ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးပုံ (ရုပ်/သံ)



ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ
ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်
ဖမ်းဆီးခေါ်ဆောင်သွားပါသည်..။

ယခု အင်းကျီ အစိမ်းနှင့် လက်ထိပ်ခတ်ပြီး အရိုက်ခံရသူမှာ ကိုဖိုးဖြူ(ခ)ကိုအောင်မိုးကျော်
ဖြစ်ပြီး ရဲတပ်ကြပ်ကြီးမှ ရင်ဘက်သို့ ဆောင့်တွန်းခံရသူမှာ
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ပေါ်ရေး ဦးဆောင်သူ ကိုကျော်ဆွေရဲ့ ဇနီး
မမိခေးဖြစ်ပါတယ်။

ကိုဖိုးဖြူက ကိုကျော်ဆွေကိုမတရားမလုပ်ပါနဲ့ဒါကျနော်ဦးလေး၊သူကလူ့အခွင့်အရေးအပိုဒ်
(19)၊အပိုဒ်(20)အရငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်တယ်လို့ပြောသောကြောင့် မတရား
 ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။

ကိုကျော်ဆွေ၏ဇနီးမမိခေးမှာ ကိုဖိုးဖြူ(ခကိုအောင်မိုးကျော်ကိုမတရားရိုက်နှက်ဖမ်းဆီး
ခေါ်သွား တာကိုလိုက်လံခေါ်တာကြောင့်မတရာဆောင့်တွန်းခံရခြင်းဖြစ်ပါတယ်။

အရပ်ဝတ်ရဲထဲက ဆိုင်ကယ်ဦးထုတ်အမဲ၊ဆိုင်ကယ်ဦးထုတ်နောက်တွင် တြိဂံပုံပါ၊
လယ်ကတုံးလက်ရှည်အဖြူရောင်၊ဘေးလွယ်အိတ်နှင့်ပုဆိုးအပြာကွက်နှင့်သူသည်
ရွှေဝါရောင်တော်လှန်ရေးတွင်ကျနော်(ဇော်ထွန်း-HRDP)ကိုဖမ်းဆီသောနယ်ထိန်း
အင်ချက်ဇော်မင်းနိုင် ဖြစ်ပါသည်။

(RFA အီးမေးကို ရောက်လာတဲ့ ဗီဒီယိုတခုပါ။)

ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးပုံ (ရုပ်/သံ) ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွင်  ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးပုံ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:11 Rating: 5

55 comments:

Tri Asian Taste said...

ဟေ့ကောင် ဇော်မင်းနိုင်(ခ) ဠင်းတ မင်းသတ္တိရှိရင် ကချင်ပြည်နယ်ကိုသွားပါလား ဘာလို့ လက်နက်မဲ့ပြည်သူကို အနိုင်ကျင့်ရတာလဲ။ မင်းတော်တော်စောင့်သုံးမကြတဲ့အကောင်။ မင်းမရှက်ဘူးလား။ ဘာလက်နက်မှမပါတဲ့ မိန်းမတယောက်ကို အဲဒီလိုလုပ်တာ လူတွေအလုပ်မဟုတ်ဘူး။ အဲဒီလိုလုပ်မှ မင်း ထမင်းစားရတာ? မင်းဘ၀ သနားစရားပါလာနော်၊
သူတကာကို ဟိန်းဟောက်ပြီးမှ ထမင်းစားရတဲ့ နယ်ထိန်း
အင်ချက်ဇော်မင်းနိုင်ရေး မင်းကိုမွေးရတဲ့ မိဘတွေဘယ်အဆင့်ရှိတယ်ဆိုတာ ပြောပြစရာမလိုတော့ဘူး
သနားတယ်။ မင်းအလှည့်ကြရင် ခံနိုင်အောင်ကြိုးစားပါ။

မြန်မာပြည်သား said...

ဒါလာကွဒီမိုကရေစီနိုင်ငံ.....အခုချိန်ထိ..စစ်အာနာစရိုက်ကမပြောက်သေးဘူး...အဓိတက်ကြက်ကြီးနဲ့ အဖွဲ့ ကို...တရာသောဥပဒေစိုမိုးရေးအတွက်ထိရောက်စွာအရေးယူပေးကျပါခင်ဗျာ.....

su said...

တရားပြန်စွဲကြကွာ။

smile said...

ရဲကအရမ်းဟောက်တာပဲဗျာ...ကြောက်စရာကြီး...

မိုးကြိုး မုန်တိုင်း said...

သူတို့တွေက လူ့အခွင့်အရေးဆိုတာ ကြားဖူးယုံကြားဖူးမယ့် အဆင့်ပါ...
ဘာတွေကို လုပ်ရင် လူ့အခွင့်အရေး ချိုးဖောက်တာလဲဆိုတာ ကို သိမယ့်အတန်အစားတွေ မဟုတ်ပါဘူး....
ဘယ်လိုပြောရမှန်းတောင်မသိပါဘူးဗျာ.....

Anonymous said...

ဒို့နိုင်ငံက ရဲတွေက အကြမ်းဖက်သမားတွေလို ပါပဲလားကွာ စိတ်ပြက်စရာအတောကောင်းတာပဲ။

မန်းလေးသား said...

