ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက်

လက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူလို့ နံမယ်ကြီးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်သွားကြောင်း မေလ (၇) ရက်နေ့ ရန်ကုန်ကပေးပို့တဲ့ Asian News International သတင်းမှာ ရေး သားထားပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိ ဥိးတင်အောင်မြင့်ဥိးဟာ သမ္မတဥိးသိန်းစိန် ခေါင်းဆောင်တဲ့ လက်ရှိ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ သဘောထားတင်းမာသူတွေအကြား အငြင်းပွားမှု ကြောင့် အခုလို နှုတ်ထွက်သွားတာလို့ သတင်းမှာ ရေးထားပါတယ်။ 

ဦးတင်အောင်မြင့်ဥိးဟာ စင်္ကာပူက ပြန် လာပြီးနောက် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ (၃) ရက်နေ့ကတည်းက နှုတ်ထွက် စာတင်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ကိုးကားပြိး Asian News International သတင်းမှာ ရေးသားထားပါတယ်။

 ဒီဗွီဘီ
ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက် ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက် Reviewed by သစ်ထူးလွင် on 16:12 Rating: 5

61 comments:

pooktinnyo said...

တရားအားထုတ်ပေါ့ဗျာ...အရှုံးမရှိပါဘူး

Ukyawkyaw said...

ပြည်သူလူထူကို - ကိုယ်ချင်းစာစိတ်နဲ့လူလိုဆက်ဆံတတ်သူတွေ ဘဲလိုပါတယ်၊ သဘောထားတင်းမားသူ၊ကိုယ်ချင်းစာစိတ်မရှိသူ တွေအတွက်ရှေ့ကိုနေရာမရှိတော့ပါဘူး၊မြန်မာပြည်ဟာဆိုရှယ်လစ်စနစ်အာဏာရှင်စနစ်အောက်မှာနှစ်ပေါင်းများစွာနေလာကြ တော့လူတွေမှာကိုယ်ချင်းစာစိတ်တွေပျောက်နေကြပါတယ်။
နေရာတိုင်းမှကိုယ်ချင်းစာစိတ်ရှိသူသာတည်တံ့ခိုင်မာသမိုင်းဝင်မှာ ဖြစ်ပါတယ်၊သဘောထားတင်းမာပြီးလူကိုလူလိုမထင်တဲ့သူတွေကိုသမိုင်းမှာနေရာမပေးကြတော့ပါဘူး၊မြန်မာပြည်မှာလဲနေရာမရှိပါဘူး၊လောကကြီးမှာအကောင်းဆုံးဘာသာတရားကိုကိုးကွယ်နေတဲ့နိုင်ငံမို့လို့ဒီလူတွေအသက်ရှင်နေကြတာပါ၊လူကိုလူလိုသဘောမထားတဲ့သဘောထားတင်းမာသူတွေဟာတခြား တိုင်းပြည်မှာဆိုရင်အသက်တောင်ရှင်မှာမဟုတ်ပါဘူး။

ဧ၇ာထွန်း said...

ဝမ်းသာတယ် ဒါကဖြစ်သင့်တဲ့ လုပ်၇ပ်ပါ ကိုယ်မလုပ်နိုင် မစွမ်းနိုင်၇င် ဂုဏ်သေ၇၇ှိ၇ှိ ထွက်တာကောင်းပါတယ်. နိုင်ငံကောင်းဖို့အတွက်တကယ်လုပ်နိုင်တဲ့သူတွေ ဦးဆောင်မှ ကျနော်တို့တတွေ ဆင်း၇ဲတွင်းက ၇ုမ်းထွက်နိုင်မှာ လွတ်တော်ထဲမှာ နိုင်ငံအတွက် ဘာမှဂ၇ုမစိုက် ကိုယ့်၇ဲ့မိသားစု ကောင်းကြိုးအတွက်ကြည်နေတဲံ့အမက်တချို့ ပြည်သူ၇ဲံ့ ကောင်းကြိုးလုပ်နေတဲံ့သူတွေကို လိုက်နောက်၇ှက်နေမဲ့အစား တာဝန်သိသိထွက်ပေးကြ၇င် ပြည်သူအားလုံးကပျော်နေကြမှာ

Unknown said...

