ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် မြန်မာနိုင်ငံပညာရေးတိုးတက်လာနိုင်သလား

ကိုယ်ပိုင်ကျောင်း(Private School)
ပြီးခဲ့တဲ့ပညာရေးဆောင်းပါးဖြစ်တဲ့ အငိုလွယ်ပြီးအရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေမှာ ရေးသားခဲ့သလို မြန်မာနိုင်ငံပညာရေး ကိုယ်ပိုင်ကျောင်းဥပဒေကြောင့်တိုးတက်လာနိုင်သလားဆိုတာကိုဆွေးနွေးချင်ပါတယ်။ ဒီနေ့ ကိုယ်ပိုင်ကျောင်း(Private School)နှင့် အလွတ်ပညာသင်ကျောင်း (Tution)မတူဘူးဆိုတာ သိရပါမယ်။ မြန်မာနိုင်ငံမှာ တစ်လျောက်လုံးဖြစ်ထွန်းလာခဲ့တာ ကျူရှင်လို့ခေါ်တဲ့ အလွတ်ပညာသင်ကျောင်းတွေပါ။

နိုင်ငံတကာမှာလည်းရှိပါတယ် မိမိတက်ရောက်လိုတဲ့တက္ကသိုလ်တစ်ခုရဲ့သင်ရိုးညွှန်းတမ်းဘောင်အတွင်းမှာ သင်ကြားတဲ့ကျောင်း(သို့) သင်တန်းက သင်ကြားတာတွေကို နားမလည်လို့ (သို့) ပိုမိုတတ်ကျွမ်းချင်လို့ မိမိသင်ကြားလိုသော ဘာသာရပ် တစ်ခု (သို့) ဘာသာအားလုံးကို မိမိပိုင်ငွေကြေးနဲ့အချိန်ပို သင်ကြားကြရခြင်းပါ။ သင်ကြားတဲ့ဆရာ၊ဆရာမများကလည်း မိမိတို့ ကျွမ်းကျင်တဲ့ဘာသာရပ်အလိုက်သော၎င်း၊ အစုအဖွဲ့လိုက်သော်၎င်း သက်ဆိုင်ရာဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး သင်ကြားကြရတာပါ။

မြန်မာနိုင်ငံမှာလည်း(၁၉၈ဝ)ပတ်ဝန်းကျင်လောက်က ဒါနဲ့ပတ်သက်ပြီး ကျူရှင်ဥပဒေတစ်ခု ပြဌာန်းခဲ့ပါတယ်။ ဒီနေ့အချိန်ထိလည်းဖျက်သိမ်းခြင်းမရှိသေးတာတွေ့ရပါတယ်။အသက်ဝင်နေဆဲပါ။ ဒီနေ့ မြန်မာနိုင်ငံမှာသင်ကြားနေတဲ့ကျူရှင်ဆရာအများစုဟာ ဒီဥပဒေအရတရားဝင်မှတ်ပုံတင်ပြီးသင်ကြားရမှာ ဖြစ်ပေမဲ့လည်း (၉ဝ%)လောက်ဟာ မှတ်ပုံတင်တဲ့သူနည်းပါးပါတယ်။ မှတ်ပုံမတင်တာကလည်း ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှုရယ်၊ တစ်ခိျု့သောအချက်လေးတွေက ခေတ်ရဲ့တောင်းဆိုမှုနဲ့မကိုက်ညီတာရယ်ကြောင့်ပါ။ ဒီအထဲမှ သင်ကြားမှုငွေကြေးရယ်၊ တစ်မိုးအောက်မှာပြသနိုင်တဲ့ ဘာသာအရေအတွက်ရယ် နဲ့ကျန်တာလေးတွေ အနည်းငယ်ပြောင်းလဲလိုက်ရင်ကို ဒီဥပဒေဟာတော်တော်လေးပြည့်စုံမျှတတယ်လို့ပြောရမှာပါ။

 ဒီကျူရှင်ကျောင်းတွေမှာ တော့ ကျောင်းစာအမှတ်ကောင်းအောင်သင်ကြားခြင်းတာဝန်သာသီးသန့်ဖြစ်လို့ လိုအပ်ချက်နည်းပါးသလို တာဝန်ယူမှုလည်း နည်းပါးပါတယ်။ ဒါအပြင် . .ကျောင်းသားကျောင်းသူတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးမှုမှာလည်း ဝေးကွာလွန်းလှပါတယ်။ ဒါပေမဲ့လည်း ကိုယ်ပိုင်ကျောင်း (Private School) တစ်ခုဖွင့်လှစ်တော့မယ်ဆိုရင်တော့ သင်ကြားရေးကောင်းမွန်မှုနှင့် အမှတ်ကောင်းယုံမျှမကတော့ဘဲ ကျောင်းသားကျောင်းသူများရဲ့ ဘဝရှေ့ရေးအတွက် တာဝန်ယူမှုတွေအများကြီးရှိလာပါတယ်။
အဓိကအရေးအကြီးဆုံးအချက်တွေကတော့ -

၁။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်းသည် မိမိဖွင့်လှစ်မည့်ကျောင်းနေရာ၏ မြေယာပိုင်ဆိုင်မှုအထောက်အထားပြနိုင်ရမည်။(အဘယ်ကြောင့်ဆိုသော်-မြေယာဌားရမ်းဆောင်ရွက်ပါက ကျောင်းရပ်တည်မှုတည်ငြိမ်မှုမရှိနိုင်ခြင်း၊ အာမခံချက်မရှိခြင်း)။

၂။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတည်ထောင် ဖွင့်လှစ်မည့်သူတိုင်း သင့်တင့်သောငွေကြေးတစ်ရပ်ထူထောင်၍ နိုင်ငံတော် (သို့) သက်ဆိုင်ရာဝန်ကြီးဌာနတွင်(Deposite Money) အပေါင်အဖြစ်ထားရှိခြင်း။                        ( အဘယ်ကြောင့်ဆိုသော ကျောင်းသားကျောင်းသူများနှင့် ပတ်သက်၍ တစ်စုံတစ်ရာနစ်နာမှုများ  ကြုံတွေ့လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်)။