ဒါဟာ သမ္မတကြီးပြောနေတဲ့ ဒီမိုကရေစီလားဟင်.... ပြီးတော့ ခေတ်နောက်ပြန်ဆွဲနေတဲ့ သူတွေကိုချန်ထားခဲ့မယ်ဆိုတာ ဒါမျိုးလားဗျာ..... မှတ်တမ်းတင်နေတဲ့သူကို ပိတ်ပင်တာဟာ သူတို့မတရားလုပ်နေတာကို ပေါ်သွားမှာကိုကြောက်တယ်နဲ့တူတယ်.... ရဲတပ်ကြီးတစ်ယောက်လုပ်နေပြီး မိန်းမတစ်ယောက်ကို တွန်းရဲတယ်နော်... တော်တော်သတ္တိရှိတာဘဲ.... အဲဒါက ဆဒ္ဒပြနေတဲ့သူတွေကို ခေါ်ပြီး မေးမြန်းတဲ့ပုံလားဟင်.... ကျွန်တော်က မန်းလေးသားပါဗျာ.... အခုလျှပ်စစ်မီးပေးဖို့ အတွက်မီးစက်တွေ နိုင်ငံအတွင်းကိုတင်သွင်းလာတယ်.... အပြုသဘောနဲ့ကြည့်ရင် ( မျက်တောင်မွှးတစ်ဆုံးသာကြည့်ရင် ) ကောင်းပါတယ် ဝမ်းသာပါတယ်... အပြုသဘောနဲ့ကြည့်ရင် ( မျက်စိတစ်ဆုံးကြည့်ရင် ) မကောင်းပါဘူး လက်သင့်မခံပါဘူး.... ဘာလို့လဲဆိုတော့ ဆဒ္ဒပြတဲ့မြို့တွေသာ စက်တွေချပေးလိုက်လို့ပါ... တစ်နိုင်ငံလုံးအတွက် ဝယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါ ငွေရှိတယ် ဝယ်ပေးလို့ရတယ်ထားပါဦး ရေတိုအတွက်သာပါ... ရေရှည်မီးစက်တွေသုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... နောက်ကလိုက်ရမယ့် ဆီဖိုး ထိန်းသိမ်းခ အဲဒီလိုအပိုကုန်ကျစရိတ်တွေ ရှိအုန်းမှာပါ.... အခုလဲ မီးစက်တွေကို ဝယ်ခဲ့တယ် ဘယ်လောက် အားရှိတယ် ဘယ်နှစ်လုံးဝယ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားပါတယ်.... ဘယ်လောက်ကုန်တယ်ဆိုတာ မပြောသေးပါဘူး ဘယ်ကုမ်ပဏီက ဝယ်တယ်ဆိုတာလဲမပြောသေးပါဘူး... အခုဝန်ကြီးတွေလုပ်ပုံက သားသမီးတွေက မိဘကို ပူဆာလို့ ဝယ်မကျွေးချင် မပေးချင်ဘဲ ဈေးအလယ်ခေါင်မှာ အရှက်ကွဲမှာစိုးလို့ နိုင်ငံတွေရဲ့အလယ်မှာ အရှက်ကွဲမှာစိုးလို့.... လုပ်ပေး ဝယ်ပေးပုံနဲ့တူနေပါတယ်.... တကယ်လို့ ကျွမ်းကျင်သူသာဆိုရင် တကယ်သိတဲ့တတ်တဲ့သူဆိုရင် အဲဒီလိုလုပ်မယ်မထင်ပါဘူး..... ကျွန်တော်သာလျှပ်စစ်ဝန်ကြီး ကိုအကြံညာဏ်ပေးခွင့် ရှိခဲ့မယ်ဆိုရင် အရင်ဆုံး နိုင်ငံမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ( တည်ဆောက်ဆဲ ၊ တည်ဆောက်ပြီး ၊ လုပ်ငန်းလည်ပတ်နေတဲ့စီမံကိန်း ) တွေကို သေသေချာချာစီစစ် စာရင်းပြုပြီးမှ ပြည်သူလူထုကိုပြောပြ တောင်းပန်မယ် ... နောက်သိပ်မကြာခင်မှာ နောင်အနာဂါတ်အတွက် ရေရှည်စီမံကိန်းကိုဆွဲ ပြီးရင် ပြည်သူ့ကိုချပြမယ်... အခုလောလောဆယ် ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ မီးစက်တွေဝယ်မဲ့အစား ပျက်နေတဲ့ တာဘိုင်တွေ ။ တာဝါတိုင်တွေ ၊ စက်ရုံတွေ စက်တွေကို ပြုပြင်လိုက်မယ်...( အဲဒါရေတိုအတွက် ) ပြုပြင်ဖို့ ဘယ်လောက်ကြာနိုင်တယ်ဆိုတာကို တကယ်လုပ်မဲ့ ပညာရှင်တွေနဲ့တိုင်ပင်ပြီး ဘယ်နှစ်ရက် ဘယ်နှစ်လ ကြာမယ်ဆိုတာပြောပြရင် ပြည်သူတွေလက်ခံပါလိမ့်မယ်... အခုပြုပြင်မှူ့တွေဟာ ဘယ်နနှစ်ခံမယ်ဆိုတာကိုလဲ အာမခံချက်ပေးမယ် ( ပေးနိုင်မဲ့သူတွေကိုပဲ ) လုပ်ခွင့်ပြု လိုက်မယ်... အခုတော့ သမ္မတရဲ့အကြံပေးကလဲ အားရစရာမရှိ... ဒီနားပေါက်ရင် ဒီနားဖါ ဒီနားပြဲရင် ဒီနားချုပ်... ကျွန်တေိာု့တစ်နိုင်ငံလုံး ဖါရာချုပ်ရာတွေချည်းပဲ .... တရားဥပဒေ အထက်မှာ ဘယ်သူမှမရှိ ... ပြည်သူကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်နေပါတယ်ဆိုတဲ့ ပြည်သူ့ရဲ ထောက်လှမ်းရေး တရားသူကြီး ရှေ့နေ... အမတ် ဝန်ကြီး.. ( အားလုံးကိုမဆိုလိုပါ အပြောနှင့်အလုပ် မညီညွတ်သူများသာ ) ဘာလုပ်ကြမှာလဲခင်ဗျာ.... ဘယ်လိုမျိုးတိုင်းပြည်ကို ဘယ်ပုံစံနဲ့ ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မှာလဲခင်ဗျာ......

Anonymous said...

ပြကြဟေ့၊ပြကြ၊တနိုင်ငံလုံးပြကြ၊
မကြာမီစစ်တပ်ပြန်အာဏာသိမ်းရင်၊
တနိုင်ငံလုံးခွေးဘ၀ပြန်သွားကြတာပေါ့၊
ဒီမိုကရေစီနဲ့မတန်တဲ့ပြည်သူတွေ၊

NewGနတ်ရှင်နောင် said...