အရမ်းကောင်းပါတယ် သဘောထားတင်းမာသူအားလုံးနုတ်ထွက်သင့်ပါတယ်

tat said...

ကျေးဇူးအထူးတင်ပါတယ်ဗျာ..သတင်းကောင်းတစ်ခုကြားရတဲ့အတွက်အတိုင်း
ထက်အလွန် ဝမ်းသာမိပါတယ်..

Min said...

တကယ်က လု့ပြည်ကပါ အပြီးပိုင်နှုတ်ထွက်သင့်တာဟ။

ရာဇာ said...

ထင်သလို လုပ်လို့မရ တော့မှန်းသိ တော့ ထွက်ပြီလေ......စားထားတာ တွေလဲ လျှံနေပါပြီ...ဦး၈လုံး ရယ်.....ဒီလိုကျ တော့လဲ ဦးဏှောက် ကပြေးသားဘဲ......

aristhteinwin said...

ဟိုက် ရှာလပတ်- ၈ လုံးကြီးကို အတော်မေတ္တာထားကြပါလား- သွတ် သွတ်- ရှလွှတ်--

Anonymous said...

2012 ခုနှစ်ရဲ့  သတင်းကောင်းတွေ ထဲမှာ ဒီသတင်းဟာလဲ မင်္ဂလာ အရှိဆုံး သတင်းပါပဲ . . ကျန်တဲ့ လူတွေလဲ ကိုယ့်အသိစိတ်နဲ့ ကိုယ် ထွက်သွားရင် အရှက်မကွဲတော့ဘူးပေါ့ . တိုင်းပြည်နဲ့ ပြည်သူ အတွက် အနှောက်အယှက်ဖြစ်စေတဲ့ ခလုတ်ကသင်းတွေကို နတ်သကြားတွေ ဖယ်ရှာပေးပါစေ . .

sanda said...

ထွက်သင့်နေတာ ကြာပါပီ မြန်လေကောင်းလေ မင်္ဂလာရှိလေပဲ

ချစ်ဖူး said...

ကျေးဇူးတင်ပါတယ်ဗျာ။ သူ့လိုပုဂ္ဂိုလ်မျိုးတွေ များများလိုပါတယ်။

Aung Soe Oo said...

ကောင်းပါတယ်ဒီလိုတိုင်ပြည်နဲ့လူမျိုးအတွက်ဘာမှအသုံးမ၀င်တဲ့လူတွေ အစိုးရအဖွဲ့ဝင်တွေထဲမှာလုံးဝမရှိသင့်ပါဘူး တိုင်းပြည်ကိုတရုတ်လက်အောက်ရောက်အောင်လုပ်ချင်နေတဲ့၊တိုင်းပြည်ကိုလက်ညိုးထိုးရောင်းစားချင်နေကြတဲ့ ၀ိသမလောဘသားကောင်တွေမရှိတော့ရင်မြန်မာပြည်ကြီးစည်ပင်ဝပြောလာမှာပါ...

pyaponthu said...

အလိုက်သိသိနဲ့နုတ်ထွက်ပေးတာကောင်းပါတယ်။ဖြစ်သင့်ပါတယ်။

ဇာမဏီ said...

တစ်ခါထဲ သေသွားရမှာ

လင်းယုန် said...

နောက်ထပ် ထွက်ရမဲ့ကောင်တွေရှိသေးတယ်
ဘာပေကပ်ကပ် လုပ်နေတာလဲ
ဘာမှ မသိ မတတ်ဘဲ လွတ်တော်ထဲ လာထိုင်နေကြတာ
ပြီးရင် ငိုက်တယ်
တိုင်းပြည်ကောင်းအောင်လုပ်နေတဲ့သူတွေကို အပြစ်ပြောမယ် ဒါဘဲ

နောက်ထပ်ထွက်ရမဲ့ကောင်တွေ တော်တော်ကျန်သေးတယ်နော်
သတင်းကောင်း မြန်မြန်ကြားချင်ပြီ

udana said...

