မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း

ဝင့်သင်ဇာကျော် (မြစ်မခ)
မေ(၇)ရက် ၊ ရန်ကုန်မြို့။
 
လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ရာတွင် မြေအောက်ကေဘဲလ်ကြိုးများ ထိခိုက်မိသောကြောင့်   ရန်ကုန်တိုင်းအတွင်းရှိ အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်မြန်နှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရှိ ရသည်။
 
“လှည်းတန်းကုန်ကျော် တံတားဆောက်နေတယ်လေ၊ အဲ့ဒီတော့ မြေအောက်ကိုတူးနေကြတော့ မြေအောက် ကေဘဲလ်ကြိုးကို ထိမိခိုက်မိတော့ အင်တာနက်ဆိုင်တွေ အင်တာနက်ကော်နက်ရှင်ကျတာမျိုး၊ ဖုန်းအင်တာ နက်တွေ သုံးမရတာပါ” ဟု call center မှ မဒါလီက ပြောသည်။

အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်များ ကော်နက်ရှင် ကျဆင်းရသော အခြားအကြောင်းအရင်းမှာ စမ်းချောင်းမြို့နယ်တွင် လမ်းများပြင်ဆင်နေခြင်းကြောင့်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

မြေအောက်ကေဘဲလ်ကြိုးများ ထိမိခိုက်မိခြင်းများကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိကြောင်း နှင့် မည်သည့် အချိန်တွင် ပြင်ဆင်မည်ကိုတော့ ရက်အတိအကျ မသိရှိရသေးကြောင်း နှင့် ပြင်ဆင်ပြီးပါက အင်တာနက် ကော်နက်ရှင်   ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သိရှိရသည်။

“ ဟံသာဝတီ ၊ အ၀ိုင်းနားမှာလဲ ကေဘဲလ်ကြိုးတွေ ပျက်ဆီးနေတယ် အဲ့ဒါကို ပြန်ပြင်ဖို့ အစီစဉ်တော့ရှိတယ် ရက်တော့ အတိအကျ မသိသေးဘူး အဲ့ဒါတွေ ပြင်ဆင်ပြီးရင်တော့ အင်တာနက်က ပြန်ကောင်းလာမှာပါ မြန်မာနိုင်ငံမှာ အင်တာနက်ကျတာ အထူးအဆန်းမဟုတ်ပါဘူး” ဟု call center မှ မဒါလီက ပြောသည်။
 
ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း အင်တာနက်သုံးစွဲသူအချို့မှာ အင်တာနက်သုံးစွဲမှု အဆင်မပြေခြင်းကြောင့် နီးစပ်ရာ ဖုန်းဆိုင်များသို့ သွားရောက်ပြသခြင်းမျိုးလည်းရှိကြောင်း သိရှိရသည်။

“ ကျွန်မဖုန်းက ဂျီအက်စ်အမ်လေ ဖုန်းအင်တာနက်လိုင်းက မကောင်းလို့လား ကျွန်မဟန်းစက်ကဘဲ တစ်ခုခု ဖြစ်လားဆိုပြီး Mr. Fone  ကိုသွားပြတော့ ကျွန်တော့်လိုင်းနဲ့ ဆန်းကြည့်တာ ရတယ်တဲ့ ဟန်းဆက်က ဖြစ်တာ မဟုတ်ဘူး သူ့နဂိုအင်တာနက်ဖုန်းလိုင်းက   ဖြစ်တာလို့ပြောတယ် “ ဟု မရမ်းကုန်းမြို့နယ်မှ ငါးသိန်းဖုန်း သုံးစွဲ သူတစ်ဦးက ပြောသည်။
 Shwe Myitmakha Media Group
မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း Reviewed by သစ်ထူးလွင် on 16:26 Rating: 5

28 comments:

ဇာမဏီ said...

ဘယ်တုန်းက များမြန်လို့လဲ

KZLM said...

ရန်ကုန်မှာလမ်းပြင်လို့ မြေအောက်ကေဘလ်တွေထိခိုက်မိလို့ အင်တာနက်လိုင်းကျတာကလဲ နယ်မြို့တွေအထိကိုသက်ဆိုင်တယ်နော်.. :(

junight said...

