တယူနစ်လျှင်၁၅၀ိ/နှုန်းဖြင့်မတရားတောင်းခံနေသော ရွှေပေါ်ကျွန်းသာသနာပြု စခန်းမှဘုန်းကြီးဦးကုမာရ
နိုင်ငံတော်မှပေးသောလျှပ်စစ်မီးကိုတယူနစ်လျှင်၁၅၀ိ/နှုန်းဖြင့်
မတရားတောင်းခံနေသောမလှိုင်မြို့ နယ်ရွှေပေါ်ကျွန်းသာသနာပြု
စခန်းမှဘုန်းကြီးဦးကုမာရ
မန္တလေးတိုင်းဒေသကြီးမလှိုင်မြို့ နယ်ရွှေပေါ်ကျွန်းသာသနာပြုစခန်းအတွင်း
လွန်ခဲ့သေ(၁၄)နှစ်ခန်ကခန္ဓာဝန်ချသွားခဲ့သည့်အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက
ဆရာတော်ဘုရားကြီးလက်ထက်ကတည်းကတည်ရှိခဲ့သောကျောင်းဆောင်
ပေါင်း ( ၂၀၀ ) ကျော်နှင့်ထိုကျောင်းဆောင်များတွင် နေထိုင်သူလူဦးရေပေါင်း
 ( ၆၀၀) နီးပါးမျှရှိပါသည်။ထိုသူများမှာသာသနာ့ဝေယျာဝစ္စအလုပ်များလုပ်
ကိုင်ဆောင်ရွက်ကြသူများ၁၅၀ခန့် နှင့် ၎င်းမိသားစုဝင်များဖြစ်ကြပါသည်။
မလှိုင်မြို့ နယ်လျှပ်စစ်ရုံးမှသာသနာပြုစခန်းသို့ နေ့ ရောညပါအချိန်ပြည့် (၂၄)
နာရီလျှပ်စစ်မီးလွှတ်ပေးထားသော်လည်း၊ဘုန်းကြီးမှကျောင်းဆောင်များကို
ညပိုင်းအတွက်သာ(ညနေ၆:၃၀ နာရီမှနံနက် ၅:၃၀နာရီအထိသာ)အသုံးပြု
ခွင့်ပေးပါသည်။
နေ့ ခင်းပိုင်းလုံးဝအသုံးပြုခွင့်မပေးပါ။၂၀၁၂ ခုနှစ်မတ်လအထိကိုမူအောက်ဖော်
ပြပါနှုန်းထားများဧ။်တ၀က်ဖြင့်သာလျှပ်စစ်မီးခများပေးဆောင်ရပါသည်။
ယခင်မီတာများတပ်ဆင်ထားသော်လည်းဦးကုမာရမှအားလုံးဖြုတ်သိမ်းထားပါ
သည်။
ယခုအခါ၂၀၁၂ ခုနစ်ဧပြီလ ( ၂၀) ရက်နေ့ မှစ၍လျှပ်စစ်မီးခများကိုအောက်ပါ
နှုန်းထားများဖြင့်တိုးမြှင့်ကောက်ခံနေပါသည်။
 ၂ ပေမီးချောင်း          -    ၈၀၀ိ/ -
 ထမင်းပေါင်းအိုး -  ၃၅၀၀ိ/-
 အင်ဗာတာ  - ၂၅၀၀ိ/-
 ပန်ကာ  -၁၅၀၀ိ/-
 တီဗွီ  -၂၀၀၀ိ/-
 အောက်စက် -၁၀၀၀ိ/-
 ရေခဲသေတ္တာ -၆၀၀၀ိ/-
 ရေမော်တာ -၇၀၀၀ိ/-
မီးရသည့်အချိန်တနေ့ ၁၁နာရီအတွက်ထိုသတ်မှတ်နှုန်းမှာတယူနစ်၁၅၀ိ/-နှုန်းဖြစ
်ပါသည်။နေ့ ရောညပါသုံးလျှင်သော်မှထိုမျှလောက်နှုန်းထားများမကျသင့်နိုင်ပါ။လျှပ်စစ်မီးခမပေးဆောင်နိုင်သောအဆောင်များကိုမီးဖြတ်မည်ဟုကျောင်းထိုင်
ဘုန်းကြီးဦးကုမာရမှအစည်းအဝေးခေါ်၍ခြိမ်း ခြောက်ထားသဖြင့်မရှိရှိတာ
ပေါင်နှံပေးနေကြရပါသည်။
ဦးကုမာရမှ၎င်းနှင့်အဆင်မပြေသူများအဆောင်ဆိုလျှင်မီးလုံးဝဖြတ်ပြစ်ပါသည်။