ကောင်းပါတယ်။ကျန်းမာရေးအကြောင်းပြချက်နဲ့ ပေါ့ ဒေါ်စုဝင်လာတာဟာခင်ဗျားအတွက်အဟန့် အတားတစ်ခုဖြစ်တယ်ဆိုတာခင်ဗျားအသိဆုံးပါ။ဒီကောင်မနဲ့ ဘယ်တော့မှမျက်နှာချင်းမဆိုင်နိုင်ဘူးလို့ ခင်ဗျားပြောခဲ့တာမှတ်မိလား? သန်းရွှေရဲ့ စကားပြောနေတာခင်ဗျားဘဲ။ကျုပ်ပြည်သူတစ်ယောက်အနေနဲ့ ရင်နာတယ်။ဒေါ်စုကတော့ပြည်သူ့ အတွက်ဆိုရင်သူ့ အသက်ကိုလုပ်ကြံမည့်သူနဲ့ တောင်မှလက်တွဲနိုင်တယ်တဲ့။ဒေါ်စုရဲ့ စကားဟာကျုပ်တို့ ပြည်သူတွေအားလုံးမျက်ရည်ကျရတယ်။ဒီလိုမျိုးထွက်လိုက်တာကျေးဇူးတင်ရမယ်လိုဖြစ်နေတယ်။နောက်တစ်ယောက်ရှိသေးတယ်။ဒေါ်စုအာဏာရရင်တောခိုမယ်တဲ့ပြောတာကကျော်ဆန်း။ယခုလက်ရှိပြန်ကြားရေးဝန်ကြီးလုပ်နေတဲ့ကျော်ဆန်း။ စဉ်းစားကြည့်ပါ ပြည်သူတွေအပေါ်ဒေါ်စုမှာဘာအပြစ်တွေရှိုနေလို့ လဲ။ကျုပ်တို့ ပြည်သူတွေနောင်ရေးအတွက်ရင်နာစရာကြီးပါ။

udana said...

အရမ်းကောင်းပါတယ်။ကျန်းမာရေးအကြောင်းပြချက်နဲ့ နုတ်ထွက်လိုက်တာ။

lwinmin said...

ကိုမှကောင်းအောင် မလုပ်ချင်တာ မြန်မြန်နားတာဘဲကောင်းပါတယ်..ရုပ်ကိုက သဘောထားတင်းတဲ့ ရုပ်....

crusekoole said...

တင်အောင်မြင့် ဦး ရာ မင်းကလည်း စင်ကာပူ မှာ တခါတည်းသေလိုက် ပြီးရော မြန်မာ ပြည် ပြန်လာနေသေးတယ်
မင်း ရှိလည်း ဘာလုပ်တတ်မှာ လဲ ကွာ လွှတ်တော် မှာ

သုံး စား လို့ မှ မရတာ ဦးနှောက် က မင်းပထွေး သန်းရွှေ ချီးစား တဲ့ ဦးနှောက်နဲ့  အဆင့်  မရှိဘူး မ၀င်နဲ့  ကွား

ဒိုးတော့  ကောင်းတယ်

Tri Asian Taste said...

အလကားနေရင် သဘောတင်းမာနေရင် အစိုးရအဖွဲ့ကနှုတ်ထွက်တာနဲ့ မလုံလောက်သေးပါ။ ပြသူများ ဆင်းရဲမှုမှကင်းဝေးအောင် ၀ိဥဉ်ခန္ဓာကပါနှုတ်ထွက်ပါစေလို့ မေတ္တာပို့ပေးပါတယ်။

DhammaWeb said...

ဒုသမ္မတနုတ်ထွက်ခြင်းရဲ့ ဒိုမီနိုအကျိုးဆက် (Domino effect) ဘယ်လောက်များမလဲဆိုတာစောင့်ကြည့်ကြရအောင်။

Blue Cloud said...

အဟောင်းတွေပျောက်သွားတယ် ဒါပေမယ့်
အသစ်တွေရောက်လာဦးမှာပေါ့
ဘယ်သူလာပြီး နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဘယ်လိုဇာတ်ရုပ်နဲ့မြန်မာပြည်သူတွေအပေါ်
ဘယ်လိုကပြမယ်ဆိုတယ် စောင့်ကြည့်ရဦးမှာပေါ့လေ

မနောမြေ said...

