ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင်က တနလာင်္နေ့ တွင် ပြောကြားလိုက်သည်။

“ပြန်ပြီးတော့ ဖွဲ့မယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော် မပါတော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်က အသက်အရွယ်အရရော၊ မိသားစု ကျန်းမာရေးအရပါ အခုလို ဆုံးဖြတ်လိုက်တာပါ”ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးအောင်သောင်း က ဖြေကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့မှ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်
ရေးထိုးထားပြီး ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့်သာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးကြောင်းနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဦးအောင်သောင်းက
ပြောသည်။
AungHdown
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

“KIA က ပန်ဝါဒေသကို တိုက်မယ်လို့ လုပ်နေတာကို အစိုးရဘက်က သိလို့ စစ်တပ်က ကြိုစောင့်ပြီး ပစ်ကြခတ်ကြ
ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့လည်း မဖြစ်ချင်တော့ပေမယ့် ဆွေးနွေးမယ့် နေရာတွေ ချိန်းဆိုမှုက ပြဿနာ ရှိနေပါတယ်။ သူတို့ ချိန်းတဲ့နေရာကို သွားဖို့ကျပြန်တော့လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အခက်အခဲ ရှိနေပါတယ်။ ကျနော်ကတော့ သူတို့နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးပြီးသားပါ”ဟု ဦးအောင်သောင်း က ပြောဆိုသွားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ခုရှိရာ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့တို့ ရှိနေသည်။

ဦးအောင်သောင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင်ဆွေးနွေးခဲ့စဉ် စစ်ရေးအရှိန်များ ထိန်းသိမ်းသွားရန်နှင့် ပြဿနာ ဖြစ်ပွားနေသည့် ဒေသများတွင်
နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်သွားရန် သဘောတူညီခဲ့သော်လည်း ယခုထိ အကောင်အထည်ဖော်သည့် တုံ့ပြန်မှု မတွေ့ရသေးကြောင်း KIO က ဆိုသည်။

ပြန်လည်ဖွဲ့စည်းမည့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် ဒု-သမ္မတ တဦးလည်း ပါဝင်လာမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်မှ တပ်မတော်သားများ ပါဝင်မည်
ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်က မီးရထားဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ပြောဆိုခဲ့သည်။

လိုင်ဇာဌာနချုပ်ကို သိမ်းပိုက်ရန် မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုထားပြီး ဖြစ်ကြောင်း ဦးအော်မင်း က
ပြောဆိုခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း KIO က ပြောသည်။ ထို့ပြင် ဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်နှင့် ကချင်ပြည်နယ် လိုင်ဇာဌာနချုပ် အနီးတဝိုက် အစိုးရ စစ်တပ်ဖွဲ့၏ လှုပ်ရှားနေမှုများ
နှင့် ကွဲလွဲမှုများ ရှိနေကြောင်း  KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“ဒါပေမယ့် စစ်တပ်က လုပ်နေတာက လိုင်ဇာကို ချေမှုန်းဖို့ လုပ်နေတယ်။ ဒါကြောင့် ဦးအောင်မင်း ပြောတာက သိလျက်နဲ့ လိမ်ညာပြီးပြောတာလား။ နိုင်ငံတကာ မျက်နှာ ရအောင်လုပ်တာပဲ၊ ဘန်ကီမွန်း ရောက်နေလို့ ပြောတာဘဲ။ ဒါပေမယ့် ဒီမှာက စစ်တပ်ကနေပြီးတော့ အကုန်လုံး အဆင်သင့်လုပ်ထားပြီ။ သူတို့က လက်နက်ကြီးနဲ့ ဦးစားပေး ပစ်နေတယ်။ ဒါကြောင့်မလို့ ဦးအောင်မင်းပြောတာက လှအောင်ပြောတာပဲ”ဟု မဇ္ဈိမကို ပြောသည်။

လက်နက်ကြီးနှင့် ပစ်ခတ်ရန် ပြင်ဆင်ထားသဖြင့် လိုင်ဇာမြို့မှ ၇ မိုင်အကွာရှိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာ အခြေစိုက်ထားသည့် တပ်ဖွဲ့၊ ရဲ၊ စရဖ တပ်ဖွဲ့များကို ဧပြီလ ၂၆ ရက်နေ့က ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း ဦးလနန်က
ပြောသည်။