အဆောင်ပေါင်း(၃၀)ခန့် ဖြတ်ခံထားရပါသည်။ ၎င်းအပြင်မလှိုင်မြို့ နယ်လျှပ်စစ်ရုံးမှရွှေပေါ်ကျွန်းသာသနာပြုစခန်းအထိလျှပ်စစ်ကြိုးများသွယ်တန်း
ထားသောသစ်သားမီးတိုင်အဟောင်းများအစားကွန်ကရစ်မီးတိုင်များဖြင့်အစားထိုး
ရန်အတွက်ဆိုပြီးကွန်ကရစ်မီးတိုင်တတိုင်လျှင်ကျပ်တသိန်းငါးသောင်း
(၁၅၀၀၀၀ိ/)ဖြင့်အလှူခံပါသည်။
အနယ်နယ်အရပ်ရပ်မှအလှူရှင်များမှလှူဒါန်းထားသည့်ကွန်ကရစ်မီးတိုင် (၁၂၀)
အတွက်ကျပ်သိန်းတရာ့ရှစ်ဆယ်(၁၈၀,၀၀၀၀၀ိ/-)ကိုရရှိထားသည်မှာကြာမြင့်
ပြီဖြစ်ပါသည်။ ပဓာနဘုန်းကြီးဦးကုမာရမှမီးတိုင်များကိုမ၀ယ်ပဲ၎င်း၏ကိုယ်ကျိုး
အတွက်အလွဲသုံးစားပြုလုပ်ထားပါသည်။
 ထိုသို့ နိုင်ငံတော်မှတရားဝင်ပေးထားသောလျှပ်စစ်မီးကိုလက်နက်သဖွယ်အသုံး
ပြုခြိမ်းခြောက်ပြီး၊လျှပ်စစ်မီးခများမတရားသဖြင့်တောင်းခံပြီးရရှိငွေများကို၎င်း၊ကွန်ကရစ်မီးတိုင်များအတွက်အလှူခံရရှိငွေကျပ်သိန်းတရာ့ ရှစ်ဆယ်ကို၎င်း၊
ဦးကုမာရမှ၎င်းရင်ဆိုင်နေရသောအမှုအခင်းကိစ္စများအတွက်အလွဲသုံးစားပြုနေခြင်းကို
နိုင်ငံတော်သမ္မတကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များသက်ဆိုင်ရာဝန်ကြီးဋ္ဌာနများမှ
သိရှိ၍လိုအပ်သလိုစစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန်တင်ပြတိုင်ကြားအပ်ပါသည်။
ထိုသို့ စစ်ဆေးလျှင်သာသနာပြုစခန်းအတွက်အမျိုးမျိုးသောလှူဒါန်းငွေများမှအမျိုး
ဘာသာ၊သာသနာအကျိုးအတွက်မဟုတ်ပဲ၎င်း၏ကိုယ်ရေးကိုယ်တာကိစ္စများအတွက်
အလွဲသုံးစားပြုမှုမြောက်မြားစွာကိုလည်းတွေ့ ရှိလာမည်ဖြစ်ပါသည်။
 မလှိုင်မြို့ နယ်ရွှေပေါ်ကျွန်းသာသနာပြုစခန်းမှဝေနေယျများနှင့်အနယ်နယ်အရပ်ရပ်မှအလှူရှင်များ
တယူနစ်လျှင်၁၅၀ိ/နှုန်းဖြင့်မတရားတောင်းခံနေသော ရွှေပေါ်ကျွန်းသာသနာပြု စခန်းမှဘုန်းကြီးဦးကုမာရ တယူနစ်လျှင်၁၅၀ိ/နှုန်းဖြင့်မတရားတောင်းခံနေသော   ရွှေပေါ်ကျွန်းသာသနာပြု စခန်းမှဘုန်းကြီးဦးကုမာရ Reviewed by သစ်ထူးလွင် on 12:47 Rating: 5
29 comments:
Anonymous said...
ဒီလိုဆို လွန်တာပေါ့ .....ဒီသတင်း သေခြာရင်တော့ ဘုန်းဘုန်းရေ..နည်းနည်းလျှော့..နည်းနည်းလျှော့ ...။
မရဏမင်း said...
"သင့်ကြောင့် ဗုဒ္ဒသာသနာ မညှိုးနွမ်းပါစေနဲ့"
aristhteinwin said...