၃။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်းကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ရှိရပါမယ်။ (ဘာကြောင့်လည်းဆိုတော့ ကျောင်းအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ မိဘနှင့် ကျောင်းသား၊ကျောင်းသူတို့အား ကာကွယ်စောင့်ရှောက်တာဝန်ခံမှု) တစ်ဦးတစ်ယောက်တည်းက မိမိစိတ်သဘောကျဆောင်ရွက်ပါက မိဘနှင့် ကျောင်းသား၊ကျောင်းသူများ နစ်နာစေနိုင်ခြင်း။

၎။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိကျောင်းသားကျောင်းသူများ ဆက်လက် တက်ရောက်သင်ကြားမည့်တက္ကသိုလ်ဘုတ်အဖွဲ့မှ သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်း ဘောင်အတွင်းမှ ရေးဆွဲထားသော မိမိကျောင်းပိုင်သင်ရိုးညွှန်းတမ်းရှိခြင်း။ နိုင်ငံတကာတက္ကသိုလ်၊ပြည်တွင်းတက္ကသိုလ်များဖြင့် ချိတ်ဆက်ထားခြင်း။

၅။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိကျောင်းတွင်ဖွင့်လှစ်ထားသော သင်တန်းများနှင့် လျော်ညီလုံလောက်သော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆရာ ဆရာမဝန်ထမ်းအင်အား ဖွဲ့စည်းပုံနှင့်အညီရေးသားတင်ပြ၍ ခန့်အပ်တာဝန်ပေးခြင်း။

၆။     ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း ခန့်အပ်သည့်ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများကိုလည်း နိုင်ငံတော်မှ ချမှတ်ထားသည့် အလုပ်ရှင်အလုပ်သမားဥပဒေအတိုင်းဆောင်ရွက်၍ ခံစားခွင့်များပေးခြင်း။

၇။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း ကိုယ်ပိုင်ကျောင်းများ အရည်သွေးစစ်ဆေးရေး အဖွဲ့၏ လစဉ်၊ နှစ်စဉ် ဥပဒေနှင့်အညီစစ်ဆေးဆောင်ရွက်ခြင်းကိုအပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်း။

၈။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိတို့ဝင်ငွေအရကျသင့်သောအခွန်အခများကို အပြည့်အဝ မှန်မှန်ကန်ကန်ထမ်းဆောင်ခြင်း။

၉။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်မှပြုလုပ်သော ပညာရေးဆိုင်ရာ အခမ်းအနားများနှင့် လိုအပ်၍တာဝန်ပေးချက်များကို ပူးပေါင်းဆောင်ရွက်ခြင်း။

၁ဝ။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်မှချမှတ်ဆောင်ရွက်နေသော ပညာရေး ပေါ်လစီများကို ပူးပေါင်းအကောင်အထည်ဖော်ခြင်း။

၁၁။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်အစိုးရကျောင်းများနှင့်နည်းတူ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း . . . .စသည်ဖြင့် အချက်အလက်တွေနှင့်ပြည့်စုံရပါမယ်. . ။ကျန်တာတွေလည်းရှိဦးမှာပါ။
ဒါ့အပြင် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ –

(က)    ကျောင်းမှာ သင့်တင့်လျောက်ပတ်သောကျောင်းစာကြည့်တိုက်ရှိရပါမယ်။
(ခ)    ကျောင်းမှာကောင်းမွန်သော ကျောင်းကျန်းမာရေးစောင့်ရှောက်မှုရှိရမယ်။
(ဂ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော အားကစားကွင်းရှိရပါမယ်။(အနည်းဆုံးဘတ်စ်ကက်ဘောကွင်း)
(ဃ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သောသိပံလက်တွေ့ခန်းရှိရပါမယ်။
(င)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော မာတီမီဒီယာအခန်းရှိရပါမယ်။
(စ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော မုန့်ဈေးတန်းရှိရပါမယ်။

ဒီလောက်ဆိုရင် ကိုယ်ပိုင်ကျောင်းနဲ့ အလွတ်ပညာသင် သင်တန်းကွဲပြားလောက်ပြီထင်ပါတယ် . .ဒီတော့ ကျွန်တော်တို့ဆီက ကိုယ်ပိုင်ကျောင်းထောင်မည့်သူများ၊ ကိုယ်ပိုင်ကျောင်းတွင် မိမိတို့သားသမီးများကို ကျောင်းထားမည့်သူများ၊ ကိုယ်ပိုင်ကျောင်းဥပဒေကိုမြန်မြန်ဆန်ဆန်ပြဌာန်းခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ကျောင်းများတည်ထောင်ဖွင့်လှစ်မှုကိုအသားပေးရေးသားခဲ့ကြသောမီဒီယာများအောက်ပါအချက်များကိုဖြေကြည့်ကြစေချင်ပါသည်။

၁။    ယခုပြဌာန်းသော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်လာနိုင်ပါမည်လား . .

၂။    ကိုယ်ပိုင်ကျောင်းတည်ထောင်မည့်သူများမှလည်း မိမိကိုယ်ကိုမိမိ ကိုယ်ပိုင်ကျောင်း တည်ထောင် နိုင်လောက်အောင်၊ အဖက်ဖက်မှပြည့်စုံလုံလောက်နေပါပြီလား . .

၃။    အစိုးရကျောင်းများတွင် ပိုက်ဆံကုန်ပြီးပညာမတတ်၍ကိုယ်ပိုင်ကျောင်းပြောင်းထားလျှင် မိမိတို့ကလေး သေချာပေါက် ပညာတတ်ပြီလို့တစ်ထစ်ချယုံကြည်ပါသလား . .