အင်တာနက်မြန်နှုန်းက အချိန်ကိုက် နည်းနည်းထူးခြားရင်
ကျသွားတာ ထုံးစံဖြစ်နေပြီ

tin said...

မြေအောက်ကြိုးဖားကိုက်သွားလို့ ရေအောက်ကြိုးခရုကိုက်သွားလို့ လေပေါ်ကြိုးငှက်ဝင်တိုက်သွားလို့ပါ နားလည်ကြပါရန်

Pyinnyadepa said...

ဟုတ်ပါ့

သူရ said...

Cable Detector သုံးလေ။ cable ပျက်စီးရင် fine တပ်လေ။ အဲတော့မှ သူ့အလုပ်ကို သူဂရုစိုက်မှာပေါ့။ သူ့အလုပ်သက်သာချင်တာနဲ့ ပြည်သူတွေက ခံရမှာလား။

မောင် said...

မြန်မာပြည်မှာတော့ မျိုးစုံအကြောင်းပြလို့ရနေ ကောင်းနေတော့တာဘဲ။

သစ်ရွက်ကလေးကြွေကျရင်တောင် မီးပျက်ပါတယ်ဆိုမှ။

အင်တာနက်မကောင်းတာက နဂိုထဲကမကောင်းချင်တဲ့ကိစ္စ ဟိုအကြောင်းပြ ဒီအကြောင်းပြ စကားအလကားရ။

minsoeaung said...

ဝန်ထမ်းတွေကပြည်သူအပေါ်စေတနာထားတာနည်း
တယ်။လာဒ်စားဘို့ဘဲသိကြတာ။ဒီတော့မပျကသင့်တာပျက်ကုန်ရောပေါ့။
ဝန်ထမ်းကောင်းမှတိုင်းပြည်ကောင်းမယ်လို့ရေးထားတာ
တွေ့ပါတယ် ဘာလုပ်ကြမှာလဲ။
အခုလည်းစည်ပင်ကအမှိုက် အစိုအခြောက်ခွဲပြီးအိပ်တွေမှာထည့်ပစ်တဲ့။
နေ့စဉ်ကုန်နေမဲ့ငွေကိုစဉ်းစားကြပါ။
တစ်ရပ်ကွက်ကိုအမှိုက်ကန်အစိုအခြောက်နှစ်ခုထားဘို့
ညွှန်ကြား။ပြည်သူတွေဆီကငွေကောက်ပြီးအမှိုက်ပုံးလုပ်
ထားလိုကရင် တခါဘဲငွေကုန်တယ်။အခုတော့မစားရမသောက်ရပလပ်စတစ်အိပ်ဘိုးငွေတွေ
ပြည်သူကနေ့စဉ်ကုန်နေပါသည်။ဒီအမှိုက်သိမ်းစနစ်ကို
လူကြီးမင်းအပေါင်းတို့စဉ်းစားပေးကြပါရန်မေတ္တာရပ်ပါ
သည်။ ပလပ်စတစ်အိပ်ရောင်းတဲ့သူကိုလုပ်ကျွေနေရသလိုဖြစ်နေပါသည်။ဒီနေ့voice မှာ ဒုဋ္ဌာနမှုးဦးခင်ဝင်းကရှင်းပြထားပါပါသည်။ပြန်လည်သုံးသတ်ပေးတော်မူကြပါခင်ဗျား။

Tun Tun Aung said...

အကြောင်းပြစရာ တမျိုးရသွားတာကိုး။ မြန်မာနိုင်ငံအင်တာနက် ကတော့ ဘယ်တော့မှကောင်းမှာမဟုတ်ဘူး။ အကြောင်းမရှိအကြောင်းရှာပြီးလိုက်ပြောနေတာ။ အင်တာနက်မြန်နှုန်းကို Control လုပ်ထားတာကို အမှန်အတိုင်းမပြောဘူး။

ရာဇာ said...