သာသနာဆိုတာ ဘာမှန်းမသိ- ဂိုဏ်းယောင်ယောင် သိုင်းယောင်ယောင် ပုဂ္ဂိုလ်တွေ ဆည်းကပ်ပြီး လှူဒါန်းနေကြတာ ခံရတာ နဲတောင် နဲသေး- သမတကြီး မတိုင် နဲ့ - ကိုယ့်ဘာသာ ဆုံးဖြတ်- ကိုးကွယ်သင့်သလား- မသင့်ဘူးလား- မသင့်ရင် မသွားနဲ့ ပေါ့- နေရာတကာ အထက်လူကြီးသိအောင် တင်ပြလိုက်ပါတယ်။ သမတကြီးသိအောင် ပြောပေးပါ မလုပ်နဲ့ -ကိုယ့်အားကိုယ်ကိုး- ကိုယ့်ဘာသာ ဆုံးဖြတ်- လွယ်လွယ်လေး-
qiang said...
ငရဲမှာ ဘုန်းကြီးတွေများတယ်ဆိုတာဒါကြောင့်ကို
youthmedia said...
ကျားသနားမှ နွားချမ်းသာ ဆိုသလို ဘုန်းကြီးသနားမှ လူချမ်းသာ၇မယ့်  အနေထားကြီးပါလား ဘုန်းကြီး စိတ်ထားနဲ့  တူတဲ့ စီးပွားေ၇း လုပ်ငန်း၇ှင်တွေ ၇ှားပါးတာ ပြသနာ မဟုတ်ဘူး ၊ စီးပွားေ၇းလုပ်ငန်း၇ှင် နဲ့  တူတဲ့ ဘုန်းကြီးတွေ ပေါ်လာတာ ပြသနာ သာသနာငြိုးနွမ်းမဲ့ အေ၇း မို့  ပါ
phyo1980 said...
ကတောက်..တစ်ကယ်လာ
nang thu zar said...
ဘုန်းကြီးကျောင်းဆောင်မှာ လူပေါင်း ၆၀၀ ဆိုတာဘာလဲဟင်။ ဝေယျာဝစ္စ ကို ၁၅၀ ဆိုတော့ ။ ဘာလို့ဘုန်းကြီးကျောင်းမှာကပ်နေတဲ့သူကဒီလောက်များရတာလဲ
မိစံ said...
ပြဿနာဘဲ...
သာသနာရေးဝန်ကြီးဌာနကို စာတင်လိုက်ပေါ့။
အင်တာနက်ပေါ်မတင်ဘဲ.ကိုယ့်ဘာသာဖြေရှင်းလိုက်ကြတာကောင်းပါတယ်။
ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက..
(ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ သတင်းကတော့ရောက်လာပြီ)
ဒီလိုဒီလိုဖြစ်နေတယ်ဆိုရင်...
တစ်ခြားဘာသာဝင်တွေလည်းကြားဖို့မသင့်တော်ပါဘူး။
(၀မ်းသာတတ်ကြရင် ပိုတောင်မကောင်းပါသေးတယ်)
ကိုယ့်ပေါင်..ကိုယ်လှန်မထောင်းကြပါနဲ့။
Battlecal said...
ဆရာတော်ကလဲအကျပ်အတည်းတွေရှိနေခဲ့ရင်ကော်.....ဆရာတော်မဟုတ်ပဲ ဆရာတော်အနား က ကပ်ဖား တွေ လန်ကြုတ် လုပ်တာဆိုရင်ကော်....
u kyawkyaw said...
ဘုန်းကြီးမှာသုံးစရာဘာရှိလို့လဲဗျာ၊သင်္ကန်းသုံးစုံနဲ့သပိတ်ရှိရင်စားဘို့၊၀တ်ဘို့ရပြီဗျာ၊နေဘို့ကသစ်ပင်တွေရှိရင်ရပြီမဟုတ်လားဗျာ။ကျောင်းထိုင်ဆရာတော်ကြီးပျံလွန်တော်မူရင်၊စီမံအုပ်ချုပ်ဆရာကြီးလုပ်ချင်လို့အကုသိုလ်များမှာမကြောက်တဲ့ဘုန်းကြီးတွေရှိတဲ့သံဃနာယကအဖွဲ့ကိုကျောင်းအပ်၊ပြီးရင်အဖွဲ့ကသင့်တော်တဲ့သူကိုကျောင်းအုပ်ချုပ်ဘို့လွဲပေး၊အဲဒါဆိုရင်အကုသိုလ်နဲတာပေါ့ဗျာ၊
တိုင်းပြည်အလုပ်နဲ့ကိလေသာတွေထူပြောနေတဲ့သူတွေကပြန်စီမံပေးရမယ်ဆိုတော့မဟုတ်သေးပါဘူးဗျာ။
မဟုတ်တာလုပ်တဲ့ဘုန်းကြီးတွေကိုငရဲကသူဆီမှာကြာကြာနေဘို့စီမံပါလိမ့်မယ်။
freemedia said...