အထက်က ပြောင်းတယ်ပြောင်းတယ်ပြော အောက်က အရင်လို လုပ်ချင်တာလုပ်နေတာ အရင်လိုပါပဲ။ မူတင်မဟုတ်ဘူး လူပါပြောင်းတော့ မှကောင်း တော့ မယ်ထင်တယ်။ ၀န်ထမ်းဆို တာပြည်သူတွေက ပဲဖြစ်လာတာပါ။ ကိုယ်ကျိုး ပဲကြည့်ပြီး အတ္တစိတ်များနေတဲ့ လူတွေကြောင့်အခုလို ဖြစ်နေတာပါ။ အဲ့လို ဖြစ်အောင်လည်း အရင်ခေါင်းဆောင်တွေ ပုံသွင်းထားတယ်လို့ ထင်ပါတယ်။ ငယ်ငယ်ထဲက ကြားဖူးနေတာ ရဲဆို တာငိုစား ရီစားတဲ့ ငယ်တဲ့သူဆီက ချောက်ပြီး စားတယ်။ ကြီးတဲ့သူဆီက မျက်နှာချိုသွေးပြီး စားတယ်။ အားလုံးကို မဆိုလို ပါ။ အဲ့ဒါတွေကလည်း ခေါင်းဆောင်မကောင်းလို့ နဲ့ ပျက်သားတဲ့ ဥပဒေမရှိလို့ ဖြစ်တာလို့ ထင်ပါတယ်။

nl said...

မြန်မာပြည်မှာ ဘာဖြစ်ဖြစ်ပြည်သူကိုအနိုင်ကျင့်စော်
ကားတဲ့အကျင့်ဆိုးကတော်တော်နဲ့ပျောက်မယ်မထင်
ပါ။အခုလည်းဖြုတ်ဦးဏှောက်နဲ့ကောင်တွေအကြံပေး
အုပ်ချုပ်နေတဲ့တိုင်းပြည်မှာအနိုင်ကျင့်နေကြပြန်ပြီ။

သခင်ဝတင် said...

ပြည်သူကျွေးတဲ့ ပြည်သူကို နိုပ်စက်တဲ့ အကောင်တွေ ။

သခင်ဝတင် said...

ပြည်သူ ကျွေးတဲ့ ထမင်းစားပြီး
ပြည်သူကို နိုပ်စက်တဲ့ အကောင်တွေ ။

koko said...

(ရဲ-p-o-l-I-c-e)==အဓိပ္ပါယ်သိတဲ့လူများရှိရင်ပြောပြကြပါအုံးဗျာ------
ကျွန်တော်သိတာမပြည့်စုံလို့ပါ။ကျတော်သိတဲ့-ရဲ-အဓိပ္ပါယ်က------
ချိုသာယဉ်ကျေးမှူရှိသော---
ပြည်သုအသက်အိုးအိမ်ကိုစောင့်ရှောက်ကာကွယ်ပေးသော----
အသိဥာဏ်ပညာထက်မြတ်သော---
အမြဲနိုးကြားတက်ကြွနေသော----
ကျတော်သိသလောက်ဗျ----လိုပိုရှိမယ်--သိတဲ့လူပြည့်စုံအောင်ဖော်
ပြပေးနိုင်ရင်ကောင်းမယ်ဗျ။။ဒါဆိုမြန်မာရဲတွေဟာဘယ်လိုသတ္တဝါနဲ့
ဆိုတာခိုင်းနှိုင်းစရာမလိုပဲ။အဓိပ္ပါယ်ပြည့်စုံသိသွားသူတိုင်းသိလိမ္မယ်။

taungpaigyi said...

အဆင့်အတန်းမရှိတဲ့​ကောင်​တွေထဲမှာ ရဲက​ရှေ့ဆုံးကပဲ၊ဘယ်လိုအရည်အချင်းကန့် သတ်ချက်မျိုးနဲ့ ရဲ​တွေကို ​ရွေးချယ်သလဲမသိဘူး​နော် တ​ကောင်မှကို ​သောက်ဆင့်မရှိတာ၊​ခွေးမသား​တွေ၊

ဘိုစံနှင့်အဖွဲ့ said...

ဒီရဲတွေကို တရားပြန်စွဲသင့်ပြီ

s: said...

သန်းရွှေဘုန်းကြီးတွေကိုသတ်....ပြည်သူကိုသတ်နဲံ....မင်းနဲံမင်းနောက်လိုက်တွေလဲလဲဘယ်လိုသေမလဲဆိုတာကြည့်ကသြေးတာပေါ့....

sainyi said...

ပြောကြ၇င်တော့ ပြည်သူ့ ၇ဲ တဲ့ ကွာ နာမည်ကတော့တော်တော်လှတယ်
ပြည်သူတွေကိုဒုက္ခပေးကြအုန်းမယ့်ရဲ့ တွေပါလား စစ်တပ်ပြီးတော့ရဲတွေအာ
ဏာ၇ပြီးပြည်သူတွေအနှိပ်စက်ခံ၇အုံးမယ်ထင်တယ် တစ်ချိန်ကစစ်အ၀တ်ကို
ဝတ်ပြီးနှိပ်စက်ကြ ခုကြတော့ စစ်ဝတ်ကိုချွတ်ပြီးရဲအ၀တ်ကိုဝတ် နှိပ်စက်ကြ
အုံ့းမယ် ပြော၇၇င်တော့ရဲတိုင်းမှူးတွေဟာစစ်တပ်ကဗိုလ်မှူးအဆင့်ရှိသူတွေကိုခန့် တယ် နောက်ရဲချုပ်ဖြစ်နေသူကတော့ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ကလေးမြို့ ဒကစကပြောင်းလာတယ်သူဖြစ်တယ် နောက်ပြည်ထဲေ၇းဝန်ကြီးဆိုသူကလဲ
စစ်တပ်မှာ ဒုဗိုလ်ချုပ်ကြီးအဆင့်ရျိသူတွေကိုခန့် ထားတယ်ဗျာ အမှန်တကယ်
ပြော၇၇င် ပြည်သူ့ ရဲဆိုတာမရှိပါဘူး အာဏာဟာစစ်တပ်လက်ထဲမှာပဲရှိပါသေးဗျာ စစ်တပ်ဟာ လက်ရှိအစိုး၇အဖွဲ့ 
မှာသူတို့ လူတွေကိုထည့်သွင်းထားဆဲပါဗျာ လွတ်တော်ထဲကိုကြည့်မလား
အ၇ပ်သားဆိုတာလွတ်တော်ထဲမှာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာကမှတွေ့ နိုငပါသေးတယ် အမှန်တကယ်ရဲအစစ်အမှန်တွေဟာ စစ်တပ်ကလာတဲ့ သူ
တို့ ရဲ့ အထက်လူကြီးကိုကြောက်လို့ လုပ်ကိုင်နေကြတာပါ တစ်ချို့ ရဲတွေကြ
တော့လဲရာထူးလေးမျှားတို့ ပေးမလားလို့ မျက်နှာလို မျှက်နှာ၇လုပ်ပေးနေကြ
တာ ဇော်မင်းနိင်လို ကောင်တွေပေါ့ကွာသခင်အလိုကြဟောင်ပေးမှ အရိုးလေးတော့သူခမျာကိုက်၇ျမှာပေါ့ဗျာ