အဲဒီ မြေအောက်ကြိုး တွေကလဲ အမှတ်ကို မရှိဘူး....အားအားရှိ ပြတ်နေကြတာဘဲ......မြေအောက်မပြော နဲ့ ပင်လယ်အောက် က ကြိုးတောင် ပြတ်နေကြတာ....စိတ်ရှည်ကြ ပါ....အဲဒီကြိုး တွေကို နောက်နောင် မပြတ်ရအောင် လွှတ်တော်မှာ မေးကြည့်ပါမယ်....တရားစွဲသင့်လဲ စွဲနိုင်အောင် လုပ်ရမယ်...

ချစ်ဖူး said...

အမျိုးမျိုးပဲနော်။ ဖြစ်ပုံတွေကတော့တူးတဲ့ကောင်တွေက နဂိုက အောက်မှာ ဘာရှိလဲ မသိဘူးလား။ တော်တော်ကို နုံတဲ့ကောင်တွေပဲကွာ

aung min thu said...

ဘယ်တုန်း ကများ မြန်ခဲဖူးလို့ လဲ ဗျာ......

myo thant said...

တော်တော်သိတဲ့မဒါလီ။

Internet men said...

အမြဲတန်းအကြောင်းအမျိုးမျိုးပြ ရေနစ်နေသောလိုင်းများ ဖြစ်ပါကြောင်း

minnwe said...

အစထဲကကောမြန်လို့ လား

fortuneleader said...

ဘ၀မှာ CONNECTION ကောင်းတယ်ဆိုတာအိမ်မက်ထဲမှာတောင်မကြားဖူးဘူး

မောင်ဆင်ကြီး said...

မြန်မာနိုင်ငံမှာ အင်တာနက်ကျတာ အထူးအဆန်းမဟုတ်ပါဘူး” ဟု call center မှ မဒါလီက ပြောသည်။ ဟာ ဟ.....call center က မမ ရေ ခုလို ၀န်ခံ တာ ကျေးဇူး တင်ပါတယ် .....ဒါကို အထက် အဆင့်ဆင့် က လူကြီးမင်း များ သိကြပါရဲ့ လား .....

Unknown said...

ဟုတ်ပ၊ မြေအောက်ကြိုးမထိလဲ ဒီတိုင်းပဲဟာ၊ အပိုတွေလုပ်ပြီးပြောနေပြန်ပြီ
နိုင်ငံတကာနဲ့တော့ ရင်ဘောင်တန်းနိုင်ဦးမှာပဲနော်...

Thurein said...

အင်းလေ။ သူတို့အင်တာနက်လိုင်းက ဘယ်တုန်းကများမြန်ဖူးလို့လဲ။


အလုပ်သင်ဆရာဝန်ဆင်းမည့်သူများနှင့် ဆေးပညာလေ့လာလိုသူများအတွက် www.academicmedicines.blogspot.com

naingoo said...

ကျေးဇူးပြု၇ုအိမ်သာကျင်းများမတူးကြပါ၇န်..
မြေအောက်ကေဘယ်ကြိုးများထိခိုက်နိုင်ပါသည်

jaithein said...

တစ်ခါလာလဲမြေအောက်ကြိုး...မြေအောက်ကြိုး..မြန်မာနိုင်ငံမှာအင်တာနက်စသုံးကတည်းက လိုင်းကသောက်သုံးမကျတာကိုများဘယ်သုံးကများမြန်ဖူးလို့ လဲ..

မနောမြေ said...

အော် မြေအောက်ကြိုး ဖားပြုတ်ကိုက်ခံရတာ မဟုတ်ဘူးလား..

Ko Nyo Khant ( Mdy university.) said...

မြေအောက်ရထားနဲ့တိုက်မိသောကြောင့် မြေအောက်ကေဘယ်လ်ကြိုးများပြတ်တောက်ရခြင်းသာ..........

sannawmyay said...