လူက ဘုန်းကြီးအလုပ်လုပ်၇င်ကုသိုလ်၇တယ် ဒါပေမယ် ဘုန်းကြီးကလူ့ အလုပ်လုပ်၇င်တော့ င၇ဲ၇မယ် လူကဘုန်းကြီး စိတ်ထားတက်၇င် နတ်ပြည်ေ၇ာက်ဖို့  နီးတယ် ဘုန်းကြီးက လူတွေ လို စီးပွားေ၇ဆန်ဆန်စိတ်ထားတတ်၇င် မ၇ဏနဲ့ နီးစပ်သွားလိမ့် မယ်
ဇော်ဇော် said...
ဟိုဘက်ခြံကနွားကြီး သာသနာရေးကိစ္စကို မသိရင် ၀င်မစွက်နဲ့
ပုံ
ဗန်းမော်ဆရာတော်
ကိုဖြိုး said...
သိချင်တာလေး တစ်ခုလောက်မေးခွင့်ပြုပါ။
၁) ဘာလို့ဒီလောက်လူအများကြီး ဘုန်းကြီးကျောင်း မှာနေကြတာလဲ?
၂) သူ့ကျောင်းမှာနေရင်တော့ သူတောင်းတာပေးရမှာ မဟုတ်ဘူးလား?
၃) သူ့မီးမသုံးချင်ရင် ကိုယ့်ဖာသာကိုယ် ကိုယ်ပိုင်မီးစက်နဲ့ နေလို့မရဘူးလား?
၎) သူ့ကျောင်းမှာ နေမှတော့ သူစီမံတာခံပေါ့........ မဟုတ်ဘူးလား? မခံနိုင်ရင်မနေနဲ့လေ။
ell said...
ရွှေပေါ်ကျွန်းသာသနာ့ နယ်မြေဆိုတာ သာမညလိုနေရာမျိုးပါ ရွာကြီးတရွာမျိုးပါ ခုဖြစ်တာက နိုင်ငံတော်က ကောက်ခံနှုန်းထားထက် ပိုမိုကောက်ခံနေတာကိုပြောထားတာလေ သင့်တော်တဲ့နှုန်းနဲ့ ကောက်ခံတာမှမဟုတ်တော့ ဘဲ ဒါက ရန်ကုန်မှာတောင်မှတယူနစ်ကိုမှ၃၀နဲ့  ၃၅ ကျပ်ကြားမှာဘဲ ရှိတာလေ ခုက၁၅၀ ဆိုတော့  စဉ်းစားကြည့် ပေါ့
minsoeaung said...
မြန်မာရာဇဝင်မှာ
မင်းဆရာတော်ကပေါက်ပြားသွားင အလှူခံတာကို
ရှင်ဘုရင်ကြီးကပေါက်ပြားတွေ ခြေနဲ့ကန် ပြီးပေးတာ
ဖတ်ခဲ့ရဘူးပါတယ်။
လူအလုပတွေကိုဘုရားသားတော်များလုပ်တာကိုလလူ
တွေမကြိုက်တာကိုပြတာပါ။
ဒီတော့ ဒူးနေရား ဒူးသညသာရှိသင့်ပါကြောင်း
minsoeaung said...
မိတ်ဆွေ
ရှေးရိုးစွဲတွေ မးပါနဲ့
မကောင်းတာ မကောင်းဘူးပြောမှ
မှားတဲ့သူကသိမှာပေါ့
ဒါကိုအမှန်ပြင်ရင်အကောင်းဆိုတဲ့အမြတ်ရမယ်
ငရဲမကြီးပါဘူး။ ကုသိုလ်ရပါတယ်။အမှားသမားက အမှန်မြင်ပြီးကောင်းသွားရင်
ကုသိုလ်တွေ သူကောင်းတဲ့တန်ဘိုးလောက်ရမယ် yes
minsoeaung said...
