တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ အနံအသက်ဆိုးများ

တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ
မကွေးမြို့ ၊ နတ်မောက်လမ်း ၊တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ
အနံအသက်ဆိုးများအား ညအချိန် လျှက်စစ်ပန်ကာကြီးများဖြင့်မှုတ်ထုတ်
နေပါသည် ။

ထိုအနံအသက်မျာအား သိင်္ဂါ ရပ်ကွက်၏ အရှေ့ဖျားပိုင်းတွင်
နေထိုင်ကြသော ရပ်ကွက်နေပြည်သူများမှာ အနံအသက်ကြောင့် မျက်နှာ
များရောင်ရမ်းခြင်း ၊ အသက်ရူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နေပါသည်။
၎င်းဖြစ်စဉ်အား ရပ်ကွက်အတွင်းနေပြည်သူများ လူအယောက် ( ၅၀ )ခန့်
၃.၄.၂၀၁၂ နေ့ ည- ၉း၀၀နာရီအချိန်တွင် သွားရောက်ပြောဆိုရန်သွားစဉ်
အမှတ် (၁) ရဲစခန်းမှ ရဲ မြို့နယ်မှုး နှင့် ရဲတပ်ဖွဲ့ရဲတပ်သားများမှဝင်ရောက်
တားစီးခဲ့ပါသည်။

ရပ်ကွက်သားများနှင်ရဲမျာ့းညိနိုင်း ပြီး တပ်တွင်းသို့သွားရောက်
ခဲ့ရာ ပြေလည်အောင်မဖြေရှင်းပေးပဲ နောက်ထပ်ပြုလုပ်ခဲ့မည်ဆိုလျှင်
သေနတ်ဇြင့်ပစ်သတ်မည်ဟု ကြယ်သုံးပွင့်အဆင့်ရှိ လူမှ ခြိမ်းခြောက်
ပြောဆိုခဲ့ကြောင်း ကို တပ်တွင်းလိုက်သွားသော ရပ်ကွက်အုပ်ချုပ်ရေးမှုး
နှင့် ၊ ဆယ်အိမ်မှုး တို့မှ ပြန်လည်ပြောပြခဲ့ပါသည်။

Myanmar News Now
တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ အနံအသက်ဆိုးများ တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ အနံအသက်ဆိုးများ Reviewed by သစ်ထူးလွင် on 21:11 Rating: 5

7 comments:

u kyawkyaw said...

စစ်တပ်ဆိုပြီလုပ်ချင်တာလုပ်တဲ့ခေတ်ကုန်သွားပါပြီ၊ဆိုရှယ်လစ် အာဏာရှင်ခေတ်၊စစ်အာဏာရှင်ခေတ်တွေကြောင့်မြန်မာပြည်သူ တွေဟာကိုယ်ချင်စာစိတ်ပျောက်ခဲ့ရပါပြီ။စစ်တပ်မှာစီပွားရေးလုပ် ရင်စနစ်တကျဖြစ်အောင်သက်ဆိုင်ရာတိုင်းမှူးဆီကခွင့်ပြုချက်ယူရပါမယ်၊ဒါမှတိုင်းမှူးကစနစ်တကျစီစစ်ပြီးတိုင်းစစ်တပ်ရန်ပုံငွေရယူ ပြီးတပ်သားတွေအတွက်အကျိုးရှိအောင်အသုံးချနိုင်ပါမယ်၊ဒီလိုမှ
မဟုတ်ရင်တပ်မှူးတွေဘဲအကျိုးရှိသွားမှာပါ၊ဒါကြောင့်ဒီလိုပြသ၁ နာများကိုအမြန်ဆုံးဖြေရှင်းပေးသင့်ပါတယ်၊စစ်တပ်ကပြည်သူကိုလေးစားရိုသေပါ၊

minsoeaung said...

အရင်တုန်ကစစ်သားဆိုရင်သနားကြတယ် ချစ်ကြတယ်။
အခုဘာကြောင့်လဲင်္ံ
စစ်သားတွေကိုပြည်သူချစ်နေတာကြိုက်ပါတယ်။စစ်သားတွေအရပ်ဘက်တာဝန်ပေးခြင်းကြောင့်အမိန့်လွန်ငဲပြီးပြည်သူမချစ်တာလို့ထင်ပါတ
ယ်။စစ်သားကြီးများပြည်သူချစ်အောင်နေေ်မူကြပါခင်ဗျား။

konamazu said...