ဧပြီလကုန်ပိုင်းအတွင်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းဂိုင်တောင်မှ အစိုးရ၏ ၁ဝ၅ မမ လက်နက်ကြီးနှင့် ပတ်ခတ်ခဲ့သဖြင့် KIO နယ်မြေ လိုင်ဇာမြို့မှ ၄ မိုက်အကွာ ကားနှင့် ၁ဝ မိနစ်ခန့်အကြာရောက်သည့် လဝါးယန်ကျေးရွာတွင် ကျရောက် ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဂန်ဒေါင်ယန်ကျေးရွာမှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့ကို ပစ်ခတ်ရန် မမီသဖြင့် ထိုမှ နီးစပ်သည့် အင်ပွန်ကျေးရွာဘက် သယ်ဆောင်ထားမှုများ ရှိသလို၊ လိုင်ဇာမြို့မှ ၁ဝ မိုင်ခန့်အကွာရှိ ရှဒါန်ပါဒေသဆိုသည့် ရာဘာခြံတွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။

အစိုးရဘက်မှ ၈၁ မမ၊ ၁၂ဝ မမ၊ ၁ဝ၅ မမ လက်နက်ကြီးများနှင့် ပစ်ခတ်နေပြီး နေ့စဉ်ဆိုသလို တိုက်ပွဲများ ဖြစ်ပွား
နေပြီး လိုင်ဇာဌာနချုပ်ကို သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် KIA ဗဟိုကလည်း အောက်ခြေ တပ်သားများကို ညွန်ကြားထားပြီး ဖြစ်၍ တိုက်ပွဲများမှု ပိုမိုများပြားလာနိုင်သည်ဟု ဦးလနန်က ပြောသည်။

ဧပြီလအတွင်း အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၁၃ဝ ကြိမ် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
မင်းသက်၊ ဖနိဒါ  ချင်းမိုင်(မဇ္ဈိမ) ။        ။
ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော Reviewed by သစ်ထူးလွင် on 04:18 Rating: 5

16 comments:

shingyi said...

ဒေါ်အောင်ဆန်းစုကြည်လိုနိုင်ငံတာကာစိတ်ဝင်စားတဲ့ခေါင်းဆောင်လွှတ်တော်
ထဲေ၇ာက်ပြီ၊Mr. David Cameronလာစဉ်ကလည်ဲးငြိမ်းချမ်းေ၇း၊လုပ်ပြီး
လွတ်တော်မှာပြောသင့်တယ်လို့မှာတယ်၊NLD ကလည်းဖက်ဒ၇ယ်ဆိုတာအနက်ဖွင့်ထားတယ်၊ဥိးလနန် တို.နာပိတ်အော်နေကြပါတယ်။ဒို့တွေငြိမ်းချမ်းချင်ပါပြီ။

Minn Aung said...

အောင်တောင်း၊ မင်းကျန်းမာရေးအရ နဲ့ ပြည်သူလူထု စိတ်ချမ်းသာရေးအတွက် မင်းကို လားပင်စင်ပေးတော့မယ်။

Burma Python said...

ဒါအမှန်ပဲလေ၊ဒီလိုပဲဖြစ်ရမှာပေါ့(မင်းသားဇော်ဝင်းနိုင်၏TV စကား)။ကိုယ့်နေရာ
ကိုယ်သိပါ။စက်မှုဝန်ကြီးတုန်းကလိုပိုက်ဆံရဖို့ဂွင်မှမရှိတော့ပဲ။ငြိမ်းချမ်းရေး
လုပ်ပြီးကံဆိုးရင်ကျည်ဆံတောင်လက်ဆောင်ရသွားနိုင်တယ်ဆိုတာစစ်တပ်ထဲ
မှာအရာရှိငယ်ဘ၀ကတည်းကဖဲကိုစွဲစွဲလန်းလန်းကစားလာတဲ့ Great Gambler
ကြီးဘဲကောင်းကောင်းသိတာပေါ့။ပြည်သူတွေကတော့သူလုပ်နေသ၍ငြိမ်းချမ်း
ရေးရမှာမဟုတ်ဘူးလို့ဝေဖန်နေကြတယ်။သူကဘ၀တလျှောက်လုံးရိုးသားမှုမှမရှိ
ခဲ့တာ။သူ့ကိုကယ်ထားတဲ့ဆရာရင်းဗိုလ်ချုပ်ထွန်းကြည်ကိုတောင်သူ့ရှေ့ ရေးအ
တွက်နောက်ကျောဓားနဲ့ထိုးခဲ့သေးတာ။အခုလူရှေ့ ထွက်ပြနေတာကလည်းသူအာဏာရှိသေးတယ်ဆိုတာပြချင်လို့။လက်ရှိစက်မှု
ဝန်ကြီးနဲ့ဦးပိုင်ဥက္ကဌတို့ဆိုသူ့ကိုသေလောက်အောင်မုန်းနေကြတယ်။သူလွှဲခဲ့
တဲ့စက်ရုံအလုပ်ရုံအားလုံးကဂျိုနဲ့သားရေတောင်မကျန်ခဲ့ပဲအကြွေးတွေတင်နေ
လို့။နောက်ဆုံးထွက်ခါနီးမှာတောင်ပန်းဆိုးတန်းစက်ချုပ်ဆိုင်ကြီးကကုလား
ကိုချည်ထည်လိုင်စင်တွေချပေးပြီးသိန်းထောင်ကျော်စိန်နဲ့သူ့မယားအတွက်
ပတ္တမြားဝမ်းဆက်တောင်းသွားတာအားလုံးသိကြတယ်။တိုင်းပြည်အတွက်
ဘာစေတနာမှမရှိပဲသူ့မိသားစုအကျိုးစီးပွားကာကွယ်ဘို့တခုထဲကြည့်တဲ့ငို့ဘ
သမားကြီး။ဘာခုမှလူသနားအောင်ကျန်းမာရေးအကြောင်းပြမနေနဲ့တော့။ဘယ်ကျားမှဥပုသ်မစောင့်ဘူးဆိုတာလူတိုင်းသိတယ်။ရစရာခိုးစရာဘာမှမရှိ
လို့ထွက်တာ.....