မိတ်ဆွေ
ရှေးရိုးစွဲတွေ မးပါနဲ့
မကောင်းတာ မကောင်းဘူးပြောမှ
မှားတဲ့သူကသိမှာပေါ့
ဒါကိုအမှန်ပြင်ရင်အကောင်းဆိုတဲ့အမြတ်ရမယ်
ငရဲမကြီးပါဘူး။ ကုသိုလ်ရပါတယ်။အမှားသမားက အမှန်မြင်ပြီးကောင်းသွားရင်
ကုသိုလ်တွေ သူကောင်းတဲ့တန်ဘိုးလောက်ရမယ် yes
ဖိုးဖိုးကြီး said...
ကိုဖြိုး-ပြောတာမှန်ပါတယ်။မေးခွန်း(၁)မှ(၄)အထိမေးထားတာ ဟုတ်ပါတယ်။ဘာကြောင့် ဘုန်းကြီးကျောင်းမှာနေရတာလဲ။ဝေယာဝစ္စလုပ်
ပေးရုံနဲ့တဆွေလုံး၊တမျိုးလုံးအလကားဘုန်းကြီးကျောင်းမှာနေပြီး၊အလကား
ထမင်းစားနေတာတော့မကောင်းပါဘူး။ဘုန်းကြီးလဲဒီလောက်များတဲ့သူတွေကိုမျက်စိမှိတ်ပြီးထားတာတောင်လွန်နေပြီး။လူတွေကလည်း အချောင်နေရ
မယ်-အချောင်စားရမယ်ဆိုရင်ငရဲပြည်တောင်သွားကြမည့်လူတွေဘဲ။ ဘုန်းကြီးကလည်းဒီလောက်များတဲ့ လူ(၆၀၀)နီးပါးကို ဘာဖြစ်လို့နေခွင့်
ပေးရတာလဲ။ ကျေးဇူးမသိတတ်တဲ့ဒီလိုသူမျိုးတွေကို ဘုန်းကြီးကျောင်းက
မြန်မြန်သာမောင်းထုတ်လိုက်ပါ။ ဘုန်းကြီးကျောင်းမှာနေပြီး၊လှူမယ်-တန်း
မယ် ဆိုတာမရှိဘူး။အလကားအချောင်နေရမယ်-အချောင်စားရမယ်ဆိုတာ
ဘဲသိတယ်။
Bo Aung Din said...
ငါကကျောင်းထိုင်ကွ...အိမ်မှာမထိုင်ချင်လို့ကျောင်းမှာထိုင်ပြီးစီးပွားရှာရတာ..အထက်ကသတင်းသာမှန်မယ်ဆိုရင်တော့...ဒီဘုန်းကြီးကျောင်းထိုင်ပြီး..အိမ်ကိုအလစ်ပို့နေတာဖြစ်ရမယ်..
mad dog said...
သြော် ဘုန်းဘုန်း၇ယ်... ခက်လှပါဘိ။ ။
Unknown said...
မဂ်လာပါ ။
ဘုန်ကြီးလည်းမရှိလို့ဖြစ်နေမှာပါ ။
နည်းနည်းပါးပါး လူလည်းလူ ပေးလည်းပေးလို့မရဘူးလား ။
ဘုန်းကြီးဘဲ ဘုန်းမကြီးတဲ့အခါ များများပေးလိုက်ကြပါ ။
သာသနာတွေပျောက်ကွယ်သွားလိမ့်မယ် ။
myochitthu said...
ဘုန်းကြီးကနောက်ဘ၀အတွက်ရိတ်ခါယူနေတာလေ။သူ့အပြစ်နဲ့သူသွားပါလိမ့်မယ်
zarni17 said...
ကိုဖြိုး--ပြောတာလုံးဝမှန်ပါတယ် အင်တာနက်ပေါ်ရောက်တဲ့သတင်းတိုင်းမှန်တယ်လို့မယူဆစေချင်ပါဘူး သတင်းဖတ်သူတိုင်းလဲ ခွဲခြမ်းစိတ်ဖြာပြီးစဉ်းစားစေချင်ပါတယ် ဘုန်းကြီးကျောင်းမှာ ဒီလောက်လူများတဲ့လူတွေကိုဘယ်သူက အလကားတင်ထားမှာလဲ တိုင်းပြည်အတွက်အကျိုးပြုသူတွေဖြစ်နေလို့လား သမ္မတကြီးပြောတဲ့စကားကို မငှားသုံးပြောရရင် ရှေးရိုးစွဲရှိသူတွေနောက်ကျန်နေခဲ့ပါ
ထင်တာပြောသူ said...