၎။    မိဘအခိျု့၊ မီဒီယာအခိျု့ရေးသားရင်ဖွင့်သကဲ့သို့ ပညာရေးလောက အစိုးရကျောင်းမှ ဆရာ၊ဆရာမများမှာ နိုင်ငံနှင့်အဝှမ်း သုံးမရလောက်အောင်ပျက်စီးနေပါပြီလား . .

၅။    ယခုဖြစ်ပေါ်နေသောကျောင်းသားများစာမတတ်လို့ဆိုသောစကားမှာ အစိုးရ၏ပညာရေးပေါ်လစီကြောင့်လား . . ဆရာ၊ဆရာမများ၏ခိျု့ယွင်းချက်ကြောင့်လား . .

၆။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် အရေးတကြီးကိုလိုအပ်ပါသလား . .

၇။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် နိုင်ငံသားအများစုကိုကိုယ်စားပြုပါသလား

၈။    မီဒီယာများအနေဖြင့်လည်း ဆရာ၊ ဆရာမအခိျု့၏ ခိျု့ယွင်းချက်၊အားနည်းချက်များကို တစ်ဆိတ် တစ်အိတ်လုပ်၍ ဖော်ပြခြင်းဖြင့် မိမိတို့မီဒီယာတာဝန်ကျေပြွန်ပြီဟုယုံကြည်ပါသလား . .

၉။    နိုင်ငံအနှံနယ်စွန်နယ်ဖျားမကျန် ရိုးသားဆင်းရဲစွာဖြင့် ပညာရေးတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမ အများစု၏ဘဝတိုးတက်ကောင်းမွန်ရေးအတွက်၎င်း၊အစိုးရကျောင်းများဖွံဖြိုးတိုးတက်ရေးအတွက်သော်၎င်း မီဒီယာတာဝန်ကျေပြွန်စွာဖြင့်ဖော်ထုတ်ရေးသားခြင်းရန်စိတ်အားထက်သန်မှုရှိပါသလား . .
ကိုကြီးသောင်းဖြေဆိုပါမည် သဘောတူသူ/မတူသူရှိပါကလည်းလွတ်လပ်စွာသဘောကွဲလွဲနိုင်ပါသည်။

၁။    ယခုပြဌာန်းသော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးမတိုးတက်နိုင်ပါ။အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်ကျောင်းနေနိုင်သောသူများသည် စုစုပေါင်းကျောင်းသားဦးရေ၏(၁%)မျှသာရှိခြင်း၊ ကိုယ်ပိုင်ကျောင်း အဖြစ်ပြောင်းလဲတည်ထောင်မည့်သူများသည် နိုင်ငံတော်၏ပညာရေးမျှော်မှန်းချက်ဖြစ်သော တီထွင်ဖန်တီးမှု များနှင့်ပြည့်ဝသော ကျောင်းသားဗဟိုပြု သင်ကြားရေးနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျှက်  စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရန်အတွက်သာ ဦးတည်သင်ကြားကြခြင်း။

၂။    ကိုယ်ပိုင်ကျောင်းတည်ထောင်မည့်သူများမှလည်း မိမိကိုယ်ကိုမိမိ ကိုယ်ပိုင်ကျောင်း တည်ထောင် နိုင်လောက်အောင်၊ အဖက်ဖက်မှပြည့်စုံလုံလောက်နေသေးခြင်းမရှိသေးပါ၊ အတွေ့အကြုံများစွာလိုအပ် နေပါသေးသည်။ ကျောင်းသားကျောင်းသူကို အမှတ်များများဖြင့်အောင်မြင်ယုံမျှဖြင့်တော့ စိတ်ကူးယဉ်ရန်မသင့်ပါ။ မိမိတို့သည် ကျောင်းသားကျောင်းသူများကို ပုံစံခွက်ဖြင့်လေ့ကျင့်ပေးနေတာလား . .  ပညာတတ်အောင်စာသင်တာလား ခွဲခြားတတ်ဖို့တော့လိုသည်။ ပြီးတော့ ကြော်ညာကောင်းကောင်းဖြင့် လူကြားကောင်းယုံ၊ စာကြည့်တိုက်၊ သိပံလက်တွေ့ခန်း၊ မာတီမီဒိယာ၊ တစ်နှစ်မှတစ်ခေါက်လောက်သာ ဝင်ခွင့်ရမည့်အခန်းများနှင့်လည်းလှည့်စားရန်မသင့်ပါ၊ (သေချာပါသည်  ကျောင်းသားကျောင်းသူများ အမှတ်ကောင်းကောင်းဖြင့်အောင်မှ ကိုယ့်ကျောင်းနာမည်ရမှာဖြစ်သဖြင့် စာမှလွဲ၍ ကျန်တာသည် အပြသက်သက်((င်္သမှ့သတ)သာဖြစ်ပါလိမ့်မည်။)။

၃။    အစိုးရကျောင်းများတွင် ပိုက်ဆံကုန်ပြီးပညာမတတ်၍ကိုယ်ပိုင်ကျောင်းပြောင်းထားလျှင် မိမိတို့ကလေး သေချာပေါက် ပညာတတ်ပြီလို့တစ်ထစ်ချယုံကြည်လျှင်၊ အစိုးရကျောင်းမှ ဆရာ၊ဆရာမများမှာ နိုင်ငံနှင့်အဝှမ်း သုံးမရလောက်အောင် ပျက်စီးနေပါပြီဟု ယုံကြည်လျှင်တော့ မြန်မာနိုင်ငံပညာရေး ချောက်ထဲလုံးလုံး ကျသွားပြီဟုဆိုနိုင်ပါသည်။ကိုယ်ပိုင်ကျောင်းတွင်ထားသောကျောင်းသားတိုင်းလည်းမထူးချွန်ပါ၊ အောင်မြင်မှုလည်းမရပါ။ ပိုက်ဆံကတော့သောက်သောက်လဲကုန်ပါမည်။ (အစိုးရကျောင်းတွင်ထား၍ ကိုယ်ပိုင်ကျောင်းတွင်ထားခြင်းထက် ပိုက်ဆံပိုကုန်ပါက တိကျစွာပြောစေလိုပါသည်။ ကိုယ့်လိုအင်ဆနအတွက် လာဘ်ပေးရခြင်းနှင့်မဆိုင်ပါ)။ ယနေ့ရန်ကုန်မန္တလေးလိုမြို့ကြီးများတွင်လျှမ်းလျှမ်းတောက် အောင်ချက်ကောင်း ကျောင်းများမှာ မိဘများကြိတ်ကြိတ်တိုးအပ်နေကြပါသည်။