ဖိုးသား said...

ဟဟ ကုန်အောင်တောင်းရာ ခင်ဗျားရဲ့ လုပ်ရပ်လုပ်ကွက်တွေက အစိုးရတစ်ဖွဲ့လုံးရဲ့သိက္ခာကိုကျစေလို့ အများဆန္ဒအရထုတ်ပယ်ခံရတာပဲဖြစ်မယ် ရောက်တဲ့နေရာမှာ ရတဲ့နည်းနဲ့ လုပ်စားနေတဲ့ ခင်ဗျားရဲ့ ငြိမ်းချမ်းရေးလက်မှတ်နဲ့ကားတွေတင်သွင်းတဲ့သတင်းတတ်တာကမကြာသေးပါဘူး ကျန်မာရေးကြောင့်ဆိုတဲ့ အကြောင်းပြချက်က မရှိတဲ့သိက္ခာလေး ကျသွားမှာကြောက်လိုဖြစ်မှာပါ ခင်ဗျားအကြောင်းကို ပြည်သူတိုင်းသိနေတာပဲ အမှန်ကိုအမှန်အတိုင်းဝန်ခံရဲပါ ကိုအောင်တောင်းရာ ...............

nandar said...

လွတ်တော်ထဲကဘာထွက်သွားပါ။ မြင်ရင်ကို စိတ်ပျက်လို့။

ဇာမဏီ said...

ဦးအောင်သောင်းတို့ ၊ဦးကျော်ဆန်းတို့၊ ဦးတင့်ဆန်းတို့၊ဦးဌေးဦး
တို့ ၊ဦးဇော်မင်းတို့ မြန်မာ့နိုင်ငံရေးလောကမှာ မမြင်ချင်တော့ပါ ။
ကိုယ်ကျိုးရှာ သမားများလို့ ပြည်သူများက သတ်မှတ်ထားပီးသား
ပုဂ္ဂိုလ်များဖြစ်သဖြင့် ဘာပြောပြောအကောင်းမမြင်တော့ပါ ။

aung naing said...

အရင်လူဟောင်းတွေနားသင့်ပါပြီ၊ဗိုက်လည်းတော်တော်ဖေါင်းနေပြီဘဲဟာ၊နောက်လူတွေအလှည်ပေးလိုက်အုံး၊

Anonymous said...

ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အဖွဲ့မှာ ဒီလူကြီးကို ထည့်ထားတာ အံ့သြမိပါတယ်။ စကားပြော ဘယ်လိုပဲလည်လည် စိတ်ရင်းစေတနာမှန် တွဲပြီးမပါရင် ဒါမျိုးက စစ်မှန်တဲ့ အောင်မြင်မှုမရနိုင်ပါဘူး..။
အခုတော့ သူ မပါတော့ဘူးဆိုတော့.. မကြာခင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ အကောင်အထည် ပေါ်တော့မယ်။

aye min said...

“ပြန်ပြီးတော့ ဖွဲ့မယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော် မပါတော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်က အသက်အရွယ်အရရော၊ မိသားစု ကျန်းမာရေးအရပါ အခုလို ဆုံးဖြတ်လိုက်တာပါ” မသားစု ကျန်းမာရေးဆိုတာ ဘာလဲ တစ်မိသားစုလုံး ကျန်းမာရေး အရ ဒီလို ဆုံးဖြတ်မှ ရတော့မှာလား။ အပြေးမသွက်လို့ ဘေးထွက်နေတာဖြစ်မှာပါ။ ကောင်းပါတယ်လေ။ မသားစုကျန်းမာရေးအရ ကော အသက်အရွယ်အရကော အိမ်မှာပဲနေပီး ဘာမှ မလုပ်တာကောင်းမယ်ထင်တယ် နော့်

သုတရတနာ said...