ဟီဟိ
(၁) ဘုန်းကြီးကျောင်းပိုင်မြေနေရာ ကျယ်ပါသည်၊ ထို့ကြောင့် လူများမှ ဆရာဒကာအဖြစ်လာနေပါသည်၊ သိသလောက်တော့ လူများမှ ဘုန်းကြီးကျောင်းမှ သူများလှူထားသော အဆောက်အဦများတွင် နေပါသည် (အိမ်ငှားနေသလားထင်ရ ဟိဟိ)
(၂) ဘယ်သူများ မိမိနေထိုင်သည့် ဘုန်းကြီးကျောင်း (အများပိုင်) နေရာအား မိမိပိုင်သကဲ့သို့ နေထိုင်ပြီး ပြုပြင်မွန်းမံခြင်းရှိပါသနည်း (သာသနာပိုင် အဆောက်အဦ)
(၃) ရောက်လျှင်သိပါလိမ့်မည်ထင်ပါသည် တစ်ချို့မှာ သာသနာအတွက်၊ ဘုန်းကြီးကျောင်းစည်ပင်တိုးတက်ရေးအတွက် ဘာမျှမလုပ်ဘဲ မိမိ မိသားစု နေစရာအဆင်ပြေရေးအတွက်သာ မှီခိုနေပါသည်၊ ( ဘုန်းကြီးမှ ဘာမှမပြောပါ )(ကိုယ့်စီးပွားကိုယ်လုပ်ပြီး ဘုန်းကြီးကျောင်းတွင်မှီခိုနေပါသည်) ထိုသူများအား ဘယ်လို စီမံရပါမည်ဆိုတာသိချင်ပါသည်။
(၄) ကိုယ်ပိုင်မီးစက်များဝယ်နိုင်ကြပါသည် အိမ်တစ်အိမ်နှင့် တစ်အိမ် ခြံစည်းရိုးသာခြားပါသဖြင့် အိမ်ပေါင် (၁၀၀)ကျော် မီးစက်သုံးလျှင် အိပ်ရမည်မထင် (ဟိဟိ)
(၅) သူ့ကျောင်းနေသည့်အတွက် ဘုန်းဘုန်းစီမံတာခံရပါမည် (တစ်မိသားစုလုံးနီးပါး သာသနာရေး ဘုန်းကြီးကျောင်းတိုးတက်ရေးအား လုပ်ဆောင်နေသူများအား လျော့ပေါ့ စဉ်းစားပေးရန်လိုမည်ဟုထင်ပါသည်။)ကျန်သူများ အိမ်ငှားခလို့သဘောထားချင်ထား ဘုန်းကြီးကျောင်းတိုးတက်ဖို့အလှူငွေလို့သဘောထားချင်ထား
တားတားဘာမှမသိ (ထင်တာဝင်ပြောတာ)ခွိခွိ
ngaba said...
ဒီလောက်ကောက်တာ နဲတောင်နဲသေးတယ်။ ဘုန်းကြီးကျောင်းမှာ လူတွေဒီလောက်များပြီး လူနေရပ်ကွက်တစ်ခုလို ဖြစ်နေတာ။ အခုကန့်သပ်ထားတဲ့ပစ္စည်းတွေကလည်း ပန်ကာ၊ ထမင်းပေါင်းအိုး၊ တီဗွီ၊ ရေခဲသေတ္တာ.... အားလုံးဟာ တကယ်တမ်း ဘုန်းကြီးကျောင်းနဲ့ ဘာမှ အပ်စပ်တာ မပါဘူး။ လူတွေက ဘုန်းကြီးကျောင်းမှာနေပြီး သူတို့လိုဘ မပြည့်တော့ ကိုယ့်ဘ၀အမှန်ကို မေ့ပြီး ဘုန်းကြီးကို ပြဿနာရှာချင်ကြတယ်။ အခြေအနေအမှန်ဆိုတာ တစ်ဖက်နားနဲ့ ဆုံးဖြတ်လို့ရယိုးထုံးစံ မရှိပါဘူး။ အခုပြဿနာမှာလည်း မှန်တယ် မှားတယ် အပြတ်ပြောလို့ မရနိုင်တာမို့ ဘုန်းကြီးတစ်ဖက်တည်းကိုပဲ အပစ်ဝိုင်းပြီး မတင်စေချင်ပါဘူး။ လူတွေကလည်း သိပ်မှန်လှတယ်မှ မဟုတ်တာ။ ဘုန်းကြီးလောဘကြီးနေလည်း သူ့အကုသိုလ်ကို အကြောင်းပြုပြီး ကိုယ့်အကုသိုလ် အဖြစ်မခံသင့်ပါဘူး။ ဒါကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။ တစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူမှာပေါ့။
စိုင်းမြတ်ဦး said...