ရတနာပုံတယ်လီပို့ရဲ့အင်တာနက်လိုင်းကိုယ်တိုင်က
မြန်မာ့ဆက်သွယ်ရေးအမ်ပီတီလောက်ကိုမကောင်းတာပါ
ရတနာပုံတယ်လီပို့က 512Mp လိုင်း၁ လိုင်းကို FEC 125
မြန်မာ့ဆက်သွယ်ရေး MPT လိုင်းက 512Mp လိုင်း၁ လိုင်းကို မြန်မာ
ငွေ ၅ သောင်းပဲယူတယ် လိုင်းကလဲပိုမြန်တယ်တော်ရုံပိတ်ထား
တာမရှိဘူး
အင်တာနက်ဆိုင်အတွက်ပြောတာပါဖုန်းထဲသုံးတာတော့
မပြောတတ်ဘူး ကျွန်တော်တို့နိုင်ငံမှာဆက်သွယ်ရေးနဲ့လျှပ်စစ်
ကတော့တော်တော်ကိုလိုအပ်ချက်တွေရှိနေသေးတယ်
BAB သောက်မှဖြစ်မယ်ထင်တယ် :D

mad dog said...

တီကောင် နှင့် ချိတ်မိ သဖြင့် မြေအောက် ကြိုးများ သုံးမ၇ အောင် အစိတ်စိတ် အပိုင်းပိုင်း ပြတ်တောက် သွားခြင်းးးး

ရာရာ said...

အထူးအဆန်းမဟုတ်ရင်ထဲ့ပြောမနေနဲ့လေ..။ သောက်ရှက်ကိုမရှိဘူး..သူများတွေက နိုင်ငံအဆင့်အတန်းကို အင်တာနက်မြန်နှုံးနဲ့တောင်တိုင်းနေကြတဲ့အချိန်မှာ...ဟိုဟာကြောင့် ဒီဟာကြောင့်...နှေးရတယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြနေတယ်။ အမှန်က မင်းတို့သောက်သုံးမကျလို့ဒါကိုမလုပ်နိုင်လို့ ..အကုန်သိတယ်..။ အကြောင်းပြစရာကုန်ရင် နောက်တစ်ခု အကြံပေးလိုက်ဦးမယ်။ ပဲပြုတ်သယ် ပဲပြုတ်တောင်းမှောက်လို့ အင်တာနက်မြန်နှုံးကျပါတယ်လို့ပြောလိုက်။

မြတ်နိုး said...

မြေအောက်ကြိုးကို တီကောင်တက်ကြိတ်သွားပါသဖြင့်
အင်တာနက်လိုင်းများပျက်နေပါတယ်
ဟိဟိ

cherish said...

သင်တန်းအသစ်ဖွင့်မယ်ဟေ့။ ရေငုပ်သင်တန်းလေ။ ဒါမှ ရေအောက်ကြိုးပြတ်၊မပြတ်သွားကြည့်လို့ရမှာ။
သင်တန်းကြေးအခမဲ့။ ရေငုပ်ဝတ်စုံကို သတ်မှတ်ထားတဲ့ဆိုင်ကနေ တောင်းသလောက်ဈေးနဲ့ ၀ယ်ရမယ်။ သင်တန်းအပ်လျှင် ဘောက်ချာပါယူဆောင်လာရမည်။

သင်တန်းနေရာ။ ။ ၂ ပတ်ကြိုတင်၍ အသိပေးပါမည်။
သင်တန်းကြေး။ ။ အခမဲ့
သင်တန်းကာလ။ ။ သက်ဆိုင်ရာမှ အကြောင်းကြားစာ မရရှိသေးပါ။

မှတ်ချက် ၁။ အများပြည်သူအား မေတ္တာ ရှေ့ထား၍ ဖွင့်သောသင်တန်းဖြစ်သဖြင့် ဟိုဝန်ကြီးများကဲ့သို့ ရေရာ တိကျသော သတင်းထုတ်ပြန်မှုကို မဖော်ပြနိုင်ခြင်းအား နားလည်ခွင့်လွှတ်ပေးကြပါရန်။

မှတ်ချက် ၂။ ကျေးဇူးပြု၍ အထက်ပါ comment အား ထပ်မံ၍ comment ပေးခြင်း မပြုလုပ်ကြပါရန်။ :P

Powered by Blogger.