ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၏ (၁၂.၅.၂၀၁၂) ကော့မှူးခရီးစဉ် (ဓါတ်ပုံ-နောင်တော်လေး-Facebook)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။
ဒါ့အပြင် ဒေသခံအုပ်ချုပ်ရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိတဦး ဖြစ်တဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။ "ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းကို သွားရောက် ကန်တော့အပြီး ကော့မှူး ကျေးရွာပေါင်းစုံမှာ ရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ် ၁၅၀ ခန့်ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပါတယ်။ သူတိုရဲ့ လိုအပ်ချက်တွေ သူတို့ ဖြစ်စေချင်တာတွေကို မေးမြန်းခဲ့ပါတယ်။ ခရစ်ယာန်၊ မူဆလင်၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံပြီး ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကော့မှူးမြို့နယ်ထဲမှာ ရေရှားပါးလို့ ရေရရှိရေး ပြုလုပ်ပေးနေကြသော ပညာရှင်များ၊ အလှူရှင်များနဲ့ဆွေးနွေးပါတယ်။ အဲဒီနောက် မြို့နယ် ဆေးရုံက မြို့နယ်ဆရာဝန်ကြီးနဲ့ တွေ့ပြီး ကျန်းမာရေးအတွက် ဘာတွေ ဖြည့်ဆည်းပေးဖို့ လိုသလဲလို့ မေးပါတယ်။ အခု လောလောဆယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စကားပြောနေပါတယ်။" အခုလို ကော့မှူးဒေသခံတွေနဲ့တွေ့ဆုံပြောဆိုခဲ့ရာမှာ အထူးသဖြင့် လက်ရှိ အခက်အခဲ (၂) မျိုး တွေ့ရတယ်လို့ ဦးခွန်သာမြင့် က ပြောပါတယ်။ အဲဒါတွေကတော့ အလုပ်လက်မဲ့ ပြဿနာနဲ့ လယ်သမားတွေရဲ့ အခက်အခဲဖြစ်ပြီး ကျန်အခက်အခဲတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ခရီးစဉ်မှာ မိဘမဲ့ ကျောင်းတကျောင်းနဲ့ မူကြိုကျောင်း တကျောင်းကိုလည်း ဝင်ရောက်ကြည့်ရှုပြီး နှုတ်ဆက်စကား ပြောခဲ့ပါတယ်။
RFA-Burmese
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ Reviewed by သစ်ထူးလွင် on 11:11 Rating: 5

11 comments:

ကေါင်းကေါင်း said...

အမေစုလိုတာဝန်သိတဲ့စိတ်စေတနာတွေမွေးကြပါလို့လွှတ်တော်ကိုယ်စားလှယ်တွေကိုပြောထျင်ပါတယ်. ပြည်သူ့ကဘာကြောင့်အမေစုမှအမေစုဆိုတာမြင်ကြပြီမဟုတ်. ပြောင်ကြီးသိန်းစိန်ရေ. အမေစုကိုအတုယူပါ. ပြည်သူထမင်းစားပြီးတော့ပြည်သူ့ကိုမှန်မှန်ကန်ကန်အလုပ်အကြွေးပြုပါ. သူခိုးကြံ့ဖွတ်တွေရဲ့ဥပဒေမဲ့ပြည်သူ့ငွေခိုး. မတရားစာရင်းပြ. လယ်မြေတွေသိမ်းပြီးကိုယ်ကျုးစီးပွားရှာ. မတရားတရားစီရင်. စစ်တပ်ရဲ့ထင်ရာစိုလုပ်ခွင့်တွေပေး. တိုင်းရင်းသားတွေကိုမတရားသတ်ဖြတ် မုဒိန်းကျင့်. ပြည်သူကမရွှေးချယ်လက်မခံဘဲလွှတ်တော်ထဲ၂၅%ကိုဝင်အိပ်ခွင့်ပေး. ဂျပန်သံအမတ်လှမြင့်သူခိုးကိုရန်ကုန်စည်ပင်မှာခိုးခွင်တွေထပ်ပေးနေတာတွေရပ်သင်ပြီ. ပြောင်ကြီးရေ. လေတွေရှော့ပြီးလက်တွေ့အလုပ်လုပ်ပါ. သူခိုးကြံ့ဖွတ်အစိုးရအမြင်မှန်ရသင့်ပါပြီ. အစားလွန်ပြီးသပိုးနင့်ပြီးတင်အောင်မြင့်ဦးနဲ့ငရဲပြည်ကိုမလိုက်ချင်ရင်အမြန်ဆုံးပြုပြင်ပါ

pyeitphyo said...