ကိုဖြိုးနဲ့ngaba မှန်ပါတယ်...သဘာဝ လဲကျပါတယ်...ကျွန်တော်ကတော့ ခင်ဗျားပြောတာကိုထောက်ခံတယ်.....
မြတ်သုခ said...
ဒီသတင်းမျိုးက အင်တာနက်ပေါ်ကို ရောက်သင့်ရောက်ထိုက် တဲ့
သတင်းအမျိုးအစား ဖြစ်ပါတယ်။
ုဘာကြောင့်လည်းဆိုတော့ ဗုဒဘာသာ ဘာသာရေးခေါင်းဆောင်
လောကမှာ ဒါမျိုးက အနည်းစုပဲ ရှိတာပါ။ တကယ်တမ်း ဆီလို အ
ပေါက်ရှာပြီး သတင်းတင်မယ်ဆိုရင်တောင် လက်ချိုးရေတွက်လို့
ရနိုင်စရာပဲ ရှိပါတယ်။
ဒီလိုတနိုင်ငံလုံးသိအောင် တင်ပြခြင်းအားဖြင့် ဒါမျိုးတွေလန့်သွား
မယ်။ ရှိန်းသွားမယ်။ နောက်ဆုံး ပပျောက်သွားမယ်။
ဗုဒကလည်း ဟောခဲ့ပြီးသားပါ သာသနာတွင်းမှာက
တဏှာကြောင့် ၀င်လာတဲ့ ပုဂိုလ်၊
ဘယာကြောင့် ၀င်လာတဲ့ ပုဂိုလ်၊
သဒါကြောင့် ၀င်လာတဲ့ပုဂဂိုလ် ဆိုပြီးသုံးမျိုးသုံးစား ရှိနိုင်ပါတယ်လို့။ ဒီတော့ အထူးသဖြင့် တဏှာကြောင့်ဝင်လာတဲ့
ပုဂိုလ်တွေကို ခုလိုဖော်ထုတ်ပေးခြင်းအားဖြင့် သာနာကိုသိက်ခါချရာ မရောက်ပါဘူး။ သဒါသမားတွေအတွက် ပိုလို့ အရောင်တောက်လာရာ နေရာပေးလာရာပဲ ရောက်ပါတယ်။
တကယ်တော့ တဏှာပဗဇိတ သမားတွေက အရှက်မရှိပဲ ပိုက်ဆံတွေအများကြီးရအောင် ရှာပြီး တကယ်သဒါပဗဇိတ
တွေကို နှိပ်ကွပ်နိုင်တာဟာ သတင်းလွပ်လပ်ခွင့် ကင်းမဲ့လို့ပါပဲ။
များများဖေါ်ထုတ်ပေးကြပါ။ တစ်ခုတော့ ရှိတယ် ဗုဒဘာသာ တစ်ခုထည်းကိုတော့ လုပ်နေလို့ မရဘူး။ ဘာသာတရား အကုန်လုံးမှာရှိတဲ့ ဘာသာဝင်တွေအားလုံးက မိမိတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေအားလုံးကို သေသေခြာခြာ စိစစ်ပြီး သတင်းထုတ်လွင့်လို့ ကိုယ့်ဘာသာကိုယ်ကိုယ်သန့်ရှင်း အောင် အားထုတ်ကြရမယ်။
ဘာသာတရားဟာ မရှိလို့် မဖြစ်တဲ့ အသိညာဏ်ဆိုင်ရာကိစဖြစ်တယ်။ ဘာသာတရားတိုင်ရဲ့ အဆုံးအမ မူရင်းတွေဟာ အားလုံးကောင်းမွန်ကြတယ်။
ဒါပေမယ့် အဲဒီဘာသာရေးခေါင်းဆောင်တွေကြောင့် တစ်ချို့နေရာတွေမှာ ညစ်နွမ်းသွားတာမျိုးတွေပဲဖြစ်သွားတာပါ။
ဘာသာရေးဆိုတာက မူ...ပါ။ ဘာသာရေးခေါင်းဆောင်ဆိုတာက ...လူ....ပါ။ လူတစ်ဦးတစ်ယောက် မကောင်းတာနဲ့ ဘယ်ပညာရှိကမှ မူကို
