NLDအမတ် ဦးဖြိုးဇေယျာသော် ကျောက်တံတားမြို့ နယ် အဖွဲ့ ချုပ်ရုံးဖွင့်ပွဲမှာ မိန့် ခွန်းပြောကြားစဉ် (အသံဖိုင်)


မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLD မြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ရုံးခန်းဖွင့်လှစ်ပွဲ မှာ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်
 မှ လည်း မိန့် ခွန်းပြောကြားခဲ့ပါသည်။

မိန့် ခွန်းအပြည့်အစုံကို အသံဖိုင် မှာ နားထောင်ပါသည်။
မေလ(၂၅)ရက်နေ့ မနက်ပိုင်း က" ထာဝရ ငြိမ်းချမ်းရေး ၆၇ "လှုပ်ရှားမှုမှာတွေ့ ရစဉ်
NLDအမတ် ဦးဖြိုးဇေယျာသော် ကျောက်တံတားမြို့ နယ် အဖွဲ့ ချုပ်ရုံးဖွင့်ပွဲမှာ မိန့် ခွန်းပြောကြားစဉ် (အသံဖိုင်) NLDအမတ် ဦးဖြိုးဇေယျာသော် ကျောက်တံတားမြို့ နယ် အဖွဲ့ ချုပ်ရုံးဖွင့်ပွဲမှာ မိန့် ခွန်းပြောကြားစဉ် (အသံဖိုင်) Reviewed by သစ်ထူးလွင် on 03:15 Rating: 5

13 comments:

ngaba said...

ဇေယျာသော်ရေ.. ဟုတ်မှဟုတ်ပါ့မလားလို့ နားထောင်ကြည့်တာ။
နားထောင်ပြီးတော့ မင်းရဲ့အပြောအတွေ ခိုက်သွားပြီ..
ပေးလိုက်တဲ့ ဂတိစကားတွေ ရင်ထဲကိုတုန်ဟီးဝင်ရောက်သွားတယ်။
လေးစားပါတယ်။
ခေါက်ရိုးကျိုးခဲ့တဲ့ မျိုးဆက်ဟောင်း ဓလေ့ဆိုးတွေထဲက ရုန်းထွက်ဖို့..
လူငယ်မျိုးဆက်သစ် နိုင်ငံရေးသမားတွေရဲ့ ကတိစကားတွေ အားမာန်အပြည့်.. ရိုးသားသစ်လွင်နေတယ်။ ထူးခြားလှပနေတယ်။

မန်းလေးသား said...

ကိုဇေယျာသော်ပြောတဲ့ စကားတွေထဲမှာ ကျွန်တော်တို့ရဲ့ ကျောတွေနဲ့ ပြည်သူကို ထောက်တင်ပေးမှာပါ... ပြည်သူကနေ ရွေးချယ်လို့ ကိုယ်စလှယ်ဖြစ်လာပြီး ပြည်သူကို ဖိနှိပ်တဲ့အလုပ် လုံးလုံးမလုပ်ပါဘူး ပြည်သူ့အကျိုးစည်းပွား ပျက်စည်းရာပျက်စည်းကြောင်း လုံးလုံးမလုပ်ပါဘူး ပြည်သူကိုခုတုံးလုပ် ပြည်သူ့မျက်နှာကို အိုးမဲသုတ်ပြီး ကိုယ်ကျိုးရှာတဲ့ အလုပ် ကျွန်တော်လုံးလုံး မလုပ်ပါဘူးလို့ ဂတိပေးပါတယ်...တဲ့ ..ကြားလိုက်ရတဲ့ စကားလေး သိပ်ပြီးတော့ အားရှိတယ် ကျေနပ်တယ်ဗျာ.. ကိုဇေယျာသော်ကို မဲပေးခဲ့တဲ့ ကျွန်တော်တို့ပြည်သူတွေက ဝမ်းသာပြီး မျှော်လင့်လျှက်ပါ....

Kyaw Htoo (TGI) said...

အမေစု ရဲ့ ရဲဖော် ရဲဖက် ပီသပါတယ် ကိုဇေယျာသော် .... ၅ မိနစ်စာအသံဖိုင်က အနှစ်နှစ်အလလက စာလောင်မွတ်သိပ်မှုတွေခံစားခဲ့ရတဲ့ရင်ဘက်ထဲကို အိုအေစစ်ဖြစ်စေခဲ့တယ် .....ပေးခဲ့တဲ့ကတိတွေက ပြည်သူတွေလိုအပ်ချက်နဲ့ထပ်တူကျနေလို့ ကျနော်တို့အားလုံးစောင့်ကြည့်နေကျပါတယ် ဒီမိုရောင်းရင်းတို့.....

paing said...