forall said...

ဒီကောင်တွေ လူ့အခွင့်အရေးတွေဘယ်လိုနားလည်မှာလဲ..
ဒီကောင်တွေဟာ လူရည်ခြုံသော ခွေးတွေလေ....

Unknown said...

ရဲအလုပ်ကိုရဲလုပ်တာကောင်းမယ်နဲ့တူတယ်။ ပြည်သူအလုပ်ပြည်သူလုပ်မယ်။

sawkofan said...

ဒါကတော့ ဘယ်နိုင်ငံမှာမဆို စင်းလုံးချော ကောင်းမွန်တဲ.သူတော့ဘယ်ရှိပါမလဲဗျာ ဆန္ဒပြတာကိုလက်ခံပေးနိုင်ပေမယ့် မပေးနိုင်သေးပါဘူး နောက်ပေးနိုင်အောင်ကြိုးစားနေပါတယ်ပြောနေတာကို လက်မခံပဲ အခုမှအခုလို. ကလေးဆိုးဆိုးနေရင် အကုန်လုံးက နောက်ပြန်လှည်.သွားနိုင်ပါတယ် ပြောသာပြောရတာ လူမျိုးတကာလူမျိုးထဲမှာ ကျွန်တော်တို.ဗမာလူမျိုးက စည်းကမ်းမဲ.ဆုံးပဲ

Mical said...

ဘာကောင်တွေလဲကွာ အရင်က အချိုးတွေအတိုင်းပဲ

phyuthar said...

ရဲကတော့တော်တော်ရဲတယ်
အနိုင်ကျင့်တာပြောတာနော်

phyuthar said...

ရဲကတော့တော်တော်ရဲတာပဲနော်
အကြမ်းဖက်တာပြောတာနော်

Unknown said...

အခုအချိန်အထိ ဒါမျိုးတွေရှိတုန်းပဲလား။ မြန်မာပြည်နံနှိမ်တာကြာပြီ။
ခုအချိန်အခါမှာတော့ ဒါမျိုးတွေမရှိသင့်တော့ပါဘူး။ သတိထားဟဲ့..

Unknown said...

ဒီပုံနဲဆို နောက်တခါ အနာသိမ်းပွဲကြီး စခါနီးနေပီထင်ဒဲ???

ကိုမျိုး said...

ဟို တစ်လောကတော့မန်းန္တလေးသားတွေကိုတော်တော်အထင်ကြီးမိတယ် ကျူံးဘေးကိုရဲလေး၁၅ယောက်လောက်နဲ့ရဲကားလေး သုံးစီးလောက်ချထားလိုက်တာနဲ့ပျောက်သွားလိုက်ကြတာ ဒုတိယနေ့က စွမ်းဟော်တယ်ရှေ့လက်မှတ်ရေးထိုးပွဲလာလုပ်တဲ့အဖွဲ့တစ်ဖွဲ့ဆိုရင်ကျွန်တော်တို့လက်မှတ်ထိုးမယ်လုပ်တော့တောင်ကိုးနာရီထိုးသွားလို့ပါမနက်ဖြန်လဲရှိသေးပါတယ် လာခဲ့ကြပါလို့ပြောပြီး နောက်နေ့သူတို့များရောက်နေမလားလို့သွားကြည့်တော့ရဲတွေပဲတွေ့တယ်ကျန်တဲ့မြို့သူမြို့သားတွေကျတော့စည်းကမ်းမရှိဘူး တရားမ၀င်ဘူးပြောပြီးတော့ သူတို့ကမှငကြောက်တွေ နောက်နေ့ကျန်တဲ့မြို့သူမြို့သားတွေကအကုန်လာတယ်

ngaba said...

