ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဘတ်စ်ကားအသွားအလာကျဲပါးသွားပြီး ခရီးသည်များအခက်ကြုံခဲ့

ထွန်းနေအောင်(မြစ်မခ)
မေ(၇)ရက်၊၂၀၁၂ခုနှစ်။
 
ထန်းတပင်မြို့နယ်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခြင်းကြောင့် ဂတ်စ်ဖြင့် မောင်း နှင်သော လိုင်းကားအချို့နှင့်Taxiကားများမှာ သဘာဝဓာတ်ငွေ့ရရှိရန် ခက်ခဲကာ ကားသွားလာမှု နည်းပါးသွားပြီး ခရီးသည်များ အခက်အခဲကြုံတွေ့ခဲ့ရသည်။
 
မေလ(၅)ရက်နေ့ ညနေပိုင်းက ထန်းတပင်မြို့နယ်တွင် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု့ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

 “ကျွန်မ မြေနီကုန်း သွားမလို့ ကားစောင့်နေတာ  နာရီဝက်ကျော်သွားပြီ၊ အရင်ဆိုအဲလောက် ကား မရှားဘူး။ ကားတွေကလည်း အရမ်းကြပ်နေတယ်။ ကားငှားတော့လည်း အရင်ထက် ဈေးနှစ်ဆ လောက် ပိုတောင်းနေတယ်”ဟု မရမ်းကုန်းမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင်တွင် ကားစောင့်နေသော ခရီးသည်တစ်ဦးက ပြောသည်။

အချို့ဂတ်စ် Taxi များမှာ ဂတ်စ်ထည့်ရန် ည(၁၁) နာရီအချိန်မှ စောင့်ဆိုင်းခဲ့သော်လည်း နံနက် အချိန် ထိ မရရှိခဲ့သောကြောင့် ရန်ကုန်မြို့တွင်းတွင် ဂတ်စ် Taxi ကားများ နည်းပါးနေပြီး ဓာတ်ဆီဖြင့် မောင်း နှင်သော ကားများအငှားလိုက်မှု ပိုမိုများပြားခဲ့ရကြောင်း သိရှိရသည်။

“ကျွန်တော်က တစ်ခေါက်ထွက်ပြီးရင် ဂတ်စ်တစ်ခါဖြည့်တယ်။ ဂတ်စ်ကမရတော့ မိုးချုပ်သွားရင် အုံနာကြေးက များသွားရော။ နောက်တစ်ခေါက်ထွက်ဖို့လည်း အခက်ခဲရှိတယ်။ ခရီးသည်လည်း နစ်နာတယ်။ ကျွန်တော်တို့လည်း နစ်နာတယ်။”Taxi မောင်းသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။


CNG ဖြင့်မောင်းနှင်သော လိုင်းကားများနှင့် အငှားယာဉ်အချို့မှာ ပြေးဆွဲမှုမရှိသောကြောင့် ခရီးသည် များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။

“ကားတွေလည်း ရှားတယ်။ ကားခတွေလည်းပိုတောင်းတယ်။ ကားတိုင်းလိုလို ခရီးသည် အပြည့် ပါတယ်။ လိုင်းကားကို နာရီဝက်ကျော်လောက်ကြာအောင်စောင့်ရတယ်။ Taxi ငှားတော့လည်း ငါးရာ၊ တစ်ထောင်လောက်ပိုတောင်းတယ်။”ဟု လှည်းတန်းမှ မြို့ထဲသို့သွားသော ခရီးသည်တစ်ဦးက ပြောသည်။

အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုအား မေလ(၆)ရက်နေ့ နံနက်ပိုင်းတွင် ပြုပြင်ပြီးစီးသွားကြောင်း စွမ်းအင်ဝန်ကြီးဋ္ဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန် ထားသည်။
 Shwe Myitmakha Media Group
ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဘတ်စ်ကားအသွားအလာကျဲပါးသွားပြီး ခရီးသည်များအခက်ကြုံခဲ့ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဘတ်စ်ကားအသွားအလာကျဲပါးသွားပြီး ခရီးသည်များအခက်ကြုံခဲ့ Reviewed by သစ်ထူးလွင် on 16:30 Rating: 5

5 comments:

Aung Soe Oo said...