“ပြန်ပြီးတော့ ဖွဲ့မယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော် မပါတော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်က အသက်အရွယ်အရရော၊ မိသားစု ကျန်းမာရေးအရပါ အခုလို ဆုံးဖြတ်လိုက်တာပါ”
လွှတ်တော်ကပါ အနားယူသင့်ပါတယ်

tun win said...

နားလိုက်ရင်ပိုကောင်းပါတယ်..ပြည်သူ အမုန်ပွါးမှူသက်သာတာပေါ့..မျက်နှာလေးမြင်နေရရင် စိတ်မချမ်းသာလို့ပါ...

Hawk97 said...

ငြိမ်းချမ်းရေးအလုပ်ကိုလွယ်တင်ထင်နေပါသလား? မလွယ်ဘူး ဆရာ။ ခင်ဗျားကြီး ကိုယ့်နေရာ ကိုယ်နေတာ အကောင်းဆုံးပါပဲ။ လုပ်နိုင်တဲ့အစွမ်း ရှိမှလုပ်ပါ။

Anonymous said...

လွှတ်တော်ထဲက ကြွက်ချေး အောင်သောင်းရယ်လို့ နာမည်ကြီးနေတာ ဘာကြောင့်လဲ သိလား . . သုံးစားလို့ မရလို့ ပေါ့ . . ချီးတောင်မှာ မြေသြဇာ အဖြစ်တောင် အသုံးမ၀င်တဲ့ ချေးဖြစ်မယ်ထင်တယ် . . . နာ့ နာ နား နား နား နား နား နား . . .

lwannaymie said...

စောက်ရှက်ရှိရင်၊ မင်းကို သမ္မတကြီးက ပယ်လိုက်ပြီလို့ပြောစမ်းပါကွာ။ မကြာခင် မင်းအမှိုက်ပုံထဲရောက်တော့မှာသိထား၊ ဘဲကြီး။ (သေတာတောင် အီးတစ်ချက်ပေါက်မဲ့ကောင်မျိုး)။ (မင်းအလှည့်ရောက်တော့မှာပါ၊ လက်ထိပ်စော်နံနေပြီ၊မဟုတ်လား)။ မင်းအရပ်သားဖြစ်တဲ့နေ့ မင်းရဲ့သား (နေအောင်) လဲ မြောင်းထဲရောက်တဲ့နေ့ပါဘဲ။ (ကံဆိုတာ အနိမ့်အမြင့်
ရှိတယ်၊ အဲဒါကိုယုံပါ၊ ဘာနဲ့မှပြောင်းလဲလို့မရဘူး။)

cherish said...

(၁)အရည်အချင်းမမီလို့၊ ကတိမတည်လို့ ဒီတယ၀န်ကိုဆက်ပြီးထမ်းဆောင်လို့မရတော့တာလေ။ မိသားစုတို့၊ကျန်းမာရေးတို့ဆိုတာ အကြောင်းပြချက်ပေါ့။ ဒါကိုကြည့်ချင်းအားဖြင့် နည်းနည်းတော့ ရှက်တတ်သေးတယ်လို့ ယူဆလို့ရနိုင်ပါတယ်။
(၂)ဘာတဲ့ပြောပါသေးတယ်။ သူတို့ချိန်းတဲ့နေရာသွားဖို့ အန္တရာယ်ရှိပါတယ်တဲ။ ကိုယ့်စကားကိုယ် မှတ်ထားနော် ကြောက်တတ်လို့နောက်ဆုတ်ပြီးမှ တိုင်းပြည်အတွက်ဘယ်လို အနစ်နာခံခဲ့ပါတယ်ဆိုပြီး နောက်မှအသံကောင်းမဟစ်နဲ့။

air said...

ကျန်မာရေးမကောင်းလို့သေသွားလဲ ဘယ်သူကမှသနားနေမှာမဟုတ်ပါဘူး..၀မ်းတောင်သာနေကြအုံးမှာပါ...ငြိမ်းချမ်းရေးအဖွဲ့မှာမှ မဟုတ်ဘူး ဘယ်အဖွဲ့အစည်းမှာမှ မပါလေ ပြည်သူပြည်သားတွေ ၀မ်းသာလေပါဘဲ..ငြိမ်းချမ်းရေးအဖွဲ့မှာ ပါခဲ့ပြီး လုပ်ခဲ့တော့ရော ဘာတွေများထူးခြားခဲ့လို့လဲ...စောစောစီစီ လား ပင်စင်ပေးလိုက်တာ အသင့်တော်ဆုံးဘဲ....

Powered by Blogger.