ပြည်သူ့ဘဏာလဲ အကုန်လုံးနီးပါးခိုးပြီးပီလေ
တိုင်းပြည်လဲ အကြွေးတွေနဲ့အော် တဘဝစာ ကိုယ်ကျိုးရှာသူတွေ
ကျန်းမာပါစေ...

နေနေ said...

ဝမ်းနည်းစရာမရှိပါဘူး။သူ့ထက်ဆိုးတဲ့သူမလာဖို့ပဲအရေးကြီးတာပါ။

peter said...

ကြည့်ကြပါအုန်း
ရုပ်ကိုကမင်းသားကြီးဦးကျောက်လုံးနဲ့မတူဘူးလား??

Ever November said...

အများကြီး နောက်ကျနေပါသေးတယ်..တအမဥရယ်
နားလည်သင့်တာကြာပါပြီ....တခြားအစိမ်းရောင်တွေလည်းနားလည်ကြပါတော့လားဗျာ....

ကေါင်းကေါင်း said...

ပြည်သူ့ငွေတွေစားပြီးပြည်သူအတွက်ဘာမှအကြိုးမဖြစ်ထွန်းစေတဲ့ဆန်ကုန်မြေလေး. ဝံပုလွေကြံ့ဖွတ်အစိုးရတစ်ခုလုံးထွက်သင့်ပါသည်. သူနတ်ကိုပြီးသူခိုးဒမြထက်ဆိုးတဲ့သူခိုးကြံ့ဖွတ်အစိုးရအလိုမရှိပါ. အမြန်ဆုံးကျဆိုးပါစေ. ပြည်သူ့အောင်ပွဲအမြန်ဆုံးရောက်ပါစေ

အမေစုကို ချစ်တဲ့သား said...

နုတ်ထွက်တာနောက်ကျလွန်းတယ်
ဟိုအရင်ကထဲကမလုပ်သင့်တဲ့သူတွေ
အခုသူတို့လုပ်တာ သူတို့မိသားစုတွက်ကြီး
မြန်မာနိုင်ငံမှာ ရန်ပုံငွေဆိုတာရှိသေးလားလို့မေးကြည့်ပါအုံး
ရန်ပုံငွေတော့မရှိဘူး သူတို့အိမ်မှာပုံထားတဲ့ငွေတွေပဲရှိတယ်
ဘေးနိုင်ငံတွေမှာအကြွေးတွေတင်နေတာ
ဘယ်အရာတွေကိုလုပ်ဆောင်နေလို့လဲ
ုပြည်သူတွေအတွက်လားမေးကြည့်ပါအုံး
ပြည်သူတွေလက်ထဲမှာလဲဘာမှမရှိဘူး
တော်တော်လေးကိုတော်တဲ့လူတွေ သေမှအေးမယ်

Anonymous said...

ဒီလို အလိုက်သိသိနဲ့ ကိုယ့်ဘာသာကို ထွက်တာကောင်းပါတယ်။တခြား သူ့လို သဘောထားတင်းမာတဲ့၊ ပြည်သူ့အကျိုးမကြည့်တဲ့၊ အတ္တကြီးတဲ့ ၀န်ကြီးတွေလဲ ဂုဏ်သိက္ခာရှိရှိ ထွက်ပေးရင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ပိုကောင်းမယ်

koko said...

အရမ်းကောင်းပါတယ် ဒုသမ္မတ ဦးတင်အောင်မြင့်ဦး အခုလိုနှုတ်ထွက်
သွားတာ။
နောက်ထပ် သူလိုပဲ မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေမဲ့ အခြားလူကြီးမင်းများရှိသေးရင် စောစောစီးစီးနှုတ် ထွက်ကြပါလို့ ပြောချင်ပါတယ်။ ကမ္ဘာအလယ်မှာ မြန်မာပြည်ဟာ မထည်ဝါ တာကြာလှပြီ ကျနော်တို့ မြန်မာနိုင်ငံတော်ကြီး တိုးတက်ထည်ဝါလှချင်ပါပြီဗျာ။
By-swedentime

333 said...