သက်ကြီးရွှယ်အို တွေအတွက် လည်း လူမှုရေး ကျန်းမာရေးနယ်ပယ်မှာ အခွင့်အရေးတရပ် ပြုလုပ်ပေးစေလိုပါတယ် ဆွေမျိုးမိသားစု စောက်ရှောက်မှုမရတဲ့ သက်ကြီးရွှယ်အိုတွေလည်း အများကြီးရှိပါတယ် သူတို့ အတွက် ဥပမာ- အသက်၆၀ကျော်ရင် ဆေးကုသစရိတ် လျော့ပေးတာမျိုး လုပ်စေလိုပါတယ်။

g man said...

အန်တီစု
ကော့မှူးနဲ့နီးတဲ့ဒလမှာနှစ်တိုင်းေ၇အခက်အခဲဖြစ်နေပါတယ်
အဆင်ပြေ၇န်ကူညီပေးစေချင်ပါသည်

su said...

အမေ စု က လွှတ်တော်ထဲတောင် အစည်းဝေးမထိုင်ရသေးဘူး၊ ပြည်သူအတွက် တကယ် အလုပ် လုပ်နေပြီ။ လွှတ်တော်ထဲ ရောက်နေတဲ့ ကိုယ်စားလှယ်တွေကို ခုထိ ညာတာ ပါတေးနဲ့ ၀ါးတီး ဖွင့်နေတုန်း၊ လူလိမ်တွေလား မသိပါဘူး။

win said...

အမေစု ကျန်းမာပါစေ အများအကျိုးစထက်တပိုးထမ်းဆောင်နိုင်ပါစေ။
ကျွန်တော်လည်းအမေစု ဖြစ်စေချင်တဲ့လူသားအကျိုးပြုလူငယ်ဖြစ်အောင်ကျိုးပမ်းနေပါပြီ။

Justice lover said...

လုပ်ရမှာကတော့ အများကြီးပဲဗျာ
တစ်တိုင်းပြည်လုံးက စုတ်ပြတ်သတ်နေပြီလို့ ပြောယင်အဆိုးမြင် ဝါဒီလို့ အပြောခံရဦးမယ်။ တကယ်တော့ တကယ့်ကို စုတ်ပြတ်နေခဲ့ပါပြီ။ ကျန်းမာရေး၊ ပညာရေး၊ စာရိတ္တ၊ အတွေးခေါ်၊ စီးပွားရေး၊ ဆက်သွယ်ရေး၊ လမ်းပန်း၊ လျှပ်စစ် အစစ သူများတွေထက် အောက်ကျနောက်ကျ ဖြစ်ခဲ့ကြရပါပြီ။ အားလုံးကိုယ်စီ အသိစိတ်ဓာတ်နဲ့ ဝိုင်းလုပ်ကြမှ ဖြစ်မယ်ဆိုတာ နားလည်ကြရမယ်။ ဒေါ်စုတစ်ယောက်တည်းကိုပဲ ဝိုင်းမှီမနေကြပါနဲ့။ အဖွားကြီးလဲ ဦးသန်းရွှေတို့ဝိုင်းနှိပ်စက်ထားလို့ ရဲ့ရဲ့ပဲ ရှိတော့တာ။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လုပ်လို့ရတာတွေ လုပ်နိုင်တာတွေ အများကြီးနော်။

Naing Lin said...