၎။    စာသာမတတ်တာ တစ်တန်းပြီးတစ်တန်းတက်သွားတာ ဆရာဆရာမ မသင်ကြား၍မဟုတ်ပါ၊ အထက်မှတာဝန်ရှိသူများ ညွှန်ကြားသည့်အတိုင်း စဉ်ဆက်မပြတ်အကဲဖြတ် အတန်းတင်ဆိုသော ပညာရေးပေါ်လစီအမှားကြောင့်ဖြစ်သည်ဟုယူဆပါသည်။(အတန်းတွင်းကောင်းကောင်းမသင်၊ ကျူရှင်ကြမှ ကောင်းကောင်းသင်၊ ကျူရှင်တက်မှ မျက်နှာသာပေး စုန်းပြူးအခိျု့ရှိနိုင်ပါသည်။)

၅။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် အရေးတကြီးမလိုအပ်သလို နိုင်ငံသားအများစု အတွက်လည်းကိုယ်စားမပြုပါဘူး။ နောင်တစ်ချိန်မှာ ပုဂုလိကအပိုင်းမှာခွင့်ပြုပြီး အစိုးရနဲ့လက်တွဲ ဆောင်ရွက်ရမှာဖြစ်ပေမဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အချိန်တစ်ခုယူပြီး စနစ်တကျတည်ဆောက် လိုက်တဲ့အခါမှာ ဒီကိုယ်ပိုင်ကျောင်းတွေက ကျွဲကူးရေပါဖြစ်သွားမှာပါ။ အရင်ဆုံးပြန်လည်ပြင်ဆင်ရမှာက အစိုးရကျောင်းများဖွံဖြိုးတိုးတက်ရေးနဲ့ ခေတ်ရဲ့လိုအပ်ချက်နှင့်မကိုက်ညီတဲ့ကျူရှင်ဥပဒေပါ။

၆။    မီဒီယာများအနေဖြင့်လည်း ဆရာ၊ ဆရာမအခိျု့၏ ခိျု့ယွင်းချက်၊အားနည်းချက်များကို ဖော်ပြခြင်းဖြင့် မိမိတို့မီဒီယာတာဝန်ကျေပြွန်အောင်ထမ်းဆောင်ကြသလို နိုင်ငံအနှံနယ်စွန်နယ်ဖျားမကျန် ရိုးသားဆင်းရဲစွာဖြင့် ပညာရေးတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမအများစု၏လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေး၊ အစိုးရကျောင်းများ ဖွံဖြိုးတိုးတက်ရေးအတွက် မီဒီယာတာဝန်ကျေပြွန်စွာဖြင့်စဉ်ဆက်မပြတ် ပညာရှင်များဖြင့် တွေ့ဆုံဆွေးနွေးဖော်ထုတ်ရေးသားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးတင်ပြခြင်းကိုလည်း မပျက်မကွက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ကိုကြီးသောင်းရဲ့မျက်စေ့ထဲမှာတော့ မဝေးတော့တဲ့ကာလတစ်ခုမှာ မြန်မာနိုင်ငံပညာရေးမှာ အစိုးရကျောင်းရော ကိုယ်ပိုင်ကျောင်းတွေပါ အပြိုင်အဆိုင်ထွန်ကားလာပြီး၊ နိုင်ငံသားကောင်း ပညာတတ်တွေမွေးထုတ် လာနိုင်တော့မယ်ဆိုတာရယ်၊ ဒီထက်ပိုပြီး နိုင်ငံတွင်းမှာနေရာယူလာကြတဲ့ နိုင်ငံတကာကျောင်း (International School) တွေနဲ့ယှဉ်ပြိုင်ဖို့ဆက်လက်ကြိုးစားရဦးမယ်ဆိုတာပါဘဲ။( မှတ်ချက် - မြန်မာကျောင်းတွေမှာစာသင်တာစာမတတ်လို့ ပြည်တွင်းမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ ပြောင်းထားလိုက်ရသူများအတွက်လည်း မိမိတို့ကလေးစာတကယ်တတ်/မတတ် ဒီကျောင်းတွေရဲ့အကောင်းအဆိုး သီးသန့်ဆောင်းပါးတစ်စောင် မကြာမီရေးသားပါမယ်)
ပြီးခဲ့တဲ့ဆောင်းပါးမှာ အကောင်းအဆိုးပေါက်ကွဲရင်ဖွင့် မှတ်ချက်ပေးခဲ့ကြသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

 မြန်မာနိုင်ငံပြည်ရေးတိုးတက်မှုအတွက်စိတ်ဝင်စားကြသူများလည်းကောင်း၊ မိမိတို့၏သားသားများကိုဖြစ်ထွန်းစေလိုသူ မိဘများအတွက်သော်လည်းကောင်း၊ ပညာရေးတာဝန်ထမ်းဆောင်ကြမည် အစိုးရခန့်ဆရာ၊ဆရာမများနှင့် ကျူရှင် ဆရာများအားလုံး အိနိယနိုင်ငံ ဘောလိဝုဒ်မှ ရိုက်ကူးထုတ်လုပ်သော ( 3 idiots  ) ဇာတ်ကားအားကြည့်ရှု့၍ အခြေအနေများကိုနှိုင်းယှဉ်သုံးသပ်ကြည့်နိုင်ပါကြောင်း . . . ။

မေတ္တာများစွာဖြင့်
ကိုကြီးသောင်း(အရာတော်)

Myanmar News Now
ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် မြန်မာနိုင်ငံပညာရေးတိုးတက်လာနိုင်သလား ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် မြန်မာနိုင်ငံပညာရေးတိုးတက်လာနိုင်သလား Reviewed by သစ်ထူးလွင် on 21:23 Rating: 5

12 comments:

ေ၇ာသမမွှေ said...