ရဲတွေရဲ့ အကြမ်းဖက်လုပ်ရပ်က..
သမ္မတကြီးရဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ်ဆိုတဲ့စကားတွေ..
လွှတ်တော်ရဲ့.. ပြည်သူ့အသံ..လွှတ်တော်အသံ ဆိုတာတွေ..
တစ်စစီဆုတ်ဖြဲ ခြေထောက်နဲ့ တက်နင်းသလို ခံစားရတယ်။
ပြည်သူတွေ ဆန္ဒဖော်ထုတ်တာကို အပြစ်တစ်ခုလို့ မြင်နေမှတော့ ဒီစနစ်ကြီး ဘယ်လိုအကောင်အထည်ဖော်မလဲ..
ဒီမိုကရေစီရဲ့ အနှစ်သာရ၊ အာဏာစီးဆင်းပုံကို
ရဲတွေ.. အသေအချာ သိနားလည်အောင် သင်တန်းပေးသင့်ပါပြီ..
ဒီလူတွေ နားလည်ပုံကို မရပါဘူး။ အမိန့်ပေးသူတွေကိုယ်တိုင် အာဏာရှင်စနစ်ရဲ့ ကိုင်တွယ်ပုံကိုပဲ အရိုးစွဲနေပုံရပါတယ်။
လူတွေ ဆန္ဒဖော်ထုတ်တာကို ရပ်ရွာဆူပူအောင်လုပ်တယ်လို့ ထင်မြင်နေတာ သူတို့ ခံယူချက် နားလည်မှု လွဲမှားနေတာပဲ။
ပြည်သူ့ဆန္ဒကို အစိုးရနဲ့ လွှတ်တော်က သိရမှ လိုအပ်တာတွေ လုပ်ဆောင်ပေးရမှာ..
အခုလို ဆန္ဒဖော်ထုတ်တာကို ပိတ်ပင်ဖို့ ကြိုးစားနေရင် လွှတ်တော်က ပြည်သူ့ဆန္ဒကို မသိရဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ကြမှာလား..
ဆန္ဒဖော်ထုတ်ကြသူတွေထဲမှာ အဖျက်အမှောင့် လုပ်ချင်သူတွေ မပါလာအောင် ရဲတွေက စောင့်ကြပ်ကူညီရမှာ..
ဒီဗွီဒီယိုဖိုင်ကို ကြည့်ရတာ စိတ်ဓာတ်ကျတယ်ဗျာ..
ရဲတွေကို သူတို့ရဲ့ mindset ပြောင်းလဲဖို့ သင်တန်းတွေ ပေးသင့်ပြီ..
ကိုယ့်နိုင်ငံသား မိဘပြည်သူတွေကို ရန်သူသဖွယ်ဆက်ဆံနေတာ.. မြင်ရပါများလွန်းလို့ ရိုးသလိုလိုတောင် ဖြစ်နေပေမယ့်..
ဒါဟာ.. အကြီးမားဆုံးသော အမှားကို ထမင်းစားရေသောက် လုပ်နေကြတာပဲ..
အမြန်ဆုံးပြုပြင်ပေးကြပါ။

Anonymous said...

ဒီကောင်တွေလူ့အခွင့်ရေးကိုဘာနားလည်မှာလဲကွ။
ဆန်မရှိပဲပြုတ်၊ညာဏ်မရှိ ရဲ လုပ်တာပဲ့။

suhaili said...

လုပ်ပေါ့ ရှင်တို့က ရဲတွေပဲ...

king said...

ရန်စ နေတာထင်တယ် အားလုံး မခံမရပ်နိုင်အောင် လုပ်နေတာလား ရဲတွေကို ဒီလိုလုပ်ဖို့ ဘယ်သူ ခွင့်ပေးထား တာလဲ ဒီခွေးမသားတွေဟာစစ်အစိုးရလက်ထက်မှာ ပို အနေ အစားချောင်မှန်း သိသွားပြီ ပြည်သူ့အတွက် မကြည့်တော့ဘူး

king said...

အရင်တုန်းက နေအိမ်အကျယ်ချုပ်နဲ့ဘာမှမလုပ်နိုင်အောင် အနိုင်ကျင့်ထားနေရင်းနဲ့တောင် ဒီစစ်ခွေးတွေဟာ အမေစုကို နိုင်ငံပိုင် မီဒီယာ အမျိုးမျိုးကနေ နေ့စဉ် ရန်စ စော်ကား တိုက်ခိုက်ခဲ့ကြတာ မမေ့ကြပါနဲ့ ဘယ်သောအခါမှ ယုံကြည်လို့ မရတဲ့ အာဏာရူး ခွေးသူခိုးတွေ နေရာပြန်ရအောင် တနင့်တပိုးခိုးထားတဲ့ ပြည်သူ့ ဘဏ္ဍာတွေ သုံးပြီး မသေမချင်း ဥာဏ်နီ ဥဏ်နက်တွေ သုံးပြီး ကြံစည်နေကြမှာပဲ

angry ppl said...

ရဲတွေလဲလူထဲကလူပါ၊ဘာဖြစ်လို့ဒီလောက်ရိုင်းရတာလဲ။

လင်းလင်း said...

အမေစုတော့သိပ်မှန်တယ်ဗျ လမ်းတို့,ဆက်သွယ်ေ၇း,လျှပ်စစ်မီးတို့ဆိုတာအစိုး၇ကလုပ်ပေး၇မဲ့တာဝန် ဒီတာဝန်ကိုမယူနိုင်ဘူးဆို၇င် အစိုး၇မလုပ်နှင့်ဗျာ နိုင်ငံကိုအုပ်ချုပ်ပြီး တိုင်းပြည်ကိုတာဝန်ကျေအောင်မထမ်းနိုင်ဘူးဆို၇င် နိုင်ငံတာဝန်မယူနှင့်ပေါ့ မင့်တို့ကောင်တွေစောက်၇ှက်တော်တော်မ၇ှိတဲ့ကောင်တွေ ကိုယ့်လူမျိုးကို ကိုယ်ပြန်နှိပ်စက်တာဘယ်နိုင်ငံမှမ၇ှိဘူး

ဧနဒီ said...

တော်တော်လူမဆန်ဘူးဗျာ။ ဒါထက်ပြောစရာစကားလုံးလည်း ရှာမတွေ့ဘူး။ ရင်ထဲမှာ ဆို့နင့်နေလို့။

MI 35 said...

seindiamond said...