လွတ်တော်ထဲက အမတ်တွေအတုရကြပါ အမေစုကို ခင်ဗျာတို့ယူထားတဲ့
လစာက ၃သိန်းဆိုပေမဲ့ အဲပိုက်ဆံက သာမန်ပြည်သူတွေအတွက် ၅ယောက်
စာလောက်ရှိတယ် တိုင်ပြည်ကပိုက်ဆံကပိုက်ဆံကို အလကားမယူပါနဲ့ ပြော
ချင်တာက အဲဒါမဟုတ်ပါဘူး လွတ်တော်ထဲရောက်တာ 1နှစ်ပြည့်ပြီ ကိုယ့်ကို
တင်ပေးလိုက်တဲ့ မြို့နယ်က ရွာတွေရဲ့လိုအပ်ချက်ကိုဘယ်လောက်လိုက်ကြည်ပြီးပြီလဲ စဉ်စားပါ
လွတ်တော်ထဲမှာ ငါအမတ်ပဲဆိုတဲ့ ဂုဏ်ပုဒ်ကြီးတတ်ပြီး သူများပြောတာနား
ထောင်နေတာကတော့ တော်တော်ကိုဆိုပါတယ် ဥပမာ ရေနံချောင်းက
လွတ်တောအမတ်ဒေါ်ဝင်းမော်ထွန်းတို့လိုလူမျိုးပေါ့ နောက် မင်းဘူးက အမတ် တို့လို ဘာမှမလုပ်ပဲ လွတ်တော်ထဲထိုင်ပြီးလစာယူတဲ့လူတွေပေါ့
ဒု သမ္မတလို ထွက်ပေးရင် တိုင်းပြည်ပိုတိုးတတ်ပါလိမ့်မယ်.....အလိုက်သိကြပါ

Show said...

ကောင်းကောင်း.ရေ
ဦးသိန်းစိန်ကငါတို့Presidentနော်
အရင်အစိုးရတုန်းကဗိုလ်ချုပ်ဆိုပေမဲ့ခုသူလုပ်နေတာတွေကအပြစ်ပြောစရာမရှိ
သေးဘူး
တနှစ်ပဲရှိသေးတယ်ပြောင်းလဲတာတွေကမြင်သာပါတယ်
နည်းနည်းအကောင်းမြင်ပေးလိုက်ပါ
အမေစုနဲ့တော့နှိုင်းလို့မရဘူးပေါ့

saw said...

အမေစုကို လူတိုင်းအတုယူပြီး လိုအပ်တဲ့နေရာတွေမှာကိုယ်တတ်နိင်သလောက်ကူညီသင့်တယ်.

နေကြာရိုး said...

ကိုနိုင်လင်းတို့ ကောင်းကောင်းတို့ရဲ့ အကြံပြုချက်တွေကို လွှတ်တော်အမတ်များ အကြိမ်ကြိမ်ဖတ်ပြီး အမေစုလို တိုင်းပြည်အကျိုးအတွက် အသိစိတ်လေး ၀င်လာအောင် ငါတို့ ဘာတွေလုပ်ဖို့ လိုသေးတယ်ဆိုတာ သင်ခန်းစာ ယူတတ်ကြပါစေ.

joseph said...

အမေစုရေ....

သားတို.NGO တွေမှာနိုင်ငံခြားသားတွေဗိုလ်ကျနေတာကိုလည်းပြောပေးပါအုံး။
လှူဒါန်းသောငွေတွေကိုပိုက်ပြီးပြန်သွားတဲ့ နိုင်ငံခြားသားတွေမနည်းတော့ပါဘူး။
ွှအထက်မှာတာဝန်ရှိသော မြန်မာဝန်ထမ်းတွေက သူတို.ခုံလှုပ်မှာစီုးတာနဲ့ နိုင်ငံခြားသားတွေမဟုတ်တာလုပ်နေတာသိလည်းငြိမ်နေတယ်။
မျောက်ပြဆန်တောင်း၊ Human Right ကို လက်တွေ.ချိုးဖောက်နေသောNGO တွေကို " အမေစု" ပြောပေးပါလို.

အမေကိုချစ်သောသား

Powered by Blogger.