ကောင်းလိုက်တဲံ့ေ၇းချက်လေး အားလုံးမှန်တယ်ဗျ။ဘုန်းကြီးပါစေ အသက်၇ှည်ပါစေ ကျန်းမာ ထီပေါက်နိဗါန်ေ၇ာက်စေ ကိုကြီးသောင်းေ၇း။

winmyanmarmg said...

ကောင်းသဗျို့ ။ တင်ပြချက်အတိုင်း တစ်ကိုယ်ကောင်း စီးပွားရေ မဆန်ဘဲ အစိုးရနှင့်ပြည်သူ ပူပေါင်းဆောင်ရွက်ရင် မြန်မာပြည် အနာဂတ်အတွက် ၀မ်းသာစရာပါ။ ဆက်ရေးပါ ကိုကြီးသောင်း။

A KO said...

ကိုယ်ပိုင်ကျောင်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်းအရ တည်ထောင်သူအကျိုးအမြတ်အတွက်သာဖြစ်မှာပါ။ ဒါပေမယ့် လမ်းကြောင်းကတော့ နည်းစနစ် ပြောင်းဖို့တော့လိုမယ်။ အဝေးသင် တစ်နှစ်စာသင်ရမယ့် စာကို တစ်လတည်းနဲ့ အပြတ်သင်တော့ ဘယ်လိုလုပ်တတ်မလဲ။ ဆရာ၊ ဆရာမအပြစ်လည်းမဟုတ်။ ကျောင်းသားအပြစ်လည်းမဟုတ်ပါ။ နည်းစနစ်ကြောင့်ဖြစ်နေခြင်းဖြစ်ပါတယ်။ ကျောင်းတော်တော်များများမှာ သင်ထောက်ကူပစ္စည်း စုံလင်မှုမရှိတာတွေရယ်။ လက်တွေ့လုပ်ငန်းအားနည်းတာတွေ။ အများကြီးပါပဲ။ ပြောရမယ်ဆိုရင်တော့ ထောက်ပံမှုလိုအပ်တယ်လို့ပဲပြောရမှာပဲ။ ဘယ်လိုလုပ်ကြမလဲ။ လိုအပ်ပါသေးတယ်။

ပညာမြင့်မှလူမျိုးမြင့်မည် said...

မြန်မာပြည် ပညာရေးက အလွန်တရာ နိမ်.ကျပြီး ဆိုးဝါးနေပါပြီ။
အားလုံးကို အရှိအတိုင်း လက်ခံပြီး ဘယ်သူကိုမှ အပြစ်မပြောဘဲ
ကောင်းအောင် ဘယ်လိုလုပ်မလဲ ၀ိုင်းဝန်းစဉ်းစား လုပ်ဆောင်စေချင်ပါသည်

TT said...

ဖြစ်သမျှ ပညာရေး အဖြစ်အပျက်များ မှာ တာဝန်ရှိသူများအားလုံးက ကိုယ့်တာဝန်ကိုယ်သိ၊ တိုင်းပြည်ရဲ့ ကလေးတွေအတွက် စေတနာကလေးများရှိကြရင် ကိုကြီးသောင်းပြောတဲ့ မဝေးတော့တဲ့ ကာလကို သိပ်မစောင့်ရပါဘူး၊ ဒါပေမဲ့ မျှော်......

phyowailin said...

ကိုပိုင်းကျောင်ြး့်ငါကပအြမျုးမနသါ
ိါမငက့အျုါညူငအသနတးစနအ

TT said...

မိဘတစ်ဦးအနေနဲ့ပြောရရန် ပထမဦးဆုံးကိုယ့်ကလေး ကျောင်းနေအရွယ်ရောက်ပြီဆိုကတဲက အစိုးရကျောင်းကိုပဲ အားကိုးပြီး ပို့ကြတာပါပဲ။ ကိုယ်ငယ်စဉ်ကလည်းအစိုးရကျောင်းကပဲ ပညာရည်စို့ခဲ့ရတာကိုး၊ ဒါပေမဲ့ လက်ရှိ သင်ကြားနေရတဲ့ ပုံစံနဲ့က အများကြီးကွာသွားပြီ၊ ကျောင်းသားဆရာအချိုး၊ ကစားကွင်း၊ အိမ်သာအရေအတွက် စတာတွေကို ပညာရေးဌာန ငွေချို့တဲ့လို့ ရှိစေတော့ ဘယ်လို့ပဲဖြစ်ဖြစ် ထည့်မစဉ်းစားဘူးဘဲထား၊ စာသင်ကြားမှုကိုတော့ ရှေးယခင်ကထက် ပိုကောင်းလာသင့်တာပေါ့ ၊ အစိုးရကျောင်းတွေသာ အရင်ကလို့စာသင်ကြားမှု တို့ ဆရာတွေရဲစေတနာ၊များကောင်းရင် ကျောင်းအခွံ ဘယ်လောက်ပဲစုတ်စုတ် ဘယ်ကိုယ်ပိုင်ကျောင်းကိုမှ ငွေအပိုအကုန်ခံပြီး မပို့ချင်ပါဘူး၊ ဘယ်သူ့ကြောင့် ဘာဖြစ်လို့ ဆိုဆို အဓိကကတော့ ကိုယ့်ကလေးပညာရေးအတွက် အစိုးရကျောင်းကို အားမရ၊ စိတ်မချတော့တာအမှန်ပဲ၊ ဒါ့ကြောင့် တတ်နိုင်တဲ့ မိဘ အတွက် တော့ ကိုယ်ပိုင်ကျောင်းဆိုတာ ကောက်ရိုးတစ်မျှင်ဖြစ်လာရတာပါ၊ မာတီမီဒီယာတို့ အားကစားကွင်းတို့ဆိုလည်း လည်းအစိုးရကျောင်းမှာလည်းအတူတူပါပဲ ကလေးတွေမသုံးရပါဘူး၊ ကိုယ်မျှော်လင့်တာက စာသင်ကောင်းဖို့ ၊ နိုင်ငံတကာမှာ အရင်ကလိုပဲ မြန်မာပြည်ကျောင်းထွက်တွေ မျက်နှာပန်းလှမယ်ဆိုရင် ကိုယ်ပိုင်ကျောင်းကြော်ငြာဘယ်လောက်ကောင်းကောင်း အစိုးရကျောင်းကိုဘဲ အားကိုးလာမှာပါ၊ ပြသနာအရင်းအဖြစ်က အစိုးရပညာကျောင်းတွေရဲ့ အရည်အသွေးပဲဖြစ်ပါတယ်။