ပြကြဟေ့၊ပြကြ၊တနိုင်ငံလုံးပြကြ၊
မကြာမီစစ်တပ်ပြန်အာဏာသိမ်းရင်၊
တနိုင်ငံလုံးခွေးဘ၀ပြန်သွားကြတာပေါ့၊
ဒီမိုကရေစီနဲ့မတန်တဲ့ပြည်သူတွေ၊

seindiamond ပြောတာထောက်ခံပါတယ်။ ငြိမ်းချမ်းစွာ ဆန်ဒပြချင်ရင် ညအချိန် ဖယောင်းတိုင်ဝယ်ထွန်းပြီးပြပါ၊ နေ့အချိန် ဆန်ဒပြရင် အရေးအခင်းကြီးဖြစ်နိုင်ပြီး၊ ၁၉၈၈ ဘ၀ပြန်ဖြစ်သွားနိုင်ပါတယ်။ ခေါင်းရှိတဲ့ကောင်တွေဆိုရင် ငြိမ်းချမ်းစွာ ဆန်ဒပြပါ၊ လက်ရှိအစိုးရလုပ်ရပ်တွေကိုမကြိုက်ရင်၊ နောက်ရွေးကောက်ပွဲမှာ လုပ်နိုင်မယ်ထင်တဲ့ ပါတီကို မဲများများထည့်ပါ။ ပြည်သူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဆူဆူပူပူဖြစ်ပြီး အရေးအခင်းကြီးဖြစ်သွားရင် ရွေးချယ်ပိုင်ခွင့် ပြန်ပျောက်ဆုံးသွားပါလိမ့်မယ်
ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပြီး ကြိုက်တဲ့ပါတီမဲထည့်မယ့်
MI 35

ကိုယ်တော်ချော said...

seindiamond
မင်းကကောပြည်သူလား ခွေးလား မင်းအဖေတွေက KIA ဗုံးမခွဲခင် ကတည်းက မီးကို အလှည့်ကျနဲ့ပေးနေတာ အခုမှ ဗုံးခွဲခံရလို့ပဲ မီးအလှည့်ကျနဲ့ပေးရသလိုနဲ့ ရောချနေတာ အာဏာပြန်သိမ်းသွားတော့ကော -ီး ဖြစ်လားကွာေ-ာက်ရှက်မရှိရင် ပြန်သိမ်းပေါ့ မင်းပထွေးတွေ ဘက်က နာမနေနဲ့ စောက်ရူးရဲ့

talwinsuccess said...

မြန်မာပြည်မှာတကယ်တမ်းကျတော့ဘာမှအသုံးမကျတဲ့ရဲတွေကြီးပါဘဲ။ဘာအဆင့်မှလဲမရှိကြပါဘူး။ယူနီဖောင်းဝတ်ထားတာတခုဘဲရှိပါတယ်ဗျာ။ပြည်သူတွေကိုအဲလိုတော့မလုပ်ကျပါနဲ့......
ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်ရှိကြပါစေ................

ပေါက်စလေး(သထုံ) said...

တခြားတော.မပြောချင်ပါဘူး..ကိုစိန်ဒိုင်းမွန်း ကိုဘဲပြောချင်တာ..ဒီလိုလည်းမဟုတ်သေးဘူးလေ..အများအတွက်အနစ်နာခံပေး
တာလေ..ဒီလိုပေးဆပ်ခဲ.တာတွေရှိလို. ကောင်းကျိုးကိုရတာပေါ..ဒါဟာအပျက်
သဘောလား..အပြုသဘောလားကြည်.ပါ..ပြကြဟေ့၊ပြကြ၊တနိုင်ငံလုံးပြကြ၊
မကြာမီစစ်တပ်ပြန်အာဏာသိမ်းရင်၊
တနိုင်ငံလုံးခွေးဘ၀ပြန်သွားကြတာပေါ့၊
ဒီမိုကရေစီနဲ့မတန်တဲ့ပြည်သူတွေ၊ ဆိုတော. ဒီလိုတော.မပြောသင်.ပါဘူး..ကိုယ်
ကျိုးတွက်လုပ်တာလားအများတွက်လုပ်တာလားတော.သေချာလေးစဉ်းစားစေချင်ပါတယ်...

Gyittoo said...

ပြည်သူတွေဆန္ဒပြအောင်လုပ် မထိမ်းနိုင်ဘူးဆိုပြီး အာဏာပြန်သိမ်းဦးမှာလားမသိ။ သတိတော့ထားကြနော်။

kowin said...

အော်.........ပြည်သူ့ ရဲဆိုတာဒီလိုလား.....မထင်ရဘူးနော်။ အခုအချိန်ထိအရှက်မရှိပဲထိုင်ခုံပေါ်မှာထိုင်နေနိုင်းသေးတယ်နော်။ပြောတော့ပြည်သူအတွက်တဲ့ ......ရဲတပ်ဖွဲ့ ဆိုတာပြည်သူအတွက်မဟုတ်တော့ဘူး..(နွား=အရာရှိ)တွေအတွက်ပဲကိုး..ထင်တောင်မထင်ရဘူး..အရပ်ဝတ်နဲ့ တော့အပြင်မထွက်မိစေနဲ့ ပေါ့နော်....မသာကားကစောင့်နေတယ်။

ဗိုလ်ဖြူ said...

ကိုမန်းလေးသားရဲ့အဆိုကိုထောက်ခံတယ်....

thawmyoh said...

ကြည့်ကြပါဦးဗျာ ရှူးတိုက်လိုက်တာနဲ့  လိုက်ကိုက်နေကြတဲ့ ရဲ တွေ
ရှူးတိုက်တိုင်းကိုက်တာ ခွေးကွ။ မင်းတို့ လဲ မီးပျက်တဲ့ဒုက္ခတွေ ခံစားနေကြရမှာပါ ခွေး တွေရာ အေး တိုင်းပြည်နဲ့ ပြည်သူအတွက် ကိုယ်ချင်းစာတရားမရှိ တိုင်းပြည်နဲ့ ပြည်သူ့ အကျိုးစီးပွားအတွက်မစဉ်းစားပဲ "အရိုး"လေးကိုက်ရဖို့  ရှူးတိုက် တိုင်းလိုက်ကိုက်နေရင် အဆိပ်တုံးပြစ်ပြီးရှင်းတဲ့အခါ မင်းတို့ လို ခွေးဆိုးတွေ မျိုးပြုတ်တော့မှာပေါ့ကွာ။

law ka par la said...