သီဟသူရတို့ သူရတို့ဆိုတာစစ်တိုက်တဲ့နေရာမှာပဲ အသုံးကျတာပါ၊ နိုင်ငံရေးမှာ ဒီဘွဲ့တွေနဲ့စစ်တိုက်သလို ရူးရူးမိုက်မိုက်မလုပ်သင့်ပါဘူး။

ZORRO said...

မှန်ပါတယ်...ကိုယ်ဝါဒပေါ်မှာဘဲ ကိုယ်ရပ်တည်ပါ... သဘောထားမတူရင် ရဲရဲတင်းတင်းဆုံး ဖြတ်ပါ. လက်တွဲဖြုတ်လိုက်ပါ။ ငါအမြင်မှန်ရလို့ဆိုပြီးကိုယ့်ဝါဒကိုမစွန့်လွှတ်ပါနဲ့။ လုပ်ကိုင်မှု လက်တွေ့မှာအခက်အခဲတွေတွေ့ပြီး၊ နာမည်ဆိုးသမိုင်းမှာကျန်မှာပါ။ အခုတော့ ကြာရင်. ကိုယ့် ရပ်တည်ချက်ကိုထုတ်ဖေါ်ပြောနိုင်တဲ့အခွင့်ကြုံလာမှာပါ။ အဲဒီမှာ ကိုယ်ကစင်ပေါ်ရောက်တဲ့ အဆင့်ဇြစ်ပြီပေါ့။ အဲ မေ၇ာက်ခင်သေသွားရင်တော့ မပြောတတ်ပါ။

ေ၇ာသမမွှေ said...

အပြစ်ကို ၀န်ခံ၇င်းလဲ မဆိုးလှပါဘူး

mad dog said...

ဟာ တယောက်တည်းတော့ မထွက်ပါနဲ့ ။ ဇော်မင်း ၊ အောင်သောင်း ၊ ဌေးဦး၊ ကျော်ဆန်း အောင်သိန်းလင်း တို့ကိုပါ ခေါ်သွားလေ။

သူ၇ိယ said...

ဘုန်းတော်ကြောင့်....
တိုင်းပြည်ကဒေါ်လာတွေဘီလျံပေါင်းများစွာအကြွေးတင်..
တိုင်းပြည်တအားချစ်တဲ့အစိမ်းေ၇ာင်ပုဂ္ဂိုလ်ကြီး..ဂုဂ္ဂိုလ်လေးတွေများနဲ့အပေါင်းအပါများကြတော့ဘီလျံကြီးတွေဖြစ်....
ဘုန်းတော်ကြောင့်...ဘုန်းတော်ကြောင့်....

Unknown said...

မဂ~င်္လာ သတင်းပါပဲ ဗျာ။ကျေးဇူး အထူးတင်ပါတယ်။

Si Thu said...

မြစ်ဆုံကို တရုပ်ရောင်းစားတဲ့ အထဲမှာ ပါတဲ့ တရားခံတစ်ဦးပါ။ ဒီလိုကိုယ်ကျိုးရှာသမားတွေကြောင့်တိုင်းပြည်နာတယ်။ ဘာမှ တိုင်းပြည်အတွတ် သုံးစားလို့ရတဲလူမဟုတ်ပါဘူး၊ အုပ်စုဖွဲ့ ကိုယ်ကျိုးရှာတဲ့ လူပါ။ သီဟသူရ ကလည်း တိုက်ပွဲဖြစ်တုန်းပုန်းနေလို့ မသေပဲကျန်လို့ ရတဲ့ ဘွဲ့ ပါ။ ဘာမှ အရည်အချင်းအမျှော်အမြင်မရှိပါဘူး ။ ထွတ်တယ်ဆိုတော့ မင်္ဂလာသတင်းပါပဲ။ မလွမ်းလောက်ပါ.. ထွက်သင့်နေတာကြာပါပြီ။

Shin Myochit said...

ဆုံးဖြတ်ချက်ကိုလေးစားပါတယ်။၂ဘက်စလုံးအတွက်အကောင်းဆုံးရွေးချယ်မှုပါဘဲ။

min nay said...

ဝေးလေကောင်းလေ ဆိုတာ ဒါမျိုးပေါ့

ရာရာ said...

