အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ

ရန်ကုန်၊မေ ၆ ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI)

၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာ ဦးဆောင်၍  ရွှေပြည်သာ သံတင်း ၄၅ ရှိမြေကွက် တစ်ချို့ကို ရွှေပြည်သာမြို့နယ် အင်ဂျင်နီယာတပ်ဝင်းမှ နေရာမှ ဖယ်ရှားခံရသည့် ကျူးကျော်ဒုက္ခသည်များထံ  ငွေငါးသောင်းဖြင့် ရောင်းချပေးလျှက်ရှိသည်။

ယင်းသို့ အခကြေးငွေယူရောင်းချပြီးမကြာမီ အိုးအိမ်ဦးစီးဋ္ဌာနမှ ၎င်းတို့ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်လာရောက် စိုက်ထူထားသည်ဟု ကျူးကျော် ဒုက္ခသည်များကပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဋ္ဌာနပိုင်မြေဟု ဆိုင်းဘုတ်လာရောက်စိုက်ထူ ထားသော်လည်း နေစရာမရှိသူ တို့အဖို့မှာ နေစရာ တဲအိမ်ကို ဆောက်လုပ်နေဆဲဖြစ်သည်။ (ဓါတ်ပုံ-သူရမျိုး)

“ဟိုမှာတုန်းကလည်း သူတို့ပဲ ဆောက်ဆောက်ဆို ကျွန်မတို့ဆောက်ခဲ့တာ ဆောက်လို့ အိမ်ပေါ်မတက်ရသေးဘူး အခုဒီဘက်ရောက်လာတယ်။ ဒါလည်သူတို့ပဲ ဆောက်ခိုင်းတာဘဲ ဒါလည်းအရစ်ကျနဲ့ ဆပ်ပေးရမယ်ဆိုလို့။ အခုအရစ်ကျနဲ့မဟုတ်ဘူး တလုံးထဲ (တကြိမ်ထဲ) ပေးဆိုတော့ ကျွန်မတို့မှာလည်း တစ်လကိုးသီတင်း အလုပ်ကမလုပ်ခဲ့ရဘူး။ မပေးနိုင်ဘူး ” ဟု ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးက YPI သို့ပြောသည်။

ယင်းကျူးကျော် ဒုက္ခသည်များသည် ပြီးခဲ့သည့် ၎င်းတို့နေထိုင်ရာ ရွှေပြည်သာ ဒညင်းကုန်းလမ်းဆုံအနီး အင်ဂျင်နီယာ တပ်ဝင်းမှ ဧပြီလ  ၂၇ ရက်နေ့မှ စတင်ပိတ်ဆို့ပြီး  ဖယ်ရှားခံခဲ့ရသူများ ဖြစ်သည်။

ထိုသို့ပိတ်ဆို့ခံရသည့်အခြေအနေစဉ်အတွင်း ယခုလ ၃ ရက်နေ့က  ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ မအေးအေးမာက ဦးဆောင်၍ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် ၊ သံတင်း ၄၅ အတွင်းရှိ လယ်မြေများပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် မအေးအေးမာမှ အဆိုပါမြေကွက်များကို ငါးသောင်းဖြင့်အရစ်ကျရောင်းချပေးမည် ဆိုသော်လည်း ၅ရက်နေ့ နေ့လည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ မကျူးကျော်ရဆိုင်းဘုတ် လာစိုက်ထူပြီးနောက်ပိုင်း တစ်လုံးတစ်ခဲတည်းတောင်းဆိုလျှက်ရှိကြောင်း ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးကဆိုသည်။

အဆိုပါမြေကွက်များသည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနပိုင် မြေကွက်များဖြစ်ပြီး ရွှေဝါကုမ္ပဏီသို့ ချပေးထားပြီးဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ယခုလို ဒုက္ခသည်များ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၎င်းတို့နှင့် ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်များ အကြား အခြေအနေတင်းမာလျှက်ရှိသည်ဟု ကျူးကျော်ဒုက္ခသည်များက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီမှ ပြောဆိုသည်နှင့် ပတ်သက်၍ ဒုက္ခသည် မိန်းမကြီးတဦးက  “သူတို့က အဖွဲ့အစည်းတွေနဲ့ရောက်လာပြီး အိုးအိမ်လေးတစ်နေရာစာပေးမယ် နောက်ပိုင်းကျ အတည်အကျဖြစ်မယ် ပေါ့ အဘွားကြီးတို့လို မရှိဆင်းရဲသားတွေ ပေးမယ်ဆိုတော့ အဘွားကြီးလည်းပြောင်းတာပေါ့”ဟုဆိုသည်။