အပြစ်တင်မှာ မဟုတ်သေးဘူး။ ဘာသာရေးခေါင်းဆောင်တွေ့ရဲ့ လုပ်ရပ်အမှားတွေကို တင်ပြ တာဟာ လူရဲ့ စရိုက်းဆိုးကို ဖေါ်ထုတ်တာပါ။ ဘာသာတရားဆိုတဲ့ မူကို စော်ကားတာမဟုတ်ဘူး။ ဒါကြောင့် ဖေါ်ထုတ်ကြ ဖေါ်ထုတ်ကြ များများဖေါ်ထုတ်ကြ။ ဘာသာစုံကို ဘာသာစုံက ၀ိုင်းဝန်ပြီး ဖေါ်ထုတ်ကြ။ မကောင်းမှုကို ဘယ်နေရာမှာမှ နေရာမပေးကြနဲ့။ ဒီလိုလုပ်ရပ်မျိုးကို သီသမာဓိနဲ့ ပြည့်စုံတဲ့ ဆရာတော် သမတော် တွေက ပြုံးပြီး ကြည့်နေလိမ့်မယ်။ အဲဒီအပြုံးရဲ့နောက်ကွယ်မှာ (ဧဟိပသိကော) လာကြည့်လှည့်ဟေ့လို့ စိန်ခေါ်နေလိမ့်မယ်။
သာသနာဆိုတာ ခိုနားရာပဲ ဖြစ်တယ်။
သာသနာဆိုတာ ခိုစားရာမဟုတ်ဘူး။
သာသနာ့ဝန်ထမ်းပဲ ဖြစ်ရမယ်။
သာသနာ့ဝန်ထုတ် မဖြစ်စေရဘူး။
ခရစ်ယာန် အစ်စလာမ်း ဟိန်ဒူ ဗုဒ ..စသည် အားလုံးသောသာသနာများကို ဆိုလိုသည်။
ဗုဒကိုယ်တော်တိုင်သည်ပင်လျှင် မကောင်းမှုတစ်ခုကိုကျူးလွန်ထားတဲ့ သူရဲ့ တပည့်သားရဟန်းတော်ကိုတွေ့တဲ့အခါမှာ..မဂ်ဖိုလ်မနှီးအချီးနှီးသောယောက်ျား အလကားလူ လို့ ပရိသတ်အလယ်မှာကဲ့ရဲ့တော်မူတာကို စာဖတ်သမားတိုင်းသိကြပါတယ်။.........
minyarzar said...
အင်တာနက်မှာပဲတင်တင် ဘယ်မှာပဲတင်တင် မင်းအပူပါလား အဓိကက အားလုံးသိဖို့ အားလုံး ၀ိုင်းဝေဖန်ကြဖို့ ဖြေရှင်းဖို့လိုတယ် ဦးနှောက်မရှိယင် ၀င်မရေးနဲ့ကွာ ဒီကိစ္စက တော်တော် ရင်လေးစရာ ကောင်းပါတယ်...ဦးဆောင်တဲ့ဘုန်းကြီးကလဲ လူပါးဝတယ်..လူအသုံးအဆောင်တွေနဲ့ဇိမ်ရစ်နေတာလဲ ပေါ်လာတယ်...သာသနာသန့်ရှင်းရေးအတွက် ဥပဒေတွေလိုလာပြီိဆိုတာကို ပြတာပဲ
minthar said...
ေ၇ွှပေါ်ကျွန်းမူလဆ၇ာတော်ကြီး၇ဲ့ကျောင်းတော်နဲ့သာသနာကိုစောင့်ေ၇ှာက်၇မဲ့အစားကျောင်းတော်ကြီးထဲမှာနေကျောင်းတော်မှကျွေးတဲ့ထမင်းကိုစါးပြီးမူလဆ၇ာတော်ကြီးနဲ့ကျောင်းတော်ကြီးကိုစော်ကားနေကြတာကြားလို့တောင်မကောင်းပါ။မူလဆ၇ာတော်ကြီးကိုဒီလိုပုံစံမျိုးနဲကျေးဇူးဆပ်နေကြတာအံ့ပါတယ်။ဆ၇ာတော်ကြီး၇ဲ့ကျောင်းတော်မှာေ၇းထားတဲ့စါသားလေးေ၇းသားဖေါ်ပြလိုက်မယ်။ (ကိုယ့်အလုပ်ကိုယ်လုပ်)
Powered by Blogger.