ဘဲခေါင်းခြောက်ကြီးက သူ့သဘောအတိုင်းလုပ်ချင်ရာမလုပ်ရတော့ ရွှေစိတ်တော်ညို အလိုမကျဖြစ်ပြီး လစ်တော်မူတာပါ။ ဂွတ်ဘိုင် ဗျို့....အေအိုင်ဒီအက်စ် နှစ်ခါကိုက်လို့ ရှစ်လုံးကြီးဆိုပြီး နာမည်ထွက်တဲ့အဖိုးကြီးရေ...ခင်ဗျားရဲ့ ကြက်သရေတုန်းရုပ်ကြီး နဲ့ ကျုပ်တို့ ရေစက်ကုန်ပြီပေါ့။

Anonymous said...

သဘောထားတွေကလဲ သေးသိမ်လိုက်ကြတာ..

Anonymous said...

သဘောထားကို သေးသိမ်လိုက်ကြတာကွယ်.. ပြောလိုက်ကြတာလဲ.. ပိုးစိုး ပက်စက်....
မကောင်းသော်ငြား အဲလောက်တော့မပြောသင့်ပါဘူး

ရိုးရိုး said...

ကောင်းပါတယ်.......

ဘိုးဘိုး said...

အနီကတ်နဲ့ အထုတ်ခံရတာလား? လူစားလဲတာလား? ဒါမှမဟုတ် သံဝေဂ ရသွားတာလား? ဘာမှန်းကို မသိတော့ဘူး...

realburma said...

အရမ်းကောင်းတဲ့အစီအစဉ်ပါပဲဗျာကြိုဆိုပါတယ်

rcdkkronaldo said...

ကောင်းတယ် ကောင်းတယ် ခင်ဗျားထွက်သွားတာကောင်းတယ် .။ ဘယ်လိုဦးနှောက်နဲ့စဉ်းစားတွေးတောပြီး သဘောထားတင်းမာနေတာလဲ ။

aunglwin said...

စစ်တပ်ထဲကို မ၀င်ချင်ဘဲ မိဘတွေက ဗိုလ်လာင်းအမေဖြစ်ချင်တာနဲ့ လုပ်ခဲ့ရတယ်။ သေချင်လို့ ရှေ့တန်းမှာ တယောက်ထဲ နေခဲ့မှ သီဟသူရဘွဲ့ရခဲ့တယ်။ ခုတော့ ရည်ရွယ်ချက်အောင်မြင်ပါပြီ။ကျေနပ်လိုက်ပါ။

happysan said...

.........နေမကောင်းလိုပါ

Wunna Ko Ko said...

မင်္ဂံလာသတင်းပါ။ ထွက်သင့်တဲ့သူတွေလည်း ဆက်ထွက်ကြပေါ့။
အစိုးရအဖွဲ့ သန့် စင်တာပေါ့

innyatara said...

ကောင်းပါတယ် လူကြီးလူကောင်းဆန်ဆန်ပါ့

မြင့်မိုရ်ကျော်စိုးတင် said...