ရဲတွေရေမင်းတို့ကကောတာဝန်ကဘာလည်းဟင် ငြိမ်းချမ်းစွာဆန်ဒထုတ်ဖော်နေတဲ့ပြည်သူလူထုကိုကာကွယ်ပေးရမှာလေ မင်းတို့ခုရနေတဲ့လစာတွေကကောမင်းတို့ကိုဘယ်သူတွေကပေးထာားာလည်း

မိုးကြိုး မုန်တိုင်း said...

နောက်တစ်ခါအာဏာသိမ်းမယ်ဆိုတာက.. မဟုတ်သေးဘူးနဲ့တူတယ်
ပြည်သူတွေဆန္ဒဖော်ထုတ်နေတာက ငြိမ်းငြိမ်းချမ်းချမ်းလေးပါ.. လက်နက်ကိုင်ပြီး အကြမ်းဖက်ဆန္ဒပြနေတာမဟုတ်ပါဘူး....ဆန္ဒပြတယ်ဆိုကလည်းက ကိုရဲ့လိုအပ်ချက်တွေကို ပိုစတာ. စာသား.ရုပ်ပုံလေးတွေနဲ့ ရေးပြီး တိတ်တိတ်ဆိတ်ဆိတ်လုပ်တာရှိသလို... ပါးစပ်ကနေပြီး သံချပ်ပုံစံမျိုးနဲ့ အော်တာလည်းရှိပါတယ်... အော်တာက ပိုပြီး အကျိုးရှိတယ်လို့ ထင်ပါတယ်.....ဥပမာ.. ဆံပင်တုစက်ရုံက ....
တောင်ကိုရီးယားတွေ ဘာလုပ်တာလဲ...
မြန်မာပြည်မှာ ဒီလိုမလုပ်နဲ့ ဥပဒေရှိတယ်
ရဲရင့်ပြတ်သားတဲ့ ကြွေးကျော်သံလေးပါ...
ုငြိမ်းချမ်းစွာဆန္ဒပြတာကို ကြိုဆိုပါတယ်....အကြမ်းဖက်မှ အာဏာသိမ်းနိုင်မှာပါ... အရေးကြီးတာက.. အကြမ်းမဖက်အောင် တားနိုင်ဖို့ပါပဲ

Unknown said...

လူဆိုတာဘာလဲ......(အကျိုးအကြောင်း အကောင်းအဆိုး အမှားအမှန် ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ ဥာဏ်ရှိလို့ )လူလို့ ခေါ်တာပါ...အခု လက်ရှိ.ဒီဟာတွေက..ဘာဖြစ်မလဲ..?..ခွေးတွေ လို့ ပြောကြပါတယ်..သူတို့ ကိုခွေးလို့ နှိုင်းရင် ခွေးသိက္ခာကြအုံးမယ်...သူတို့ ဦးနှောက်ထဲမှာ..ချီးတွေပြည့်နေလို့ . ..လူတွေ လိုမဟုတ်တော့ဘူး..ဒါကြောင့်ခေါ်စရာအမည်လေးတခုလောက်စဉ်းစားပေးကြပါအုံး...မြန်မာပြည်သူ ပြည်သားတွေ ဆင်းရဲခြင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်လို့ .ဖြစ်လေရာ..ဘဝတိုင်းဒီလို လူမျိုးတွေ နဲ့ မကြုံပါရစေနဲ့ လို့ ဆုတောင်းနေလျက်....

lionking said...

တစ်ချို့သော လူတွေက post တစ်ခုမှာ ရေးတဲ့ comment နဲ့ နောက် post တစ်ခုမှာ ရေးတဲ့ comment ရပ်တည်ချက်တွေက ပြောင်းပြန် တွေ တွေ့နေရတယ် အားလုံးကို တစ်နေကုန် အချိန်ကုန်ခံ ဖတ်ထားတာပါ ဒီလိုလူမျိုးတွေအတွက် ဒီမှာ နေရာမရှိပါဘူး ကိုယ့်ကိုကိုယ် သိမှာပါ ဒီခေတ်ကို လိုက်မလာခင်မှာ ဆေးအရင်ကုလိုက်ပါလို့ အကြံပေးချင်တယ် ရောဂါမပျောက်ခင်တော့ အသွားအလာလေးဆင်ချင်ပေးပေါ့ ချစ်တီးဆိုင်ရှေ့ဖြတ်လျှောက်မိရင် မင်းကို ဟင်းချက်ပစ်ကြလိမ့်မယ်

shein said...

အင်္ဂလိပ်ခေတ်တုန်းက ကျောင်းသားသပိတ်နဲ့ အလုပ်သမားသိပ်ပေါင်းသွားမှာကို လမ်းလွှဲဖို့ ကုလားနဲ့ဗမာရိုက်ပွဲဖြစ်အောင် ဖန်တီးလှုံ့စော်ခဲ့တာ သမိုင်းမှာ အထင်အရှာရှိခဲ့တာပဲ။ အခုလဲ NLD လွတ်တော်ထဲရောက်ပြီးနောက်ပိုင်းမှာ အရေးအခင်းဖြစ်အောင် လှုံ့စော်မှုတွေရှိလာတယ် ပြည်သူတွေသတိထားသင့်ပြီ။ အခု ဆန္ဒထုတ်ဖေါ်ပွဲတွေမှာ တာဝန်ရှိသူတွေဟာ ပေါက်ကရတွေလျှောက်ပြောပြီး ပြည်သူတွေကိုဆွပေးနေတယ် ပြီးတော့သူတို့ရဲ့လက်ကိုင်တုတ် ရဲနဲ့ ရန်တိုက်နေပြီ။ နောက်တော့ဆူပူမှုနဲ့ ထိန်းသိမ်းမယ် အရေးပေါ်ကာလပြဌာန်းမယ် လွတ်တော်ရပ်နားမယ် ပြည်သူ့ခေါင်းဆောင်တွေကို ထောင်ထဲပြန်ထည့်ပြီး ချောက်ကမ္ဘားထဲကျလုနီးနီး တိုင်းပြည်ကြီးအား ကျွန်ုပ်တို့တပ်မတော်မှ ကယ်ဆယ်လိုက်သည် ဟုဆိုကာ ကျွန်ုပ်တို့အား ခွေးတိုးဝက်ဝင်ဘ၀သို့ ပြန်လည်ပို့ဆောင်ကြပေလိမ့်မည်။ သတိရှိကြပါစေ

luck said...