ထိုသို့အင်ဂျင်နီယာတပ်ဝင်း အတွင်းပြောင်းရွှေ့နေထိုင်ရန်အတွက် ယင်းပါတီဝင်ဖြစ်ဖို့ရာအတွက် လျှောက်လွှာ ကို ၂၀၀၀ကျပ်ဖြင့် ၀ယ်ယူဖြည့်သွင်းခဲ့ ရသည်ဟုလည်း  အမည်မဖော်လိုသူ ကျူးကျော်ဒုက္ခသည် တစ်ဦးက YPI သို့ပြောသည်။
ယင်းပါတီမှ ရွှေပြည်သာ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာအား မေးမြန်းဖို့ရာ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပါ။          ။
Yangon Press International
အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ Reviewed by သစ်ထူးလွင် on 06:22 Rating: 5

8 comments:

u kyawkyaw said...

နိုင်ငံရေးပါတီထောင်ပြီးပိုက်ဆံရှာလို.မရပါဘူး။ ၊ပြည်သူလူထုက ပါတီဝင်ဆိုရင် ကလိမ်ကကျစ်နဲ.လူလိမ်လူပျင်း တွေလို.ထင်သွားနိုင်ပါတယ်။ ဒီလိုလူများကိုအမြန်ဆုံးအရေးယူပေးကြပါ။
နိုင်ငံရေးပါတီဝင်သူများဟာပြည်သူကိုလုပ်ကျွှေးဘို.ပါ၊လုပ်စားဘို. မဟုတ်ပါဘူး။ပါတီဝင်တွေရဲ့လုပ်ဆောင်ချက်ကြည်.ပြီးရန်ပုံငွေ ထည်.ကြမှာ။စေတနာမှန်ပြီးကိုယ်ကျိုးမပါ၊သန်.ရှင်းဘို.အရေးကြီးပါတယ်။

ဦးစားကြီး said...

ကိုယ့်မြေမဟုတ်ဘဲ ပေးချက်တိုင်းပေးလို့ရလား။ ရှုပ်နေတာပဲ

Anonymous said...

ကိုမင်းကိုနိုင်ရေ . . .
၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီက အိုးအိမ်နေရာချထားဖို့ လုပ်ပိုင်ခွင့်များရထားပြီလားမသိ။ ရပြီဆိုရင်တော့ ကျွန်တော်တို့လဲ မြေတစ်ကွက်လောက် လက်ညှိုးထိုးပြီး ၀ယ်လိုက်ချင်ပါတယ်။

သွားပါဘီဗျာ။ အားလုံး ရေစုန်မျောကုန်ကြပါပြီ။ ဘယ်သူများ အဖေလုပ်မှာတုံး မသိတော့ပါဘူး။

sainyi said...

အိုးအိမ်ဦးစီးဋ္ဌါနဆိုတာဘာလုပ်တဲ့အဖွဲ့ အစည်းလဲဗျာ သိချင်ပါတယ် လက်ရှိသုတို့ လုပ်နေတာကတော့မြေယာသိမ်းတဲ့ အလုပ်ပဲလုပ်နေတာကိုတွေ့ ၇တယ်မြန်မာလူမျိုးတွေအိုးမဲ့ အိမ်မဲ့ဖြစ်ပြီးတရုတ်လူမျိုးနဲ့ ကုလားလူမျိုးတွေ ကတော့အိုနဲ့ အိမ်နဲ့ ဖြစ်ကုန်ကြတာတွေဟာတွေဟာအိုးအိမ်ဦးစီဋ္ဌါနကဗိုလ်မှူးကြီးအငြိမ်းစားခွေးသခိုးတွေဘဲမို့ လားဗျာကိုယ်လိုချင်တဲ့ မြေကိုယူတယ်ပြီးတော့တရုတ်ကုလားကိုေ၇ာင်းစားတယ်ဗျာကိုယ့်လူမျိးတွေနေစ၇ာမရှီလို့ တဲလေးစောက်နေတာကိုကြတော့နှင်ထုတ်ကြတယ်အငြိမ်းစားစစ်ခွေးတွေကိုခေါင်းဖြတ်သတ်သင့်တယ်

ချစ်ဖူး said...