---အော် သူးများကို ကဲ့ရဲ့ဖို့ ဆို ငါတို့လူမျိုးတွေက ထိပ်ဆုံး ကပါလား
ပြောတော့ အမေစု ကိုချစ်တယ် အမေ့ရဲ့သားလေး ဘာလေး နဲ့ အမေ့ စကားလည်း နားမထောင် ကြဘဲ နဲ့ များ----အမေဆို ကြည့် ပါလား အချုပ်ခံ ထား ရတာ ဘယ်လောက်ကြာ လည်း ဒါပေမဲ့ အမေကစိတ်တော့ဆိုးရင် ဆိုးလိမ့်မယ် မင်းတို့လိုတော့ သူများမျက်ချေး ကိုကြည့်ပြီး လိုက်မပြောဘူး ဦးနှောက်နဲ့စဉ်းစားပြီး မှပြောသင်တာကိုပြော ရေးသင့်တာကိုရေးတာ မင်းတို့ကတော့ သောက်ဌာဏ် မှမရှိ လျှောက်ပြော နေတော့ စစ်အဆိုးရအောက် မှာသေလောက်အောင် ခံခဲ့ရတာတောင် နည်းသေးတယ်။ ဌာဏ် မှ မရှိဘဲ သူများအီး ဆိုလိုက်အီး တဲံ့ကောင်တွေကများတာကို ။ မင်းတို့ အင်တာနက်ကို ဈေးအိမ်သာ နရံ များမှတ်နေလား ဟိုလျှောက်ရေး ဒီလျှောက်ရေး နဲ့ နိုင်ငံရေါ်ဆိုတာ ဘာလည်း ဆိုတာတောင် သိရဲ့လား မသိဘူး လျှောက်ပြောနေတဲ့ သာပေါင်း ညာစား တဲ့ကောင်တွေ။ တောသေးတာပေါ့ အင်္ဂလိပ်ခေတ် ကမင်းတို့လိုကောင်တွေများရှိနေရင် လွတ်လပ်ရေးတောင် ခုချိန်ထိရမှာ မဟုတ် ဘူး ။ အခွင့်သာတဲ့ကောင် ရဲ့ ဖင်နား ကပ်ပြီး အီးအီးရူနေတဲ့ ကောင်တွေကများသူများ အကြောင်းဝေဖန်နေသေးတယ် စောက်ရှက်ကို မရှိတဲ့ သောက်ကောင်တွေ။ မင်းတို့တောင် မင်းတို့ ပတ်ဝန်းကျင် အပေါ ဘယ်လောက်များကောင်းဖူးလို့ လည်း အဲ့ဒါများ သူများကိုဝေဖန်ခြင်သေးတယ်။ ကိုယ်ကကော ဘယ်လောက် ကောင်းအောင်လုပ် ပြီးပြီလည်း ပြန်စဉ်းစား အဲ့ဒါပီးရင်ပြောခြင် သလောက် ပြောနားလည်လား နားမလည်ရင် နှစ်ခါပြန် ဖတ် အဲ့ ဒါမှနားမလည်သေး ဘဲမိုက်နေမယ် ဦးမယ်ဆိုရင် နောက် တစ်ခါ မင်းဒုက္ခ ရောက်လိမ့် ဦးမယ် အသိဌာဏ် မရှိတဲ့ညီလေးညီမလေး အစ်ကို အစ်မတို့ေ၇ အသိရှိကြပါတော့ ဗျာ ဌာဏ်မနည်း ကြပါတော့နဲ့ ဗျာ သူ့ကျွန်ထပ် မဖြစ်စေခြင်တော့ လို့ ပါဗျာ။ အမေစုကို သနား ကြပါ အသက် ကြီးတာတောင် သားသမီးအမိုက်တွေကြောင် မနားရရှာသေးဘူး ဗျာ။မမိုက်ကြပါတော့ နဲ့ဗျာတောင်းပန်ပါတယ်။ မိုက်မယ်ဆိုရင် အမေမျက်နာလေးကိုပြန်ကြည်ကြပါဗျာ။

ငနှဲ လေး said...

ဂျပုကျော်ဆန်း နဲ့ ကမ္ဘာကျောလူလိမ်ကြီးအောင်တောင်း ရော ဘယ်တော့လဲ
ဒင်းတို့လည်း ထွက်သင့်နေပြီ (အလုပ်ရော၊အသက်ရော)

Phoe Zar said...

ထွက်သင့်တာကြာပြီ
ဂျောင်းတော့။

ကိုကိုကြီး said...

သူများတွေကိုလျောက်မပြောနဲ့ ကိုယ်ကိုကိုယ် အရင်ဂရုစိုက်လိုက်ပါအုံးနော်.. ဒီလိုတွေလျောက်ပြောရလောက်အောင် ခင်ဗျားတို့က တော်တော် လေးကိုတတ် နေတယ်ပေါ့ ..ကိုယ်တိုင် လုပ်ကြည့် လိုက်ပါလား ..သူများကိုဝေဖန်တာထက် ကိုယ်တိုင် ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတာကို စမ်းသပ်ကြည့် ပါလား.. အရူးတွေ.. အရေအတွက်သာရှိတဲ့ ငတုံးတွေ.. ရပြီးသားလွတ်လပ်ရေးကို ပြန်ပြီးဆုံးရှုံးအောင် လုပ်နေတဲ့ လူတွေ .. ခင်ဗျားတို့ အမျိုးတွေ ကုလားနဲ့ ညားကုန်မှ သိလိမ့်မယ်

OoMinn said...

