးပြောပြချင်မိတယ်၊နာဂစ်တုံ့းကပါ၊တရုပ်ကလှူတာမီးစက်ပေါ့၊တစ်ကယ်လိုတဲ့နေရာ၊လှူသူကရောက်စေချင်တဲ့နေရာမရောက်သေးဘူး၊ခ၀တဥက္ကဌကသူတာဝန်ကျရာရမခကနေယောက်ခမရှိရာတ-ဥကိုပို့ပေးခဲ့တာသိခဲ့ရတယ်၊

Anonymous said...

မှတ်ချက်များကို မစီစစ်ပဲ ဖော်ပြလို့ မရဘူးလား ခင်ဗျာ

ရှမ်းလေး said...

( ရန်ကုန်မြို့တော် ၂၄ နာရီမီးရရှိ ရေးအတွက် ) ဆိုပါလား ... အခြားသော မြို့တွေ နယ်တွေကျတော့ လူတွေ မရှိကြတော့ဘူးပေါ့ ...စာဖတ်ရတောင်မှ တစ်ဖက်သတ်ကြီး ဖြစ်နေသလားလို့ ..

RAIN said...

ဝမ်းသာ၇မလား
ဝမ်းနဲ၇မလား
မပြောတက်ဘူး

Unknown said...

ဆန်ပေးလို့ဆီယူတာပြသာနာမရှိဘူး.တရုတ်ကြီးလိုသုံးလို့မရတဲ့စစ်လက်နက်အပျက်တွေပေးပြီးအလကားယူတာထက်စာရင်.ခုလိုအကူညီပေးတဲ့နိုင်ငံတွေကိုလူထုကတော့ကျေးဇူးတင်ရမှာပါ.နှစ်ပေါင်း၅၀နီးပါးအုပ်ချုပ်ခဲ့တဲ့စစ်တပ်အနွယ်တော်တွေရှက်တတ်မယ်ဆိုရင်ကိုယ်ကိုင်တဲ့သေနတ်နဲ့ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ကြ။

မိုးတိမ် said...

ကျနော်ကတော့သူများနိုင်ငံမှာနေတဲ့သူဆိုတော့ ဒီသတင်းဖတ်ပြီးမျက်နှာငယ်ရတယ် ..... ကိုယ့်ဆီမှာအလျှံအပယ်ရှိနေရက်နဲ့သူများဆီကအကူညီပြန်တောင်းနေရတာကို စိတ်ပျက်တယ် .....အရင်လိုကျနော်သတင်းဖတ်နေရင်မင်းတို့နိုင်ငံဘာတွေထူးလည်းလို့လာမေးတတ်တဲ့ အင်ဒိုနီးရှားသူငယ်ချင်းကိုဒီသတင်းဘာသာမပြန်ပြရဲဘူး .... ဒါမှမဟုတ်ပါဘူးလေ တော်တော်များကိုလည်းဘာသာမပြန်ပြရဲပါဘူး .... ရှက်လို့...

U Aung said...

တရုတ်က ဘယ်တုန်းကမှ ကောင်းတဲ့ကောင် မဟုတ်ဘူး။ တစ်ဘို့တည်းသမားတွေ။ တရုတ်အကူအညီလည်း မလိုချင်ဘူး။ လုံးဝ မပတ်သက်လေ ကောင်းလေပဲ။

Myo Zaw said...

အခုပြောတဲ့အဆိုးမြင်ဝါဒနဲ့လူတွေမင်းတို့ကောဘယ်
လောက်အရည်အချင်းရှိလို့လည်း ဖျက်ဆီးတဲ့လူကျတော့
အပြစ်မမြင်ဘူးအဆင်ပြေအောင်လုပ်တဲ့လူကျတော့အပြစ်မြင်
တယ် မင်းတို့ငတ်ရင်ကော ဘေးအိမ်ကအကူအညီယူရမှာဘဲ
မယူရင်တော့ငတ်သာသေလိုက်တော့

ဇာမဏီ said...

ပွကြီးရေ မင်းပထွေးတွေက ဖင်လာကုန်းပေးလည်း အဲဒီဖင်တွေကို
ဖင်ကောင်းတွေလို့မမြင်ဘူးကွ။ မင်းဖင်ဆိုရင်တော့တမျိုးပေါ့။

Mi Aung said...

မီးစက်နဲ့တော့ ရေရှည်မဖြစ်ဖူးဆိုတာ သတိထားကြပါအုံး .. သူများနိုင်ငံတွေမှာလို Solar Plant တွေတည်ဆောက်ပြီး မီးပေးရင် မကောင်းဘူးလား ..ပထမပိုင်း Investment တော့များပေမဲ့ နှစ်အကြာကြီး သုံးရပါသည် ဟုစာထဲတွင်ဖတ်ရပါသည်။ maintenance တော့လုပ်ဖို့လိုပါသည်။

s_potato said...

ကြားရတာ ၀မ်းသာလိုက်တာကွယ်

Unknown said...

ရှက်တယ်ဗျာ
ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရတယ်
အဖေတို့ အမေတို့ အသေစောသွားလို့ဗျာ
နို့မို့ဆို သူတို့တွေပါ အကုသိုလ်တက်နေရမှာ

ကိုမျိုး said...

ဟေ့ကောင်မျိုးဇော် ငတ်လို့ဘေးအိမ်ကအကူအညီယူရတယ်ဆိုတာမင်တို့မိသားစုရဲ့ အိမ်ထောင်ဦးစီးမင်းအဖေ စောက်သုံးမကျလို့ယူရတာကွသဘောပေါက်ရဲ့လား မီးကမင်းအဖေသောင်းကျန်းသူတွေဗုံးမခွဲခင်ကတည်းကပျက်နေတာ ချီးစားတဲ့ဦးနှောက်လေးနဲ့လာမပြောနဲ့

nyimoe said...

ပြင်ပရောင်းစားလူကြီးများအားဆန့်ကျင်ကျ..
နိုင်ငံတော်နဲ့လူမျိုးပေါ်အဆိုးအမမြင်လိမ်လည်ကရောင်းစားကျတော့
လူကြီးများအား...တစ်မျိုးသားလုံး (xxxxx)ဝိုင်းချ....

Unknown said...

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဂျပန်နိုင်ငံက ၁၂၀ မဂါဝပ် ထုတ်လုပ်နိုင်တဲ့ Gas Turbine (၃) လုံး ငှားပေးမယ်ကြားတယ်ဗျ (၁) ကိုလား???????? (၂) ကိုလား???????? မသိ .... စွမ်းအင်ကို ပေးလိုက်ပါလား???????
သူ့စက်နဲ့ သူ့ Gas ကောင်းကောင်းကျွေးမှာ.......

Unknown said...

ဒီဇယ်နဲ့ဓါတ်ငွေ့ကမရှိလို့မီးပြတ်နေအုံးမယ်။တရုတ်ကိုရောင်းထားတဲ့ရေအားလျှပ်စစ်တွေပြန်ဝယ်တာကမှသက်သာအုံးမယ်နော်။ကြည့်လုပ်ပါအုံးဗျ။
(ကျော်ကျော်ရွှီး)

Powered by Blogger.