မှန်တယ်ဗျာ။ ကျုပ်တို့ လမ်းထိပ်လည်း တိုက်သစ်တွေဆောက်ပြီးတော့ အဲဒီအိုးအိမ်နဲ့ နီးစပ်သူတွေက ဈေးပေါပေါနဲ့ရပြီးတော့ တရုတ်၊ ကုလားတွေကို ပြန်ရောင်းစားသွားတာပဲ တွေ့ရတယ်။ ဘာမှလည်း လူတွေကို အထောက်အကူ မပြုပါလား။

ရွှေမြန်မာ ရန်ကုန် said...

နေရေးအတွက် အခက်အခဲ ဒုက္ခရောက်နေသူများကို(၈၈)မျိုးစက်လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံပါတီ)မှကိုသန်းဇော်ဝင်းမှ ရွှေပြည်သာမြို့နယ် ၁၉ရပ်ကွက် အစိုးရပိုင်မြေတွင် ပါတီအတွက် သက်သာသောနှုံးထားဖြင့် ပေးသွင်းစေပြီး နေအိမ်များဆောက်လုပ်ခြင်း အောင်မြင်အောင်ဆောင်ရွက်ပြီး အခက်အခဲများ ဖြေရှင်းပေးနေပြီဖြစ်ကြောင်းသိရပါသဖြင့် ပြည်သူများအတွက် နေရေး ဖြေရှင်းပေးနေသူ (၈၈)မှ လှိုင်သာယာတာဝန်ခံ ကိုသန်းဇော်ဝင်း နှင့် ရွှေပြည်သာတာဝန်ခံ မအေးအေးမာ ကို ဂုဏ်ပြုပါသည်။
ကိုသန်းဇော်ဝင်း ရေ ပြည်သူတွေအတွက်လုပ်တာလား ပါတီအတွက် ရံပုံငွေရှာတာလား ကိုယ့်အတွက်ကိုယ်လုပ်တာလား ?????

MasterMyanmar said...

၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ မအေးအေးမာ မှာ မည်သည့် လုပ်ပိုင်ခွင့်မှ မရှိပါ။
ခုလိုမျိုး ဒုက္ခရောက်နေသော ပြည်သူများကို လက်ညှိးထိုးပီး ကူညီလို့ လည်း မရပါ။
ဒီလိုလူမျိုး နိုင်ငံအတွက် တာဝန်ပေးလျှင် နိုင်ငံတစ်ခုလုံး လုံးဝ ကမောက်ကမ ဖြစ်မှာပါ။ ပြည်သူများအတွက် နိုင်ငံရေးလုပ်တာ မဟုတ်ပဲ၊ မိမိကိုကျိုးအတွက် နိုင်ငံရေးလုပ်စားတာပါ။ ဒီလိုလူကို မဲမပေးမိတာ ကံကောင်းတယ် ပြောရမှာပါ။ အစိုးရမှာ အပီကိုင်ရမှာပါ။

333 said...

John ရေ
ကိုမင်းကိုနိုင်တို့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ဖြစ်ပါတယ်၊ ကိုမင်းကိုနိုင်တို့ပါတီထောင်တယ်လို့တခါမှမကြားမိပါဘူး၊ ၈၈မျိုးဆက်ကျောင်းသားပါတီ ဆိုတာ ၈၈ ကျောင်းသားများနာမည်ကို ခုတုံးလုပ်ပြီး လုပ်စားနေတဲ့ ရဲထွန်းနဲ့အေးလွင် တို့ညီအစ်ကိုနှစ်ယောက်ထောင်ထားတဲ့ ပါတီသာဖြစ်ပါတယ်။

Powered by Blogger.