aristhteinwin said...

တက္ကသိုလ်ဝင်တန်း အောင်ချက်ကောင်းလို့  ကျောင်းဝင်ခ ပိုပေးရတဲ့အကျောင်းတွေ အများအပြားရှိပါတယ်။ တကယ်တော့ အဲဒီကျောင်းတွေက ဆရာ-ဆရာမ အသင်အပြကောင်းလို့ ချည်းမဟုတ်ပါဘူး။ အဓိက အောင်ချက်ကောင်းတာက အရည်အချင်းစစ်ပြီးမှ အဆင့်မှီတဲ့ ကျောင်းသားတွေကိုဘဲ လက်ရွေးစဉ်ရွေးပြီးလက်ခံလို့ ဖြစ်ပါတယ်။ အိန္ဒိယ နယူးဒေလီရှိ မြန်မာနိုင်ငံဒုက္ခသည် ကလေးတွေမှာ ကျောင်းဝင်ကြေးနည်းတဲ့ ကျောင်းမှာ ပညာသင်ရပါတယ်။ ဌာနေ အိန္ဒိယ ကျောင်းသားတွေထက် အဆင်မြင့်မြင့်အောင်တဲ့ ကျောင်းသားတွေ ရှိပါတယ်။ကျောင်းသားက ဉာဏ်ကောင်းတယ် ကြိုးစားတယ်ဆိုတော့ အဆင့်မြင့်မြင့်- အမှတ်ကောင်းကောင်းနဲ့ အောင်တယ်- ဒီတော့ အဲဒီကျောင်းနာမည်ရတယ်- ပိုက်ဆံ ပိုယူတယ်။ ဒါဘဲဗျ-

ko yeဲ said...

ကလေးတွေကို ဘာလို့ ကျူရှင်ထားရလဲ၊ ကျောင်းက သင်တာ မတတ်လို့ပါ။
ဘာလို့တတ်အောင်မသင်နိုင်တာလဲ၊စာသင်ခန်းတစ်ခန်းတစ်ခန်းမှာ ကျောင်း သားဦးရေများလွန်းလို့ပါ။ ကျောင်းသားဦးရေဘာလို့များတာလဲ၊ တိုးလာတဲ့လူဦးရေနဲ့အမျှ စာသင်ခန်းတိုးချဲ့ဖို့ ----ပါ၊ ဒီလိုနဲ့ ကလေးတွေ အခြေခံပညာမတတ်တော့တာပါ၊ ပြထမ်းထားတဲ့ ပြထမ်းစာအုပ်တွေ အခုအတိုင်းကောင်းပါတယ်၊ လူရွေးသင်တဲ့ ဆရာဆရာမတွေကိုသာ သတိပေးကြပါ၊ သူတို့ဘက်က ပြန်ကြည့်ပြန်တော့လဲ လူရွေးမှ ဘူဖေး စားရမှာမို့ပါတဲ့၊ အဲလိုမလုပ်ရင် မိသားစု ရပ်တည်ဖို့မလွယ်ဘူးတဲ့ ကဲ၊ ဒီအရှုပ်ကို တည်တည်ညိမ်ညိမ် ရှင်နိုင်မဲ့လူလိုတယ်နော်၊
အခု လက်ရှိ အစိုးရမှာတာဝန်ယူနေတဲ့သူတွေစိုရင် အရမ်းခေတ်နောက်ကျနေတဲ့ ပြထမ်းချက်တွေ သင်ပီး ဒီလိုအောင်မြန်လာကြတာမို့လား၊ မူ က အဓိကလား လူ က အဓိကလား----

123123456 said...

ကလေးတွေကိုဂတုံးဆံထောက်ပုံစံသွင်းအတင်းအဓမ္မအလွတ်ကျက်ခိုင်း ဘာလက်တွေ့မှမရှိ အားကစားဆိုတာနတ္တိ တနစ်တခါပို့ တဲ့ပျော်ပွဲစားခရီးလောက်ကိုပုံကြီးချဲ့ပြနောက်တော့အဆိုတော်ရုပ်ရှင်နယ်သားတွေငွေသောက်သောက်လဲပေးပြီကျောင်းဂုဏ်ပြုပွဲဆိုပြီဟန်ရေးပြကြတာကတော့နယ်ပယ်စုံအသီးသီးကပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေရဲ့လက်ရှိသရုပ်အမှန်ပါ ဗလငါးတနမဖွင့်ဖြိုးရေးနဲနဲမှအလေးပေးကြတာမတွေ့ရကြောင်းပါ ကျောင်းသားတွေကိုအကြောက်တရားနဲ့အုပ်ချုပ်နေတာတွေဟာအစိုးရကျောင်းထက်တောင်တချို့ပိုဆိုးပါသေးတယ်ခင်ဗျား

student said...

