၈၈ မျိုးဆက်ကျောင်းသားများ(ရှမ်ပြည်နယ်တောင်ပိုင်း) ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး


၈၈ မျိုးဆက်ကျောင်းသားများခရီးစဉ် (ရှမ်းပြည်နယ်တောင်ပိုင်း/ တောင်ကြီး၊ ရပ်စောက်၊
 ဟိုပုံး၊ ရွှေညောင်၊ ညောင်ရွှေ(အင်းလေးရိုးရာ)၊ဟဲဟိုး၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ၊
 ပွေးလှကျေးရွာ(ဓနု/တောင်ရိုး ရိုးရာဒေသ) များသို့ (၁.၅.၂၀၁၂)ရက်နေ့မှ တစ်ဆက်တည်း
 (၇.၅.၂၀၁၂)ရက်နေ့အထိ..အစီအစဉ်အတိုင်း သွားရောက်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ ခရီးစဉ်ကို အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါသည်။

ယမန်နေ့က(၅.၅.၂၀၁၂)ရက်နေ့တွင် အောင်ပန်းမြို့တွင် ဆွေးနွေး ဟောပြောပြီး နောက်...
ရွာငံမြို့သို့ သွာရောက် ဆွေးနွေးခဲ့ပါသည်။

(၇.၅.၂၀၁၂)ရက်နေ့. ပင်းတယမြို့္ပတွင်....နံနက်ပိုင်း ၈၈ မျိုးဆက်ကျောင်းသားများမ
ှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲကို..ဟောပြောခဲ့ပြီး....နေ့လည်..(၁း၀၀)
အချိန်တွင် ပွေးလှမြို့( ပွေးလှကျေးရ၊ွာ)တွင် ...ဆက်လက်ဆွေးနွေးကြပါသည်။

ကျေးရွာတွင်းရှိ ဓနု/တောင်ရိုး၊ ဗမာ/ တိုင်းရင်းသားများ စုံညီစွာဖြင့် အိုးစည်ဗုံမောင်းများ / ယဉ်ကျေးမှုအဖွဲ့အကများဖြင့်ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
 ကိစ္စများကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ တို့မှဆွေးနွေးပြီး ပွေးလှနယ်ခံလူမျိုးစုတိုင်းရင်းသားများက
 မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်

၎င်းနောက်  အောင်ပန်းမြို့သို့ ပြန်လည်ရောက်ရှိပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏
 ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ... ရှမ်းပြည်နယ်တောင်ပိုင်း၊ ခရီးစဉ်
အောင်မြင်စွာပြီးဆုံးသွားပါသည်။

Myanmar News Now
၈၈ မျိုးဆက်ကျောင်းသားများ(ရှမ်ပြည်နယ်တောင်ပိုင်း) ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး ၈၈ မျိုးဆက်ကျောင်းသားများ(ရှမ်ပြည်နယ်တောင်ပိုင်း) ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး Reviewed by သစ်ထူးလွင် on 09:31 Rating: 5

No comments:

Powered by Blogger.