တောမီးလောင်တောကြောင်လက်ခမောင်းခတ်တဲ့အကျင့်ဆိုးကအခုအချိန်ထိမြန်မာပြည်မှာတော်တော်ဆိုးဝါးနေတုန်းဘဲဗျာ...

ချစ်ဖူး said...

လူတွေကလည်း ခက်တယ်။ တစ်ခါတစ်လေဖြစ်တာကို အုံနာခလေးလျှော့ယူမယ် မရှိဘူး။ လောဘတွေ။ နောက်တစ်ခုအနေနဲ့ အရေးပေါ် နောက်တစ်ခါဖြစ်ရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ ပြင်ဆင်မှုလေးတော့ ရှိသင့်ပါတယ်ဗျာ

Ukyawkyaw said...

တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်သူများဒီအဖြစ်အပျက်ကိုသင်ခန်းစာယူရပါမယ်၊Taxi တွေများလာလို့၊လမ်းတွေကြပ်သွားလို့ဆိုပြီး (ဂ)စင်းလုံးငှားလိုင်စင်တွေကိုနည်းမျိုးစုံကြပ်ပြီးခွင်တွေဖြစ် အောင်လုပ်နေတာတွေရပ်သင့်ပါပြီ၊Taxi တွေများလာရင်အပြိုင်အဆိုင်ဈေး လျော့ပြီးလိုက်ကြမယ်၊အုံနာခတွေကျလာမယ်၊ခရီးသည်တွေသွားရေးလာရေးလွယ်ကူသက်သာမယ်၊လုပ်ငန်းအတွက်အပိုကုန်ကျစရိတ်တွေကျလာပါမယ်၊ဒါကြောင့်သဘာဝ ဓါတ်ငွေတစ်ခုထဲကိုခရီးသည်ပို့ဆောင်ရေးကမှီခိုနေတာကို ပြောင်းလဲသင့်ပါပြီ၊ကားတွေများလို့နိုင်ငံခြားငွေတွေထွက်သွားသလိုပြည်သူတွေလူနဲ့တူအောင်သွားလာရပါမယ်၊ (တချိန်ကကြက်ခြင်းထဲက ကြက်တွေလိုနေပြီးသွားရတာပါ) ၊လူချမ်းသားစိတ်ချမ်းသာရင်တိုင်းပြည်အတွက်လဲပိုပြီးလုပ်ရည်ကိုင်ရည်တွေတက်လာပါမယ်၊ကိုယ်ချင်းစာစိတ်တွေလဲပြန်ရှိလာမှာပါ၊လူနဲ့တူအောင်နေရရင်လူလိုစိတ်ထားစိတ်ဓါတ်တွေရှိလာ မှာပါ။

အမေစုကို ချစ်တဲ့သား said...

ခက်ပါပေ့စွမ်းအင်ဝန်ကြီးဌာနရယ်
ကိုယ့်မြန်မာပြည်ကိုပေးတဲ့ဓာက်ငွေ့လေးတောင်း
ကောင်းကောင်းမွန်မွန်မလုပ်ပေးဘူး
တရုတ်ကိုရောင်းစားတဲ့ဓာက်ငွေ့ပိုက်လိုင်းကျတော့ကောင်းပါ့ပေးတယ်
တော်တော်လဲဂုဏ်ယူထိုက်တဲ့ စွမ်းအင်ဝန်ကြိးဌာနရယ်....

ကိုမိုက် said...

တရုတ်ပိုက်တွေရဲ့ကောင်းမှုပေါ့ဗျာ.....

Powered by Blogger.