ကလေးတွေဘာကြောင့် ကျူရှင်ထားကြသလဲဆိုတာ
တကယ်တော့ မိဘတွေရဲ့လောဘကြောင့်ပါ
ဒီကနေ့ ဘယ်အချိန်ကနေ မိဘတွေက ကျူရှင်ထားချင်ကြသလဲဆိုယင်ကလေးကို ၃ နှစ်သားကနေ ကျူရှင်ထားကြတယ်
ကျူရှင်ဆိုလို့ ကျောင်းဆ၇ာမတွေချည်းကျူရှင်သင်နေတယ်မထင်နဲ့
ပြင်ပမှာ ဒုနဲ့ဒေး ၊ သင်ကြည်းနည်းမသိပဲသင်နေကြတာ၊
မိဘတွေက သူကလေး ၅ နှစ်ပြည့်ဖို့ကျောင်းလာအပ်စဉ်မှာ ကျူရှင် ၂နှစ်နေပြီးပြီ ၊ စာအားလုံးရပီလို့ပြောတယ်၊ ဒါပေမဲ့တကယ်တန်းဒီကလေးကျောင်းနေပြီ စာစရေးယင် အခက်အခဲဖြစ်ြ့ပီ စာရေးနှေးတာ အဓိကအခက်အခဲပဲ၊
ဒါဘာကြောင့်ဖြစ်သလဲ၊ မိဘတွေသတိထားဖို့ သတ်မှတ်အရွယ်မရောက်ပဲ ပုံစံခွက်ထဲထည့်ပြီး စာရေးခိုင်းလို့ပဲ၊ ကျောင်းတွေမှာ ဒီလိုကလေးမျိုးတွေ အများကြီးပေါ်လာတယ်၊ ၃နှစ်ကျူရှင်ကနေ စာရေးစာဖတ်သင်လို့ပဲ။
မယုံမရှိနဲ့ အနှစ် ၃၀ ခရီးရဲ့အတွေ့အကြုံအရ ခက်ခဲသွားတဲ့ကလေးက ပိုများတယ် ၊ ဒီ ၅နှစ်လောက်မှာ ပိုပြီး အခုလိုခက်ခဲနေတဲ့ အရွယ်မရောက် စာရေးသင်ခြင်းကနေ မွေးဖွားပေးလိုက်တဲ့ကလေးတွေဟာ ထူးချွန်ဖို့မလွယ်တော့ဘူး၊ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။
ကလေးကျူရှင်နှင့် မူကြိုကို ခွဲခြားဖို့လိုတယ် မူကြိုဆိုတာက ကလေးကို ကစားယင်း လွတ်လပ်စွာ ရေးခြစ်ခြင်း၊ တွေးတောခြင်း ၊ သီဆိုခြင်း ၊ အိပ်စက်ခြင်း ၊ အာဟာရကျွေးမွေးခြင်း ဒါတွေဆောင်ရွက်ရတာ ၊ ဒီအတွက် ဂျပန်လိုနိုင်ငံက အထောက်အပံ့နဲ့ နည်းပညာအတွက် ကလေးပြုစုစောင့်ရှောက်နည်းကို ၁ လသင်တန်းတက်ပြီး လေ့ကျင့်ပေးထားသူများက သင်ရတာ ။ မိဘတွေက စာမပါယင် မကြိုက်တော့ စောစီးစွာ စာရေးသင်ကြတာတော့ အနည်းအကျဉ်းရှိတာပေါ့။ ကိုကြီးသောင်းရဲ့ပညာရေးအမြင်ကို သဘောကျတယ် ၊ ကျွန်တော်တို့က လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်ကို သြိ့ပီး သဲကုန်းဆရာတော်ကြီးမိန့်မှာသလို လိုက်နာကြဖို့လိုတယ် ။ လူသားဆန်တဲ့စိတ်ဓါတ်နဲ့ ရေးသားတင်ပြတဲ့အတွက် ကျေးဇူးတင်တယ် ။ ဥပမာ ၁ခုအနေနဲ့ပြောရယင် ခွက် တစ်လုံးထဲမှာ ရေတစ်ဝက်ရှိတယ်ဆိုပါတော့
ဒီခွက်ထဲမှာ ရေတစ်ဝက်ရှိတယ်ဟေ့၊လို့ တစ်ယောက်ကပြောမယ်
နောက်တစ်ယောက်က ဒီခွက်က ရေတစ်ဝက်ပဲ့ ရှိရသလားကွလို့ ပြောမယ်
ဒီလူ၂ ယောက်က ရေတစ်ဝက်သာရှိတဲ့ခွက်ကို ပြောလိုပေမဲ့ ပြောတဲ့စကားနဲ့ စေတနာက ကွာနေတာကို စာဖတ်သူများ သတိထားမိပါလိမ့်မယ် ။ ဒါကြောင့် အားလုံးကို အခြေအနေဆိုးနဲ့ အမြင်ဆိုးမျိုးမမြင်ပဲ့ ဒီခွက်ထဲမှာ ရေနည်းနေယင် ရေပြည့်အောင်ဖြည့်ပေးဖို့ ဒို့တွေ ဘယ်ကစအားထုတ်မလဲ စဉ်းစားကြရအောင်၊
အကောင်းဆုံးကိုတော့ဖြစ်ချင်တယ် ၊ အကောင်းဆုံးမှာလည်းနေချင်တယ်
ဒီအတွက် တချိန်လုံးအားထုတ်ခဲ့တဲ့ ပညာရေးဝန်ထမ်းတွေ အနာဂါတ်မရှိ ချို့တဲ့စာနဲ့ ရုန်းကန်ခဲ့တဲ့ခရီးကို ပြန်မြင်ကြည့်စမ်းပါ ၊ မျက်လုံးကို အကျယ်ကြီးဖွင့်ပြီး
စိုပြေနေတဲ့ မြေဆီသြဇာပြည့်ဝနေတဲ့ နေရာ ရေလောင်းပေါင်းသင်ပေးမဲ့ လူတန်းစားတွေရဲ့အလယ်မှာ ပေါက်နေတဲ့သစ်ပင်တစ်ပင်ရဲ့ဖြစ်တည်မှုကို မကြည့်ပဲ့ သစ်တောကြီးတစ်တောလုံးကို ရှုမြင်သုံးသပ်ြ့ပီး တွေးလိုက်စမ်းပါ၊ ပြောလိုက်စမ်းပါ၊ တင်ပြလိုက်စမ်းပါ၊ ဆရာမရှိပဲ့မွေးလာတဲ့သူတွေ
ဝမ်းနည်းစရာမလိုပေမဲ့ ၀မ်းသာစရာမရှိတဲ့ စကားလုံးတွေအပေါ်ခံစားယင်း ပညာရေးနဲ့ပတ်သက်လို့ တင်ပြပါဦးမည်။