အရင်တုန်းကစစ်သားတယောက် လက်ဘက်ရည်ဆိုင် ထိုင်ရင် ဘယ်သူပိုက်ဆံရှင်းသွားမှန်းမသိလိုက်ဘူး။အခုဆိုရင် ဘယ်စစ်သားမှ ယူနီဖောင်းဝတ်ပြီး တယောက်တည်း အပြင်တောင်မသွားရဲတော့ဘူး။သိပ်ချစ်ဖို့ ကောင်းတဲ့ တပ်မတော်ပါ။ကျွန်တော်ပြောသော "အရင်တုန်းက" ဆိုသည်မှာ ကျွန်တော်အဘိုးလူပျိုဘ၀ကို ဆိုလိုပါသည်။ကျေးဇူးတင်ပါသည်။

cherish said...

အထက်ပါ သတင်းက အမှန်သာဆိုရင် အရမ်းကာရော မဟားတရား မဝေဖန်ကြပါနဲ့နော်။ သူတို့ကိုယ်တိုင်က မသေခင် အနံ့အသက်ဆိုးတွေနဲ့ ပုပ်ပွနေတော့ အနံ့တွေရောပြီး အများပြည်သူ အနှောက်အယှက် ဖြစ်တာကို သတိမထားမိဘူး ဖြစ်သွားတာပါ။ နားလည်ပေးလိုက်ကြပါနော်။ တိန်

lin thet said...

ငါလည်း မကွေးသားပါ... အရင်တုန်းက တပ်မ (၈၈)က ၈၈တုန်းက ပစ်မိန့်ဖီဆန်လို့ တခြားတပ်ပြောင်း လိုက်ရတယ်လေ... ကဲခု ဘာကြောင့် ဘယ်လို ဖြစ်တာလဲ...

me: me: said...

ဒါတောင်ကြက်ခြံက တစ်ခြံဘဲ ရှိသေးတာတဲ့။ အားလုံးငါးခြံဆောက်မှာတဲ့။
ကြက်ချေးတွေကို အရည်ဖျော်ပြီး အပြင်ကိုဒီအတိုင်မှုတ်ထုတ်တော့ အနံကပိုးဆိုးတာပေါ့။
သိင်္ဂါအရှေ့ဖျားမှ ပြည်သူတွေ မကောင်းတဲ့အနံအသက်တွေကြောင့် ကျန်းမာရေး ထိခိုက်ကုန်ကြလိုလဲ လူအယောက်(၅၀)လောက်က လက်မှတ်ထိုးပြီး တင်ပြကြတာ။ လူအယောက်(၅၀)ဆိုတာ ရပ်ကွက်ကိုယ်စားပြုပြီး လက်မှတ်ထိုးတင်ပြကြတာပါ။
ကျန်းမာရေးထိခိုက်တာကတော့ သိင်္ဂါအရှေ့ဖျားတစ်ခုလုံးပါ။
တာဝန်ရှိသူများအမြန်ပြေလည်အောင်ဖြေရှင်းပေစေချင်ပါတယ်။
မွေးမြူရေးခြံတွေကို လူနေရပ်ကွက်နှင့်အဝေးသို့ရွှေ့သင့်ပါတယ်။
တစ်ခြံထဲတောင်ဒီလောက် ကျန်းမာရေးထိခိုက်နေတာ။
ကိုယ်ချင်းစာစိတ်ထားကြပါ။
ခောတ်ကပြောင်းသွားပြီးနော်။

ko yeဲ said...

ကဲ ပြည်သူ့လွတ်တော်ထဲမှာရှိကြတဲ့ တပ်မတော်သားအရာရှိကြီးများ။ ဒီမိုကရေစီ နဲ့လိုက်လျောညီထွေ ရှိအောင်ဘယ်လိုနေထိုင်ရတယ်ဆိုတာကို တပ်မ ၈၈ နဲ့ မကွေး တိုင်းဒေသကြီးက ဝန်ကြီးချုပ်ဦးဖုန်းမော်ရွှကို နဲနဲသင်ပေးဖို့ အရေးတကြီးလိုပီနော်၊ တပ်မတော်သည် ပြည်သူ့အတွက်လား၊ ပြည်သူသည် တပ်မတော်အတွက်လား

Powered by Blogger.