အော် မြင်ရတွေ့ရတာ လုံးဝကိုစိတ်မချမ်းသာစရာပါလား.. တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဆန္ဒပြကြပေမယ့် ရဲတွေနဲ့ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်သွားကြတာတွေ့ရပါတယ်.. ဒါဟာ ဒီမိုကရေစီ နုနယ်သေးပေမယ့် ကောင်းသောအလားလားပါ.. ပြည်သူတွေ
ကလည်း ငြိမ်းချမ်းစွာဘဲ မိမိတို့ဆန္ဒကိုထုတ်ဖော်ကြတယ်.. တာဝန်ရှိသူအာဏာပိုင်များကလည်း ငြိမ်းချမ်းစွာဆန္ဒပြတာကို
(စောင့်ရှောက်ရင်း) တာဝန်ယူကြရပါမယ်.. ဒီလိုပြည်မြို့က အဖြစ်အပျက်က ရဲများရဲ့ လုပ်ဆောင်မှုကို ရှုတ်ချပါတယ်.. ဆန္ဒပြတဲ့သူတွေက အကြမ်းမဖက်သရွေ့ သူတို့တွေလုပ်ပိုင်ခွင့်မရှိပါဘူး...ဥပဒေထွက်ပြီး နည်းဥပဒေမထွက်သေးလို့ဆိုပြီး လုပ်လို့မရပါဘူး.. .ပြည်သူတွေအားလုံးကလည်း အချိန်အတိုင်းအတာတစ်ခုအထိမိမိတို့ဆန္ဒကို ထုတ်ဖော်ပြီးရင် စောင့်ကြည့်ရပါမယ်.. နေ့တိုင်းလမ်းပေါ်ထွက်လို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး... လက်ငင်းချက်ချင်းအဆင်မပြေသေးပေမယ့် အစိုးရရဲ့တာဝန်ယူမှု၊ ဖြေရှင်းပေးမှု၊ အနာဂတ်အစီအမံများအား စောင့်ကြည့်ရ ပါမယ်.. မြန်မာပြည်သူများအားလုံး အေးချမ်းသာယာပြီး လိုအင်ဆန္ဒများ ပြည့် ၀ကြပါစေ...

DOTA LOVER said...

ကိုယ်တော်ချော ပြောတာမှန်ပါတယ် seindiamond စကားပြောဆင်ခြင်သင့်ပါတယ် အကုန်လုံး လူတွေ ချည်းပါပဲ လူလို ပြောထားတဲ့အတွက် အကုန် နားလည်ပါတယ် ဒါပေမယ့် မကျေနပ်တာတစ်ချက်က အလှည့်ကျပေးထားတဲ့ စနစ်မှာမီးပျက်တဲ့ ၆ နာရီမှာ ယောင်လို့တောင် တစ်ချက် မီးမလာဖူးဘူး…But..
မီးလာတဲ့ ၆နာရီမှာ ခဏခဏ ပျက်တာဘာလို့လဲ ဘာလို့ခဏခဏဖြတ်ရတာလဲ လာ၆ ပျက်၆ ဆိုရင် မီးလာအောင် စောင့်ရကျိုးနပ်တယ် အခြေခံလူတန်းစားတွေ ဘဝကိုဆင်းကြည့်လိုက်ပါဦး ၅ နာရီ မီးလာလို့ထမင်းချက်ဖို့တန်းစီ စောင့်နေတဲ့ လူတွေ အများကြီးပါ ဒါပေမယ့် လာတာက မိနစ်ပိုင်းပဲ ရှိပါသေးတယ် ပြန်ပျက်ရတာ ဘာကြောင့်လဲ…..ဘယ်သူမှ အသားလွတ် ဆန္ဒ ပြကြတာ မဟုတ်ပါဘူး
ဖြစ်ချင်တာကို ဖြစ်လာပါ့မလားဆိုတဲ့ အသိနဲ့ လူတိုင်း မကြောက်မရွံ လုပ်နေကြတာပါ ဒါကို အားမပေးရင်နေပါ မရှုံ့ချပါနဲ့……..

MI35 >>ဆန္ဒထုတ်ဖော်ပါတယ်ဆိုနေမှ နေ့အချိန် ည အချိန် ရွေးနေရဦးမှာလား...မင်းအလှည့်ကျမှ အဲ့လို ရွေးနေ သေဖို့အတွက်…

to said...

ခွေးတွေ

kyaw gyi said...

သူတို့ ကအဖေချစ် သူအဖေ အတွက် လုပ်ပေးနေတာလေ

ခွေးလောက်မှအသိဥာဏ် မရှိတာ

Myo Zaw said...

ဟုတ်တယ် မှန်ပါတယ်..သူတိုပြောတာတွေမှန်ပါတယ်

Unknown said...

ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်နေကြတာလဲ ..
အချင်းချင်းတွေနော် ..
အားလုံးကိုယ့်အမြင်နဲ့ ကိုယ်ရှိကြမှာပေါ့ ..
လူကိုတိုက်တာလား ... စနစ်ကိုတိုက်တာလား
အမေစုပြောတာတော့ .. စနစ် ..
ကဲ .. ဘယ်လိုလဲ ?

Ma Ma Hnin ze said...

သူတိုနာမည် အသစ်က မြန်မာနိုင်ငံကအကြီးတန်းသူတောင်းစား များလေ၊ဒါတောင်ဝါသနာ၇ှင်အဆင်ပဲ၇ှိသေးတယ်။

Naing Naing said...

ဒီကောင်တွေ တော်တော်မိုက်ရိုင်းလှချဉ်လား ဘယ်သူ့အားကိုးနဲ့ ရိုင်းနေတာလဲ....

Powered by Blogger.