ဆရာများ၏ ကျေးဇူးတရားကို ဦးထိပ်ထားလျက်
ထာဝရကျောင်းသားကြီး

ကျောင်းဆရာ said...

ကောင်းလိုက်တဲ့ ဆောင်းပါးဗျာ
ကျွန်တော် On Line ပေါ် ဖတ်ရတဲ့ ဆောင်းပါးတွေထဲမှာ ဒီလောက် အဆင်ပြေပြေနဲ့ ဘက်ပေါင်းစုံ စဉ်းစားရေးထားတဲ့ ဆောင်းပါးအတော် ရှားတယ်ဆိုတာ တွေ့ရပါတယ်
ပညာတတ်ဆန်ဆန် ရေးထားတဲ့ ကိုကြီးသောင်းရေ
နောက်လည်း အတွေးလေးတွေပါတဲ့ ဒီလို
အနှစ်သာရ ရှိတဲ့ ဆောင်းပါးတွေ များများရေးပေးပါ
အားပေးနေပါ့မယ်
ဒီဆောင်းပါးထဲက
၃။ အစိုးရကျောင်းများတွင် ပိုက်ဆံကုန်ပြီးပညာမတတ်၍ကိုယ်ပိုင်ကျောင်းပြောင်းထားလျှင် မိမိတို့ကလေး သေချာပေါက် ပညာတတ်ပြီလို့တစ်ထစ်ချယုံကြည်ပါသလား . .

၎။ မိဘအခိျု့၊ မီဒီယာအခိျု့ရေးသားရင်ဖွင့်သကဲ့သို့ ပညာရေးလောက အစိုးရကျောင်းမှ ဆရာ၊ဆရာမများမှာ နိုင်ငံနှင့်အဝှမ်း သုံးမရလောက်အောင်ပျက်စီးနေပါပြီလား . .

၅။ ယခုဖြစ်ပေါ်နေသောကျောင်းသားများစာမတတ်လို့ဆိုသောစကားမှာ အစိုးရ၏ပညာရေးပေါ်လစီကြောင့်လား . . ဆရာ၊ဆရာမများ၏ခိျု့ယွင်းချက်ကြောင့်လား . .

၆။ ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် အရေးတကြီးကိုလိုအပ်ပါသလား . .

၇။ ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် နိုင်ငံသားအများစုကိုကိုယ်စားပြုပါသလား

၈။ မီဒီယာများအနေဖြင့်လည်း ဆရာ၊ ဆရာမအခိျု့၏ ခိျု့ယွင်းချက်၊အားနည်းချက်များကို တစ်ဆိတ် တစ်အိတ်လုပ်၍ ဖော်ပြခြင်းဖြင့် မိမိတို့မီဒီယာတာဝန်ကျေပြွန်ပြီဟုယုံကြည်ပါသလား . .

၉။ နိုင်ငံအနှံနယ်စွန်နယ်ဖျားမကျန် ရိုးသားဆင်းရဲစွာဖြင့် ပညာရေးတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမ အများစု၏ဘဝတိုးတက်ကောင်းမွန်ရေးအတွက်၎င်း၊အစိုးရကျောင်းများဖွံဖြိုးတိုးတက်ရေးအတွက်သော်၎င်း မီဒီယာတာဝန်ကျေပြွန်စွာဖြင့်ဖော်ထုတ်ရေးသားခြင်းရန်စိတ်အားထက်သန်မှုရှိပါသလား . .
ဒီ အပိုင်းလေးကို
အကြိုက်ဆုံးပဲ ဗျာ
လူတိုင်းမှာ ခံစားချက်ရှိတယ်ဆိုတာ
သတိမပြုကြဘူးဗျာ
မိဘ အလိုကို လိုက်ရင်း သိသိနဲ့ စနစ်အမှားသုံးနေကြရတဲ့
မြို့ ပေါ်က ဆရာတွေ ဟာ လူ ညံ့တွေ မဟုတ်ကြပါဘူးဗျာ
ဒီလိုပါပဲ
မ၀ရေစာလေး စားပြီး
အုပ်ချုပ်တဲ့ (အုပ်ချုပ်ရေးမှုး-ခုခေတ်အခေါ်) ကိုယ့်လောက် စာမတတ်သူကို သတင်းပို့၊ ထမင်းမ၀လည်း တစ်လ နေလို့မှ ကိုယ့်မိဘအိမ်၊ ကိုယ့် မိသားစုအိမ် မပြန်ရဲ ကြတဲ့
ကလေးတွေ အတွက် ဘ၀ပေးထားတဲ့ (နိုင်ငံတော်အတွက်မဟုတ်ဘူးနော်)
တောက ဆရာ/မ တွေလည်း အများကြီးပါ
ဒါကို မသိတဲ့ လူလည်းအများကြီးပါ
နောက်ဆို ကိုကြီးသောင်းနဲ့ ဆက်ဆွေးနွေးချင်ပါသေးတယ်။
ကျွန်တော် တောက ကျောင်းဆရာပါ။
ကျေးဇူးတင်ပါတယ်။

Powered by Blogger.