နားထောင်ရတာအားရှိစရာပါပဲ

hugekiss said...

ကောင်ကြီးရေ..(အရင်တိုင်းပဲခေါ်မယ်ဟေ့)
မင်းပြောတဲ့ စကားတွေက လူပီသတယ် တန်ဖိုးရှိတယ်
ထိတယ် မိတယ် ခန့် တယ်
အားပါတယ် စေတနာပါတယ် ကိုယ်ချင်းစာတရားပါတယ် အနင့်နာခံရဲတဲ့စိတ်ထားတွေပါတယ်
လူငယ်တွေကို နိုးထစေတယ် ရဲရင့်စေတယ်
ကဲ..ကောင်ကြီးရေ...
အများပြည်သူရဲ့  ယုံကြည်အားကိုးမှုကို ထာဝရပိုင်ဆိုင်နိုင်ပါစေကွာ....

Myo Chit said...

ကြိုက်တယ်ဗျာ ၊ လူငယ်မျိုးဆက် ထက်ထက်မြက်မြက် တွေကို အားပေးနေပါတယ် ။ ရင်ထဲက စကားမှန်း သိတယ် ၊ စေတနာ မှန်မှန်းသိတယ် ။ အခုခေတ် လူကြီး တွေထက် ကိုယ်ကျိုး မကြည့် တတ်မှန်းသိသာပါတယ် ။
ကို ဇာဂနာ ခင်ဗျား ၊ ကြားတယ်နော် ၊ အပိုအလိုမရှိ ပြောသွားတာ ။ မဖြစ်နိုင်တာ တစ်ခုမှ မပြောသွားပဲနဲ့ ပြည်သူ အားကိုး ယုံကြည် ရလောက်အောင် အားမာန် စကား ပြောသွားတဲ့ အနာဂါတ်လူငယ်လေ ။
သိပ် မနာလို တိုရှည် ဖြစ်ပြီး လက်တွေ့ တကယ်လုပ်နေသူတွေ ကို သွေးခွဲ စော်ကား ဂုံးတိုက် စကား မပြော နဲ့တော့ နော် ကိုဇာဂနာ .. နော် နော် ။ ။

nandar said...

ကိုဇေယာသော်ကြိုးစားထား။အားပေးနေမယ်။

Anonymous said...

ခိုက်သွားပြီဗျာ

aye said...

ကြားရတာဝမ်းသာအားရှိစရာပါ

ပြည်ချစ်သား said...

လေးစားပါတယ်...ကိုဇေယျာသော်
နောင်လည်း.....အပြောနဲ့ အလုပ်ညီအောင်လုပ်နော်

aye said...

ဇေယျာသော်စကားကြားရတာအားရှိလိုက်တာ

aye said...

ကိုယ်.တိုင်းပြည်ကိုယ်.လူမျိုးရဲ.သားကောင်းရတနာတပါးပါလားအာဇာနည်သူရဲကောင်းလေးပါပဲ

Shin Myochit said...

အဓိပါယ်ရှိတဲ့စကားတွေနဲ့အတူလက်တွေ့အကောင်အထည်ဖေါ်ဘို့အားမာန်
အပြည့်အဆင်သင့်ဖြစ်နေတဲ့ ကိုဖြိုးဇေယျာသော် လိုလူငယ်မျိုးဆက်သစ်
တွေကိုအမိမြန်မာပြည်ကြီးကမျှော်လင့်နေခဲ့တာပါ။တဦးဆောင်သော်မရ
တသောင်းဆောင်သော်ရ၏~~ဆိုတဲ့ စကားလေးအတိုင်းအမိမြန်မာပြည်ကြီးရဲ့အနာဂတ်သာယာလှပဘို့အတွက်တဦးတယောက်
တည်းဦးဆောင်နေတာမဟုတ်ဘဲတသောင်းကဦးဆောင်နေတာပါဆိုတာကို
ပြလိုက်တာပါဘဲ။ကမာနှင့်ယှဉ်နိုင်တဲ့အဆင့်မှီအောင်ကြိုးစားပါ၊လိုက်ချင်သူများကိုလည်းဆွဲခေါ်ပါ၊ယုံကြည်တယ်၊လေးစားတယ်၊ဝမ်းသာတယ်၊

Powered by Blogger.