နေရာချထားမှုများစိစဉ်
သိမ်းစီးငရဲ မေ(၁၂)
အသစ်ရောက်ရှိလာ၇န်ရှိသော၊ ငရဲအိုးအိမ်သားများ အဆင်ပြေချောမွေ့စွာငရဲကျခံနိုင်ရေးအတွက် စေတန်ငရဲသားများအား ငရဲဒယ်အိုးအသစ်များကြိုတင်မှာယူပြဆင်ထားရန်
ယမမင်းကြီးမှ စီစဉ်ညွှန်ကြားလျှက်ရှိသည်၊အထောက်တော်များမှတစ်ဆင့်စုံစမ်းသိရှိရသည်မှာ။ငရဲဆင်းရန် ဌာနဆိုင်ရာ ၀န်ကြိးများကြိုတင်လက်မှတ်ယူတန်းစေီစာင့်ဆိုင်းလျှက်ရှိသော်လည်း စည်းကမ်းဖောက်ဖျက်ကျော်တက်မှုမရှိပဲ အလှည့်ကျလာရောက်ရန်ဦးရေများပြားလျှက်ရှိကြောင်းသိရှိ ရသည်။
သတင်းစဉ်

OoMinn said...

နေရာချထားမှုများစိစဉ်
သိမ်းစီးငရဲ မေ(၁၂)
အသစ်ရောက်ရှိလာ၇န်ရှိသော၊ ငရဲအိုးအိမ်သားများ အဆင်ပြေချောမွေ့စွာငရဲကျခံနိုင်ရေးအတွက် စေတန်ငရဲသားများအား ငရဲဒယ်အိုးအသစ်များကြိုတင်မှာယူပြဆင်ထားရန်
ယမမင်းကြီးမှ စီစဉ်ညွှန်ကြားလျှက်ရှိသည်၊အထောက်တော်များမှတစ်ဆင့်စုံစမ်းသိရှိရသည်မှာ။ငရဲဆင်းရန် ဌာနဆိုင်ရာ ၀န်ကြိးများကြိုတင်လက်မှတ်ယူတန်းစေီစာင့်ဆိုင်းလျှက်ရှိသော်လည်း စည်းကမ်းဖောက်ဖျက်ကျော်တက်မှုမရှိပဲ အလှည့်ကျလာရောက်ရန်ဦးရေများပြားလျှက်ရှိကြောင်းသိရှိ ရသည်။
သတင်းစဉ်

Anonymous said...

လက်မှတ်ထိုးတတ်ယုံ၊သေနတ်ပစ်တတ်ယုံနဲ့လူကြီးလုပ်လို့မရတော့ ဘူးဆိုတာ သူ့ကိုသူသိလို့ပါ။

Unknown said...

သြော်၊တ၇ုတ်အားမထားနိုင်တော့တ၇ားအားထုတ်ပေါ့။

myathtun said...

ကောင်းပါတယ်ဗျာ ကိုယ့်အသက်အရွယ်လည်းကြည့်အုံးလေ
ပင်စင်တောင်လွန်နေပြီလေ နောင်လူငယ်တွေ လုပ်ပါစေပေါ့

third party said...

နုတ်ထွက်တာကောင်းတယ် မကောင်းဘူး ဆိုတာထက်၊ အဲဒီနေရာကို ဘယ်သူဝင်မှာလဲ.....။ ဘယ်သူဝင်ပြီးဘာတွေဖြစ်လာမှာလည်း.....အမျိုးသားရေးကိုလည်းစဉ်းစားရဦးမယ်......။

ဇာမဏီ said...

မြင့်မိုရ်ကျော်စိုးတင် ရေ ဌာဏ် နဲ့ ဥာဏ်နဲ့ ကွဲပြားအောင်ရေးတတ်မှသူများ
ကိုဆရာလုပ်ကွ ..နားလည်လား

Powered by Blogger.